Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hawn Tran
Left Behind (2014)
Left Behind (2014)မင်းသားကြီး Nicolas Cage ရဲ့ 2014 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Sci-Fi ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးစတီးလ်လို့ခေါ်တဲ့လေယာဉ်မှူးတစ်ဦးရဲ့ မိသားစုအရှုပ်အထွေးတွေနဲ့ ခရစ်ယာန်ဘာသာထဲမှာပါတဲ့ Rapture (ချီဆောင်ခြင်း) အကြောင်းကို ရောယှက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ရေးစတီးလ်ဆိုတဲ့လေယာဉ်မှူးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သမီးဖြစ်သူဟာ ဘာသာမဲ့ဝါဒီဘက်ကို အားသန်ပြီး အမေနဲ့ သားဖြစ်သူကတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။ ခံယူချက်တွေမတူတဲ့အတွက် ရေးနဲ့ သူ့သမီးက မိခင်ဖြစ်သူ သမ္မာကျမ်းစာထဲမှာပါတဲ့အကြောင်းတွေကို ပြောပြတိုင်း အငြင်းအခုန်ဖြစ်လေ့ရှိပါတယ်။ ကြာလာတော့ ရေးကော သူ့သမီးကောက အိမ်သိပ်မကပ်တော့ဘဲ ရေးဟာအပျော်အပါးပဲလိုက်စားလာပါတော့တယ်။တစ်ရက်မှာ ရေးကသူမွေးနေ့ဖြစ်ရဲ့နဲ့ အိမ်မှာမိသားစုနဲ့မနေဘဲ အလုပ်ကိုအကြောင်းပြပြီး ခရီးစဉ်တစ်ခုလိုက်ရင်းပျော်ပါးဖို့စီစဉ်ပါတယ်။ ရေးရဲ့ လေယာဉ်မထွက်ခင်မှာ သမီးဖြစ်သူက ဖအေရဲ့မွေနေ့အတွက် စပရိုက်လုပ်ဖို့ တကူးတကလေယာဉ်ကွင်းမှာလာစောင့်နေတာကိုတောင် မုသားနဲ့အချိုသပ်ပြီး လေယာဉ်မောင်းထွက်သွားခဲ့ပါတယ်။ ဖအေ မအေနဲ့ သမီးဖြစ်သူကြား ဒွိဟဖြစ်ဖွယ်တွေများနေတဲ့အချိန်မှာ ရုတ်ချည်းဆိုသလို ကမ္ဘာတစ်ဝှမ်း မဖြစ်နိုင်ဖွယ်ကိစ္စတွေ ...
movie
Left Behind (2014)
2014
OpenMatte
5.5
Scare Package (2019)
Scare Package (2019)~ Rotten Tomatoes - 88%, Shudder - 3.7/5 ~တလောကတုန်းကထွက်ခဲ့တဲ့ Horror စခွီကား Scare Package II: Rad Chad's Revenge ထက် အရင်ထွက်တဲ့ Scare Package (2019) ဟာ 2 ထက်တောင် အူတက်အောင်ရယ်ရတဲ့ ဟာသသရဲကား အကြီးစားပါ။Horror ဇာတ်လမ်းတွေအကြောင်း မသိတာမရှိတဲ့ အခွေဆိုင်ပိုင်ရှင်ကြီး Chad Buckley ဟာ တစ်ယောက်တည်း အထီးကျန်နေသူပါ။ သူဟာ သူ့ရဲ့ ပုံမှန်အားပေးနေကျ Client ဖြစ်တဲ့ Sam နဲ့ငြင်းလိုက်ခုန်လိုက် စကားတွေပေါက်ပန်းလေးဆယ်ပြောလိုက်နဲ့ ဘဝကို ဖြတ်သန်းနေတာပါ။ အဲဒီလိုနဲ့ သံသယလုံးဝဖြစ်စရာမကောင်းတဲ့ ကောင်လေးတစ်ယောက် စာရေးအလုပ်လာလျှောက်ပါတယ်။ အဲဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ တခြားသော ရုပ်ရှင်အပိုင်းတိုလေးတွေနဲ့ ဟိုရောက်ဒီရောက်ကြည့်ရင်း ခံစားရမှာပါ။ အဲဒီအပိုင်းတိုလေးတွေကို ဒါရိုက်တာတစ်ယောက်စီရိုက်ထားတာဖြစ်တဲ့အတွက် ...
