Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Harold Miller
6.8
How to Marry a Millionaire (1953)
မယ်ရီလင် မွန်ရိုး ဆိုရင်တော့ မသိတဲ့သူရှိမယ်မထင်ပါဘူး။ 1953 တုန်းကထွက်ခဲ့တဲ့ ဒီအချစ်ဟာသ ကားထဲမှာဆိုရင် မယ်ရီလင်မွန်ရိုးက အဓိက မင်းသမီးသုံးလက်ထဲက တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ရှေးခေတ်ဟောလိဝုဒ် ရဲ့ ရိုက်ချက်တွေ ၁၉၅၀ ဝန်းကျင်က ဖက်ရှင် တွေနဲ့ အတူ ဇာတ်မြူးလေးတစ်ခုကိုကြည့်ရှုနိုင်မှာပါ။ပိုလာ၊ ရှော့ဇီ နဲ့ လိုကို ဆိုတဲ့ မိန်းကလေးသုံးယောက်ဟာ နယူးယောက်က သူဋ္ဌေးရပ်ကွက်မှာ တိုက်ခန်းတစ်ခန်းငှားပြီး လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်နိုင်ဖို့ ကြိုးစားကြတာနဲ့ ဇာတ်အိမ်တည်ထားပါတယ်။ ဒီလိုနဲ့ပဲ အလွဲ အလွဲတွေဖြစ်ကြတာတွေ အချစ်နဲ့ ပိုက်ဆံကြား ဗျားများရတာတွေကို ကြည့်ရှုရမှာပါ။ ရှေးခေတ် ဟောလိဝုဒ်ကားတွေကို ကြိုက်လို့ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးရယ်ချင်တာပဲ ဖြစ်ဖြစ် ဆိုရင် ဒီကားလေးက ကြည့်လို့အဆင်ပြေမှာပါ။ File size…(1.6 GB)/(820 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie
How to Marry a Millionaire (1953)
8.2
Dial M for Murder (1954)
နာမည်ကြီး film director ကြီး Sir Alfred Hitchcock ရဲ့ လက်ရာကောင်းတွေထဲ တစ်ခုဖြစ်တဲ့ 1954ခုနှစ်ထွက် crime/thriller ရုပ်ရှင်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသမီး Grace Kelly ပါဝင်ပြီး Ray Milland, John Williams, Robert Cummings တို့လည်း ပါဝင်ထားပါတယ်။ဇာတ်လမ်း အကျဥ်းကတော့ Tony Wendice တစ်ယောက် သူ့မိန်းမ Margot Wendiceက အမေရိကန် စာရေးဆရာ တစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သိသွားပြီး မိန်းမကို သတ်ဖို့အတွက် ကောလိပ်အတူတက်ခဲ့တဲ့ မိတ်ဆွေဟောင်းတစ်ယောက်ကို ဆက်သွယ်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ဒါပေမဲ့ သူ အကွက်ချ စီစဥ်ထားသလို ဖြစ်မလာခဲ့ပါဘူး။ Tony Wendice နဲ့ သူ့မိန်းမ Margot ဟာ သူတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်က မတော်တဆမှုကြောင့် ဆုံးပါးသွားခဲ့ရင် ...
movie
Dial M for Murder (1954)
7.6
Breakfast at Tiffany’s (1961)
Breakfast at Tiffany's (1961)~ IMDb - 7.6/10, Rotten Tomatoes - 88% ~ဒီကားလေးကတော့ ရုပ်ရှင်ချစ်ပရိသတ်တို့အတွက် အထူးတလည်ရှင်းပြစရာ လိုမယ်တောင်မထင်ပါဘူး။ ရွှန်းလဲ့တဲ့မျက်ဝန်းပိုင်ရှင် ကမ္ဘာကျော် ဖက်ရှင်အိုင်ကွန် မင်းသမီး အော်ဒရီဟပ်ဘန်းပါဝင်တဲ့ အောင်မြင်မှုများစွာကိုသိမ်းပိုက်ပြီး ကမ္ဘာတစ်ဝှမ်းလူကြိုက်များခဲ့၊ များနေဆဲဖြစ်တဲ့ အချစ်ဟာသ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb - 7.6/10 || Rotten Tomatoes - 88% အသီးသီးရရှိထားပြီး Breakfast at Tiffany's ဆိုတဲ့စာအုပ်ကိုအခြေခံထားတဲ့ကားလေးပဲဖြစ်ပါတယ်။ဟော်လီဂိုလိုက်လီးဆိုတဲ့ နယူးယောက်မှာနေထိုင်တဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ဟာ လွတ်လပ်မှုကိုအလွန်မြတ်နိုးသူဖြစ်ပြီး သူအရမ်းချစ်ရတဲ့ စစ်တပ်ထဲက အစ်ကိုဖြစ်သူဖရဒ် ပြန်ထွက်လာတဲ့အခါမှာ သူနဲ့အတူ နောင်ရေးအေးအေးနေရအောင် ကြံဆပြီး ရရာအခွင့်အရေးတိုင်းကို စူးစမ်းနေသူတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ရူပကာချောမောသူဖြစ်တဲ့အပြင် သူ့ရဲ့သွက်လက်ချက်ချာမှုကြောင့် လူမှုဆက်ဆံရေးကျင်လည်သူလည်းဖြစ်ပါတယ်။သူနေထိုင်တဲ့တိုက်ခန်းအောက်ထပ်ကိုရွှေ့ပြောင်းလာသူကတော့ ပေါလ်ဗာဂျက်ခ်ဆိုတဲ့ သာမန်လူတန်းစားယောက်ျားတစ်ယောက်ဖြစ်ပါတယ်။ ရောက်ရောက်ချင်းနေ့မှာ သော့မရှိတာကြောင့် ဟော်လီ့ရဲ့အခန်းတံခါးကိုသွားခေါက်ရာကနေစပြီး ...
