Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Harriet Walter
7.8
Atonement (2007)
AtonementIMDb (7.8)/ Rotten Tomatoes (83%)James Mcavoy ,Keira Knightley, Lady Bird (ဝါ) Saoirse Ronan နဲ့ Benedict Cumberbatch တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အစုံအလင်နဲ့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။အဆုံးသတ် မတိုင်ခင် အထိတော့ ဒီ ဇာတ်လမ်းလေး တစ်ပုဒ်လုံးက သိပ်မထူးခြားသလိုပါပဲ။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်ကို ကျွန်တော် ချရေးခဲ့ရင်လည်း spoil ပြီးသား ဖြစ်သွားပါမယ်။အချိန်ကာလအားဖြင့် Dunkrik မဖြစ်မှီ..... အထက်တန်းလွှာ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ဖော်တစ်ယောက်ရဲ့သား.....ချစ်ကြိုက်မိခဲ့ကြတယ်...။ မှားယွင်းသွားတဲ့ စာတစ်စောင်က မထင်မှတ်ပဲ ယူလာခဲ့တဲ့ ဂြိုလ်ဆိုးတွေကြားမှာ..သူတို့ ဝေးသွားခဲ့ကြတယ်...။စစ်တပ်ထဲ ရောက်နေတဲ့ ကောင်ကလေးနဲ့... အိမ်ကနေ ပြေးထွက်ခဲ့တဲ့ ကောင်မလေး.. စစ်မထွက်မှီမှာ ပြန်တွေ့ကြတဲ့အချိန်... နေသာ လေလာမဲ့ တစ်နေ့တော့ကို သူတို့ ပြန် ယုံကြည်မျှော်လင့်ခဲ့ကြတယ်...။ စစ်ရဲ့ အနိဋ္ဌာရုံတွေကြားကနေ ဒဏ်ရာအထပ်ထပ်နဲ့ မျှော်လင့်နေတဲ့ ...
movie
Atonement (2007)
2007
7.8
Star Wars: Episode VII – The Force Awakens (2015)
Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie
Star Wars: Episode VII – The Force Awakens (2015)
4K HEVC
6.4
Your Christmas Or Mine? (2022)
Your Christmas Or Mine? (2022) ======================= IMDb Rating - 6.4/10ခရစ္စမတ်နားနီးလာပြီဆိုတော့ Christmas Vibe လေးရအောင် တင်ဆက်ပေးလိုက်ပါပြီနော်။ ခရစ္စမတ်နဲ့ပတ်သက်ပြီး ရုပ်ရှင် ဇာတ်ကြောင်းတွေအများကြီးထဲကမှ ဒီကားလေးကတော့ မိသားစု နှစ်ခုအကြောင်းကို side by side ယှဉ်ပြထားတာမို့ တစ်မူထူးခြားတဲ့ ကားလေးပဲဖြစ်ပါတယ်။ အဲ့ဒါအပြင် မင်းသားနဲ့မင်းသမီးတို့ရဲ့အလွဲ တွေလည်းပါတာမို့ ကြည့်ရင်းပြုံးစိစိဖြစ်ရမယ့်ကားလေးပါ။ခရစ္စမတ်အားလပ်ရက်ဆိုတော့ ဂျိမ်းစ်နဲ့ဟေလီတို့ အသီးသီးအိမ် ပြန်ရဖို့ ဘူတာရုံမှာလမ်းခွဲကြပါတယ်။ ချစ်စခင်စကြင်နာစဆိုတော့ မခွဲနိုင်မခွာရက်ဖြစ်ပြီး ခရစ္စမတ်ကိုအတူတူဖြတ်သန်းကြဖို့ စိတ်ကူး မိကြပါတော့တယ်။ အဲ့ဒါနဲ့ ဂျိမ်းစ်စီးမယ့်ရထားပေါ်ကို ဟေလီတက် သွားပြီး ဟေလီ့ရထားပေါ်ကိုလည်း ဂျိမ်းစ်တက်သွားပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဂျိမ်းစ်အိမ်ဆီကိုဟေလီရောက်သွားပြီး ဟေလီ အိမ်မှာ ဂျိမ်းစ်ကဧည့်သည်လုပ်ရတဲ့အခါ... ဘယ်လိုမျိုးပြသာနာတွေ တက်မလဲ? သူတို့ချစ်သူကိုယ်စား မိသားစုနဲ့အတူ ခရစ္စမတ်မှာဘယ်လို မျိုး ဖြတ်သန်းမလဲဆိုတာ ပေါ့ပေါ့ပါးပါးလေး ကြည့်လိုက်ရအောင်နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.4 GB) / (572MB) / (344 MB) Quality............WEB-DL 1080p / 720p / ...
