Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Harish Uthaman
6.9
B 32 Muthal 44 Vare (2023)
B 32 Muthal 44 Vare 2023 (ပွင့်သောပန်းတိုင်း လန်းပါစေသား )IMDb-7.0/10 ဒီမိုကရေစီတို့ ကျားမတန်းတူတို့ ဘယ်လောက်ပဲဟစ်ကြွေးနေပါစေ၊ ကမ္ဘာကြီးရဲ့ တချို့နေရာတွေမှာတော့ အမျိုးသမီးတွေဟာ ခွဲခြားမြဲခွဲခြားခံနေရဆဲ၊ ဖိနှိပ်ခံနေရဆဲပါပဲ။ဒါကိုမီးမောင်းထိုးပြဖို့အတွက် woman empowerment ရုပ်ရှင်တွေ အများကြီးရိုက်ကူးခဲ့တဲ့ထဲမှာမှ ပုံစံကွဲလေးတစ်မျိုးနဲ့ တင်ပြလာတဲ့ ရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ လူရယ်လို့ဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ရည်မှန်းထားတဲ့ own expectations တွေရှိသလိုပဲ ပတ်ဝန်းကျင်က အသိုင်းအဝိုင်းက ကိုယ့်အပေါ်ထားတဲ့မျှော်မှန်းချက်တွေလည်း ရှိနေပြန်ပါတယ်။ အခုဒီကားလေးထဲမှာတော့ လူမှုအသိုင်းအဝိုင်းနဲ့ လုပ်ငန်းခွင်က အမျိုးသမီးတွေအပေါ်ထားတဲ့ gender expectation တွေ gender normsတွေကို လူတန်းစားအလွှာမတူတဲ့ အမျိုးသမီး ၅ ယောက်နဲ့ transgender manတစ်ယောက်ရဲ့ ရှုထောင့်နဲ့ တင်ပြထားတာပါ။လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတွေပီပီ ပတ်ဝန်းကျင်ကရိုက်ခတ်မှုတွေ၊ lgbtတွေကိုခွဲခြားမှုတွေ၊ အမျိုးသမီးတွေဖြစ်နေတဲ့အတွက် အလုပ်ခွင်ကနေ အပိုဆောင်းရလာတဲ့ဖိအားတွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး positive reviewတွေ ပိုင်ဆိုင်ထားတဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်တာမလို့ စီအမ်ပရိသတ်တို့လည်း ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamကပဲဖြစ်ပါတယ်) File size…1.1GB/ 588MB Quality…WEB DL ...
movie
B 32 Muthal 44 Vare (2023)
2023
6.9
Noodles (2023)
Noodles (2023)သပွတ်အူIMDb-7.7/10Thrillers ကားကောင်းများစွာရေးသား ရိုက်ကူးဖူးတဲ့ Madhan Dhakshinamoorthy ရိုက်ကူးထားတဲ့ Family Thriller ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်ပိတ်ရက်ညတစ်ည မိသားစုဝင် သူငယ်ချင်းတွေအိမ်နီးနားချင်းတွေ အတူစုပြီး နာမည်ဖွက်ဂိမ်းအပျော်တမ်းကစားနေကြချိန် ညကြီးသန်းခေါင်ဆူညံပွက်လောရိုက်နေတာပေါ့ ဒါကို လာသတိပေးတဲ့ရဲအရာရှိ ရဲအရာရှိရဲ့ မချေမငံပြောဆိုမှုတွေကြောင့် အစကရိုကျိုးနေကြတဲ့မိသားစုဝင်တွေက ပြန်ရန်တွေ့ကြနဲ့ အချေအတင်တွေဖြစ်လာကြတယ်အဲဒီနောက်မှာတော့ သူတို့စတိုးဆိုင်ကို ဝင်ရောက်စီးနင်းလာသူတွေရှိခဲ့ပြီး မတော်တဆဖြစ်ရပ်ကြောင့်နဲ့ စီးနင်းဝင် ရောက်လာသူထဲကတစ်ယောက် သေဆုံးသွားတဲ့နောက်မှာတော့ သူငယ်ချင်းဖြစ်သူမိတ်ဆက်ပေးတဲ့ရှေ့နေနဲ့အတူ ဒီကိစ္စကိုဘယ်လို တွေလက်စဖျောက်ပြီး ရှင်းထုတ်ကြမလဲ ......မကျေမနပ်ပြန်သွားရတဲ့ ရဲအရာရှိနဲ့ရော ဘယ်လိုဇယားတွေ ကပ်လာဦးမလဲ ဆိုတာတွေကို ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni ~ Alex ~ ToMo ~ Thaik San တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.5GB / 600MB Quality…1080p ...
