Channel Myanmar

Harry Hines

Strangers on a Train (1951) 7.9
Strangers on a Train (1951)  IMDb: 7.9 Rotten Tomatoes: 98%Strangers on a Train ဟာ ၁၉၅၁ ခုနှစ်ထွက် Alfred Hitchcock ရဲ့လက်ရာရုပ်ရှင်ဖြစ်ပါတယ်။ Hitchcock ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း အပြီးထိရင်တမမနဲ့ကြည့်ရမယ့် Thriller ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ အတော်လေးကိုဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်း:ဂိုင်းဟိန်းစ် ဟာတင်းနစ်အကျော်အမော်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အထက်လွှတ်တော်အမတ် အန်းမော်တွန် နဲ့ချစ်ကျွမ်းဝင်နေပါတယ်။ ခက်တာက သူ့မှာမိန်းမရှိတယ်။ ကိုယ်ဝန်ပါရှိသေးတယ်။ အဲလိုပြောလိုက်တော့ ဂိုင်း ကိုမကောင်းတဲ့လူလို့ထင်သွားပါဦးမယ်။ ဂိုင်းရဲ့မိန်းမဟာ ချူစားတတ်တဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး ကိုယ်ဝန်ကလည်း ဂိုင်းနဲ့ရတာမဟုတ်ပါဘူး။ဂိုင်းဟာတင်းနစ်ပွဲတစ်ခုကိုသွားဖို့ရထားစီးရင်း ရထားပေါ်မှာ လူထူးဆန်း ဘရူနိုအန်တိုနီ ဆိုတဲ့လူနဲ့တွေ့ခဲ့ပါတယ်။ ဘရူနိုက အတော်လေးဉာဏ်ကောင်းတဲ့လူဖြစ်ပြီး လေ့လာမှုအားလည်းကောင်းပါတယ်။ အဲဒါကြောင့် ဂိုင်းတစ်ယောက် အန်း ကိုယူချင်ရင်တောင်မှ မိန်းမက မကွာရှင်းပေးတော့ ယူလို့မရဖြစ်နေတာကိုသိနေပါတယ်။ ဘရူနို ကလည်းအဖေ့ကိုမုန်းနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဘရူနိုမှာ အယူအဆတစ်ခုရှိတယ်။ ပြီးပြည့်စုံတဲ့လူသတ်မှုကိုကျူးလွန်ဖို့။အကယ်လို့ ဂိုင်းနဲ့ဘရူနို သာလူလဲသတ်လိုက်မယ်ဆိုရင် ရဲတွေလည်းမျက်စိလည်မယ်။ ဘယ်လိုမှဆက်စပ်လို့မရဘူးဆိုပြီး ဂိုင်းကို ဘရူနိုကပြောလာပါတယ်။ ဘရူနိုကပြောပေမယ့် ဂိုင်းကလက်မခံခဲ့ပါဘူး။ဘာတွေဆက်ဖြစ်ကြမှာလဲ... File ...
movie

Strangers on a Train (1951)