movie
Your Christmas Or Mine? (2022)
2022
6.3
Mindhorn (2016)
စုံထောက်အမှုလိုက်ဟာသဇာတ်လမ်းလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးဟာသတွေစိတ်လှုပ်ရှားစရာဇာတ်ကွက်အစုံကို ရုပ်တည်ကြီးနဲ့သရုပ်ဆောင်ပြသွားတဲ့ဇာတ်လမ်းလေးပါ...။ဇာတ်လမ်းအကျဥ်းလေးကတော့...ရစ်ချက် သွန်းခရက်ဟာ ၁၉၈၀ ပြည့်နှစ်များဆီက ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့သရုပ်ဆောင်တစ်ယောက်ပါ...။သူနာမည်ကြီးခဲ့တဲ့ရုပ်ရှင်နာမည်က အမှန်တရားကို မြင်နိုင်တဲ့ "စက်မျက်စိ စုံထောက်မိုင်းဟွန်း"....ရုပ်ရှင်ကအောင်မြင်ခဲ့ပေမယ့်လည်း ရစ်ချက်ဟာ ဘဝင်မြင့်အောက်ခြေလွတ်ပြီးလေကြီးလေကျယ်ပြောတတ်တဲ့သူဖြစ်လေတော့ လက်ရှိကာလမှာ ဘယ်သူမှသူ့ကိုရုပ်ရှင်ခေါ်မရိုက်ကြတော့ပါဘူး...။ဒီတော့ ရစ်ချက်ခမျာ အလုပ်လက်မဲ့ မင်းသားအဖြစ်ပေတေလေလွင့်နေရတာပေါ့...ကံကောင်းချင်တော့ ရစ်ချက်ရဲ့ မွေးရပ်မြေကျွန်းလေးမှာ လူသတ်မှုတစ်ခုဖြစ်ပါတယ်...။လူသတ်တရားခံက ရဲတွေဆီဆက်သွယ်ပြီးတော့ သူနဲ့ညှိနှိုင်းချင်ရင်စုံထောက်မိုင်းဟွန်းကိုခေါ်ပေးလို့ပြောပါတယ်...။စုံထောက်မိုင်းဟွန်းဆိုတာ လက်တွေ့ဘဝမှာတကယ်မရှိတဲ့အတွက် ရဲတွေလည်းကြံရာမရမယ့်အတူတူ စုံထောက်မိုင်းဟွန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ရစ်ချက်ကိုပဲအကူအညီလှမ်းတောင်းပါတယ်...ရစ်ချက်ကလည်း အလုပ်မရှိတဲ့အပြင် တီဗီထဲကစုံထောက်က တကယ့်စုံထောက်စစ်စစ်တွေကိုကူညီပြီးအမှုဖြေရှင်းနိုင်ရင် နာမည်ကြီးမှာပဲဆိုပြီး လက်ခံလိုက်ပါတယ်....စိတ်ကူးယဥ်ရုပ်ရှင်ဇာတ်ကောင်တဖြစ်လဲ စုံထောက်မိုင်းဟွန်းတစ်ယောက် လက်တွေ့ဘဝမှာဘယ်လိုအမှုလိုက်မလဲဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်....။ File size…1.51GB / 712MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ….. Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Mindhorn (2016)
6.1
Chéri (2009)
Chéri (2009) ===========IMDb Rating - 6.1/10"အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ" ဒီစကားက လူတိုင်း နီးနီးကြားဖူးတဲ့စကားတစ်ခွန်းပါ။ ရှယ်ရီက ပြည်ကြီးတန်ဆာရဲ့ တစ် ဦးတည်းသောသားဖြစ်တယ်။ နောက်ပြီး ငယ်စဉ်ဘဝကတည်းက မိခင်ကသူ့အနားမှာမရှိပေးခဲ့တဲ့အတွက် ဖြစ်ချင်တိုင်းဖြစ်ပြီး မိန်းမ ပေါင်းစုံနဲ့ပတ်ရှုပ်နေခဲ့တဲ့ ကောင်ဇိုးလေး။ဒါတွေအားလုံးက လီယာဆိုတဲ့ သူ့အမေရဲ့သူငယ်ချင်းရဲ့ အိမ်ကိုမလိုက် သွားခင်အထိပေါ့လေ။ ရှယ်ရီက လီယာ့ကို ငယ်ငယ်လေးတည်းက သိပေမဲ့ အခုအရွယ်ရောက်လာပြီး သူ့အိမ်ကိုလိုက်သွားပြီးတဲ့နောက်မှာ တော့ သူတို့နှစ်ယောက်ကြားမှာ မီးပွားလေးတွေပေါ်လာပါတော့တယ်။ အဲ့မီးပွားလေးတွေကနေ မီးတောက်ကြီးတွေဖြစ်သွားမလား ငြိမ်းသွား မလားဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KSN ဖြစ်ပါတယ်)File Size..........(1.44 GB) / (550 MB) Quality............BLU-RAY 1080p / 720p Duration........1Hr 26Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator......KSN Encoder..........Admin X