movie
Scare Package (2019)
2019
6.3
Synchronic (2019)
Synchronic (2019)===============IMDb Rating - 6.3/10 Rotten Tomatoes 81% November 2020 မှာထွက်ရှိထားတဲ့ Drama, Horror, Sci-Fi ကားလေးကို တင်ဆက်ပေးချင်ပါတယ်။စတိဗ်နဲ့ ဒန်းနစ်စ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ ဆေးဘက်အကူ၀န်ထမ်းတွေပဲဖြစ်ပါတယ်။တစ်နေ့ သူတို့သွားရောက်ကူညီရတဲ့ နေရာတိုင်းမှာ ဒဏ်ရာရသူတွေ သာမန်မဟုတ်ဘဲ ထူးဆန်းတဲ့အခြေအနေတွေနဲ့ သေဆုံးသူဆိုရင်လည်း ထူးဆန်းတဲ့ လက္ခဏာတွေနဲ့ သေဆုံးနေတာကို ကြုံလာရပါတော့တယ်။ သေသေချာချာစုံစမ်းပြီးတဲ့ နောက်မှာ ဒီလိုဖြစ်ရပ်တွေဟာ synchronic ဆိုတဲ့ ဆေးတစ်မျိုးကြောင့်ဖြစ်တာကို သိရှိလိုက်ရပါတယ်။ဒီကိစ္စကို လိုက်လံဖြေရှင်းနေရင်းမှ ဒန်းနစ်စ်ရဲ့ သမီးဖြစ်သူကပါ ဒီဆေးသုံးမိပြီး ပျောက်ဆုံးသွားပါတော့တယ် .........synchronic ဆိုတဲ့ ဆေးဟာ ဘယ်လိုဆေးမျိုးလဲ ဒီဆေးသုံးတဲ့သူတိုင်း ဘာကြောင့် ဒီလိုတွေဖြစ်ကုန်ကြတာလဲ ဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။ဒီဇာတ်ကားမှာ မင်းသား Jamie Dornan နဲ့ Anthony Mackie တို့က ဒန်းနစ်စ်နဲ့ စတိဗ်အဖြစ်သရုပ်ဆောင်ထားပြီး တကယ်ကို စိတ်၀င်စားဖို့ကောင်းတဲ့ ...
movie
Synchronic (2019)
2019
5.9
The Perfect Date (2019)
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။IMDB 6/10 ရရှိထားတဲ့ Netflix Origin Comedy/Romance ဇာတ်ကားကောင်းလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကိုမပြောခင် အချောလေး Noah Centineo ပါဝင်သရုပ်ဆောင်ထားကြောင်းပြောပြချင်ပါတယ် အဟွင်းဟွင်းကိုယ်တွေလို သင်္ကြန်မှာအိမ်တွင်းပုန်းတဲ့သူတွေအတွက်တော့ရှယ်ပဲဘရွတ်ရက်တီကန်ဆိုတဲ့ ၁၈နှစ်အရွယ်အထက်တန်းကျောင်းသားလေးရဲ့ဘဝကို အခြေပြုထားတာဖြစ်ပါတယ်မိတဆိုးလေးဘရွတ်ဟာ ဘဝကိုအရှုံးပေးထားတဲ့ဖခင်ဖြစ်သူနဲ့နေထိုင်ပေမယ့် သူ့ရဲ့ဘဝရည်မှန်းချက်တွေကတော့ ကြီးလှပါတယ်အကောင်းဆုံးကားကိုစီးချင်တယ်ပေါ်ပြူလာအဖြစ်ဆုံးကောင်မလေးနဲ့တွဲချင်တယ်ကောင်းပေ့ဆိုတဲ့ကျောင်းကိုမှတက်ချင်တယ် အစရှိသဖြင့်ပေါ့လေအဲ့ဒီရည်မှန်းချက်တွေအမှန်တကယ်ဖြစ်လာဖို့ ကြိုးစားရာမှ ဖြစ်လာတဲ့ကမောက်ကမပေါင်းစုံကို ကြည့်ရှုရမှာဖြစ်ပါတယ်Spoil သလိုဖြစ်သွားမှာစိုးလို့ ကိုယ်တိုင်ပဲဆက်လက်အားပေးလိုက်ပါဦးရှင်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ မေမြတ်သူ ပါ) File Size : (700 MB) and (350 MB) Quality : NF WEB-DL 720p Running Time : 1hr 29min Format : Mp4 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 720p.NF.WEB-DL.DDP5.1.x264-NTG Translated by ...
movie
The Perfect Date (2019)
2019