Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Harry Greenwood
Sleeping Dogs (2024)
ဒါရိုက်တာကြီး Adam Cooper ရိုက်ကူးထားပြီး 2024 March 22 တုန်းကမှ Release လုပ်ထားတဲ့ Crime/Mystery/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း..... မင်းသားကြီး Russell Crowe၊ Marton Csokas နဲ့ Tommy Flanagan တို့လို နာမည်ကြီး မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကတော့ Karen Gillan အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့..... ကားမတော်တဆမှုဖြစ်ပြီး မှတ်ဉာဏ်တွေဆုံးရှုံးထားတဲ့ ရဲစုံထောက်တစ်ယောက်ဖြစ်တဲ့ ရွိုင်းဖရီးမန်း ဟာ တာဝန်မှ အနားပေးခြင်းခံလိုက်ရပါတယ် ဆေးကုသမှုမျိုးစုံနဲ့ ကုသနေရပြီး အတိတ်ကို သတိမရတချက် ရတချက် ဖြစ်နေတာပေါ့ တစ်နေ့တော့ တစ်ချိန်က သူနဲ့ သူ့ရဲ့ပါတနာနဲ့ လိုက်ထားတဲ့လူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ယောက်က သူနဲ့တွေ့ချင်ပါတယ်လို့အကြောင်းကြားလို့ သွားတွေ့ရာကနေ..... အတိတ်က သူတို့လိုက်ခဲ့တဲ့အမှုတွေက ဘယ်လိုမျိုးတွေလဲ..... ဒီလူသတ်မှုရဲ့ တရားခံအစစ်က ဘယ်သူလဲ..... သူတို့တွေ တကယ်ပဲ အမှုကို သေချာလိုက်ခဲ့ကြရဲ့လား.... ...
movie
Sleeping Dogs (2024)
4.7
Carnifex (2022)
ဒီဇာတ်ကားက ရုပ်ရှင်ဆိုတာထက် documentary ဘက်ကို ပိုသွားတယ်ဗျ။အဓိကအားဖြင့် ဩစတေးလျတောမီးတွေအကြောင်း၊မျိုးသုဉ်းပျောက်ကွယ်ခါနီး ရှားပါးတိရစ္ဆာန်တွေအကြောင်း နဲ့ တောမီးကြောင့် တိရစ္ဆာန်တွေစားကျက်နယ်မြေပျောက်ပြီး ကမောက်ကမ ဖြစ်ရပုံတွေကို ချပြထားတာ။အဲ့အထဲမှာမှ ဇာတ်ကြောင်းလေး နည်းနည်းထည့်ပြီး Thriller/ Horror ဘက်ကို သွားထားတာ။အစပိုင်းတွေက စကားပြောခန်းတွေများတယ်ဆိုပေမယ့် ဩစတေးလျနိုင်ငံရဲ့ ရှားပါးမျိုးစိတ်တွေအကြောင်းကို (ဇာတ်ကားအရ) ရှင်းပြသွားတာမို့ စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်လမ်းရဲ့ climax အထိ ဆွဲခေါ်သွားပါလိမ့်မယ်။ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောပြရရင်ဘန် နဲ့ ဂရေ့(စ်) ဆိုတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ဂေဟဗေဒပညာရှင်နှစ်ယောက်ဟာ ဘေလေဆိုတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်တဲ့ ကောင်မလေးနဲ့ ဩစတေးလျတောနက်ထဲ တစ်ခုကို ထွက်လာခဲ့ကြတယ်။သူတို့ရဲ့ အဓိကရည်ရွယ်ချက်က တောထဲမှာ တပ်ထားခဲ့တဲ့ ကင်မရာတွေကို စစ်ပြီး အဲ့ဒီဧရိယာမှာ ရှားပါးမျိုးစိတ်တွေရှိမရှိ ရှာဖို့နဲ့ တောမီးကြောင့် တိရစ္ဆာန်တွေ စားကျက်မြေ ပြောင်းလဲရပုံတွေကို လေ့လာဖို့ပေါ့။ကင်မရာသမား ဘေလေလဲ ပါတယ်ဆိုတော့ လမ်းတစ်လျှောက်သွားရင်းနဲ့ တွေ့ရကြုံရတာတွေကို မှတ်တမ်းတင်လိုက် သူတို့ရဲ့ ...
