Channel Myanmar

Harry Eden

Flashbacks of a Fool (2008) 6.8
Flashbacks of a Fool (2008) Flashbacks of a Fool (2008) =======================CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ဂျိမ်းစ်ဘွန်းမင်းသားDaniel Craig ပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.8/10 ရရှိထားတဲ့ (2008)ခုနှစ်ထွက် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အက်ရှင်ကားမဟုတ်ဘဲ တစ်မျိုးတစ်ဖုံစီးမျောလို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်။ဂျိုးဟာ နာမည်ကျသွားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူ့ရဲ့စည်းလွတ်ဝါးလွတ်နေပုံထိုင်ပုံတွေကြောင့် ဘဝကြီး ကမောက်ကမဖြစ်နေရသူပေါ့။ တစ်နေ့ကျ သူနှစ်ပေါင်းများစွာလျစ်လျူရှုထားတဲ့ မွေးရပ်မြေကသတင်းဆိုးတစ််ခုကို သူ့အမေကယူဆောင်လာခဲ့ပါတယ်။ တစ်ချိန်က သူ့အချစ်ဆုံးသူငယ်ချင်း ဘုစ် ဆုံးသွားတဲ့အကြောင်းပါ။ အဲလိုနဲ့ ဂျိုးတစ်ယောက် မွေးရပ်မြေကို ပြန်ဖို့ဖြစ်လာပါတယ်။ တကယ်တော့ သူဟာ မွေးရပ်မြေကနေ ထွက်ပြေးလာပြီး သရုပ်ဆောင်လုပ်ဖို့ မြို့တက်လာတာပါ။ မမှတ်မိချင်လို့တစ်သက်လုံးရှောင်ပုန်းနေခဲ့တဲ့ မှတ်ဉာဏ်တွေဟာလည်း သူ့ဆီကို တစ်ရစ်ချင်းပြန်ဝင်လာခဲ့ပါတယ်။ ဂျိုးတစ်ယောက်သူ့အတိတ်ကို ဘယ်လိုပြန်ရင်ဆိုင်မလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin Thike ပါ )File size_(1.7GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Drama Subtitle_Myanmar Subtitle ...
movie

Flashbacks of a Fool (2008)

Land of the Blind (2006) 6.4
Land of the Blind (2006) Land of the Blind (2006) =================== IMDb Rating - 6.4/10Land Of The Blind.2006 ဇာတ်ကားu နိုင်ငံရေး Drama ဇာတ်ကားပါ။ စာရေးဆရာက နိုင်ငံရေးအတွေအခေါ်ပေါ်အခြေပြုပြီးတော့ ဇာတ်လမ်းကို ဆင်ထားပါတယ်။ ကြည့်ရှုသူပရိတ်သတ်အနေနဲ့တော့ ဒါရိုက်တာတင်ပြထား တဲ့ရှုထောင့်ကပဲ တစ်သပ်မတ်တည်း ကြည့်ရှုခံစားပေးရမယ်လို့ မရှိဘဲ ဖြစ်နိုင် ခြေတွေကို ဒီဇာတ်လမ်းနှင့်အတူ ဝေဖန်သုံးသပ်ကြရမှာပါ။ပဒေသရာဇ်အစဥ်အလာတွေကို မင်းမဲ့ဝါဒရောနှောထားတဲ့ သမ္မတဂိုဏ်သား တွေက ဖြုတ်ချပယ်ဖျက်ပြီးနောက်မှာ သမ္မတဂိုဏ်းသားတွေကလည်း သူ့တို့ ဟစ်ကြွေးခဲ့တဲ့မူတွေအတိုင်း မနေနိုင်ကြတာကြောင့် သူတို့အရေးတော်ပုံမ အောင်မြင်တဲ့အကြောင်း တင်ဆက်ထားတာပါ။ ဒါပေမယ့် ဒီနေရာမှာ စဥ်းစား စရာတွေက သမ္မတဂိုဏ်းသားတွေ လုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ နည်းနာတွေက တကယ် ပဲ သူတို့ဟစ်ကြွေးထားတဲ့အတိုင်းပဲ ဖြစ်နေသလား။ ဒါရိုက်တာရဲ့တင်ဆက်မှုမှာ ဘာတွေထပ်ပြီး သုံးသပ်လို့ရမလဲဆိုတာကိုတော့ ပရိတ်သတ်က ကြည့်ရှုရင်း ဆုံးဖြတ်ပေးရမှာပါ။ Best Narrative Features အပိုင်းမှာ ဆုအတွက် တင်သွင်း ခံရပြီးတော့ IMDb rating 6.4 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.77 ...
movie

