Channel Myanmar

Harry Connick Jr.

Memphis Belle (1990) 6.9
Memphis Belle (1990)  အချိန်အားဖြင့် ဒုတိယကမ္ဘာစစ် ၁၉၄၃ မှာ တည်ထားတဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲတွေ ဒရာမာချိုးတာတွေ သိပ်မပါပေမယ့်လည်း ဟာသနဲ့ ဒရာမာ စစ်ဆင်ရေးနဲ့ မြေပြင်စခန်းက activity တွေကို မျှမျှတတ ရောစပ်ထားတဲ့ စစ်ကားလေးဖြစ်ပါတယ်Memphis Belle ဆိုတဲ့ B17 လေယာဥ်နဲ့အတူ တိုက်လေယာဥ်တပ်စုဟာ ဂျာမနီက လက်နက်စက်ရုံကို ဗုံးကြဲမယ့် စစ်ဆင်ရေးကို လုပ်ကြရမှာပါ မစ်ရှင် ၂၄ ခုအထိ အောင်မြင်ခဲ့ပြီး ၂၅ ခုမြောက်ပြည့်ရင် မှတ်ကျောက်တင်ခံရမယ့်အရေးမို့ စိတ်အားတက်ကြွနေကြပြီး စိုးရိမ်စိတ်လေးတွေကလည်း တွဲလျက်ပေါ့သူတို့ရဲ့ စစ်ဆင်ရေးခရီးစဥ်မှာကြုံတွေ့ရတဲ့ အခက်အခဲ ဘေးဒုက္ခတွေနဲ့အတူ ဝမ်းနည်းစရာတွေကို ဟာသတွေနဲ့ ဖုံးဖိလို့ သမိုင်းတစ်ခေတ်က အဖြစ်အပျက်သေးသေးလေးတစ်ခုကနေ ခံစားချက်မျိုးစုံရနိုင်မဲ့ ရုပ်ရှင်လေးတစ်ကားလို့ ညွှန်းလိုက်ရပါတယ် File size…(2.5 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:47:00 Genre... Action, Drama, War Subtitle….Myanmar ...
movie

Memphis Belle (1990)

Find Me Falling (2024) 6.7
Find Me Falling (2024)  "Find Me Falling" ဟာ 2024 ခုနှစ်မှာ အသစ်ထွက်ရှိထားတဲ့အချစ်ဟာသဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Stelana Kliris ကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ဟောလိဝုဒ်မင်းသားချောကြီး Harry Connick Jr. ကအမေရိကန်ရော့ခ်စတား John Allman အနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အမေရိကန်ရော့ခ်စတား John Allman ဟာ ဂီတလောကကနေခဏအနားယူပြီး ဆိုက်ပရပ်စ်နိုင်ငံရဲ့ အေးချမ်းတဲ့မြေထဲပင်လယ်ကျွန်းက ချောက်ကမ်းပါးအိမ်တလုံးမှာ တကိုယ်တည်းသွားနေခဲ့ပါတယ်။ဒါပေမဲ့ သူမသိခဲ့တာကတော့ သူ့အိမ်ရှိတဲ့ ချောက်ကမ်းပါးထိပ်ကနေလူတွေ တယောက်ပြီးတယောက် ခုန်ချပြီး အဆုံးစီရင်တဲ့နေရာဖြစ်နေတာပါ။ဒီကျွန်းပေါ်မှာ မထင်မှတ်ထားတဲ့ အဖြစ်မှန်ကိုကြုံတွေ့ရပြီးသူ့ရဲ့ရည်းစားဟောင်းဖြစ်တဲ့ ကျွန်းပေါ်က ဆရာဝန်မ Sia နဲ့ပြန်လည်ဆုံစည်းခဲ့ပါတယ်။သူတို့ကြားက ပြန်လည်နိုးထလာတဲ့ဆက်ဆံရေးဟာ ချစ်ခြင်းမေတ္တာ၊ကွဲကွာဆုံးရှုံးမှု၊ နောင်တတွေနဲ့ ရောယှက်ပြီး John ရဲ့ဘဝထဲကိုရိုက်ခတ်လာပါတော့တယ်။ဒီကားထဲမှာ တေးသီချင်းအေးအေးချိုချိုလေးတွေနဲ့အတူဟာသဇာတ်ကွက်တွေလည်း ပါဝင်နေသလို ပရိသတ်တွေကိုအံ့အားသင့်စေနိုင်တဲ့ အတွေးအခေါ်တွေကိုလည်း စောင့်မျှော်ကြည့်ရှုခံစားကြရမှာပါ။  File size… 1.44GB / 614MB Quality… NF WEB-DL 1080p 5.1CH / ...
movie