movie
Breakfast at Tiffany’s (1961)
1961
7.6
Gilda (1946)
Gilda (1946)~ IMDb - 7.6/10, Rotten Tomatoes - 90% ~အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ The Shawshank Redemption ဆိုတဲ့ ထောင်ဖောက်ဇာတ်ကားကို လူကြီးမင်းတို့ အပြန်ပြန်အလှန်လှန် ကြည့်ဖူးကြမယ်ဆိုရင်ပေါ့ဗျာ။ အဲဒီဇာတ်ကားထဲမှာ မိန်းမပျိုလေးတစ်ယောက်က အန်ဒီဆိုတဲ့ ဘူမိဗေဒသမားလေးကို ထောင်ဖောက်ဖို့ ကူညီပေးခဲ့တာ အမှတ်ရမိကြမှာပါ။အန်ဒီရဲ့ အခန်းနံရံက သူတူးထားတဲ့ လိုဏ်ခေါင်းပေါက်ကို အပြုံးလေးနဲ့ ကွယ်ပေးထားတဲ့ မင်းသမီးပိုစတာလေးကို ပြောတာပါလေ။ အဲဒီမင်းသမီးလေးက Rita Hayworth တဲ့။ထောင်မင်းသားတွေကို ရုပ်ရှင်ပြကြတော့ Gilda ဆိုတဲ့ဇာတ်ကားကို အထပ်ထပ် အခါခါ ပြခဲ့ကြတာပေါ့။ မင်းသမီးလေး Rita Hayworth က Gilda ဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ ဆံနွယ်လေးတွေကို ဝဲခနဲ ခါလိုက်တဲ့အခါမှာ ထောင်မင်းသား ပရိသတ် ဝေါခနဲ ဖြစ်သွားရတာပေါ့။Red ကတော့ တဖွဖွပြောလေရဲ့။ သူ့ရဲ့ဆံနွယ်လေးတွေ ...
movie
Gilda (1946)
1946
7.9
In a Lonely Place (1950)
In a lonely place (1950)အဖြူ အမဲ ဂန္တဝင် ရုပ်ရှင် classical film ကောင်းကောင်းတွေကို ကြိုက်တတ်တဲ့ သူတွေ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ Rotten tomatoes ရုပ်ရှင်ဝေဖန်ရေး ဝက်ဘ်ဆိုက်မှာလဲ rating ကောင်းကောင်း ရထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းကျောရိုးကတော့ဒုတိယ ကမ္ဘာစစ်ကြီးလွန်ပြီး ၁၉၅၀ ကာလများက နာမည်ကြီး ဒစ်ခ်ဆန် စတီးလ်ဆိုတဲ့ ဇာတ်ညွှန်းရေး ဆရာ တစ်ယောက်ရဲ့ အသက်ငါးဆယ်ဝန်းကျင် ဘဝအဖြစ်အပျက်တွေပေါ်မှာ တည်ထားတာပါ။ ဒစ်ဆန်ဟာ သူအိမ်ခေါ်မိတဲ့ ကောင်မလေး တစ်ယောက် အသတ်ခံရတာကြောင့် ရဲတွေရဲ့ သံသယအရှိဆုံးသူအဖြစ် သတ်မှတ်ခံရပါတယ်။ ရဲတွေက သူ့မျက်နှာချင်းဆိုင်မှာ နေတဲ့ တက်သစ်စ မင်းသမီး တစ်ယောက်ကို ခေါ်မေးရာကနေ ဇာတ်ညွှန်းရေးဆရာ ဒစ်ခ်ဆန်နဲ့ မင်းသမီးတို့ မေတ္တာသက်ဝင်သွားပါတယ်။ပေါက်ကွဲလွယ်တဲ့ ဒေါသအိုးတစ်ဦး ဖြစ်ပြီး မဟုတ်ရင်မခံတတ်တဲ့ ဗီဇလည်းရှိသလို မိမိအတ္တကိုလည်း နည်းနည်းလေးမှ အထိပါးမခံတဲ့ ဒစ်ခ်ဆန်တစ်ယောက်ရဲ့ အပြုအမူတွေဟာ ရဲတွေ သံသယဝင်လောက်စရာကောင်းအောင်ကို မူမမှန်တွေ ...
movie
In a Lonely Place (1950)
1950