movie
Noodles (2023)
2023
4.4
Agilan (2023)
Aglian 2023 Action/Drama/Thrillerကွန်တိန်နာနံပါတ်ကြည့်ရုံနဲ့ အာဂီလန်ပိုင်မှန်းသိရင် အဲ့ဒီကွန်တိန်နာကို ထိကို မထိရဲလောက်တဲ့ထိ ဖိန့်ဖိန့်တုန်အောင် ဩဇာအာဏာကြီးလှတဲ့ ဆိပ်ကမ်းဘုရင်လူမိုက်ကြီး အာဂီလန်.... ဒီလူမိုက်ကြီးအာဂီလန့်နေရာကို သရုပ်ဆောင်ထားတာကလဲ အက်ရှင်ဇာတ်ကြမ်းတွေနဲ့ နာမည်ကြီးလာတဲ့ မင်းသား Jayam Raviဆိုတော့ ဒီအက်ရှင်ကားက သွေးသံတရဲရဲနဲ့ အစဆုံးကြည့်ချင်နေမှာအသေချာပါပဲ...အိန္ဒိယသမုဒ္ဒရာရဲ့ဘုရင်လို့တောင် တင်စားရတဲ့အာဂီလန်ဟာ ဆိပ်ကမ်းက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးကို ထိန်းချုပ်ထားတဲ့ဆိပ်ကမ်းလူမိုက်ကြီးတစ်ဦးပဲဖြစ်ပါတယ်။ ဒုစရိုက်လောကမှာ နာမည်ကျော်တဲ့ ကပူးရ်ကတော့ ငွေကြေးအတုလုပ်ငန်းကို ကုန်စည်ပို့ဆောင်ရေးနဲ့ တွဲဖက်လုပ်ကိုင်နေတာဖြစ်ပြီး မူးယစ်ရာဇာ ပါရန်ဒါမန်ကတော့ ကပူးရ်အတွက် အလုပ်လုပ်ပေးနေတဲ့ ဒုစရိုက်လောကသားပဲဖြစ်ပါတယ်။သူတို့တွေရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို အာဂီလန်က ထိန်းချုပ်ပေးနေတာပါ။ ဒီလိုမျိုး အာဂီလန်ကချုပ်ကိုင်ထားတဲ့အတွက် ဘယ်အရာကမှ ဝင်စွက်ဖက်လို့မရပါဘူး။ ဒါပေမဲ့ "မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ"ဆိုတဲ့အတိုင်း လိမ်လည်လှည့်ဖြားမှုတွေ တစ်စတစ်စပေါ်လာတဲ့အခါမှာတော့...အာဂီလန်ဘယ်လိုတွေဆက်လုပ်မလဲ။ ဘယ်လိုမျိုးစိတ်ဝင်စားစရာဇာတ်ကြောင်းတွေ ထွက်ပေါ်လာဦးမလဲဆိုတာကို အက်ရှင်အကြမ်းစားတွေနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.23GB / 1.14 GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Agilan (2023)
2023
5
Shaakuntalam (2023)
Shaakuntala (2023)ရာဇဝင်ထဲကအချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားသူတွေအတွက် အရသာတွေ့စေမယ့် မင်းသား Dev Mohanနဲ့မင်းသမီးSamantha Ruth Prabhuတို့သရုပ်ဆောင်ထားတဲ့ Shaakuntalaကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ပူရူအင်ပါယာရဲ့ ရဲစွမ်းသတ္တိရှိကာမင်းကျင့်တရားနဲ့အညီအုပ်ချုပ်တဲ့မင်းကြီး ဒူရှန်တာနဲ့ ကံမကောင်းအကြောင်းမလှမှုကြောင့် မိဘမဲ့ဖြစ်ကာဂုရုကြီးရဲ့မွေးစားသမီးအဖြစ်ကြီးပြင်းလာသူ မိန်းမလှလေးရှာကွန်သာလာတို့ဟာ ကံတရားရဲ့မျက်နှာသာပေးမှုကြောင့်ချစ်ကြိုးသွယ်ခဲ့ကြပါတယ်သို့ပေမယ့်လည်း ဘုရင်တစ်ပါးဖြစ်တာနဲ့အညီရန်သူတွေ တာဝန်တွေဝိုင်းနေတဲ့ မင်းကြီးဒူရှန်တာဟာ ချစ်ရသူလေးရှာကွန်သာလာကို နေရပ်မှာထားခဲ့ပြီးတိုင်းပြည်ကိုခဏပြန်သွားခဲ့ရပါတယ် ရှာကွန်သာလာမှာလည်း အခက်အခဲတချို့ကြောင့်ယောင်လည်စွာနဲ့ ဒူရှန်တာရဲ့တိုင်းပြည်ကို လိုက်သွားဖို့လုပ်တဲ့ခရီးမှာ အောင်မြင်ပါ့မလား အခက်အခဲတွေဘယ်လိုဖြေရှင်းမလဲ မင်းကြီးဒူရှန်တာကရော သူသိပ်ချစ်တဲ့ချစ်သူလေးကိုလက်ခံပါ့မလား ဆိုတာတွေကို ဇာတ်ကားတစ်လျှောက် ရိုဆန်ဆန်နဲ့ရင်သပ်ရှူ့မောစွာကြည့်ရှူ့ရပါမယ် File size…5.57GB / 3.21GB/ 630MB Quality…4kHEVC / 1080p WEB DL /720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~KhinKhin
movie
Shaakuntalam (2023)
2023
4K HEVC
8.1
Pushpa: The Rise (2021)
Pushpa : The Rise (2021) ===================== IMDB- 8.1/10ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလိုဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင်ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကိုမှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာကCM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီးအထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာသရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။Box Office မှာလည်း ၀ငျငွေများစွာ ...