Find Me Falling (2024)

Basic (2003) 6.4
Basic (2003) Basic (2003)ဒီ Basic ဆိုတဲ့ ရုပ်ရှင်ကတော့ မိတ်ဆက်ပေးစရာမလိုဘဲ အားလုံးသိပြီးကြပြီဖြစ်တဲ့ မေမေ့အချစ်တော် မင်းသားကြီး Samuel Jackson နဲ့အတူ သူ့ရဲ့ခေတ်ပြိုင်ဆိုသလို သူငယ်ချင်းလည်းဖြစ်တဲ့ ဝါရင့်မင်းသားကြီး John Travolta တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၃ ခုနှစ်ထွက် အက်ရှင် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် မင်းသားကြီး John Travolta က ဇာတ်ဆောင်တွမ်ဟာဒီ၊ မင်းသားကြီး Samuel ကတော့ ဇာတ်ပို့ တပ်ကြပ်ဝက်စ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~တွမ်ဟာဒီဆိုသူဟာ အရင်က စစ်တပ်ရဲ့ရိန်းဂျားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ သူဟာ ဒီအီးအေလို့ခေါ်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ သူလျှိုအဖြစ်လုပ်ကိုင်နေပါတယ်။ တစ်နေ့မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေစိုက်စခန်းမှာ ညွှန်းကြားရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ရိန်းဂျားတပ်ဖွဲ့ဝင်ဟောင်း သူငယ်ချင်းတစ်ယောက်က အတော်လေးရှုပ်ထွေးတဲ့အမှုတစ်ခုကို ကူညီဖြေရှင်းပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်။မုန်တိုင်းပြင်းထန်နေတဲ့တစ်နေ့မှာ တပ်ကြပ်ကြီးဝက်စ်ဟာ သူ့ရဲ့တပ်သားတွေနဲ့အတူ လေ့ကျင့်ရေးခရီးစဉ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းကြောင့် ဝက်စ်တို့တပ်ဖွဲ့ပြန်လာရမယ့်အချိန်က နောက်ကျသွားပြီး ...
movie

Basic (2003)

2003
Dolphin Tale 2 (2014) 6.4
Dolphin Tale 2 (2014) Dolphin Tale 2 (2014) ================= IMDb Rating - 6.4/102011ကထွက်ခဲ့တဲ့ Dolphin Tale 1 ရဲ့အဆက်ဖြစ်ပါတယ်။ ဆော်ရာနဲ့ ဝင်းတားစတွေ့ပြီး 3နှစ်တောင်ကြာခဲ့ပါပြီ။ ကလေးသရုပ်ဆောင်တွေဖြစ် ကြတဲ့ ဆော်ရာနဲ့ဟေဇယ်တို့လည်း မြီးကောင်ပေါက်ရုပ်လေးဖြစ်လာတဲ့ အပြင် ဝင်းတားလေးလည်း ပိုထွားလာပါပြီ။ ဒီထဲမှာတော့ ဝင်းတားရဲ့ သူငယ်ချင်းအသစ်လေးဖြစ်တဲ့ လင်းပိုင်ပေါက်စလေးကိုပါ မြင်တွေ့ရမှာ ပါ။ ဒါဖြင့် ဖလော်ရီဒါပြည်နယ်က Clearwater Marine Aquarium ကို အလည်တစ်ခေါက် ထပ်သွားကြပါစို့။ လင်းပိုင်ပုံပြင်လေးကတော့ ဒီကား မှာပဲ အဆုံးသတ်ခဲ့ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.28 GB) / (1.12 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Family Translator......Ngwe Zin Encoder..........SWM
movie

Dolphin Tale 2 (2014)