movie
Chéri (2009)
2009
7.2
The Young Victoria (2009)
IMDb - 7.2/10 Rotten Tomatoes - 76%အင်္ဂလန်ရဲ့ ဘုရင်မ Victoria (1819-1901)က သူ့အလျင်က အုပ်ချုပ်သူတွေထက် ထီးသက်နန်းသက် ၆၃နှစ်ထိကြာရှည်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂မှာ ဆုံးပါးသွားတဲ့ Elizabeth II ရဲ့ ထီးနန်းသက် နှစ်၇၀ လောက်တော့မရှည်ခဲ့ပါဘူး။ ရုပ်ရှင်ကတော့ ဘုရင်မ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝနဲ့ အချစ်ရေး အိမ်ထောင်ရေးအကြောင်း ရိုက်ကူထားတဲ့ period dramaဖြစ်ပါတယ်။မင်းသမီး Emily Bluntက ဘုရင်မဗစ်တိုးရီးယားအဖြစ် သရုပ်ဆောင်ခဲ့ပြီး ဒီရုပ်ရှင်က Best Costume Design နဲ့ Academy Award & BAFTA Award Nomination လည်းဝင်ခဲ့ပါတယ်။ တကယ်လည်း ဝတ်စုံတွေက လှပခမ်းနားပါတယ်။ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝကတော့ တခြားကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်ပါးလို့မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့အမေနဲ့ အိမ်ကြီးကြပ်ရေးမှူး Sir Conroyရဲ့ လက်အောက်မှာ ...
movie
The Young Victoria (2009)
7.7
Sense and Sensibility (1995)
တိုင်တန်းနစ် မင်းသမီး Kate Winslet ၊ ဟယ်ရီပေါ်တာရုပ်ရှင်တွေမှာ ပါမောက္ခ စနိတ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Alan Rickman ၊ ဒလောရပ်စ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Imelda Staunton၊ House M.d မှာ ဒေါက်တာဟောက်စ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Hugh Laurie တို့ အပြင်မင်းသမီး Emma Thompson နဲ့ မင်းသား Hugh Grant တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ 1995 ခုနှစ်ထွက် ရုပ်ရှင်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။Jane Austen ရဲ့ 1811 ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Sense and Sensibility ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး အော်စကာဆန်ခါတင် နေရာ (၇) ခုအထိ ဝင်ခဲ့တဲ့အပြင် အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ အော်စကာရခဲ့ပါတယ်။ ဒါအပြင် တခြားဆုပေါင်း (၃၃) ခုလည်း ရရှိခဲ့ပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့ ချမ်းသာတဲ့ ...
