Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Harshvardhan Rane
7.6
Savi (2024)
Savi (2024) (အသွားမတော်တစ်လှမ်း)နာကူးရ်ဆာဒပ်ဗ်ဟာ မိန်းမနဲ့ ကလေးနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသူတစ်ယောက်ပါ။ တစ်နေ့တော့ အသွားမတော် တစ်လှမ်းဆိုတဲ့အတိုင်းပဲ နာကူးရ်သွားခဲ့တဲ့နေရာမှာ လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး လူသတ်မှုဖြစ်ရာအချိန်အတွင်းမှာ လူသွားလူလာဆိုလို့ နာကူးရ်တစ်ယောက်ပဲရှိတာကို စုံစမ်းရမိတဲ့အခါမှာတော့ ရဲတွေဟာ ဖမ်းဝရမ်းနဲ့ နာကူးရ်တို့အိမ်ကို ရောက်လို့လာပါတော့တယ်။နာကူးရ်ကတော့ အဲဒီအချိန်မှာ သူတစ်ယောက်တည်းမဟုတ်ဘဲ သူနဲ့အတူ လူတစ်ယောက်ရှိကြောင်း၊ အဲဒီလူနဲ့ ဝင်တိုက်ခဲ့မိကြောင်း၊ ဝင်တိုက်ရင်း အဲဒီလူရဲ့ ကြယ်သီးဟာ ကွဲပြီး ပြုတ်ထွက်သွားကြောင်း အခိုင်အမာပြောဆိုနေပါတယ်။နာကူးရ်တစ်ယောက်တည်းမဟုတ်ကြောင်း သက်သေပြဖို့အတွက် ကြယ်သီးတစ်ခြမ်းပဲ့လေးကို ရှာတွေ့ရင် အထောက်အကူဖြစ်နိုင်ကြောင်း မိန်းမဖြစ်သူ ထောင်ဝင်စာလာတွေ့တော့ ပြောပြခဲ့ပါတယ်။ဒီလိုနဲ့ မိန်းမဖြစ်သူဟာ ရှေ့နေအာနူနဲ့အတူ နာကူးရ်ရဲ့ အမှုကို ဘယ်လိုတွေ ဖြေရှင်းပေးသွားမလဲ ...... နာကူးရ်ဟာရော ဒီလူသတ်မှုနဲ့ တကယ်ရော အဆက်အစပ်မရှိတာ သေချာရဲ့လား .... ဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)File size…1.9GB / 900MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle ...
movie
Savi (2024)
2024
6.9
Bubblegum (2023)
Bubble Gum 2023 (ပီကေလိုအချစ်)IMDb-6.9/10Best Screenplay writer ဆုရဖူးတဲ့ ဒါရိုက်တာကြီး Ravikanth Perepu ရဲ့ လက်ရာကို အချောအလှလေးတွေရှုစားရင်း နှလုံးအေးစေမဲ့ ရိုမန့်ဒရာမာလေးတင်ဆက်ပေးလိုက်ပါတယ်ငြီးငွေ့ဖို့ကောင်းတဲ့အချိန်တွေမှာ ပီကေပူရှိန်းလေးတစ်ခုကောက်ဝါးလိုက်ရင် လန်းဆန်းပြီးအိုင်ဒီယာအသစ်တွေရလာတတ်ကြတဲ့သူတွေရှိတယ် အဝါးကြာအချိုကုန်လာတဲ့အချိန်ရောက်လာရင်တော့ အာညောင်းလာပြီး ထွေးထုတ်ပစ်ကြတာပေါ့ ဒါပေမဲ့ကြိုက်တဲ့သူကတော့ ဘယ်လိုပဲဖြစ်ဖြစ် အသစ်ထပ်ထပ်ဝယ်ပြီးထပ်ဝါးတတ်ကြတာပါပဲဒီဇာတ်ကားမှာ........