2014
Dolphin Tale (2011) 6.8
Dolphin Tale (2011) Dolphin Tale (2011) =============== IMDb Rating - 6.8/10CM ပရိတ်သတ်ကြီးတို့ရေ။ ငယ်ငယ်က TV မှာလွှင့်ဖူးတဲ့ Dolphin Tale ဆိုတဲ့ ကလေးဘဝရုပ်ရှင်လေးကိုမှတ်မိကြပါသလား။ အမြီးဖြတ်ပစ်လိုက် ရတဲ့ လင်းပိုင်လေးဝင်းတားနဲ့ သူ့ကိုကယ်ပေးခဲ့တဲ့ ဆော်ရာဆိုတဲ့ကောင်လေး တစ်ယောက်အကြောင်းပေါ့။ ပရိတ်သတ်ကြီးတို့ထဲမှာ ကြည့်ဖူးတဲ့သူရှိရင်ဖြင့် လင်းပိုင်လေးဝင်းတားဟာ အပြင်မှာ တကယ်ရှိခဲ့တယ်ဆိုတာရော သိပါသ လား။ ဟုတ်ပါတယ် ဝင်းတားလေးဟာ တကယ်ရှိခဲ့ဖူးပြီး သူဟာ မသန်စွမ်း ကလေးငယ်တွေအတွက် ဘဝကိုအရှုံးမပေးဖို့ တကယ်ကို ခွန်အားဖြစ်စေတဲ့ လင်းပိုင်လေးတစ်ကောင်ပါ။ဝင်းတားလေးဟာ Clearwater Marine Aquarium ကို ဒဏ်ရာများစွာနဲ့ရောက် လာပြီး အမြီးပိုင်းသွေးမလျှောက်တော့တာကြောင့် အမြီးဖြတ်ပစ်လိုက်ရပါတယ်။ လင်းပိုင်တစ်ကောင်အတွက် ရေကူးစရာအမြီးမပါတော့တာဟာ လူတစ်ယောက် ခြေထောက်မပါတော့တာနဲ့အတူတူပါပဲ။ ဒါပေမဲ့ ဝင်းတားဟာ အရှုံးမပေးဘဲ အသက် 16နှစ်ထိ အသက်ရှင်နေထိုင်သွားခဲ့ပါတယ်။ သူ့ရဲ့ Bottlenose Dolphin မျိုးစိတ် သက်တမ်းဟာ နှစ်40ကနေ60ထိ ရှိတာပါ။ ဒါပေမဲ့ အမြီးမရှိတော့တဲ့လင်းပိုင်တစ် ကောင်အတွက်တော့ 16နှစ်ထိ‌နေသွားနိုင်ဆိုတာ တကယ်အံ့ဩဖို့ကောင်းပါတယ်။ ဒါ့အပြင် Dolphin Tale 1,2မှာ ပါဝင်တဲ့လင်းပိုင်လေးဟာ တကယ့်အပြင်ကဝင်းတား အစစ်ဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ...
movie

Dolphin Tale (2011)