movie
Sense and Sensibility (1995)
7.5
A Royal Affair (2012)
A Royal Affair (2012)၁၈ရာစုနှစ် ဒိန်းမတ်နန်းတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုကို အခြေတည်ပြီးရိုက်ကူးထားတဲ့ Biography ကားလေးပါ။ဇာတ်လမ်းကတော့ ဗြိတိန်နိုင်ငံဖွားဖြစ်တဲ့ ဘုရင်မဟာ ဒိန်းမတ်ဘုရင်နဲ့ လက်ထပ်ခဲ့ပြီးနောက်မှာ ဘုရင့်ရဲ့ ကိုယ်ပိုင်သမားတော်နဲ့ ဖောက်ပြားမိခဲ့ပါတယ် ။ ဘယ်လိုတွေကြောင့်လဲဆိုတော့ ဘုရင်ကြီးဟာ စိတ်ပေါ့သွပ်နေပြီး တဇောက်ကမ်းလုပ်တတ်တဲ့ အမူအကျင့်ရှိပါတယ်။ဒါကို ငယ်ရွယ်လှပ ပညာတတ်ဖြစ်တဲ့ ဘုရင်မကြီးက အလိုမကျခဲ့ပါဘူး။ ထိုခေတ်ထိုကာလဟာ ရှေးရိုးစွဲအယူအဆတွေကနေ ခေတ်သစ်အတွေးအမြင်တွေကျယ်ပြန့်လာတဲ့ကာလဖြစ်ပါတယ်။ဘုရင့်သမားတော်ဟာ ခေတ်သစ်အတွေးအမြင်ရှိသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အတွေးအခေါ် အယူအဆတွေကပဲ ဘုရင်မကြီးနဲ့ နီးစပ်သွားစေပါတယ်။ တော်ဝင်မျိုးနွယ်ကြား ဖောက်ပြန်မှူကို ရိုက်ကူးထားတယ်ဆိုပေမယ့် ဒိန်းမတ်နိုင်ငံတိုးတက်ရေးအတွက် ဘုရင်၊ ဘုရင်မနဲ့ သမားတော်တို့ သုံးဦးသား အတွဲညီညီ ပူးပေါင်းဆောင်ရွက်ခဲ့တာကိုလည်း မြင်တွေ့ရမှာပါ။နန်းတွင်းကားတို့ရဲ့ထုံးစံအတိုင်း အတိုက်အခံတွေ၊ ဖောက်ပြားမှုတွေ၊ လှည့်ကွက်တွေကြား ရင်တမမကြည့်ရှုရမယ့်ကားကောင်းလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size : 2.8GB, 736MB, ...
movie
A Royal Affair (2012)
2012
7.0
Suite Francaise (2014)
Suite Francaise (2014)********************Suite Francaiseရုပ်ရှင်ရဲ့ မူရင်းဝတ္ထုဟာဆိုရင် ဒုတိယကမ္ဘာစစ်အတွင်းမှာရေးသားခဲ့တာဖြစ်ပြီး၂၀၀၄ခုနှစ်ရောက်မှ ထုတ်ဝေနိုင်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီဝတ္ထုကိုရေးသားခဲ့သူ Irène Némirovskyဟာ ၁၉၄၂ခုနှစ်မှာ ဂျူးလူမျိုးဖြစ်တဲ့အတွက်ဂျာမန်တပ်တွေ ဖမ်းဆီးတာခံရပြီး Auschwitzချွေးတပ်စခန်းမှာအခြားသော ဂျူးလူမျိုးတွေနဲ့အတူသတ်ဖြတ်ခံခဲ့ရလို့ပါ။ နှစ်၆၀လောက်ကြာပြီးတဲ့နောက်မှာ သူမရဲ့သမီးဖြစ်သူက မိခင်ဖြစ်သူရဲ့မှတ်စုစာအုပ်ထဲမှာရေးသားထားတဲ့ဝတ္ထုနှစ်ပုဒ်ကိုတွေ့ရှိခဲ့ပြီး၊ ဒီဝတ္ထုနှစ်ပုဒ်ပေါင်းပြီးမှ Suite Francaiseဆိုတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်လာကာ နောက်များမှ ရုပ်ရှင်အဖြစ်ပိတ်ကားပေါ်ရောက်ရှိလာရပါတယ်။ မူရင်းစာရေးဆရာမဟာ ဒီဇာတ်လမ်းကို အပိုင်း ၅ပိုင်းနဲ့ရေးသားခဲ့မှတ်စုထုတ်ထားခဲ့ပေမယ့်လည်းနှစ်ပိုင်းသာအချောသတ်ရေးသားနိုင်ခဲ့တဲ့အတွက် ကျန်သုံးပိုင်းကတော့ မှတ်စုစာအုပ်ထဲက မှတ်တမ်းမှတ်ရာလေးတွေအဖြစ်သာကျန်ရှိနေဆဲပါ။ ဒီဇာတ်ကားရဲ့ဇာစ်မြစ်လေးဟာ ဒီလိုကြေကွဲစရာကောင်းသလို ဇာတ်လမ်းလေးကလည်း ရိုးရိုးရှင်းရှင်းဆို့ဆို့နင့်နင့်နဲ့ အချစ်၊အမုန်းဒွန်တွဲပြီး