Channel Myanmar

Harry Shearer

The Truman Show (1998) 8.2
The Truman Show (1998) The Truman Show (1998) =============== IMDb Rating (8.2) Rotten Tomatoes (95%) Metacritic 90% Movie Type-Sci-fi/Dramaသင့်ဘဝကြီးတခုလုံးက Show တခုဖြစ်နေပြီး သင်ကဇာတ်လိုက်ဖြစ်နေမယ်လို့တွေးဖူးလား?ဒီကားက သင့်ကိုအတွေးပေါက်စေမယ့်ကားမျိုးပါ။ Sci-fi ဆိုပေမယ့် လေဆာတွေပစ် ယာဥ်ပျံတွေပါတဲ့ကားမျိုးမဟုတ်ပါဘူး။ သင်ဒီကားကြည့်ရင်းမျက်ရည်ဝဲမယ်။ နောက်ဆုံးခန်းကိုကြည့်နေရင်းမှာ လက်ကတခုခုကိုဆုပ်မှန်းမသိဆုပ်နေမိလိမ့်မယ်။ ပြီးတော့ အဆုံးမှာ ဇာတ်ကားထဲက လူတွေလိုပဲ သင်အရမ်းကိုကျေနပ်ပြီးမျက်ရည်တွေကျလာလိမ့်မယ်။ မယုံမရှိပါနဲ့။ မင်းသားက ရှားမှရှား Jim Carrey ပါ။ သူလိုလူနောက်ပေါ်လာဖို့ဆိုတာ တော်တော်မဖြစ်နိုင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့မြင်နေကျ ပေါတောတော ဟာသ ကောင်ကြီးအဖြစ်နဲ့ ဒီကားမှာမြင်တွေ့ရမှာမဟုတ်ပါဘူး။ တကယ့် တခြား Jim Carrey တစ်ယောက်ကိုကြည့်နေရသလိုခံစားစေမှာပါ။ Oscar တန်းဝင်ကားပါ။Truman ဆိုတာက ဘဏ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်။ သူ့ဘဝကြီးကအစစအရာရာသာယာတယ်။ မိန်းမတစ်ယောက်ရှိတယ်။ မိန်းမကလည်းချောတယ်။ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဒါပေမယ့် သူနေနေတဲ့ကမ္ဘာကြီးမှာသူတစ်ယောက်ကလွဲ ပြီးကျန်တဲ့လူတွေကအတုတွေ နေရာတွေအကုန်လုံးက အတုတွေဆိုတာ တဖြည်းဖြည်း နဲ့ရိပ်မိလာတယ်။ Seaheaven ကျွန်းလေးဟာအတုအယောင်ဆိုတာသူတဖြည်းဖြည်းရိပ်မိလာတယ်။ သူဒီကထွက်ဖို့ကြိုးစားတော့မယ်.... ဒါပေမယ့်အောင်မြင်ပါ့မလား?Truman ဟာမိန်းမမရခင်မှာ Laurenဆိုတဲ့ကောင်မလေးနဲ့တွေ့တယ်ကြိုက်ခဲ့တယ်။ သူမကလည်းအတုအယောင်ပဲ။ ဒါပေမယ့် Lauren က Truman ကို ဒါကြီးကအတုအယောင် ...
movie

The Truman Show (1998)