movie
Pushpa: The Rise (2021)
2021
4K HEVC Web-DL
8.8
Korameenu (2022)
Korameenu(2022)IMDb-8.5/10ဒီတစ်ခါတော့ အောင်မြင်တဲ့ဇာတ်လမ်းပေါင်းများစွာကိုကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ကိုယ်တိုင်သရုပ်ဆောင်လေ့ရှိတဲ့ မင်းသားကြီး Anad Ravi ရဲ့ ကားလေးအလှည့်ပါသူကိုယ်တိုင်ရေးထားတဲ့ဒီကားထဲမှာတော့ ကောင်မလေးတစ်ယောက်ကို နှစ်ရှည်လများသဘောကျနေတဲ့ ကိုတီဆိုတဲ့လူရိုးကြီးအဖြစ်သရုပ်ဆောင်ထားပါတယ် မီနာရှီရ်လို့ ခေါ်တဲ့အမျိုးသမီးကို အဲ့မြို့ကနိုင်ငံရေးစီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ထားတဲ့ ကာရူနာနဲ့ သူ့လက်အောက်က ကိုတီတို့ နှစ်ယောက်အပြိုင်ကြိုက်မိတဲ့အခါမှာ ဇာတ်လမ်းလေးက ရှင်းမလိုနဲ့ အဆုံးထိကို ဆွဲခေါ်သွားမှာပါကိုယ့်ထက်အင်အားအဆမတန်ကြီးမားတဲ့ ရန်သူကို ဘယ်လိုတိုက်ခိုက်မလဲဆိုတာ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း မြှပ်ကွက်များစွာနဲ့ တင်ဆက်ပြထားတာမို့ မလွတ်တမ်းကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ပါရစေ File size…1.7GB / 837MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Sai ThuRein
movie
Korameenu (2022)
2022
4.7
Captain (2022)
Captain (2022) ===========ဒီတစ်ခေါက်မှာတော့ ထူးခြားတဲ့ဇာတ်အိမ်နဲ့ တောင်ပိုင်းစစ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ကပ္ပတိန် ဗက်ထရီဆယ်လ်ဗန်ဟာ ငယ်ရွယ်စဉ်ကတည်းက တပ်မတော်သင်တန်းကျောင်းတစ်ခုမှာ မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရသူပါ။ အိန္ဒိယတပ်မတော်ရဲ့အားကိုးရတဲ့စစ်သားတစ်ဦးဖြစ်ပြီးတော့ အဖွဲ့သားတွေကိုလည်း မိသားစုလိုသံယောဇဉ်ရှိသူဖြစ်ပါတယ်။တစ်ရက်မှာတော့ သူတို့အဖွဲ့သားတွေဟာ Section 42လို့ ခေါ်တဲ့နေရာတစ်ခုမှာတာ၀န်ထမ်းဆောင်ဖို့ စေလွှတ်ခံရပါတော့တယ်။ Section 42 ဆိုတာကတော့ နှစ်ပေါင်းငါးဆယ်လောက် လူသူမနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ထူးဆန်းတာကတော့ သူတို့ထက်အရင်စေလွှတ်ခံခဲ့ရတဲ့အဖွဲ့ဟာ section 42အရောက်မှာ အချင်းချင်းပစ်ခတ်ပြီး သေဆုံးကုန်ကြတာပါပဲ။ ဗက်ထရီတို့အဖွဲ့သားတွေဟာလဲ အဆိုပါနေရာအရောက်မှာ အလားတူဆိုးရွားတဲ့ကံကြမ္မာမျိုးကြုံခဲ့ရပါတော့တယ်။တပ်သားတွေဟာ အဲ့ဒီနေရာကိုရောက်ရင် ဘာလို့အချင်းချင်းပစ်ခတ်ကုန်ကြတာလဲ.... နောက်ကွယ်မှာ ဘယ်လိုထူးဆန်းတဲ့အရာမျိုးရှိနေတာလဲ... ကပ္ပတိန်ဗတ်ထရီတို့အဖွဲ့သားတွေ ဘယ်လိုထူးခြားဆန်းပြားတဲ့ရန်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာကတော့... ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ File size…1.8GB / 883MB Quality…1080p WEB DL / 720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Poe & ThetKo & Shwe Pyae Reviewed by OeliuJ
movie
Captain (2022)
2022
7.2
Gulu Gulu (2022)
