Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Haruka Ayase
5.2
Revolver LILY (2023)
Revolver LILY (2023)ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Revolver Lily ဆိုတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။၁၉၂၄ ခုနှစ်ကို အခြေတည်ရိုက်ထားတာဖြစ်ပြီး သုံးနှစ်ကျော်အတွင်းလူပေါင်း ၅၇ ယောက်ကို သတ်ခဲ့တဲ့ Yuri ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်းကို အဓိကရိုက်ကူးထားတာ ဖြစ်ပါတယ်။ Yuri Ozone ဟာ အသက် ၁၆ နှစ်ကတည်းက လျှို့ဝှက်ထောက်လှမ်းရေးဖြစ်ခဲ့ရာကနေ သုံးနှစ်အတွင်းမှာ လူပေါင်း ၅၀ ကျော်ကိုသတ်ပြီးတဲ့နောက် ပျောက်ကွယ်သွားခဲ့ပြီး ဆယ်နှစ်ကျော်ကြာအောင် တိုကျိုက ပြည့်တန်ဆာအိမ်ရဲ့ပိုင်ရှင်အဖြစ် နေထိုင်နေခဲ့တာဖြစ်ပါတယ်။တစ်ရက်မှာတော့ တစ်မိသားစုလုံးအသတ်ခံလိုက်ရတဲ့ Hosomi Shinta ဆိုတဲ့ကလေးက သူ့ကိုကူညီပေးဖို့တောင်းဆိုလာပါတော့တယ်။ Shinta ဟာ သူ့အဖေဖြစ်သူ Hosomi Kinya ချန်ထားခဲ့တဲ့ ပျောက်ဆုံးနေတဲ့ရန်ပုံငွေတွေရဲ့ အဓိကသော့ချက်စာရွက်စာတမ်းတွေကို ကိုင်ဆောင်ထားတာဖြစ်ပြီး စစ်တပ်ရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေခဲ့ရတာပါ။ Yuri ဟာ Shinta ရဲ့တောင်းဆိုမှုကို လက်ခံပြီး Shinta ကိုကာကွယ်ပေးခဲ့ပါတော့တယ်။ အဲဒီနောက်ပိုင်း Shinta ရဲ့အဖေဖြစ်သူနဲ့ လူသတ်သမားရဲ့ပတ်သက်ဆက်နွယ်မှုတွေ၊ ဂျပန်စစ်တပ်ကဘာကြောင့်မို့ အဲဒီစာရွက်စာတမ်းတွေကို အသည်းအသန်လိုချင်နေခဲ့ရလဲဆိုတာတွေကို Yuri က ဘယ်လိုတွေစုံစမ်းဖော်ထုတ်ပြီး ...
movie
Revolver LILY (2023)
2023
5.5
Yes, I Can’t Swim (2022)
Yes, I Can't Swim (2022)အရိုးစွဲလာတဲ့ အကြောက်တရားကို ကျော်လွှားဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲလှတဲ့အရာပါ။ အထူးသဖြင့် အတိတ်က စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့်ရလာတဲ့ Thalassophobia လို ရေကြောက်တဲ့စိတ်ကို ဖျောက်ဖို့က တော်တော်လေး မလွယ်ကူလှပါဘူး။ ဒီဇာတ်ကားထဲမှာတော့ "ယုဂျိ တကနရှိ"လို့ခေါ်တဲ့ သက်လတ်ပိုင်းအရွယ် ရေမကူးတတ်တဲ့ တက္ကသိုလ်ဆရာတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ငယ်စဉ်တုန်းက ရေထဲပြုတ်ကျဖူးတဲ့ဖြစ်ရပ်ကြောင့် ရေကြောက်သွားပြီး ရေကူးမသင်ခဲ့တဲ့ ဆရာ "ယုဂျိ"ဟာ တစ်နေ့မှာတော့ မြစ်ထဲပြုတ်ကျသွားတဲ့ သားလေးကို လိုက်ကယ်ရင်း သူကိုယ်တိုင်လည်း သတိမေ့သွားခဲ့ပါတယ်။ ပြန်သတိရလာချိန်မှာတော့ သူ့သားလေးက ဆုံးပါးသွားပြီဖြစ်သလို သူလည်း ဒီအဖြစ်ပျက်ကရတဲ့ Post Traumatic Stress Disorder စိတ်ဒဏ်ရာကြောင့် ဒီအဖြစ်အပျက်ကို မှတ်ဉာဏ်ထဲမှာ လုံးဝ မမှတ်မိခဲ့ပါဘူး။ဒီကိစ္စကြောင့်ပဲ သူတို့ရဲ့ အိမ်ထောင်ရေးလည်း အဆင်မပြေဖြစ်ပြီး ကွာရှင်းလိုက်ကြပါတယ်။ ၅နှစ်ခန့်အကြာမှာတော့ အိမ်အပြန်လမ်းမှာ ရေကူးသင်တန်း ပိုစတာတစ်ခုကိုတွေ့ပြီး အသစ်အဆန်းကို စူးစမ်းချင်စိတ်ကြောင့် ...