2011
P.S. I Love You (2007) 7.1
P.S. I Love You (2007)  စိတ်တွေမှာ ဆုံးဖြတ်ချက်တွေမှာ ဘဝတွေမှာ ရွေးစရာ လမ်းနှစ်ခုအမြဲရှိတတ်ပါတယ်။ အသိညဏ်ရဲ့လမ်းနဲ့ ခံစားချက်ရဲ့လမ်းပါ။ ခံစားချက်လမ်းပေါ်လျှောက်ရင်း ဘဝမှာ မမြင်ရတဲ့ကြိုးတွေနဲ့ ဘယ်ရွေ့ဘယ်မျှအထိ ချည်နှောင်ဖူးကြပါသလဲ.. ကျွန်တော်တို့ချစ်ပါတယ်ဆိုတဲ့ တစ်ဦးတစ်ယောက်အတွက်ရော ကိုယ့်ကိုယ်ကိုယ်ပါ မေ့သွားတဲ့အထိရော ဖြစ်ဖူးကြပါသလား။ ရှင်သန်နေတုန်းမှာ ရယူလိုမှုတစ်စုံတစ်ရာအတွက်ပဲဖြစ်ဖြစ် နတ္ထိဖြစ်တည်မှုတို့ရဲ့ဖြည့်ဆည်းရာအတွက်ပဲဖြစ်ဖြစ် လူတစ်ယောက်ကိုချစ်ရတာ သိပ်ကိုလွယ်ပါတယ်... သို့ပေမဲ့ ကိုယ်ဆိုတာ ဒီကမ္ဘာမြေမှာမရှိတော့တဲ့နောက် လူတစ်ယောက်ကိုဆက်ချစ်နိုင်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီပုံပြင်လေးကတော့ ကိုယ်ဆိုတာမရှိတော့တဲ့အလွန်မှာတောင် ဆက်ပြီးချစ်နိုင်ခဲ့သေးတဲ့လူတစ်ယောက်အကြောင်းပါ။ ဒီအချစ်ဇာတ်လမ်းကလေးရဲ့ မြစ်ဖျားခံရာကတော့ အိုင်ယာလန်က ကျယ်ပြောလှတဲ့ပန်းခြံတစ်ခုမှာပါပဲ။ ဂယ်ရီဆိုတဲ့ အိုင်ယာလန်သားလေးနဲ့ ဟော်လီဆိုတဲ့ လမ်းပျောက်နေတဲ့အမရိကသူလေးရဲ့ မြင်မြင်ချင်းအချစ်တစ်ခုကနေစခဲ့တယ်ပေါ့။သူတို့ရဲ့ အတူတူဘဝကလေးကတော့ အိပ်မက်ခဲ့သလောက်တော့ မခမ်းနားခဲ့ပါဘူး။ အခမ်းနားဆုံးတွေမရခဲ့ရတဲ့ဒေါသတွေနဲ့တောင် သူတို့ရဲ့အချစ်က လှပနေသေးတယ်ဆိုရင် အဲ့ဒီလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ရူးသွပ်ညဏ်ကင်းစွာ ချစ်ခဲ့ကြလို့လို့ဆိုပါမယ်။ သူတို့နှစ်ယောက်ဟာ ဒီလိုတစ်ယောက်ကိုတစ်ယောက် ရူးသွပ်ခဲ့ကြတဲ့ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့...ဂယ်ရီပြောသလိုပဲ အမြဲပြောင်းလဲနေတတ်တဲ့ ဘဝမှာ အပြောင်းအလဲတစ်ခုဖြစ်လာပြီး ဂယ်ရီမရှိတော့တဲ့အခါ.... ဟော်လီရှေ့မဆက်နိုင်တော့တဲ့အခါ... ဟော်လီရှေ့ဆက်နိုင်ဖို့ ဂယ်ရီဘာတွေများ လုပ်ပေးခဲ့သလဲဆိုတာကိုတော့.........။စာကြွင်း... အချစ်တတ်ကြဆုံး လူတွေအကြောင်း သင်ယူပြီး ပိုချစ်တတ်လာနိုင်ကြပါစေ။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 1 GB ) and ( 450 MB) Quality__BR-Rip 720p IMDb Rating - 7.1/10 Goodreads - 4/5 Format__mp4 Duration__02:05:56 Type__Drama , Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung ...
movie

P.S. I Love You (2007)

2007
Independence Day (1996) 7.0
Independence Day (1996) ဒီဇာတ်ကားက ထွက်ထားတာ တော်တော်ကြာနေပေမဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိူင်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ၂၀၁၆မှာ ဒီဇာတ်ကား အနှစ် ၂၀ပြည့် အထိမ်းအမှတ်အနေနဲ့Independence Day 2လာဦးမှာမို့ ဒီဇာတ်ကားကို အရင် ကြည့်ထားသင့်ပါတယ်။ ဒီဇာတ်ကားက စိတ်ကူးယာဉ်သိပ္ဗံဇာတ်ကား တစ်ကားဖြစ်ပြီး ဂြိုလ်သားတွေက ကမ္ဘာမြေကို လာဖျက်ဆီးတဲ့ ဇာတ်ကားပါ။ နည်းပညာမြင့်တဲ့ဂြိုလ်သားတွေက လူသားတွေက ဘယ်လို စိတ်ဓာတ်၊ဘယ်လို အစီအမံတွေနဲ့ ရင်ဆိုင်မှာလဲဆိုတာ စိတ်ဝင်စားစရာပါ။သူ့ခေတ် သူ့အခါတုန်းအနေအထားနဲ့ကြည့်ရင် ကွန်ပျူတာ ပြုလုပ်ချက်တွေ အဲလောက်ထိ ကောင်းမွန်တာက အံ့သြစရာပါ။ဒီဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် Will Smithက ခေါင်းဆောင်မင်းသားအနေနဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မကြည့်ရသေးတဲ့လူများ ကြည့်လိုက်ကြပါဦး
movie

Independence Day (1996)

1996