Gulu GuluIMDb-7.2/10လူတိုင်းမှာ ကူညီချင်စိတ်ရှိပါတယ် အနည်းနဲ့ အများပဲ ကွာကြတာ ဒါပေမယ့် ကိုယ့်ကိုယ်ထိခိုက်မယ်ဆိုရင်တော့ အားလုံးကစဉ်းစားကြမှာပါဒီကားထဲမှာတော့ သူ့ကိုဘယ်လိုပဲထိခိုက်ထိခိုက် ဘယ်လိုလူမျိုးကပဲ အကူအညီတောင်းတောင်း အမြဲကူညီပေးတဲ့ ဂူလူဘိုင်မိတဆိုး သိပ္ပံပညာရှင်ရဲ့သားလေး သူ့အဖေကသူ့ကို မချစ်ဘူးလို့ထင်ပြီး မွေးနေ့မှာ သူ့အဖေအချစ်စမ်းရအောင် သူငယ်ချင်းတွေကို ပြန်ပေးဆွဲခိုင်းတဲ့ မတ်ဒီဖခင်ရဲ့မျက်နှာကို နောက်ဆုံးအနေနဲ့ ကြည့်ရဖို့ပြန်လာတဲ့ မက်တီလ်ဒါအဖေတူအမေကွဲ အကိုတွေက နောက်အိမ်ထောင်နဲ့ရတဲ့ကလေးမို့ လက်မခံခါးခါးသီးသီးဖြစ်ပြီး တစ်ဖက်လှည့်နဲ့ ပြန်ပေးဆွဲခိုင်းပြီး အမွေတွေကိုအပိုင်သိမ်းဖို့ကြိုးစားခဲ့တယ်ပြန်ပေးဆွဲဖို့ ပုံပြတဲ့အချိန်မှာ နားလည်မှုလွဲပြီး မတ်ဒီနဲ့ မက်တီလ်ဒါကို မှားပြန်ပေးဆွဲမိတဲ့အချိန်မှာ....ဘယ်လိုတွေဖြေရှင်းကြမလဲ ဂူလူဘိုင်ကရော ဘယ်လို၀င်ကူညီမလဲဂူလူဘိုင်ဇာတ်ကောင်က ဆွဲခေါ်သွားမှာမို့ တစ်ကားလုံး ဆွဲဆောင်မှုအပြည့်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပါ File size…2.5GB / 1.2GB Quality…720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Yunni & Kevin & Yunni
movie
Gulu Gulu (2022)
2022
7.9
Cadaver (2022)
Cadaver (2022)ဘယ်သူက တရားခံလဲ... ဘယ်သူက နစ်နာသူလဲ... တရားမှုကို ဘယ်လိုရှာဖွေကြမလဲ...ထောင်ထဲမှာ တစ်သက်တစ်ကျွန်းပြစ်ဒဏ်နဲ့ အကျဥ်းကျနေပေမယ့်လည်း သူ့ဘဝကိုဖျက်ဆီးခဲ့သူတွေကို လက်တုံ့ပြန်သတ်ဖြတ်ဖို့ စိုင်းပြင်းနေတဲ့ ဗတ်ထရီ... တစ်ချိန်တည်းမှာပဲ ဗတ်ထရီရဲ့ အကျဥ်းခန်းနံရံမှာ ပုံဆွဲထားတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ နာမည်ကျော်လူချမ်းသာဆရာဝန်တစ်ယောက် သတ်ဖြတ်ခံရတဲ့အခါ...သူမရဲ့ အမှုလိုက်နိုင်စွမ်းကြောင့် ဒီလူသတ်မှုစုံစမ်းရာမှာပါဝင်လာတဲ့ ရဲဆာဂျင်ဘတ်ဒရာနဲ့ ရဲအရာရှိဗီရှယ်တို့ ဗတ်ထရီကို မေးမြန်းစစ်ဆေးရင်း ဘယ်လိုရှုပ်ထွေးတဲ့နောက်ကြောင်းတွေ ပေါ်ထွက်လာဦးမလဲ... ဗတ်ထရီက တကယ့်လူသတ်တရားခံလား၊ ဒါဆိုရင် အကျဥ်းခန်းထဲကနေ သူဘယ်လိုသတ်လိုက်တာလဲ၊ သူ့ကို ဘယ်သူက ကူညီနေတာလဲ၊ ဘယ်သူတွေ ထပ်ပြီးအသတ်ခံရဦးမှာလဲ၊ ဘာကြောင့်လဲ... စတဲ့မေးခွန်းပေါင်းများစွာ၊ အလှည့်အပြောင်းများစွာ၊ ရင်နင့်ခံပြင်းစရာ အဖြစ်အပျက်များစွာနဲ့ စိတ်ဝင်တစားကြည့်ရှုရမယ့် မှုခင်းဒရာမာဇာတ်ကားလေးဖြစ်ပါတယ်... File size…7.69GB / 2.08GB / 1GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khai & OeliuJ & Kevin & Yunni
movie
Cadaver (2022)
2022
4K HEVC Web-DL
8.8
Vikram (2022)
Vikram (2022) ============== 1080p True WEB DLအကြည်ဗားရှင်းကိုတင်ဆက်ထားပါပြီဒီရုပ်ရှင်ကတော့ ရုံတင်ပြီး သုံးရက်အတွင်းကုဋေ၁၀၀ကျော်ရရှိထားပြီးworld wideအနေနဲ့ကုဋေ၂ရာကျော်ရရှိတဲ့အထိအောင်မြင်ထားတဲ့ရုံတင်ကားပဲဖြစ်ပါတယ်တောင်ပိုင်းက စူပါစတားတွေဖြစ်ကြတဲ့ မင်းသားကြီး ကမာလ်ဟာစန်းဗီဂျေးစည်သူပတီ ဖဟဒ်ဖာဆစ်လ် ဆူရီးယားတို့အပြိုင်ကြဲပြီးပါဝင်တစ်ယောက်ဆောင်ထားတယ်....တောင်ပိုင်းအက်ရှင်တွေကိုဆိုရင် အိုဗာများလွန်းလို့ မကြည့်ရဲတဲ့ ပရိသတ်တွေအတွက်လည်းဒီဇာတ်ကားမှာ လုံးဝ အိုဗာအက်ရှင်တွေမပါဘဲ နောက်ဆုံးထိ ဇာတ်ကွက်ကို ဆွဲခေါ်သွားနိုင်ခဲ့ပါတယ်....ဇာတ်လမ်းကိုပြောရမယ်ဆိုရင် အစိုးရအရာရှိတွေကိုချည်းလိုက်သတ်နေတဲ့ မျက်နှာဖုံးစွပ်ကွင်းဆက်လူသတ်သမားအဖွဲ့တစ်ဖွဲ့ရှိေနတယ်....လူသတ်ပြီးရင် ခြေရာလက်ရာ ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် ရဲဌာနကိုပါလူသတ်ဗီဒီယိုကို ရိုက်ပို့တဲ့ထိ ရဲတင်းသတ္တိပြောင်လွန်းလှတဲ့အဖွဲ့တဖွဲ့ရှိတယ်...