movie
Yes, I Can’t Swim (2022)
2022
6.7
The Legend And Butterfly(2023)
The Legend And Butterfly(2023)******************************ဂျပန် တန်းမွန်းခေတ်က ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကို အခြေခံပြီး ဒါရိုက်တာOtomo Keishiကရိုက်ကူးတင်ဆက်ထားပါတယ်.. သမိုင်းကြောင်းလေးကိုအနည်းငယ်ပြောပြရရင် ဂျပန်ဟာအဲဒီခေတ်အဲဒီအခါတုန်းကပုဂံမတိုင်ခင် မြန်မာနိုင်ငံလိုပဲ တစ်နယ်စီသီးခြားကွဲပြားနေခဲ့တာပါ ..ဒါပေမဲ့ အနော်ရထာလက်ထက်မှာပုဂံအင်ပါယာအနေနဲ့စုစည်းနိုင်ခဲ့သလိုပါပဲ ..ဇာတ်လမ်းထဲကဇာတ်လိုက်ဖြစ်တဲ့ အိုဒါ နိုဘူနဂဆိုတာ ဂျပန်ပြည်ကိုပထမဆုံးအကြိမ်စုစည်းနိုင်ခဲ့တဲ့daimyō(စစ်ဘုရင်)တစ်ပါးဖြစ်ခဲ့ပါတယ်.. ဇာတ်လမ်းအကျဥ်းကတော့ အိုဝါရီစီရင်စုရဲ့ သခင် အိုဒါ နိုဘူနဂ နဲ့ မီနိုစီရင်စုကမင်းသမီးနိုဟီမဲတို့ရဲ့လက်ထပ်ပွဲနဲ့အစပြုထားပါတယ် တစ်နိုင်ငံလုံးကိုသိမ်းပိုက်နိုင်ခဲ့တဲ့ Daimyō ကြီးဖြစ်လာမှာပေမဲ့နိုဘူနဂဟာ သမိုင်းမှာ အိုဝါရီရဲ့အရူးလို့နာမည်ပြောင်ရတဲ့အထိကိုပေါကြောင်ကြောင်နဲ့ပါ ...တဖက်မှာတော့ မင်းသမီးနိုကအလွန်ထက်မြက်ပြီးမြွေပွေးရဲ့သမီးလို့ပါ နာမည်ကြီးသူပါ ..စရိုက်ရောပညာဉာဏ်ပါမတူတဲ့သူတို့နှစ်ယောက် နိုင်ငံရေးပရိယာယ်တွေကြောင့်သာလက်ထပ်လိုက်ပြီးနောက်ပိုင်းမှာတော့... File Size : (2.9GB) (1.1GB)and (313MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…02:48:00 Genre : History ,Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Vo Aung Din Encoded by Phyo Pyae
movie
The Legend And Butterfly(2023)
7.5
Our Little Sister (2015)
Our Little Sister ( 2015 ) ------------------------- Directed by Hirokazu Koreeda IMdb - 7.5 / Rotten Tomatoes - 94%( ပထမဆုံးအပိုဒ်ဟာ ရုပ်ရှင်အကြောင်းမဟုတ်ဘဲ ဂျပန်စီနီမာက မျက်မှောက်ခေတ်ဒါရိုက်တာတွေအကြောင်းမို့ ကျော်ချင် ကျော်ဖတ်လို့ရပါတယ် )( ဂျပန်ရုပ်ရှင်တွေဟာ Ozu , Akira Kurosawa အပါအဝင် တခြားဒါရိုက်တာတွေနဲ့ သမိုင်းအစဉ်အလာတော်တော်ကြီးခဲ့သလို Contemporary Japanese Directorsတွေဖြစ်တဲ့ Shunji Iwai , Takashi Miike , Sion Sono , Kiyoshi Kurosawa , Tetsuya Nakashima , Yōjirō Takita, Yôji Yamada , Hirokazu Koreeda တို့တွေဟာလည်း မျက်မှောက်ခေတ်အထိ ဒီသမိုင်းအစဉ်အလာကို ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ ...