ဒီဂျေတစ်ယောက်အရမ်းဖြစ်ချင်တဲ့ အာဒီမပြည့်စုံတဲ့ဘဝမှာ ဒီဂျေအိပ်မက်ကအရမ်းမြင့်မားလွန်းနေတယ်မပြည့်စုံနိုင်တဲ့ အိပ်မက်တွေနောက်လိုက်ရင်း အရမ်းငြီးငွေ့စရာကောင်းတဲ့သူ့ဘဝထဲ သူဌေးသမီးအလှပဂေးလေးရောက်လာခဲ့တယ် ငြီးငွေ့စရာသူ့ဘဝအတွက် ခဏတာလန်းဆန်းစေတဲ့ ပီကေလိုအချစ်ဇာတ်လမ်းလေးပေါ့ သူတို့အချစ်ခရီးလမ်းဟာလည်း အချိန်ကြာအကြောင်းသိလာလေ ခက်ခဲလာလေပါပဲအချိုကုန် အချစ်တွေလျော့လာတဲ့တစ်နေ့ အထင်လွဲမှားမှုတွေနဲ့ သူတို့အချစ်ဇာတ်လမ်းတစ်ခန်းရပ်မလိုဖြစ်ခဲ့ရတယ်တစ်သက်လုံးရူးသွပ်လာတဲ့ ဒီဂျေအိပ်မက် နဲ့ တစ်သက်မှာတစ်ခါ ရူးရူးမူးမူးချစ်မိတဲ့အချစ် ဒီနှစ်ခုတည်းက တစ်ခုကိုပဲရွေးချယ်သွားမလား သူတို့ အချစ်ဇာတ်လမ်းရော ပီကေအသစ်တစ်ခုထပ်ထုတ်ဝါးသလို ပြန်စနိုင်ဦးမလား...အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.68GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie
Bubblegum (2023)
2023
6.3
Tara vs Bilal (2022)
Tara vs Bilal (2022) Romance IMDb 5.1/10အခုတစ်ခါမှာတော့ Sanam Teri Kasam (ထာဝရထက်နှစ်ဆ) ကားထဲက မင်းသားလေး ဟရှ်ဗရ်ဒန်းရာနေးရဲ့ အချစ်ဟာသကားလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။တာရားနဲ့ ဗီလားတို့ရဲ့ဇာတ်လမ်းလေးပေါ့နော်။ယောက်ျားက လက်ထပ်ပြီး နိုင်ငံခြားမှာအခြေချမယ်ဆိုလို့ ရှိတာလေးတွေ အကုန်ရောင်း အိမ်ကိုပါရောင်းပြီး ယောက်ျားဖြစ်သူကို ပိုက်ဆံအားလုံး ပေးလိုက်တဲ့ တာရား...။ယောက်ျားက နိုင်ငံခြားရောက်တာနဲ့ ရှိသမျှပစ္စည်းအကုန်ဖြုတ်ယူပြီး ထွက်ပြေးသွားပါလေရော...။အမေ အဖွား အဒေါ်တွေနဲ့နိုင်ငံခြားမှာ အခြေချနေပြီး အိမ်ထောင်ပြုတာကို စိတ်ကုန်နေတဲ့ ဗီလား...။သူတို့နှစ်ယောက် တွေ့ဆုံခြင်းဟာလည်း စိုပြေမနေခဲ့ပါဘူး။နောက်တော့ သူတို့နှစ်ယောက်ဟာ မိဘတွေကို နှစ်ကျပ်ကွက်နင်းဖို့ ကြိုးစားလာပါတော့တယ်။အဲ့ဒါက ဘာတွေများ ဖြစ်လာမလဲဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ရှုစားလိုက်ပါနော်...။ File size…2.16GB / 984MB Quality…1080p HD AVC /720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Cherry
movie
Tara vs Bilal (2022)
2022
5.2