ဌာနကလူတွေက ဒီအမှုကိုမနိုင်တော့တဲ့အတွက် ဘလက်စကွက်ဒ်ဆိုတဲ့အဖွဲ့ကို တာဝန်ပေးလိုက်တယ်....ဒီအဖွဲ့ကလည်း မဖြေရှင်းနိုင်တဲ့အမှုရယ်လို့ကို မရှိတဲ့ထိ ဂုဏ်သတင်းကျောဇောပြီး ညဏ်ပြေးတဲ့အဖွဲ့ပါ..ဒီလို ပြိုင်စံရှားအဖွဲ့နှစ်ဖွဲ့ကြား ညဏ်ကစားမှုတွေထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းအများကြီးနဲ့မို့ အားရကျေနပ်စေမှာ အမှန်ပါပဲ.....။(ဒီဇာတ်ကားထဲက ဇာတ်ကောင်တချို့ဟာ Kaithi(2019) ဇာတ်ကားထဲကဖြစ်ပါတယ်..Kaithi (2019) ကို ဒီမှာ https://channelmyanmar.to/kaithi-2019/ ကြည့်ပါ။ File size…7.7GB / 2.5GB / 1.38GB Quality…. 1080p True WEBDL AAC5.1CH / 720p Format… ...
movie
Vikram (2022)
2022
4K HEVC Web-DL
8.5
Kaithi (2019)
IMDb ratings : 8.5/10Genre : Action, ThrillerBudget ₹35 croreBox Office ₹106 croreဒီကားဟာ. . . သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့ တမီးလ်မင်းသား ကာရ်သီ(Karthi)ရဲ့ Positive Reviews တွေကို ရရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ရုံတင်စကတည်းက တာထွက်လှခဲ့တဲ့ကားဖြစ်ပြီး Diwali နေ့မှာ Release လုပ်ခဲ့တာ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့....ညတစ်ညမှာ. . . မူးယစ်ဆေးတွေ ၊ လက်နက်ခဲယမ်းတွေကို မှောင်ခိုတင်ဆောင်လာတဲ့ ဗင်ကားတစ်စီးကိုအင်စပက်တာဘီဂျွိုင်းနဲ့အဖွဲ့က ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းဆည်းရာကနေ ဇာတ်လမ်းကို စဖွင့်ထားပြီးဒီနောက်တော့. . . ရဲအရာရှိတစ်ယောက်ရဲ့ အိမ်မှာ အဲ့ဒီနယ်မှာရှိတဲ့ အရာရှိ အရာခံတွေ အားလုံးနီးပါး သောက်ကြစားကြ ပျော်ပါးကြပါတယ်။သိပ်မကြာခင်မှာ ဘီဂျွိုင်းကလွဲပြီး ၊ အရာရှိအားလုံး အရက်ကတဆင့် မူးယစ်ဆေးမိပြီး မှောက်ကုန်ကြတယ်။ဒီအချိန်မှာ ဘီဂျွိုင်းနားလည်လိုက်တယ်။ဒါဟာ ...
movie
Kaithi (2019)
2019
4K HEVC
5.9
Kodathi Samaksham Balan Vakeel(2019)
Kodathi Samasksham Balan Vakeel 2019ဟာသဆန်ဆန်နဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ မှုခင်းဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဘာလာခရစ်ရှ်နန်က ရှေ့နေ့တစ်ယောက်ဖြစ်ပြီးတော့ စကားထစ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်အလုပ်မှာထက်မြတ်သလောက် နေရာမရတဲ့သူပါ တစ်နေ့မှာ အဖေဖြစ်သူ ငွေလိုအပ်တာကြောင့်ယောက်ဖဖြစ်သူအပ်တဲ့ အမှုကို ကူညီဖို့လုပ်ရာကနေ အရှုပ်တွေဖြစ်လာတဲ့အခါ....အာနူရာဒါက အဖေတစ်ခုသမီးတစ်ခုနေတဲ့သူဖြစ်ပြီး အဖေဖြစ်သူက လူတစ်ယောက်နဲ့တွေ့ဖို့ထွက်သွားရာကနေ ပျောက်သွားတာကြောင့် ရဲစခန်းမှာ တိုင်ကြားချက်ဖွင့်ထားသူပါသူကလည်း ဘာလာခရစ်ရှ်နန်ရဲ့ အရှုပ်အထွေးမှာ ပါဝင်မိရာကနေ ဘယ်လိုတွေဆက်ဖြစ်ကြမှာလဲစကားထစ်ရှေ့နေတစ်ယောက် ဒီအရှုပ်အထွေးကို ဘယ်လိုဖြေရှင်းမှာလဲဆိုတာဆက်လက်စောင့်ကြည့်ပါဦးနော် File size…2.4GB / 1.2GB Quality…1080p Web DL AAC 5.1ch /720p Format...mp4 Duration….2h 35min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe & Shwe Pyae
movie
Kodathi Samaksham Balan Vakeel(2019)
8.5
Bheeshma Parvam (2022)