4K HEVC
Dick (1999) 6.2
Dick (1999) IMDb Rating (6.2) / Rotten Tomatoes (72%)ကမ္ဘာ့နိုင်ငံရေးအကြောင်းတီးမိခေါက်မိရှိသူဆိုရင်တော့ အမေရိကန်နိုင်ငံက Watergate Scandal ဆိုတဲ့ ကိစ္စကိုသိကြမှာပါ။ သမ္မတ နစ်ဆင်လက်ထက်က နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုပေါ့။ သတင်းထောက်လောကမှာဆိုရင်လည်း ဒီကိစ္စက အတုယူမှတ်သားဖွယ်သတင်းတင်ဆက်မှုတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ဒီ Dick ဆိုတဲ့ဇာတ်ကားကတော့ အဲဒီအဖြစ်အပျက်ကို Parody ဆန်ဆန် သရော်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကဖြစ်တဲ့အတွက် လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ Deadpool မင်းသားရဲ့ ငယ်ဘဝသရုပ်ဆောင်ပုံတွေကိုတွေ့ရမှာပါ။ Dick မှာဆိုရင် စပိုင်ဒါမန်းမင်းသမီးလို့နာမည်ကြီးတဲ့ Kristen Dunst၊ အော်စကာစာရင်းဝင်မင်းသမီး Michelle Williams တို့အဓိကပါဝင်ထားကြပါတယ်။ဆယ်ကျော်သက်ကောင်မလေး ၂ ယောက်ဟာ မအူမလည်နဲ့ အမေရိကန်သမ္မတကြီးဆီရောက်သွားပြီးတော့ သမ္မတကြီးရဲ့ လျှို့ဝှက်ချက်တွေကို အမှတ်မထင်ရခဲ့ကြပြီး သူတို့ရဲ့ ဆယ်ကျော်သက်စိတ်တွေကြောင့်ပဲ ဒီအရှုပ်တော်ပုံကြီးပေါ်ပေါက်ခဲ့ရတယ်ဆိုပြီး တကယ့်အဖြစ်အပျက်ကို ဟာသဆန်ဆန်ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။ဒါကြောင့် ရိုးအီနေတဲ့ နိုင်ငံရေးအရှုပ်တော်ပုံဇာတ်လမ်းကို နောက်ထပ် ဗားရှင်းတစ်မျိုးနဲ့ဟာသဆန်ဆန်ကြည့်ချင်ရင်တော့ Dick ကိုကြည့်ပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mugiwara ...
movie

Dick (1999)

My Best Friend’s Wedding (1997) 6.3
My Best Friend’s Wedding (1997) My Best Friend's Wedding (1997)~ IMDb - 6.3/10, Rotten Tomatoes - 74% ~တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့အသည်းကျော် မမဂျူလီယာရောဘတ်နဲ့ ကင်မရွမ်ဒီယက်ဇ်တို့ကို အတူတူတွဲမြင်ရမှာဖြစ်ပြီး Dermot Mulroney နဲ့ Rupert Everett တို့နုစဥ်က Visual တွေနဲ့ 90s ခေတ်ရဲ့အဖိုးတန်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။ဂျူလီယန်: "မိုက်ကယ်ရေ ငါတို့တက္ကသိုလ်ဒုတိယနှစ် ညတစ်ညက နင်ပြောခဲ့တာမှတ်မိသေးတယ် ''ငါတို့ ၂၈ နှစ်ထိအိမ်ထောင်မပြုဖြစ်ကြသေးရင် ငါတို့ချင်းလက်ထပ်ရအောင်'' ဆိုပြီးလေ။ မကြာခင် ၂၈ ပြည့်တော့မှာဆိုတော့ ဒီရက်ပိုင်းအဲဒီစကားကို ငါပြန်တွေးဖြစ်နေတယ်။ နင့်ဆီကအရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး Voicemail ရတော့ပျော်လိုက်တာ ငါလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တမ်းကြားလိုက်ရတာက ချစ်ခွင့်ပန်စကားမဟုတ်ဘဲ နင့်ရဲ့မင်္ဂလာသတင်းဖြစ်နေခဲ့တယ်။ ကိုယ်ချစ်တဲ့သူကတခြားမိန်းကလေးနဲ့လက်ထပ်တော့မှာကို လက်ခုပ်တီးပေးနိုင်လောက်အောင် ငါသဘောထားကြီးပေးနိုင်ပါ့မလားမသေချာဘူး မိုက်ကယ်..."မိုက်ကယ်: "ဂျူလီယန် ငါအဲဒီညကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး။ မင်းကလှပတယ် ထက်မြက်တယ် ကိုယ်ဘာလိုချင်လဲသေချာသိပြီး ပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်။ နင့်ဘဝရဲ့ဦးစားပေးတွေက မိန်းကလေးအများစုလို ...
movie

My Best Friend’s Wedding (1997)

