Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Harry Jones
6.9
Clash of the Titans (1981)
Clash of the titans - 1981 Genre – Action,Adventure,Family IMDb - 6.9/10ဂရိနတ်ဘုရားတွေရဲ ဒဏ္ဍာရီကို အခြေခံထားတဲ့ ငယ်ဘဝအောက်မေ့ဖွယ် ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်.အိုလံပတ်စ်တောင်ပေါ်က နတ်ဘုရားတွေရဲ့ဖခင် ဖြစ်တဲ့ ဇုစ်ဟာ အာဂို့စ်တိုင်းပြည်က အလွန်ချောမောလှပတဲ့ ဘုရင့်သမီးတော် ဒနေးကို အထူးစောင့်ကြပ်ထားတဲ့ကြားက ရွှေရောင်ချိုးရေအသွင်ပြောင်းပြီးတော့ ပေါင်းသင်းခဲ့ပါတယ်။ ကလေးတစ်ယောက်ရလာခဲ့တဲ့ သမီးတော် ဒနေးအပေါ် ဖခင်ဘုရင်ကြီး အက်ကရီးစီးယက်စ်က အမျက်တော်ရှိပြီး ဒနေးနဲ့သားငယ် ပါးစီးယက်စ်ကို ပင်လယ်ထဲကို စွန့်ပစ်ခဲ့ပါတယ်။ဒါကို သိရှိသွားတဲ့ ဇုစ်နတ်ဘုရားက အာဂို့စ်တိုင်းပြည်ကို ဧရာမတိုက်တန်ကြီး ကရာကန်ကို စေလွှတ်ဖျက်ဆီးစေခဲ့ပြီး ဒနေးနဲ့သားတော်ပါးစီးယက်စ်ကို ဘေးကင်းရာကို လုံလုံခြုံခြုံရောက်ရှိစေရန် ပင်လယ်နတ်ဘုရားပိုဆိုက်ဒန်ကို စေခိုင်းခဲ့ပါတယ်။ ပါးစီးယက်စ်တစ်ယောက် ချောမောခန့်ညားစွာ အရွယ်ရောက်လာခဲ့ပြီး ဇုစ်ရဲ့ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်လာခဲ့ပါတယ်။သူ့သားကာလီးဘော့စ်အပေါ် ပြစ်ဒဏ်ချထားမှုအပေါ် မကျေနပ်တဲ့ နတ်ဘုရားမတက်တစ်က ဇုစ် မျက်နှာသာပေးခြင်းခံရတဲ့ ပါးစီးယက်စ်အပေါ်မနာလိုဖြစ်ပြီး ကျိန်စာသင့်မျှော်လင့်ချက်မဲ့နေတဲ့ ဂျော်ပါမြို့ကို ရောက်ရှိစေခဲ့ပါတယ်။ သူ့ရဲ့မွေးရပ်မြေ အာဂို့စ်ကို ပြန်လည်သိမ်းပိုက်ဖို့ အကြံရှိတဲ့ပါးစီးယက်စ်က သူ့ရဲ့ခရီးစဉ်ကိုဂျော်ပါမြို့ကနေ စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။တက်တစ်စ်နဲ့ မကောင်းဆိုးဝါးသဖွယ် အသွင်ပြောင်းပြီး အပြစ်ပေးခံထားရတဲ့ ကာလီးဘော့စ်တို့ရဲ့ ကြီးစိုးမှုကြောင့် ...