Bheeshma Parvam 2022ဒီတစ်ခါမှာတော့ IMDb 8.5ထိရရှိထားတဲ့ Action/Drama ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားဟာ ရုံတင်အပြီးလေးရက်တည်းနဲ့ကုဋေ၅၀လောက်ရရှိခဲ့ပြီး စုစုပေါင်းကုဋေ ၁၂၀ထိရရှိခဲ့တာပါ ဒါဆိုရင်ဇာတ်ကားအညွှန်းကိုတစ်ချက်သွားကြည့်ရအောင်မိုက်ကယ်ဆိုတာက အကုန်လုံးကြောက်ရတဲ့လူတစ်ယောက်ပါ ရှေ့နေဖြစ်ရမှာပေမယ့် ကံမ ကောင်းအကြောင်းမလှစွာနဲ့မိသားစုထဲကလူတစ်ယောက်အသတ်ခံရတာကိုလက်စားပြန်ချေရင်း ရာဇာဝတ်ကောင်လူသတ်သမားဖြစ်ခဲ့တာပါ ထောင်ထွက်လာပြီးတော့မိသားစု တူ/တူမတွေရဲ့ ဦးဆောင်သူယောကျာ်းတစ်ယောက်အနေနဲ့ လုပ်ကိုင်စားသောက်ခဲ့ပါတယ် မိသားစုဝင်တွေရဲ့ချစ်ခင်လေးစားမှုကိုခံရပေမယ့် တစ်ဖက်မှာတော့ သူ့ကိုမုန်းနေတဲ့လူရှိပါတယ် ဒါကတော့တခြားမဟုတ်ပါဘူးမိုက်ကယ်ရဲ့တူတွေဖြစ်တဲ့ ပေါလ်နဲ့ပီတာပဲဖြစ်ပါတယ် မိုက်ကယ်ကသူတို့ရဲ့ဘဝကိုအရမ်းလွှမ်းမိုးချုပ်ကိုင်တယ်ဆိုပြီးမိုက်ကယ်ကိုမုန်းနေကြတာပါ ဒါ့အပြင် မိုက်ကယ်ကသူပိုင်တဲ့ သိုလှောင်ရုံတစ်ခုကို တူဖြစ်သူအမ်မီလက်ထဲလွှဲပေးလိုက်တော့ကျန်တဲ့လူတွေဖြစ်တဲ့ ပေါ်လ်နဲ့ ပီတာတို့က ပိုမုန်းတီးလာကြပါတော့တယ် ဒီလိုနဲ့ အရင်က မိုက်ကယ်ရဲ့ ရန်သူတော်ဟောင်းကြီးနဲ့ပေါ်လ်၊ပီတာတို့သွားရောက်တွေ့ဆုံမိတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ မိုက်ကယ်ကိုလက်စားချေဖို့ကြိုးစားမှာလားဆိုတာရင်တထိတ်ထိတ်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် File size…1.8GB / 966MB Quality....1080p WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honey & Go-O & Yunni
movie
Bheeshma Parvam (2022)
6.0
Dora(2017)
Dora(2017)(unicode)ဖေတစ်ခုသမီးတစ်ခုနဲ့ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်...သူမဟာ ကိုယ့်ကိုကိုယ် ထိန်းကျောင်းနေရသလိုဖြစ်နေတော့ ဒေါသက သာမန်မိန်းကလေးတွေထက်ပိုကြီးသလို စိန်ခေါ်မှုတွေကိုလည်း အမြဲရင်ဆိုင်ဖြေရှင်းလေ့ရှိတယ်... တစ်နေတော့သူ့ရဲ့အဒေါ်ကိုစိန်ခေါ်ပြီး ကားအငှားကုမ္မဏီတည်ထောင်ဖို့ ကားအဟောင်းတစ်စီးကို၀ယ်ယူခဲ့ပါတယ် အဲ့ဒီကားအိမ်ကိုရောက်လာတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေ တက်ပါတော့တယ်...ဘာတွေများဆက်ဖြစ်လာမှာလဲဆိုတာကိုတော့ခံစားကြည့်ရှုကြပါကုန်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ်...(zawgyi)ဖေတစ်ခုသမီးတစ်ခုနဲ့ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်...သူမဟာ ကိုယ့်ကိုကိုယ် ထိန်းကျောင်းနေရသလိုဖြစ်နေတော့ ဒေါသက သာမန်မိန်းကလေးတွေထက်ပိုကြီးသလို စိန်ခေါ်မှုတွေကိုလည်း အမြဲရင်ဆိုင်ဖြေရှင်းလေ့ရှိတယ်... တစ်နေတော့သူ့ရဲ့အဒေါ်ကိုစိန်ခေါ်ပြီး ကားအငှားကုမ္မဏီတည်ထောင်ဖို့ ကားအဟောင်းတစ်စီးကိုဝယ်ယူခဲ့ပါတယ် အဲ့ဒီကားအိမ်ကိုရောက်လာတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေ တက်ပါတော့တယ်...ဘာတွေများဆက်ဖြစ်လာမှာလဲဆိုတာကိုတော့ခံစားကြည့်ရှုကြပါကုန်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ်...File Size : (1.16 GB) and (392 MB) Quality :HD-Rip 720p Format…mp4 Duration…02:19:00 Genre : Action, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Htoo Aung (Htoo - PC) Encoded by Phyo ...