1997
Almost Heroes (1998)
Almost Heroes (1998) Imdb 5.7/10  rotten tomatoes 5% ဒီရုပ်ရှင်ကတော့ ၁၉၉၈ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ comedy adventure အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လက်စလီအက်ဒ်ဝေါ့ဒ်နဲ့ ဘာသိုလိုမြူး ဆိုတဲ့လူနှစ်ယောက်ရဲ့အမေရိကန်အရှေ့ဘက်ကနေ အနောက်ဘက် ပစီဖိတ်ကို‌ရောက်အောင် စွန့်စားသွားကြတာကို ဟာသဆန်ဆန်ရိုက်ကူးထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့အရာတော်တော်များများကလည်း စိတ်ဝင်စားစရာကောင်းတဲ့အပြင် အရမ်းကိုရယ်ရတဲ့အတွက် comedy ကြိုက်တဲ့လူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ Chris Farley မသေဆုံးခင်ရိုက်ကူးခဲတဲ့ ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဇာတ်အိမ်ထက် ဟာသကို ပိုပြီးဦးစားပေးထားတာမို့ ဟာသကြိုက်တဲ့လူတွေကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်File size…(1.6 GB)/(1.3 GB)/(650 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Adventure, Western, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phil
movie

Almost Heroes (1998)

Small Soldiers (1998) 6.1
Small Soldiers (1998) ဒီဇာတ်ကားလေးကြည့်ပြီးခလေးဘဝကို ပြန်ခံစားမိမှာအမှန်ပါပဲဲဟိုးအရင်က ကြိုက်ခဲ့ရတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။Heartland အရုပ်စက်ရုံဟာ ပြိုင်ဆိုင်မှုတွေကြားမှာ နစ်မြုပ်နေတဲ့အဆင့်မြင့်နည်းပညာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုပါ Hearland Play Service ကတော့အရုပ်တွေထုတ်လုပ်တဲ့စက်ရုံကြီးပေါ့ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ဂေးမာစ်းတစ်ယောက် သူ့ကုမ္ပဏီကအရုပ်တွေကိုသာမန်အရုပ်တွေနဲ့မတူ တမူထူးခြားအောင်လုပ်ချင်တဲ့ဆန္ဒကိုရှေ့တန်းတင်မိတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ကလေးကစားစရာအရုပ်လေးတွေဟာ ငိုအားထက်ရယ်အားသန်ဆိုသလိုစောင်ဆန်းကြီးတွေ လုပ်လာပါတော့တယ်အရုပ်တွေစောင်ဆန်းအကွက်တွေနင်းလို့တိုင်ပတ်နေတဲ့လူငယ်လေးအယ်လန်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာတော့ စိတ်ဝင်စားစရာပါ။Small Soldier ဇာတ်ကားဟာ သာမန်အမြင်နဲ့ကြည့်ရင်တော့ကလေးကြိုက်ကားလို့ထင်ကြေးပေးနိုင်ပေမယ့် သေချာခံစားကြည့်ရှုရင်အတော်လေး ခွီရတဲ့အပြင် မတူညီတဲ့ဒေသနှစ်ခုကခံစားချက်လေးတွေကို ခံစားရမှာပါကလေးဘဝတုန်းကတော့ အသဲယားစရာကောင်းတဲ့စစ်သားရုပ်တွေကိုအော်ဂလီဆန်ခဲ့တယ် လူငယ်ဖြစ်လာတော့ဟာသအထွေအထူးမထည့်ထားပေမယ့် အတော်လေးဗိုက်အောင့်လောက်အောင်ခွီရတဲ့ကားမှန်းသိလာတယ် ဟုတ်တယ်လေ။လက်တစ်ဖဝါးစာစစ်သားရုပ်လေးတွေ တကယ့်တိုက်ပွဲဝင်စစ်သားတွေလိုအတည်ပေါက်နဲ့အမိန့်တွေပေး mission တွေလုပ်နေတာကိုကြည့်ရတဲ့အရသာကတမျိုးလေးဗျ Long Long ago Spiderman Triologyထဲကမင်းသမီးချောလေးပါတွေ့ရတော့ကြည့်ရတာ မတန်ဘူးလို့ ငြင်းချက်ထုတ်စရာမရှိပါဘူး။ကလေးကားပေမယ့် ကလေးတကာ့ကလေးကားတွေထဲကခွဲထွက်လာတဲ့ လူငယ်တွေကို ရသတမျိုးအထူးဆန်းခံစားစေမယ့် ကားလေးလို့ဆိုလဲ မမှားပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ဖြစ်ပြီး Arkar Phyo မှ Encode ပေးထားပါတယ်။) File Size : ...
movie