Haseen Dillruba (2021)
Haseen Dillruba(2021)အိမ်ထောင်ရေးဆိုတာ သိပ်ကိုပါးလွှာတဲ့အပ်ချည်မျှင်လေးတစ်ချောင်းလိုပဲ အပ်ပေါက်လေးထဲဝင်ဖို့ အရမ်းဂရုစိုက်ရတာ မဟုတ်ရင် အပ်ချည်မျှင်လေးက ကွဲသွားရောတဲ့ချစ်တဲ့မျက်စိနဲ့ကြည့်ရင် အရာရာလှတယ်လို့ပြောကြတယ်မဟုတ်လား အချစ်ဆိုတာ အပြစ်အနာအဆာတွေအားလုံးကို ပြည်ဖုံးကားချပေးနိုင်တဲ့ ခလုတ်တစ်ခုပါပဲ အဲ့လိုအချစ်တွေနဲ့ အခြေခံထားတဲ့အိမ်ထောင်ရေးဆိုတာကလည်း နွေးထွေးပြည့်စုံနေမယ်ဆိုတာ ပြောစရာတောင်မလိုပါဘူးဒါဆို အချစ်ကိုအခြေမခံထားတဲ့အိမ်ထောင်ရေးမျိုးဆိုရင်ရော????အမျိုးသမီးတွေရဲ့စိတ်ခံစားချက်က ခန့်မှန်းရခက်တယ်ဗျ ဒီဇာတ်ကားထဲက ရာနီကိုကြည့်ရင် ခင်ဗျားတို့သဘောပေါက်မှာပါ လွဲချော်မှုသေးသေးလေးကနေစခဲ့တဲ့ အရာတွေက ပြဿနာကြီးတစ်ခုဖြစ်လာခဲ့မယ်လို့ ရာနီလည်းမထင်ခဲ့သလို ခင်ပွန်းဖြစ်သူရက်ရှူးလည်း တွေးမိခဲ့မှာမဟုတ်ဘူး ဖြေရှင်းဖို့ကြိုးစားခဲ့တဲ့အချိန်မှာ အရာရာကနောက်ကျသွားခဲ့ပြီကိုး........ခံစားချက်တွေရှုပ်ထွေးနေတဲ့ အမျိုးသမီးတစ်ယောက်ဆီပေါ်လာတဲ့ ပြဿနာအလျှိုလျှိုက ဖြေရှင်းဖို့သိပ်ကိုခက်ခဲလွန်းတယ် အစကတည်းကလွဲမှားနေခဲ့တဲ့ ဆက်ဆံရေးတစ်ခုက ကောင်းသောအဆုံးသတ်နဲ့ ရှိနိုင်ပါ့မလား??အိန္ဒိယမှုခင်းဇာတ်ကားကောင်းစောင့်မျှော်နေတဲ့သူတွေအဖို့တော့ အကြိုက်တွေ့စေမယ့် အသစ်စက်စက်ရုပ်ရှင်ကားကောင်းတစ်ကောင်းလို့ ပြောချင်ပါတယ်ဗျအညွှန်းကတော့ Amelia ဖြစ်ပြီးတော့ဘာသာပြန်ထားတာကတော့ Amelia နဲ့ Thet Hnin Hsu တို့ပဲ ဖြစ်ကြပါတယ်။File size…2.3 GB and 1.5 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... Amelia and Thet Hnin Hsu Encoder ..... August
movie
Haseen Dillruba (2021)
2021
7.5
Taish (2020)
Taish 2020 (စ/ဆုံး) ================= တောင်းဆို နေကြတာမို့ တင်ဆက်ပေးလိုက်ပါပြီ။ "ထာဝရထက် နှစ်ဆ" မင်းသားလို့ နာမည်ကြီးတဲ့ Harshvardhan Rane၊ Jim Sarbh အပြင် မင်းသမီးချောလေးတွေကို ဇာတ်လမ်းထဲ ဝေဝေဆာဆာ ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းထဲမှာ မိသားစု နှစ်စုရှိပါတယ်။ ဆရာဝန် မိသားစုနဲ့ ဂန်းစတား မိသားစုလို့ နာမည်ပေးလိုက်မယ်။ ဆရာဝန် မိသားစုကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုပါ။ ဆရာဝန်မိသားစုမှာ မင်္ဂလာပွဲ ရှိတယ်။ ဒါကြောင့် လန်ဒန်မှာ နေတဲ့ ဆရာဝန် ရိုဟန်ဟာ ညီဖြစ်သူရဲ့ မင်္ဂလာဆောင်အတွက် အိန္ဒိယကို ပြန်လာခဲ့ပါတယ်။ ဂန်းစတား မိသားစုမှာတော့ ညီအစ်ကို နှစ်ယောက်ရှိတယ်။ ညီအစ်ကို ဆိုပေမဲ့ အရင်းတွေ မဟုတ်ဘဲ ဦးလေးနဲ့ တူအရွယ်ပါ။ သူတို့ ညီအစ်ကိုနှစ်ယောက်က အချစ်ရေးနဲ့ ပတ်သက်ပြီး မိသားစုတွင်း ပဋိပက္ခတွေ ရှိလာပါတယ်။ ဒီမိသားစု နှစ်ခုဟာ ပထမမှာတော့ ဘယ်လိုမှ ဆက်စပ်ကြည့်လို့ မရဘဲ ကြည့်ရှုသူကိုတောင် အတွေးများစေမှာပါ။ ဒါပေမဲ့ တနေ့မှာတော့... အဲ့ဒီမိသားစု နှစ်ခု ဆက်စပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစား ကြပါတော့ဗျာ။ ပွေ့ဖက်ခန်းတွေအပြင် သတ်ဖြတ်ခန်းတွေနဲ့လည်း ဇာတ်လမ်းကို ဆွဲဆောင်ထားပါတယ်။ ဒီကားထွက်စတုန်းက ဆီးရီးလို့ ထင်ခဲ့ဖူးပါတယ်။ ဒါကတော့ စဆုံးပါပဲ၊ ...
movie
Taish (2020)
2020
7.3
Sanam Teri Kasam (2016)
အရမ်းကို ဘာသာရေး လုပ်ပြီး ရှေးရိုးစွဲကြီးတဲ့ အိမ်မှာ ဆာရူး ဆိုတဲ့ သမီးတစ်ယောက် ရှိတယ် သူက ပုံတုံးတယ် ရိုးတယ် အ တယ် သူ့ကို လူတိုင်းက အသုံးချလဲ သူခံတယ် အမြဲတမ်း မျက်နှာလေးကို ပြုံးပြုံးထားတယ်... သူက ဥာဏ်ကောင်းပြီး တော်ပေမဲ့ အိမ်က ပေးစားတဲ့ ယောင်္ကျားကို ယူရဖို့ပဲ စောင့်နေရတဲ့ သမီးကြီးပေါ့ သူ့အောက်က ညီမဖြစ်သူကတော့ ခေတ်ဆန်ပြီး ရည်းစားရှိတယ် India တွေ ထုံးစံ အတိုင်း အကြီး မင်္ဂလာဆောင်မှ အငယ်က မင်္ဂလာဆောင်ရတယ် ဒီတော့ ညီမ ဖြစ်သူကလဲ ယောင်္ကျားမရသေးတဲ့ ဆာရူး ကို အမြဲလိုလို နှိမ်နေခဲ့တယ်... ဆာရူး အိမ်က သက်မှတ်ထားတာကလဲ နိုင်ငံခြား ဘွဲ့ ၂ ခုလောက် အနည်းဆုံးရထားပြီး မျိုးရိုးမြင့်တဲ့ မိသားစု ကို သားမက်တော်ချင်တာ ဒါပေမဲ့ အတော်များများက ဆာရူးကို လာကြည့်ပြီး ပုံတုံးလွန်းလို့ ခေါင်းခါထွက်သွားတာ ၁၀ ယောက်ထက် မနည်းတော့ဘူး... ဒီလိုကံဆိုးနေတာ ဆာရူး တစ်ယောက်ပဲ ရှိမယ် ထင်ရတယ်... ဆာရူး တို့ ကွန်ဒိုတိုက်မှာ အခန်းငှားနေတဲ့ ဂျလေဘီ ဆန်ဆန် ကောင်လေး တစ်ယောက် ရှိတယ် တစ်ကိုယ်လုံး ...
movie
Sanam Teri Kasam (2016)
2016