movie
Dora(2017)
4.6
ကဲ စာမမှန်ရင် မကြည့်ဘူး၊ကွာလတီမကောင်းရင်မကြည့်ဘူး ဆိုသူတွေအတွက်စာအမှန်နဲ့ ကွာလတီကောင်းကောင်းနဲ့ ရပါပြီ။ပထမဗားရှင်းမှာ စာမပါဘဲ ရုပ်ထွက်လည်းခုဗားရှင်းလောက် မကောင်းခဲ့ပါ။စာအမှန်ကို စောင့်ပေးကြတဲ့အတွက်ကျေးဇူးအထူးပင် တင်ပါတယ်။တေလဂူးမင်းသားချော ရမ်ချာရန်း အများအခေါ် ဘိုင်ရာဗာရယ်လို့ လူကြိုက်များတဲ့ မင်းသားရဲ့ ၂၀၁၉ မှာ ထွက်လာခဲ့တဲ့ကား ဆိုတာကို အထူးတလည် မိတ်ဆက်ဖို့ လိုမယ်မထင်ပါ။--------------------သိပ်ကို ဆင်းရဲနွမ်းပါးတဲ့ မိဘမဲ့ကလေး၄ယောက်မှာတနေ့တော့ ရထားလမ်းဘေးမှာ ကလေးတစ်ယောက် ကောက်ရခဲ့ပါတယ်။ရမ်ချာရန်းပါပဲ။သူ့ကို မွေးစားခဲ့တဲ့ ကလေး၄ယောက်ကိုအစ်ကိုကြီးတွေအဖြစ် သိပ်ကို ချစ်ရပါတယ်။အိပ်မပျော်ခင် နောက်ဆုံးတွေးတဲ့ အတွေးနဲ့မနက်အိပ်ယာထချိန် အစောဆုံး တွေးတဲ့ အတွေးတောင်သူတို့ လေးယောက် အဖို့ပါ။အဲ့သလောက်ကို ချစ်ပါတယ်။သူတို့လေးယောက်ရဲ့ ဇနီးတွေနဲ့ အတူရမ်းချာရန်ဟာ နေထိုင်ခဲ့တယ်။မိန်းမလား... ဟင့်အင်း စိတ်မဝင်စား ပညာရေးလား ... ဟင့်အင်း စိတ်မဝင်စားဘာဆို ဘာမှ မစဉ်းစားဘဲ အစ်ကို လေးယောက်အတွက်ပဲစဉ်းစားတတ်သူပါ။သူတို့အတွက်ဆို အသက်တောင်ပေးမလောက်ပဲ။တနေ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အစ်ကိုနဲ့လတ်တလော မဲဝင်ပြိုင်မယ့် ပါတီဝင်တွေနဲ့စကားများရာကစ...ပြဿနာတက်ခဲ့ရမှာတော့.....ကဲ ကိုယ်တိုင် ခံစားရမယ့် ...
movie
Vinaya Vidheya Rama (2019)
2019
7.5
Naa Peru Surya – Naa Illu India (2018)
ဆူရာ့ ဟာ ရှေ့တန်း စစ်တပ် တစ်ခုရဲ့ အတော်ဆုံး စစ်သား တစ်ယောက်ပါအတော်ဆုံးဖြစ်ပေမဲ့ သူဟာ ဒေါသ အင်မတန်ကြီးသူဖြစ်ပြီး မဟုတ်မခံစိတ်ရှိသူတဇောက်ကန်း လုပ်သူ အထက်အရာရှိများကို မမာမခန့်လုပ်သူ စသဖြင့်အကြောင်းမျိုးစုံကြောင့် ရာထူးမတိုးသူ တစ်ယောက်ပေါ့ဆူရာ့ဟာ နိုင်ငံချစ်စိတ် လူမျိုးချစ်စိတ် ပြင်းထန်သူတစ်ယောက်ပါအကြမ်းဖက်သမားများကို မုန်းတီးသူ တစ်ယောက်ဖြစ်ပြီး အရှင်ဖမ်းရဖို့ထက်အသေပစ်သတ်ဖို့သာ စိတ်ရှိသူဖြစ်သောကြောင့်တက်နိုင်သ၍ အရာရှိများက ဆူရာ့ အား ရှေ့တန်း မပို့ပဲနောက်တန်းတွင်သာ နေစေခဲ့ပါတယ်...ဆူရာ့ဟာ မိမိ နိုင်ငံအတွင်းနေထိုင်တဲ့ ဘာသာ လူမျိုးမဆိုနိုင်ငံချစ်စိတ် ရှိသူတိုင်းကို သနားညှာတာပြီး ရပ်တည်တက်သူဖြစ်ပါတယ် အသားအရောင် မခွဲခြား လူမျိုး မခွဲခြားမတရားမှုကိုသာ ခွဲခြားပြီး လက်ပိုက်မကြည့်တက်သူပါကြီးနိုင်ငယ်ညှင်းမှုများ ဝင်ဝင်ပါလွန်းလို့ စစ်တပ်ရဲ့ထုချေလွှာမှာ ဆူရာ့ နာမည်တွေပဲ ဖိုင်တစ်ထပ်လောက်ရှိနေတက်ပါတယ်...တစ်ရက်သော အခါ ဆူရာ့ တစ်ယောက် ရှေ့တန်းစစ်မြေပြင်နယ်စပ်ကို သွားချင်လွန်းတဲ့အတွက် အရာရှိများကို ပူဆာရာအရာရှိများက ဆူရာ့ ဒေါသ မထိန်းနိုင်လျင် ကမ္ဘာစစ်ကိုအစပျိုးသလို ဖြစ်မည်ဆိုးသောကြောင့် India နိုင်ငံ၏အတော်ဆုံးသော စိတ်ပညာရှင်ဆရာဝန်ထံမှ လက်မှတ်ရမှသာနယ်စပ်သို့ လွှတ်မည်ဟု ပြောလာပါသည်ဆူရာ့ လက်မှတ်ယူရမယ့် စိတ်ပညာရှင်မှာဆူရာ့ ...
