Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Harry Hadden-Paton
7.1
Twisters (2024)
နာမည်ကြီး သဘာဝဘေးအန္တရာယ်ရုပ်ရှင် Twister 1996 ရဲ့နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ ရုပ်ရှင်အသစ်ပါပဲ။ IMDb 7.1 အထိရသွားပြီး မူလပရိသတ်ရောပရိသတ်အသစ်တွေရော အကြိုက်တွေ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ "ဇာတ်လမ်းအကျဉ်း"ကိတ်ဟာ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်ပြီးလေဆင်နှာမောင်းတွေကို အရှိန်သတ်နိုင်မဲ့နည်းကို ရှာနေတဲ့သူပါ။အရှိန်သတ်မဲ့နည်းကို လက်တွေ့စမ်းသပ်ရင်း လေဆင်နှာမောင်းထဲမှာသူငယ်ချင်းတွေနဲ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ နယူးယောက်မှာပဲသာမန်မိုးလေဝသပညာရှင်အဖြစ်နဲ့ ဇာတ်မြှပ်နေတာပါ။ဒါပေမဲ့ တစ်နေ့မှာတော့ လေဆင်နှာမောင်းထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်က လေဆင်နှာမောင်းတွေကိုနည်းပညာအသစ်တွေနဲ့လေ့လာဖို့ အကူအညီတောင်းလာပါတယ်။ကိတ်တစ်ယောက် လေဆင်နှာမောင်းတွေကြားထဲမှာစွန့်စားခန်းပြန်ဖွင့်ရင်း အရင်တုန်းက ကြိုးစားခဲ့တဲ့ သုတေသန အောင်မြင်သွားမလားလူတွေကို ကယ်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သဘာဝကပ်ဘေးနဲ့ဆိုင်တဲ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနှစ်ထဲမှာ ရွှေပါပဲ။မုန်တိုင်းနဲ့လေဆင်နှာမောင်းတွေကို ကြောက်တတ်တဲ့သူတွေအတွက်တော့အတော်လေး ကြောက်ဖို့ကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ File size… 6.80GB / 2.85GB / 1.39GB Quality… WEB-DL 4K HEVC 1080p / 720p Format… mp4 Duration…. 2h 2m Genre ..... Action /Adventure / Thriller Subtitle…. Myanmar Subtitle (Hard ...
movie
Twisters (2024)
4K HEVC
7.6
La Vie en Rose (2007)
La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေကစပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင်အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရောနောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင်တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်းခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကိုပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းကတာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့်အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်ကဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက်တောင်းဆိုမှုကြောင့် "La Marseillaise" ကိုသီဆိုပြခဲ့ပြီးကမ္ဘာကြီးဆီကို "အီဒစ်ပီအပ်ဖ်" ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင်လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို "စာငှက်ကလေး" လို့အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့"အီဒစ်ပီအပ်ဖ်" ဆိုတဲ့ ...
movie
La Vie en Rose (2007)
7.6
Downton Abbey: A New Era (2022)