movie
Carnifex (2022)
6.3
The Drover’s Wife: The Legend of Molly Johnson (2021)
The Drover's Wife: The Legend of Molly Johnson (2021)၁၈၉၁ ခုနှစ် ဗြိတိသျှတွေ သြစတြေးလျကို ကိုလိုနီပြုထားချိန်။ မော်လီဂျွန်ဆန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူ ဂျိုး သိုးကျောင်းထွက်နေတဲ့အချိန်မှာ ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း လူသူမနီးတဲ့ သူတို့ရဲ့အိမ်မှာ နေထိုင်လျက်ရှိပါတယ်။တစ်နေ့တော့ သူတို့ရဲ့အိမ်ရှေ့ကို လှည်းလေးတစ်စီးပေါ်မှ လူနှစ်ယောက် ဆင်းလာပါတယ်။ အဲဒီလူနှစ်ယောက်ကတော့ ဆာဂျင် ကလင့်တော့ပ် ဆိုတဲ့ မြို့ကို တာဝန်ကျလို့ ပြောင်းလာရတဲ့ ရဲအရာရှိနဲ့ သူ့အမျိုးသမီးဖြစ်တဲ့ လူဝီဆာ တို့ပဲ ဖြစ်ပါတယ်။ မော်လီလည်း သူတို့နှစ်ယောက်နဲ့ ခင်မင်သွားပြီး ကိုယ်ဝန် မီးဖွားရက်လည်း နီးတာမို့လို့ ကလေးတွေကို စောင့်ရှောက်ပေးသူရှိတဲ့ မြို့ကို ထည့်ပေးလိုက်ပါတယ်။ တစ်ညမှာတော့ သြစတြေးလျဒေသခံတိုင်းရင်းသား ဝရမ်းပြေးတစ်ယောက်ဟာ သူ့အိမ်ကိုရောက် လာပါတော့တယ်..... လူဖြူလူမည်းခွဲခြားမှုတွေ၊ ဒေသခံတိုင်းရင်းသားများအပေါ် လူဖြူတွေရဲ့ လူမျိုးရေးခွဲခြားမှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပြီး တကယ်ကို စိတ်ဝင်စားနဲ့ ကြည့်ရှု့နိုင်မယ့် သမိုင်းအခြေခံ ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။Rotten tomatoes 81% နဲ့ IMDb rating ...
movie
The Drover’s Wife: The Legend of Molly Johnson (2021)
2021
7.2
The Nightingale (2019)
ဒီတစ်ခါတော့ Channel Myanmar ပရိသတ်သတ်ကြီးအတွက်Imdb Rating 7.2/10, Rotten Tomatoes 86% တောင်ရရှိထားတဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။အားလုံးချစ်တဲ့ Me before you ဇာတ်ကားထဲကမင်းသားချော Sam Claflin ကိုပုံစံအသစ်တစ်မျိုးနဲ့တွေ့မြင်ရမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲဖော်ပြလိုပါသေးတယ်။လောကဓံနဲ့ရင်ဆိုင်ခဲ့ရတဲ့ တေးသီငှက်လေးအကြောင်းပါပဲ။ကလဲရာဆိုတဲ့ အိုင်ယာလန်သူလေးဟာဗြိတိသျှ စစ်တပ်တွေကို တေးသီချင်းဆိုပြရတဲ့ တေးသီငှက်လေးပေါ့။သူ့မှာ ချစ်ရတဲ့ခင်ပွန်းနဲ့ ချစ်ရတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။သူမအလုပ်အကြွေးပြုနေရတဲ့ ဗြိတိသျှ တပ်ဖွဲ့ငယ်လေးရဲ့လက်ဖတင်နင်ကတော့ သူမကိုထိပါးစော်ကားပြီး ချုပ်ကိုင်ထားတဲ့သူပါ။တစ်နေ့မှာတော့ သူမရဲ့ဘဝထဲကိုကြံကြမ္မာဆိုးတစ်ခုဝင်ရောက်လာပါတော့တယ်။သူမဘယ်လိုဆက်ဖြစ်မယ်?ဘာတွေရင်ဆိုင်ရမယ်ဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့်ကားလေးပါ။လူမျိုးရေးရာခွဲခြားမှုတွေရယ်၊ချစ်ခြင်းမေတ္တာရယ်၊ရိုးသားဖြူစင်မှုတွေရယ် ရောထွေးတင်ဆက်ထားတဲ့ဒီကားလေးနာမည်ကတော့ The Nightingale (2019)ပါ File Size : ( 1 GB , 296 MB )Quality : WEB-DL 720pRunning Time : 2 hr 16 minFormat ...
movie
The Nightingale (2019)
2018
8.1
Hacksaw Ridge (2016)
Hacksaw Ridge (2016) IMDb - 8.1/10_____Rotten - 85% Won 2 Oscars. Another 51 wins & 114 nominations ((Blu-Ray 1080p 5.1 CH, Blu-Ray720, တို့ဖြင့် နင်းကန်ကောင်းသည့် စစ်ကားအား ပြန်လည် အရောင်အသွေးစုံလင်စွာဖြင့် တင်ဆက်ပေးလိုက်ပါသည်....)) စစ်ခုံရုံးတစ်ခု မှာ ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ်... စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု အမိန့်မလိုက်နာမှုကြောင့်ပါ... စစ်သားလုပ်တယ် သေနတ်မကိုင်ချင်ဘူး ဘယ်လိုမှ သဟဇတမဖြစ် ... သို့သော် တပ်မတော်တွင် တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန် ဆက်လက်တာဝန်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်... သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာ ရနေတဲ့သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ် ... အားပေးမှုတွေလုပ်မယ် ... ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ... စွဲချက်တွေကစစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ ... ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်း ဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ် ... Ratingမြင့် ယုတ္တိလွန်စစ်ကားနေမှာပါလေလို့ တွေးမိတယ်... နောက်တော့ ကျွန်တော်ထင်တာ လုံးဝလွဲသွားတယ် ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ် သားလေးဟာ တိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့် ...
movie
Hacksaw Ridge (2016)
2016