movie
Our Little Sister (2015)
7.2
Color Me True(2018)
Color Me True(2018)IMDb....7.2ဂျပန်ရုပ်ရှင်တွေတော်တော်များများဟာ ဆုတွေလည်း တသီကြီးရ မှတ်တမ်းကောင်းများစွာလည်း စိုက်ထူထားခဲ့ပေမယ့်ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဂျပန်ကားတွေကို နှစ်ခြိုက်သဘောကျတဲ့ ပရိသတ်က အခြားရုပ်ရှင်များထက်စာလျှင်အတော်ပင်နည်းပါတယ်.......သို့ပေမယ့် သူတို့ရဲ့ ရုပ်ရှင်အဆင့်အတန်းက မနိမ့်ကျကြောင်းကို သက်သေပြလို့ရတဲ့ကားပေါင်းများစွာရှိပါတယ်.. ကျွန်တော့်အထင်ပြောရရင် ဂျပန်ရုပ်ရှင်တွေဟာ တခြားရုပ်ရှင်ကားများထက်စာရင်ဖျော်ဖြေရေးသိပ်မဆန်ဘူးဟုသာပြောချင်ပါသည်...ယ္ခု Color Me True(2018)ကျတော့ တခြားကားတွေထက်စာရင် မြူးမြူးကြွကြွလေးနဲ့ စထားပြီးကြည့်ရှုသူကိုမပျင်းမရိအောင် ဆွဲခေါ်နိုင်စွမ်းရှိတယ်...ဇာတ်လမ်းအမျိုးအစားကလည်း Fantasy, Romance ဖြစ်နေတာကလည်း တစ်ပိုင်းပေါ့လေ...ဇာတ်လမ်းအကြောင်းကိုသွားလိုက်ရအောင်....ကောင်လေးတစ်ယောက်ရှိတယ်...သူက လက်ထောက်ဒါရိုက်တာတစ်ယောက် ....လက်ထောက်ဒါရိုက်တာဆိုပေမယ့် သူလုပ်ရတာအများဆုံးက ..မီးထိုး..မှန်ထိုး ....ထိုင်ခုံခင်း ..လိုတဲ့ပစ္စည်းလေးတွေဝယ်ပေးရပေါ့... ဘယ်လောက်ပဲအလုပ်တွေများများ သူမပျက်မကွက်လုပ်တဲ့ ကိစ္စတစ်ခုရှိတယ်...အဲ့ဒါကတော့ ရုပ်ရှင်ရုံမှာ တစ်ယောက်ထဲ ဘယ်သူမှမကြည့်တော့တဲ့ အဖြူအမဲခေတ်က ဇာတ်ကားတစ်ကားကို ကြည့်တာပါပဲ... သူ့ကြည့်ရတာ ဒီကားထဲက မင်းသမီးလေးကို အတော်သဘောကျပုံပဲ... သူ့ဘဝက ရိုးရှင်းပါတယ်.. ရိုက်ကူးရေးမှာအလုပ်လုပ်လိုက်...တစ်ယောက်ထဲ ရုပ်ရှင်ရုံမှာ အဖြူအမဲခေတ်က မင်းသမီးလေးကို သွားငေးလိုက်ပေါ့... တစ်နေ့တော့ သူ့ဘဝပျက်မတတ်ခံစားလိုက်ရတဲ့သတင်းတစ်ခုကြားလိုက်ရတယ်.. အဲ့ဒါက သူကြိုက်တဲ့မင်းသမီးပါတဲ့ ရုပ်ရှင်ကားကို ရောင်းလိုက်တော့မယ်ဆိုတာပါပဲ ....နောက်ဆုံးအနေနဲ့ သူတစ်ယောက်ထဲ မင်းသမီးလေးပါတဲ့ရုပ်ရှင်ကိုကြည့်နေတယ်.. ပါးစပ်ကလည်း ဒီညက မင်းသမီးလေးကိုကြည့်ရတာနောက်ဆုံးပါ့လားလို့ရေရွတ်နေတယ်..မျက်ရည်တွေလည်းကျလို့ပေါ့... အဲ့ဒီအချိန်မှာပဲ မီးတွေပြတ်ပြီးရုပ်ရှင်ရုံတစ်ခုလုံးအမှောင် အတိကျသွားတယ်... မီးပြန်လာတဲ့အချိန်မှာ ထူးဆန်းစွာပဲ မင်းသမီးလေးဟာ ကောင်လေးရှေ့ကိုရောက်လာတယ်.... ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ... စကားမစပ် ဂျပန်မင်းသမီးက နင်းကန် လှလွန်းတယ်....File Size ...
