Channel Myanmar

Harry Depp

Leave Her to Heaven (1945) 7.6
Leave Her to Heaven (1945) Leave Her to Heaven(1945) IMDb: 7.6/10 Rotten Tomatoes: 85% Genre: Drama/Film-Noir/Romanceသဝန်တိုတယ်ဆိုတာ လုံးဝကိုမကောင်းပါဘူး။ ကိုယ်ကချစ်ဖို့သဝန်တိုပေမယ့် တဖက်လူကိုချုပ်ချယ်သလိုဖြစ်တတ်ပါတယ်။ ဒါတင်မကသေးပဲ သဝန်တိုတဲ့အချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အတ္တဝါဒီအပေါ်ကိုပဲအခြေခံနေပါတယ်။ဒီရုပ်ရှင်ဟာ ဒါကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်ဒီကားကိုဘာသာမပြန်ခင် ဇာတ်ကားအကြောင်း YouTube မှာအရင်ရှာကြည့်လိုက်တော့ကွန်မန့်တစ်ခုမှာ"မင်းသမီး Gene Tierney သတင်းစာကိုချပြီး ပထမဦးဆုံးသူ့မျက်နှာကိုပြလိုက်တဲ့အချိန်အဖေရော၊ တစ်ရုံလုံးရော သူ့အလှမှာ နစ်မြောသွားတယ်" ဆိုပြီး ရေးထားတဲ့ကွန်မန့်လေးတစ်ခုကိုတွေ့လိုက်ပါတယ်။ တကယ်လည်း Gene Tierney ရဲ့အလှကအတော်လေးကိုမှင်သက်ဖို့ကောင်းလှပါတယ်။ ဒီရုပ်ရှင်နဲ့ မင်းသမီးဟာအကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အကယ်ဒမီဆုကိုဇကာတင်ဝင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်မကောင်းမှာတော့ပြောစရာကိုမလိုပါဘူး။ဇာတ်ညွှန်း အဲလန် ဘီရန့်တ် ဆိုတဲ့အမျိုးသမီးဟာသူလိုချင်တာ ဘာကိုမဆိုရအောင်ယူတတ်တဲ့မိန်းမမျိုးဖြစ်ပါတယ်။ သူဟာရထားပေါ်မှာ စာရေးဆရာ ရစ်ချက်ဒ်ဟာလန်းဒ် နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ နယူးမက္ကစီကိုမြို့က လယ်တောခြံမှာ အနားယူဖို့ဖိတ်ခေါ်ခြင်းခံထားရတဲ့လူတွေဖြစ်ပါတယ်။ အဲလန်ဟာ ကွင်တန် ဆိုတဲ့လူတစ်ယောက်နဲ့စေ့စပ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲလန်ဟာ ရစ်ချက်ဒ်ကိုချစ်မိသွားပြီး ၂ ရက်ထဲနဲ့လက်ထပ်ယူခဲ့ပါတယ်။ခက်တာက အဲလန်ဟာ ရစ်ချက်ဒ်ဘေးမှာ သူ(မ)ကလွဲပြီး ဘယ်သူမှရှိနေတာမျိုးမကြိုက်ပါဘူး။ သူတို့နှစ်ယောက်ဟာ ရစ်ချက်ဒ်ရဲ့ ညီလေး ဒန်နီရှိတဲ့ ရေကန်ဘေးကတဲအိမ်လေးကို သွားလည်ခဲ့ပါတယ်။ အချစ်ကြီးလွန်းတဲ့ အဲလန် ...
movie

Leave Her to Heaven (1945)