ရန်သူတွေတစ်ဖြစ်လဲ၊ ဝတ္တရား တာဝန်တွေ ခြားနားခံထားရတဲ့ ချစ်သူနှစ်ဦးအကြားကတိမ်းညွှတ်လိုက်လျောမှုတွေကိုပေါ်လွင်အောင်ရိုက်ပြထားပြီး လက်မလွှတ်တမ်းကြည့်သင့်တဲ့war romantic dramaကားမို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။File Size :(1.7GB) and (688MB) Quality :Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:47:00 Genre : War, Drama , Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo ...
movie
Suite Francaise (2014)
7.4
Babel (2006)
[Unicode] Babel (2006)IMDB - 7.4 Rotten Tomatoes - 69/100ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ...
movie
Babel (2006)
4.9
Burial (2022)
Burial 2022ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ ဘာလင်တိုက်ပွဲပြီးလုပြီးခင်မှာ ဘာလင်မြို့ကရုရှားထောက်လှမ်းရေးဖြစ်တဲ့ ဘရာနာ နဲ့ တပ်သားတစ်ချို့ကအထူးလျှို့ဝှက်တာဝန်ပေးခံရပါတယ်။ရှည်မျောမျောသေတ္တာကြီးတစ်လုံးကို သူတို့ရုရှားခေါင်းဆောင်စတာလင်ဆီသယ်သွားပေးဖို့ပါ။ ဒါကလျှို့ဝှက်မစ်ရှင်ဖြစ်တာကြောင့် လေယာဥ်မသုံးရသလို ဘာလင်ကသူတို့ရဲဘော်ရဲဘက်တွေနဲ့လဲအဆက်အသွယ်မလုပ်ရပါဘူး။ သေတ္တာထဲမှာဘာပါတယ်ဆိုတာလဲ ဘရာနာရယ် နောက်ခေါင်းဆောင်နှစ်ယောက်ရယ်သာသိပြီး တပ်သားတွေကမသိကြပါဘူး။ သူတို့ကဒီသေတ္တာကြီးကို ညမှာသူတို့ကိုလာသတ်ပြီးယူသွားမှာဆိုးလို့ ညဆို ဒီသေတ္တာကြီးကိုမြေကျွင်းတူးပြီးမြှပ် မနက်ကျမှပြန်တူးပြီးခရီးဆက်ပါတယ်။ တပ်သားတွေကလဲဒီသေတ္တာထဲမှာဘာပါမှန်းတာမသိတာ အမိန့်အရဒါကြီးကိုသူတို့အသက်နဲ့ရင်းပြီးကာကွယ်ဖို့အသင့်ဖြစ်နေတာပါပဲ။ အဲလိုသစ္စာရှိတပ်သားတစ်စုရယ် သေတ္တာကြီးတစ်လုံးရယ် အဲဒီသေတ္တာကြီးကို လိုချင်နေတဲ့ တခြားအဖွဲ့ရယ် စစ်ဘေးဒဏ်ကြောင့်စစ်သားတွေအပြင် လူမြင်မြင်သမျှကြောက်နေရတဲ့ ပြည်သူပြည်သားတွေရယ်ကြားမှာဘာတွေဆက်ဖြစ်မလဲ ဘရာနာတို့ရဲ့အထူးလျှို့ဝှက်တာဝန်ရောအောင်မြင်သွားမလားဆိုတာကြည့်ရှုလိုက်ပါဦးအညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida နဲ့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Thriller, War Quality…. 4k HEVC |1080p | 720p | 480p File size… 1.75GB | 1.509GB | 590MB | 343MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida and Moh Moh Encoder ..... August
movie
Burial (2022)
2022
4K HEVC
7.7
The Last Duel (2021) 18+ Rated
ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novelThe Last Duel: A True Story of Trial by Combat in Medieval France(နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကိုNicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ...
