Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Harold Goodwin
Spartacus (1960)
ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... War, Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Spartacus (1960)
8.1
The Bridge on the River Kwai (1957)
The Bridge on the River Kwai (1957) IMDb - 8.1/10_____Rotten - 95% Won 7 Oscars. Another 23 wins & 7 nominations ဒုတိယကမ္ဘာစစ်အတွင်း.......ဗမာပြည်တစ်နေရာတွင် အခြေစိုက်ထားသော ဂျပန်စစ်အကျဉ်းစခန်းတစ်ခုသို့ British စစ်သုံ့ပန်းတစ်အုပ်စုတို့ ရောက်ရှိလာခဲ့သည်။ ဂျပန်စစ်အကျဉ်းစခန်းကိုဦးစီးသူက Colonel Saito။ British စစ်သုံ့ပန်းများကို ဦးစီးလာသူက Colonel Nicholson။ Colonel Nicholson နှင့်တပ်သားများသည် အကျဉ်းစခန်းသို့စဝင်လာကတည်းက စစ်ချီတေးတစ်ခုကို သံပြိုင်လေချွန်၍ဝင်လာကြသည်။ ဒါဟာ Colonel Nicholson ဘယ်လောက်အထိ Formality, Discipline ကိုအရေးပေးသလဲဆိုတာကိုပေါ်လွင်စေသည်။ Nicholson သည် သည်အကျဉ်းစခန်းမှာ ရောက်ရှိနှင့်ပြီးသော Commander Shears အပါအဝင် အခြားသုံ့ပန်းများအတွက်တော့ အထူးအဆန်းပြုံးချင်စရာဖြစ်နေခဲ့၏။ သူတို့ရောက်နေသည့် နေရာ၊ လုပ်ရမည့်အလုပ်တွေက ဒါမျိုးတွေနှင့်မှ မသက်ဆိုင်တာကိုး။ Commander Shears ...
movie
The Bridge on the River Kwai (1957)
1957–