movie
Clash of the Titans (1981)
5.7
The Little Vampire (2000)
The Little Vampire (2000) =================== IMDb Rating - 5.7/10ကျွန်တော်တို့ ငယ်ငယ်က ပါဝါရိန်းဂျားကားတွေ ကြည့်ပြီး ပါဝါ ရိန်းဂျားတွေနဲ့ သူငယ်ချင်းဖြစ်ချင်တဲ့သူတွေ ရှိသလို စကူဘီဒူး ကားကြည့်ပြီး အဲဒီထဲကလို သူငယ်ချင်းတွေရချင်တာတွေ ဖြစ်ဖူး ခဲ့ကြမယ်ထင်ပါတယ်။တိုနီဆိုတဲ့ ကောင်လေးကလည်း အတူတူပါပဲ။ ဒါပေမဲ့ ကျွန်တော် တို့နဲ့ မတူတာက သူက သွေးစုပ်ဖုတ်ကောင်တွေ အကြောင်းကို အမြဲအိပ်မက်မက်လေ့ရှိတဲ့သူဗျ။ သူမက်တဲ့ အိပ်မက်တိုင်းမှာလည်း သွေးစုပ်ဖုတ်ကောင်တွေရဲ့ ဒဏ္ဍာရီတွေနဲ့ အဆောင်ပစ္စည်းလေးတစ် ခုကအမြဲတမ်းပါနေခဲ့တယ်။တစ်နေ့မှာ သူ့ရဲ့အခန်းထဲကို သူနဲ့ရွယ်တူ သွေးစုပ်ဖုတ်ကောင်လေး တစ်ယောက် ရောက်လာပြီး အပြန်အလှန်ကူညီပေးကြရင်း သူငယ် ချင်းတွေ ဖြစ်သွားကြတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီသွေးစုပ်ဖုတ်ကောင် တွေမှာ အရေးကြီးတာဝန်တစ်ခုရှိနေပြီး ပျောက်နေတဲ့ အဆောင် ပစ္စည်းလေးကို မတွေ့ရင် အားလုံးဒုက္ခရောက်ကြရမဲ့ အခြေအနေ ဖြစ်နေခဲ့တယ်။ဒီတော့ သွေးစုပ်ဖုတ်ကောင်တွေနဲ့ ဆက်စပ်မှုတွေရှိနေတဲ့ တိုနီနဲ့ သူ့ သူငယ်ချင်းတို့ ဘယ်လို စွန့်စားခန်းတွေ ထွက်ကြမလဲဆိုတာကို စိတ် ဝင်တစား ကြည့်ရှု့သွားရမဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ကလေးတွေ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းမျိုးဖြစ်သလို ကျွန်တော် တို့လို Back to ...
movie
The Little Vampire (2000)
2000
7.3
Quills (2000)
မင်းသမီး Kate Winslet , Amelia Warner တို့နဲ့ မင်းသားကြီး Geoffrey Rush , Joaquin Phoenix , Michael Caine တို့ပါဝင်ထားတဲ့ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Quills ( ကလောင်တံများ)IMDB - 7.3 ခရမ်းချဉ်သီး - ၇၅ လုံးဒီပုံပြင်မှာ ဘယ်သူက မတရားတာလဲ။* တစ်စက်မှ အဓိပ္ပါယ်မရှိတဲ့ ဘဝကြီးမှာ သူခံစားရသလို ရေးချပြီး သူသေပြီးတဲ့နောက် တစ်စုံတစ်ရာ ချန်ခဲ့ချင်တဲ့ စာရေးဆရာ အရူးတစ်ယောက်....။* မေတ္တာတရား ခွင့်လွှတ်ခြင်းကို အလေးထားတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ယောက်....။* အရူးတွေကို သူ့နည်းသူ့ဟန်နဲ့ နှိပ်စက်ပြီး ကုသတတ်တဲ့ ဒေါက်တာ တစ်ယောက်..။ကျွန်တော်တို့ ကြားဖူးတဲ့ စကားလိုပါပဲ လှံသွား ဓားသွား မြှားသွားထက် ကလောင်သွားထက်တယ်တဲ့..။ လိင်မှု ကိစ္စတွေကို အပွင့်လင်းဆုံး ရေးထားပြီး ဂုဏ်သိက္ခာတွေ စည်းတွေ မပါပဲ လူ့လောကကြီးကို အရိုးသားဆုံး အမြင်နဲ့ ရေးသားခဲ့တဲ့ စာရေးဆရာတစ်ယောက်ရဲ့ ရေးသားမှုတွေဟာ တစ်ချို့လူတွေရဲ့ ဆုံးဖြတ်ချက်တွေကို သက်ရောက်စေခဲ့ပါတယ်။ဒါ့အပြင် အဲ့ခေတ်အဲ့ဒီအခါအနေနဲ့ ညစ်ညမ်းလွန်းနေပြန်ပါတယ်။ ဒီတော့ ...
movie
Quills (2000)
2000