movie
Color Me True(2018)
2018
7.0
Cyborg She (2008)
Cyborg She (2008)_____IMDb - 7.0/10 လွန်ခဲ့တဲ့ ၄ နှစ် ဝန်းကျင်လောက်က ပြန်ခဲ့တဲ့ ကျွန်တော့်ရဲ့ပထမဆုံးသော မြန်မာစာတန်းထိုး ရုပ်ရှင် ဇာတ်ကားဖြစ်ပါတယ်..ကြိုက်လွန်းလို့ကိုမရမကပြန်ရှာပြီးဘာသာပြန်ပေးရတဲ့ဇာတ်ကားလေးဖြစ်သလို ဘာသာပြန်ပိုး ဝင်သွားတာလည်းဒီဇာတ်ကားကြောင့်ပါ..ကဲ..ကြည်နူးဖို့ကောင်းတဲ့ဂျပန်ဇာတ်ကားလေး ရဲ့ အညွှန်းကိုဖတ်ကြည့်ရအောင် IMDb Rate ကလည်း 7.0 အထိရထားတဲ့ဇာတ်လမ်းကောင်းလေး ဖြစ်ကြောင်းလည်းညွှန်းလိုပါတယ်..ပြန်ဒေါင်းပြီးသိမ်းထားကြပါ ဇာတ်လမ်းအညွှန်း အချိန်ခရီးသွားပြီးပြန်လည်တဲ့ စက်ရုပ်မလေး ဟာ 2008 ခုနှစ်က ဂျီရို ဆီကို လာပြီး ဂျီရို ဖြစ်လာမယ့် အန္တရာယ်တွေကြားမှာ ပြန်ကယ်..ဖြစ်လာမယ့်စိတ်ထိခိုက်စရာတွေကို လိုက်လံဖယ်ရှားပြင်ဆင်ပေးရင်ကနေ..ဂျီရိုတစ်ယောက် စက်ရုပ်မလေးအပေါ်ကို သံယောဇဉ်တွေ တွယ်လာပါတယ်..စက်ရုပ်တစ်ရုပ်ကို ချစ်မိတဲ့ ဂျီရို .. နှလုံးသားဆိုတာမပါပဲ..စက်ချည်းသက်သက်သာဖြစ်တည်နေတဲ့ စက်ရုပ်မလေး ဒီ၂ဦးကြားမှာဘာတွေဖြစ်မလဲ..အချစ်ဇာတ်လမ်းတွေဘယ်လိုရှေ့ဆက်မလဲဆိုတာ ကြည့်လိုက်ဦးနော်..ဇာတ်သိမ်းမှာလည်းသပ်ရပ်စွာသိမ်းသွားပြီး..ဘယ်လိုမှမထင်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်..အကြိုက်ဆုံး ဂျပန်ကားတွေထဲက တစ်ကားလို့သာဆိုပါရစေ File Size : 1.27 GB | Quality : Blu-Ray 720p | Format : mp4 | Subtitle : Myanmar Subtitle ( Hardsub ) | Translated By LK | Encoded By ...
movie
Cyborg She (2008)
2008