movie
Naa Peru Surya – Naa Illu India (2018)
2018
8.6
Thani Oruvan(2015)
ဒီတစ်ခါတော့IDM8.6အထိရရှိထားတဲ့ဘောလိဝုဒ်ကားတစ်ကားနဲ့မိတ်ဆတ်ပေးချင်ပါတယ်။ဇာတ်ကားလေးက၂၀၁၅မှာထွက်ရှိထားတဲ့THANI ORUVAN ကားလေးပါ။ ဇာတ်ကားလေးကအက်ရှင်ကားတစ်ကားဖြစ်ပြီးရဲတစ်ယောက်ရဲ့လှုပ်ရှားပုံတွေကိုဖော်ညွန်းထားလို့လို့စုံထောက်ကားတွေကြိုက်တဲ့သူတွေအတွတ်ကြည့်သင့်တဲ့ကားလေးပါ။မီးလ်သရမ်ဆိုတဲ့IPS အရာရှိရဲတစ်ယောက်ဟာရာဇဝတ်မှုတွေကိုသူ့ရဲ့သူငယ်ချင်းရဲအရာရှိတွေနဲ့အတူတူလျို့ဝှက်ဖော်ထုတ်ပေးနေတာပါ။တစ်ရက်မှာအမှုတစ်ခုကိုလိုက်ရင်းနဲ့မထင်မှတ်ဘဲသူလျို့ဝှက်စုံစမ်းထားတဲ့ အမှုတွေနဲ့ဆက်စပ်တဲ့ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းကိုသိရှိသွားပါတယ်။အဲ့ဂိုဏ်းကိုချူပ်ကိုင်နေတဲ့သူတွေဟာလည်းနှယ်နှယ်ရရလူတွေမဟုတ်ဘဲစီးပွားရေးလုပ်ငန်းရှင်တွေအစိုးရဌာနအကြီးအကဲတွေကိုယ်တိုင်ဖြစ်နေပါတယ်။ အဲ့ဂိုဏ်းရဲ့ခေါင်းဆောင်လို့ယူဆရတဲ့ဆီဒါက်ရှ်ဆိုတဲ့သိပွံပညာရှင်တစ်ယောက်ဟာဆေးဝါးတစ်ခုကိုဖော်ထုတ်နိုင်ခဲ့တဲ့သူ့လက်အောက်ငယ်သားကိုရှင်းပစ်ခဲ့ပြီးအဲ့ဆေးဝါးကိုလက်ဝါးကြီးအုပ်ဖို့ကြံစည်ခဲ့ပါတယ်။ဆီဒါက်ရှ်ဟာအဲ့ဆေးဝါးကိုခလေးငယ်တွေနဲ့စမ်းသပ်ခဲ့ပြီးခလေးငယ်တွေသေဆုံးမှုတွေလည်းဖြစ်လာပါတယ်။မီးလ်သရမ်ကလည်းနောက်ဆုံးသူလိုက်ခဲ့တဲ့အမှုနဲ့ဆက်စပ်ပြီးအဲ့ခလေးငယ်တွေသေဆုံးမှုရဲ့နောက်ကွယ်မှာရှိနေတဲ့ဆီဒါက်ရှ်ကိုဖမ်းဆီးဖို့ကြိုးစားလာပါတယ်။ဆီဒါက်ရှ်ရဲ့နောက်မှာလည်းဝန်ကြီးတွေပါတီခေါင်းဆောင်တွေရှိနေတဲ့အတွတ်သူ့အနေနဲ့ဘယ်လိုဖမ်းဆီးနိုင်မှာလဲ။ဒါမှမဟုတ်ဆီဒါက်ရှ်ကဘဲ မီးလ်သရမ်ဆိုတဲ့IPSအရာရှိကိုဒုက္ခရောက်အောင်ပေးနိုင်မလားဆိုတာဇာတ်လမ်းပြီးတဲ့အထိရင်ခုန်စွာစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက ကို Crystal Light ပါFile Size…(849MB) Quality…HD-Rip 720p Format…mp4 Duration…02:41:00 Subtitle…Myanmar Subtitle(Hardsub) Encoder...Phyo Pyae Translated by Crystal Light
movie
Thani Oruvan(2015)
2015