Small Soldiers (1998)

1998
Chicken Little 5.7
Chicken Little Chicken Little (2005)_____IMDb - 5.7/10ကဲ ဒီတစ်ခေါက်တော့ ၂၀၀၅ လောက်က Animation Cartoon ကားကောင်း တစ်ခုဖြစ်တဲ့ Chicken Little ကို တင်ပေးလိုက်ပါတယ်.... CK Little လေးဟာ အမြဲတမ်း အကောင်သေးသေးလေးဖြစ်နေပြီး ဘယ်နေရာမှ လူဝင်မဆန့်ပါဘူး လူတိုင်းကလဲ သူနဲ့ မပေါင်းချင်သလို အကောင်ကြီးတွေကလဲ အမြဲပဲ သူ့ကို လိုက်စနေပါတယ် အဲ့ဒီလိုဖြစ်သွားရတဲ့ အကြောင်းအရင်းကလဲ တစ်ခါက မြိုကထဲက အရေးပေါ်ခေါင်းလောင်းကိုတီးပြီး ဂြိုလ်သားယဉ်ပျံရှိတယ်လို့ ပြောခဲ့ဖူးတဲ့ အတွက်ပါ အဲ့ဒီတုန်းက မြို့နေ လူအားလုံးဟာ အထိတ်တလန့်ဖြစ်ခဲ့ရပြီး CK Little ကိုလဲ ကျပ်မပြည့်တဲ့ ကြက်လေး လို့ မှတ်ယူလိုက်ကြပါတော့တယ် ဒါပေမယ့် တစ်နေ့မှာတော့ CK Little တို့ သူငယ်ချင်းအုပ်စုဟာ တကယ့် ဂြိုလ်သားယဉ် လာတာကို ရှာတွေ့သွားတဲ့ အခါမှာတော့.....   ဒီကာတွန်းကားကို သီချင်းတွေက အစ ဘာသာပြန်ပေးထားသူကတော့ May Thazin Soe ဖြစ်ပြီး Thit San Khant မှ Encode ပေးထားပါတယ်
movie

Chicken Little

2005
The Simpsons Movie (2007) 7.3
The Simpsons Movie (2007) The Simpsons Movie (2007) IMDB - 7.3/10_____Rotten - 88%  ကျွန်တော်တို့ ရုပ်ရှင်ကြည့်ပရိသတ်အတော်များများ Simpsons series တွေမကြည့်ရင်တောင်မှ ဒီ Simpsons မိသားစုကိုတော့ မျက်မှန်းတန်းမိနေကြမှာပါ။နိုင်ငံတကာမှာ အအောင်မြင်ဆုံး Animation Series တစ်ခုဖြစ်ပြီး အခုဆိုရင် Season 28 ကိုရောက်ရှိနေပြီဖြစ်ပါတယ်။Simpsons တွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေကို ခနဲ့တဲ့၊သရော်တဲ့ ပြက်လုံးတွေအပြင် သူတို့ရဲ့အနာဂတ်ခန့်မှန်းချက်တွေက အတော်လေးကိုနာမည်ကြီးပါတယ်။ရိုးရိုးသမားရိုးကျ ကာတွန်းမျိုးမဟုတ်တော့ပဲ Adult Cartoon ပုံစံဖြစ်ပြီး Rick and Morty နဲ့ နည်းနည်းဆင်ပါတယ်။အခုတင်ဆင်ပေးမယ့်ရုပ်ရှင်ကတော့ 2007 ခုနှစ်ကထွက်ရှိထားတဲ့ The Simpsons Movie ပါ။ဒီဇာတ်လမ်းမှာ The Simpsons series ထဲက ဇာတ်ကောင်တွေကိုပဲ ပြန်အခြေခံထားပြီး စပရင်းဖီးလ်မြို့မှာပဲ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ စပရင်းဖီးလ်ရေကန်ကြီးဟာ တစ်နေ့တစ်ခြား အမှိုက်သရိုက်တွေပိုပြည့်နှက်လာပြီး ရေညစ်ညမ်းမှုအခြေအနေက တဖြေးဖြေးနဲ့ပိုဆိုးလာပါတယ်။အဲ့ဒါကို ...
movie

The Simpsons Movie (2007)

2007