Land of the Blind (2006)

2006
Oliver Twist (2005) 6.8
Oliver Twist (2005)  ဂန္ထဝင်စာရေးဆရာကြီး Charles Dickensရဲ့အထင်ရှားဆုံးပုံပြင်ဇာတ်လမ်းတွေထဲကတစ်ခုဖြစ်တဲ့ အိုလီဗာတွစ်လေးရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မိဘမဲ့လေးအိုလီဗာတွစ်ရဲ့ဘဝမှာ အမျိုးမျိုးသောလူပေါင်းစုံနဲ့ကြုံတွေ့ပြီးတဲ့နောက်မှာ လန်ဒန်မြို့ကြီးအထိကို ၇ ရက်လောက်လမ်းလျှောက်ပြီးအရောက်သွားခဲ့ပါတယ်. ကလေးလေးတစ်ယောက်ရဲ့တစ်ကိုယ်တည်းသွားတဲ့ခရီးရှည်အဆုံးမှာတော့မထင်ထားပဲ သူနဲ့ရွယ်တူသူခိုးလေးတွေအုပ်စုနဲ့ကြုံပြီးတော့ဘဝကိုတစ်ဆစ်ချိုးအကြီးအကျယ်ပြောင်းလဲသွားရှာပါတော့တယ်။လူဆိုးလေးမဖြစ်ချင်တဲ့အိုလီဗာလေးဟာ ပိုကောင်းတဲ့ဘဝကိုရောက်ခဲ့ပေမယ့်လဲ ကံတရားကမျက်နှာသာမပေးခဲ့တာမလို့သူ့ရဲ့ဘဝမှာဘာတွေဆက်ဖြစ်လာမယ်ဆိုတာကိုဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ပုံပြင်ထဲကအိုလီဗာလေးအတိုင်းပဲချစ်ဖို့ကောင်းပြီး ခပ်ဆိုးဆိုးလူဆိုးကြီးတွေရဲ့ကြားကဇာတ်ကားလေးမလို့ လူကြီးတွေအပြင်ကလေးတွေပါကြိုက်နှစ်သက်မဲ့ဇာတ်လမ်းလေးလဲဖြစ်ပါတယ်။  File size…2.07GB / 898MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 10m Genre ..... Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Oliver Twist (2005)

Peter Pan (2003) 6.8
Peter Pan (2003)   အားလုံးသိကြတဲ့ပုံပြင်လေးကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 2003 ကထွက်ရှိတဲ့ကားပါ။Wendy နဲ့သူ့မောင်တွေဖြစ်တဲ့ John နဲ့ Michael တို့ဟာ သူတို့ပုံပြင်ပြောရင်လာနားထောင်တဲ့ Peter Pan ခေါ်တာကြောင့် Neverland ကိုလိုက်သွားပြီး စွ့န်စားခန်းတွေ ကြုံတွေ့ရပါတယ်။လေပေါ်ပျံနိုင်စွမ်းရှိပြီး ဘယ်တော့မှအသက်မကြီးတဲ့ Peter Pan နဲ့ သူ့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ The Lost Boys, Fairy လေး Tinkerbell တို့အပြင် ပင်လယ်ဓားပြကြီး Captain Hook တို့လည်းပါ၀င်ပါတယ်။ 2003 ကထွက်တာဖြစ်ပေမယ့်အခုပြန်ကြည့်လည်းမရိုးနိုင်တဲ့ကားလေးပါ။မိသားစုလိုက်ကြည့်ရင် လူကြီးတွေအတွက်လည်းမပျင်းရတဲ့ကားလေးဖြစ်ပါတယ်။Wendy တို့ရဲ့ကုန်ဆုံးတော့မယ် ကလေးဘ၀ကိုကြည့်ရင်း nostalgic feeling လည်းခံစားရမှာပါ။ Rotten tomatoes -77% File size…(2.17GB)/(1.2GB)/(875MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...adventure / Family / fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Peter Pan (2003)