movie
The Last Duel (2021) 18+ Rated
6.6
Ballet Shoes (2007)
"Dream will come true အိပ်မက်တွေ အကောင်အထည်ပေါ်လာမှာပါ "လူမျိုးမတူ လာခဲ့နေရာမတူတဲ့ မိဘမဲ့မွေးကင်းစ ကလေးမလေး သုံးယောက်ကို Sylviaရဲ့ဦးလေးဖြစ်သူက Sylvia ဆီကို ခေါ်လာပါတယ် Sylvia ကိုယ်တိုင်ကလည်း မိဘမဲ့တစ်ယောက်ပါ တစ်ချိန်လုံးခရီးထွက်နေတက်တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်ဦးလေးဖြစ်သူရဲ့ အိမ်ကြီးမှာ ကလေးထိန်းNana နဲ့အတူ နေရတာပါ သူမလည်း သူမ ဦးလေးလိုမျိုး ကျောက်ဖြစ်ရုပ်ကြွင်းဗေဒနဲ့ ဘွဲ့ရခဲ့ပေမယ့် ကလေးတွေကြောင့် ရည်မှန်းချက်တွေကို စွန့်လွှတ်ထားရပါတယ် အငယ်ဆုံးကလေးPosy Fossil လေးကို ဘဲလေးဖိနပ်တစ်ရံနဲ့အတူ ပါဆယ်နဲ့ထည့်ပေးလိုက်တဲ့ အချိန်ကတည်းကနေ ဦးလေးပြန်မလာတာ ၁၂နှစ်ရှိပြီဘဏ်မှာ ဦးလေးထားခဲ့ပေးတဲ့ ၅နှစ်စာငွေကလည်း ကုန်ပြီ အိမ်မှာ အဆောင်ငှားထားပေမယ့် အိမ်အိုကြီးကို ပြင်ရတဲ့ စရိတ်က မကာမိဘူး ကလေးတွေကလည်း ရည်မှန်းချက်တွေကိုယ်စီနဲ့ အရွယ်ရောက်လာခဲ့တယ် Sylvia က ကလေးတွေနဲ့ ဝင်ငွေတွက် ကျောင်းတက်ရင်း ဝင်ငွေရမယ့် အနုပညာ ကျောင်းကို ညီအစ်မတွေကို ပို့လိုက်ပါတယ်သူတို့လေးတွေရဲ့ ရည်မှန်းချက်တွေက မြင့်မားလွန်းတာမို့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်ပေးဖို့ Sylvia ...