ဒေါင်းတန် အက်ဘီဆိုတဲ့ ရုပ်ရှင်ဟာ အင်္ဂလန်သမိုင်းနောက်ခံ ဇာတ်လမ်းတစ်ခုဖြစ်ပြီး နာမည်ကြီးစီးရီးလည်း ရိုက်ကူးထားတာရှိပါတယ်။ မူရင်းထင်ရှားတဲ့သမိုင်းအဖြစ်အပျက်တွေ ခေတ်ပြောင်းခေတ်လဲတွေ သက်ရောက်မှုတွေအကြောင်းကို ဗြိတိန်တော်ဝင်ဆွေကြီးမျိုးကြီး မိသားစုတစ်စုအပေါ် အခြေခံပြီး ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ရုပ်ရှင်အနေနဲ့ ၂၀၁၉ မှာ တစ်ကားထွက်ခဲ့ပြီး အခု ၂၀၂၂ မှာ တစ်ကားထပ်ထွက်လာတာပါ။ ဒီရုပ်ရှင်ကတော့ပျော်စရာတွေနဲ့ ကြည်နူးစရာတွေ ပြည့်နေတာ ထူးခြားတဲ့အချက်ပါ။ ကြည့်ရင်းနဲ့ ဗဟုသုတလည်းရသလို၊ အင်္ဂလိပ်ဆွေကြီးမျိုးကြီးတွေရဲ့ ယဉ်ကျေးတဲ့စကားတွေ၊ စနစ်ကျပုံတွေကိုလည်းလေ့လာရမှာပါ။နောက်ပြီးဒီမိသားစုရဲ့ ရိုင်းပင်းပုံတွေ အိမ်အကူတွေ အိမ်ထိန်းတွေနဲ့ အပြန်အလှည် လေးစားသမှုတွေ သံယောဇဉ်တွေ စေတနာတွေကို တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒေါင်းတန်မိသားစုရဲ့ အိမ်တော်ကို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က ရုပ်ရှင်အတွက် သုံးဖို့ ကမ်းလှမ်းလာပါတယ်။ အဲဒါကိုလက်ခံလိုက်ပြီးနောက်မှာ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ဒေါင်းတန်မိသားစုရဲ့ အဖြစ်အပျက်တွေကို သမိုင်းတစ်ခုနဲ့ တပြေးညီတွေ့ရမှာပါ။ တချိန်တည်းမှာပဲ ဒေါင်းတန်မိသားစုရဲ့ ဘွားဘွား လေဒီဂရေသမ်၊ ဗိုင်အိုလက်ရဲ့ ငယ်ချစ်တစ်ယောက်ဟာ ပြင်သစ်မြို့စားဖြစ်နေပြီး သူကွယ်လွန်ချိန်မှာ ဗိုင်အိုလက်အတွက်ဗီလာအိမ်ကြီးတစ်လုံး ပြင်သစ်တောင်ပိုင်းမှာ ...
movie
Downton Abbey: A New Era (2022)
7.8
About Time (2013)
About Time (2013)IMDb - 7.8/10_____Rotten - 68% ဒီကားလေးထဲမှာတော့ တင်မ် ဆိုတဲ့ကောင်လေးတစ်ယောက် သူအချိန်ခရီးသွားနိုင်တယ်ဆိုတာကို သူ့အဖေဆီကထူးဆန်းစွာသိခဲ့ရပါတယ်။မကြာခင်မှာပဲ သူတို့အိမ်ကို ခဏလာလည်တဲ့ သူ့ညီမရဲ့သူငယ်ချင်း ရှားလော့ကို ချစ်ကြိုက်မိရာက အချိန်တွေနောက်ပြန်လှည့်ပြီးအမျိုးမျိုးကြိုးစားရုံနဲ့ အချစ်စစ်ကိုမရနိုင်ဘူးဆိုတာ တင်မ်သိသွားခဲ့ပါတယ်။ဒီလိုနဲ့ တင်မ်တစ်ယောက် ချစ်သူရှာဖို့ လန်ဒန်ကို ရောက်လာခဲ့ပြီး တစ်နေ့မှာ မေရီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီးချစ်မိခဲ့ပါတယ်။သူ့ရဲ့နေ့စဉ်ဘဝအလွဲတွေကို အချိန်တွေနောက်ပြန်လှည့်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း မေရီနဲ့ ရည်းစားတွေဖြစ်ခဲ့ပါတယ်။တစ်နေ့မှာ သူတဖက်သတ်ချစ်ခဲ့ရတဲ့ ရှားလော့နဲ့ လန်ဒန်မှာပြန်တွေ့တော့ ရှားလော့ကသူ့ကို လက်ခံဖို့ အရိပ်အယောင်တွေပြနေတဲ့အချိန်မှာ သူ မေရီ့ကို တကယ်ချစ်နေပြီဆိုတာသိခဲ့ပြီး မေရီ့ကို ရိုမက်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တဲ့ အပိုင်းလေးကိုတော့ အပျိုဖျန်းလေးတွေ တကယ်အားကျသဘောကျကြမှာပါ။ဒီလိုနဲ့ သူတို့နှစ်ယောက် ဘဝခရီးလမ်းလေးဖြောင့်ဖြူးဖို့ အချိန်တွေနောက်ပြန်လှည့် အမျိုးမျိုးကြိုးစားရင်း တင်မ်တစ်ယောက် ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီး အချစ်အရှုံးသမားလေးတင်မ်က နောက်ဆုံးမှာ ပျော်ရွှင်စရာမိသားစုလေးတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းတစ်လျှောက်လုံးမှာ တင်မ်နဲ့ သူ့သူငယ်ချင်းတွေရဲ့အလွဲတွေကို ...
movie
About Time (2013)
2013