Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Harlon Miller
Rebel Ridge (2024)
နက်ဖလစ်က ထွက်တဲ့ အက်ရှင်ကားအသစ်ပါ။ ဂျက်ရိချာလိုပဲ စစ်ပြန်တစ်ယောက်နဲ့ မြို့ငယ်လေးတစ်ခုက အကျင့်ပျက်နေတဲ့ ရဲစခန်းတစ်ခုလုံး ရင်ဆိုင်ရတဲ့အမျိုးအစားပါပဲ။ ဒါရိုက်တာကလည်း True Detective အပိုင်းတွေ ရိုက်ဖူးတဲ့ Jeremy Saulnier မို့ ဥပဒေပိုင်း ရဲအပိုင်းတွေတော့ ပိုင်ပါတယ်။ RT 98 အထိ ရထားတာဆိုတော့ ဇာတ်လမ်းရောအက်ရှင်ရော ကောင်းတဲ့အထဲမှာပါပါတယ်။ အရမ်းကြီး ကြမ်းထော်နေတာလဲမဟုတ်ဘဲ True Detective လိုပဲ လူသားဆန်ဆန်ဇာတ်လမ်းမျိုးပါပဲ။ဇာတ်လမ်းအကျဉ်းတယ်ရီဆိုတဲ့ စစ်ပြန်ဟာ သူ့ရဲ့ညီဝမ်းကွဲ ဆေးမှုနဲ့ အဖမ်းခံထားရတာကို အာမခံထုတ်ပေးဖို့ ငွေထုပ်ပိုက်ပြီး စက်ဘီးနဲ့ လာတဲ့လမ်းမှာ ရဲကားတစ်စီးက သူ့ကို တိုက်လိုက်တယ်။ ပြီးတော့ သူယူလာတဲ့ငွေတွေကို မသင်္ကာမှုနဲ့ပါ သိမ်းလိုက်တယ်။ သူက အဲဒီငွေတွေကို ပြန်ရဖို့နဲ့ သူ့ညီလွတ်ဖို့လောက်ပဲ ပြန်လိုက်ကြိုးစားပေမဲ့ ပြဿနာတွေက ရှုပ်လာပြီး ရစခန်းတစ်ခုလုံးရဲ့ ခြစားမှုတွေနဲ့ အရှုပ်တော်ပုံတွေထဲကို ကြားညပ်သွားပါတယ်။ သူနဲ့ သူ့ကိုကူညီနေတဲ့ ...
movie
Rebel Ridge (2024)
The Curious Case of Benjamin Button (2008)
အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie
The Curious Case of Benjamin Button (2008)
5.1
Hot Pursuit (2015)
ခူပါ (Cooper) ဆိုတဲ့ကောင်မလေးဟာ သူ့အဖေခြေရာနင်းပြီး ရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့ သူကအမြဲစာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့သူဖြစ်တာကြောင့် သူလုပ်သမျှတိုင်းက တလွဲတွေဖြစ်ကုန်ပြီး အရာရှိအလုပ်မလုပ်ရတော့ဘဲ သက်သေစစ်ဆေးရေးဌာနမှာပဲ လုပ်ရတော့တယ်။ဒါပေမဲ့ တစ်ရက်မှာ ကာတယ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗစ်ဆန်းတစ်ကော်တက်ဇ်ကို ဖမ်းမိသွားပြီး တရားရင်ဆိုင်ဖို့ဖြစ်လာတယ်။ဒါအတွက် သက်သေခံပေးမယ့် ရီဗာလင်မယားနှစ်ယောက်ကိုရဲတွေကကာကွယ်ရင်း တရားရုံးကိုပို့ပေးဖို့ဖြစ်လာတယ်။အဲဒီတာဝန်ကို ကပ္ပတိန်ဖြစ်သူက ခူပါကိုပေးလိုက်တော့သူ့မှာရဲအရာရှိလိုပြန်လုပ်ဖို့ အခွင့်အရေးရလာတာပေါ့။တာဝန်ကတော့ မစ္စစ်ရီဗာကို တရားရုံးဆီလိုက်ပို့ပေးရုံပဲဆိုပေမဲ့ သူ့အိမ်ဆီသွားတဲ့အခါမှာ မျက်နှာဖုံးဝတ်ထားတဲ့ သေနတ်သမားတွေဝင်ပစ်လို့ ခူပါဟာမစ္စစ်ရီဗာနဲ့အတူ ထွက်ပြေးကြပြီး အမှုကိုပြေလည်အောင် ဖြေရှင်းကြရင်း သူတို့နှစ်ယောက်ရဲ့အလွဲတွေကို ဟာသလေးနှောပြီး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 1.57 GB / 739 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ..... Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie
Hot Pursuit (2015)
2015
6.1
The Campaign (2012)
Rt-66% ~ IMDb-6.1 ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ The Hangover ရုပ်ရှင်တွေထဲမှာ အလန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Zach Galifianakis တို့ရဲ့ 2012 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသကားကောင်လေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဆဲဆိုကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြကွက်တွေပါဝင်တာမလို့ အသက် (၁၈) နှစ်အောက် ကလေးတွေကတော့မကြည့်သင့်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ကမ် ဘရက်ဒီ (Will Ferrell) ဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာရှိတဲ့ ခရိုင် (၁၄) ကိုယ်စားပြု ကွန်ဂရက်လွှတ်တော်အမတ်အဖြစ် လေးကြိမ်ဆက်တိုက် ရွေးကောက်ခံခဲ့ရသူပါ။ ဒါပေမဲ့လည်း ဖောက်ပြန်ပွေရှုပ်လွန်းတဲ့လူဖြစ်တာကြောင့် လူထုထောက်ခံမှုအားကျဆင်းနေပြီး ရွေးကောက်ပွဲကလည်းကျင်းပဖို့နီးလာနေပါပြီ။ဒီအချိန်မှာ မော့ခ်ျညီနောင်လို့ခေါ်တဲ့ ဘီလျံနာသူဌေးတွေက ခရိုင် (၁၄) မှာစက်ရုံတွေဖွင့်ပြီး လက်ဝါးအုပ်နိုင်ဖို့အတွက် ကမ်ကိုဖြုတ်ချပြီး သူ့နေရာမှာအစားထိုးဖို့ မာတီ ဟက်ဂင် (Zach Galifianakis) ကို ရွေးကောက်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ ...
movie
The Campaign (2012)