movie
Ballet Shoes (2007)
7
Herself (2020)
Herself (2020)IMDb 7/10ဒီဇာတ်ကားလေးကတော့ ..... ယောကျ်ားဖြစ်သူရဲ့ အိမ်တွင်းအကြမ်းဖက်မှုကိုခံရတဲ့ စန်ဒရာဆိုတဲ့ အိုင်ယာလန်အမျိုးသမီးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်ချစ်စဖွယ်သမီးလေးနှစ်ယောက်လက်ကိုဆွဲရင်း စန်ဒရာတစ်ယောက် အလုပ်တွေအများကြီးလုပ်ပြီး ပိုက်ဆံရှာပေမယ့် ဒပ်ဘလင်မြို့ရဲ့ အိမ်ရာစနစ်က စန်ဒရာ့လို ကိုယ်ထူကိုယ်ထအမျိုးသမီးတစ်ယောက်အတွက် ကျဉ်းထဲကြပ်ထဲရောက်ပြီး အဆင်မပြေစေခဲ့ပါဘူး အဲ့ဒါကြောင့် စန်ဒရာအနေနဲ့ ကိုယ်ပိုင်အိမ်တစ်လုံးကို ကိုယ့်အားကိုယ်ကိုးပြီး ဆောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ဆွေမျိုးညာတိ ဗလာနတ္ထိနဲ့ ကျောထောက်နောက်ခံမရှိတဲ့ စန်ဒရာတစ်ယောက် အိမ်ကို ကိုယ်တိုင် အဆင်ပြေပြေပြီးမြောက်အောင် ဆောက်နိုင်ပါ့မလား ????? ပတ်ဝန်းကျင်ကလူတွေ ..... သူမဘေးကလူတွေကရော ..... သူမအပေါ် ကောင်းကြပါ့မလား? ကူညီကြပါ့မလား?ကလေးတွေရဲ့ Photographic memory ကနေ Trauma တွေရနိုင်တဲ့အကြောင်းများနဲ့ အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ပြီး ကိုယ်ပိုင်အိမ်ကို ဆောက်ရင်း သူမကိုယ်သူမ ဘယ်လိုရှာဖွေတွေ့ရှိခဲ့လဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။IMDb - 7/10 ရရှိထားပြီးရုပ်ရှင်ဆု ၃ ဆု နဲ့ တစ်ကြိုစာရင်း ၃ ကြိမ် ဝင်ထားတဲ့ ကားကောင်းတစ်ကောင်း ဖြစ်တာကြောင့် ရုပ်ရှင်ချစ်သူများ လက်မလွှတ်သင့်တဲ့ ကားတစ်ကားပါပဲ။ အိမ်တွင်းအကြမ်းဖက် နဲ့ အမျိုးသမီးဘဝမြှင့်တင်ရေး ဇာတ်လမ်းကောင်းတစ်ခုဆိုလည်း မမှားပါဘူး။File size… 2.2 GB ...
movie
Herself (2020)
2020
7.7
Rocketman(2019)
Rocketman(2019) IMDb....7.7,,,,,Rotten....89% ((BluRay1080p5.1ch,720pတို့ဖြင့် ပြန်လည် Update ပေးထားပါသည်....)) ဒီရုပ်ရှင်ကတော့ Bohemian Rhapsody လိုပဲ ကမ္ဘာကျော် အဆိုတော်တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်မှာပါ။ သရုပ်ဆောင်ကတော့ Kingsman ရဲ့ မင်းသားTaron Egerton ဖြစ်နေတာ တိုက်ဆိုင်တာပါပဲ။ Kingsman ရုပ်ရှင်ထဲမှာ အယ်လ်တန်ဂျွန်ပါခဲ့တာကိုး။ သူ့နာမည်ကတော့ အယ်လ်တန် ဂျွန်ပါ။ လူအများကြားဖူးကြမယ်ထင်ပါတယ်။ အပြည့်အစုံဆိုရင်တော့ ဆာ အယ်လ်တန် ဟာကျူလီ ဂျွန် ဖြစ်ပါတယ်။ သူဟာ အမေရိကရဲ့ ရော့ခ်ဂီတသမိုင်းမှာ အအောင်မြင်ဆုံး တစ်ကိုယ်တော်ဂီတသမားဖြစ်ပြီး ကမ္ဘာ့ဂီတသမိုင်းမှာ တတိယမြောက် အအောင်မြင်ဆုံး ဖြစ်ပါတယ်။ သူ့ရှေ့မှာ မက်ဒေါနား နဲ့ ဘီတယ်စ် ပဲ ရှိပါတော့တယ်။ (မကြာခင် ဘီတယ်စ်ရဲ့အကြောင်းဖြစ်တဲ့ Yesterday ရုပ်ရှင်လည်း ရုံတင်တော့မှာပါ) အယ်လ်တန်ဟာ ဂရမ်မီဆု 5ကြိမ်ရရှိခဲ့ပြီး အခြားသော ဆုကြီးတွေလည်း အများအပြားကို ရရှိခဲ့တာပါ။ Gold album 26 ခု၊ ပလက်တီနမ် နဲ့ မာလ်တိုင်ပလက်တီနမ် ၃၈ ခု၊ ဒိုင်းမွန်း ...
movie
Rocketman(2019)
2019
7.2
My Dinner With Hervé (2018)
CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့"My dinner with Hervé"ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းက IMDb 7.2 ထိရရှိထားတာကြောင့်ဇာတ်လမ်းကောင်းဆိုပြီး အထူးညွှန်းစရာတောင်မလိုတော့ပါဘူး...ဒီဇာတ်လမ်းမှာတော့ "Fifty Shades of Grey"ဇာတ်လမ်းမှာChristian Grey အနေနဲ့ သရုပ်ဆောင်ထားတဲ့မင်းသား Jamie Dornan လဲပါဝင်ပါတယ်...ဒီဇာတ်လမ်းက တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ လူပုမင်းသား"Hervé Villechaize" အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလည်းဖြစ်ပါတယ်...Hervé ဟာ ငယ်စဉ်ကတည်းက အရွယ်မကြီးနိုင်တဲ့ရောဂါဝေဒနာခံစားခဲ့ရပါတယ်...မိခင်ဖြစ်သူဟာ သားဖြစ်သူရဲ့ အဖြစ်ဆိုးကို ကြည့်ပြီး ယူကျုံးမရဖြစ်ခဲ့ပါတယ်...ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Hervé ရဲ့ဖခင်ကတော့ မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ရည်ရွယ်ချက်နဲ့ သားလူကောင်ကြီးလာဖို့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်...ဒါပေမဲ့ အရာမထင်ခဲ့ပါဘူး...Hervé ဟာ ကျောင်းတက်တဲ့အချိန်ရောက်တော့လည်းအတန်းဖော်တွေရဲ့ ကဲ့ရဲ့လှောင်ပြောင်ခံခဲ့ရပါတယ်...Hervé ဟာ ပန်းချီပညာလေ့လာခဲ့ပါတယ်...နောက်ပိုင်းမှာတော့ သူဟာသရုပ်ဆောင်အနေနဲ့ အောင်မြင်ခဲ့ပါတယ်... ...
movie
My Dinner With Hervé (2018)
2018
6.4
The Sense of an Ending(2017)
ဇာတ်လမ်းအညွှန်း ============ The Sense of n ending (2017) ဇာတ်ကားကိုမြန်မာစာတန်းထိုးဖြင့်တင်ထားပေးထားပါတယ် The sense of an ending Lionsgate နဲ့ CBS Film တို့ကနေ ဖြန့်ချီထားတဲ့ ဒီဇာတ်ကားဟာ julian barnes ရဲ့ ၂၀၁၁ ခုနှစ်မှာ The Man booker prize ဆုရခဲ့တဲ့ The sense of an ending ဝတ္ထုကို Nick Payne က ဇာတ်ညွှန်းခွဲပေးထားပြီး ဒါရိုက်တာ Ritesh Batra က ရိုက်ကူးခဲ့ပါတယ်... ဒါရိုက်တာဟာလည်း ဒီဇာတ်ကားနဲ့ပဲ ၂၀၁၇ ခုနှစ်အတွက် ကျင်းပခဲ့တဲ့ California မှာကျင်းပခဲ့တဲ့ Palm Springs International Film Festival မှာ Director to Watch ဆုကို ရရှိခဲ့ပါတယ် ဇာတ်လမ်းလေးက Tony(Jim Broadbent) ဆိုတဲ့ ...
movie
The Sense of an Ending(2017)
2017