Channel Myanmar

Harini Shreekanth

Shakhahaari (2024) 7
Shakhahaari (2024) Shakhahaari (2024)"ဂယက်" ========================စိတ်ဝင်စားဖို့ကောင်းတဲ့ ကန်နာဒါစကားပြော မှုခင်းရုပ်ရှင်လေးတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆူဘာနာဟာ ရွာမှာ စားသောက်ဆိုင်လေးဖွင့်ပြီး အေးအေးချမ်းချမ်း နေနေတဲ့သူပါ။ တစ်နေ့မှာတော့ လူသဝာ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဗီဂျေးဆိုတဲ့ တရားခံတစ်ယောက်ဟာ ရဲစခန်းကနေ ထွက်ပြေးလာပြီး ဆူဘာနာရဲ့ဆိုင်ထဲမှာ ပုန်းခိုနေခဲ့ပါတယ်။ဗီဂျေးကို ထောင်ထဲထည့်ပြီးရင် နယ်ပြောင်းခွင့်ရမယ့်ရဲမှူးကလည်း နယ်ပြောင်းချင်စိတ်နဲ့ ဗီဂျေးကို အသည်းအသန်လိုက်ရှာပါတယ်။ အဲဒီအချိန်မှာ လူသဝာ်မှုတစ်ခု ဆက်ဖြစ်ပွားခဲ့တာကြောင့် တရားခံဟာ သူလိုလို ငါလိုလို ယုန်ထင်ကြောင်ထင် ဖြစ်လာပြီး ရဲတွေနဲ့လည်း ဇာတ်လမ်းရှုပ်ကာ ဆူဘာနာရဲ့ အေးချမ်းတဲ့ဘဝလေးမှာ လှုပ်ခတ်မှုတွေဖြစ်လာခဲ့ပါတယ်။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2GB / 900MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Shakhahaari (2024)

2024
777 Charlie (2022) 9.1
777 Charlie (2022) IMDb - 9.1 / 10လူတစ်ယောက်ကို ပြောင်းလဲစေတာက အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ...ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး တစ်ယောက်တည်းကျန်ခဲ့တဲ့ "ဒါမာ"ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖို့ကိုပဲ ရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့ ဝင်ဆံ့ဖို့ မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက်အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့ ခွေးလေးတစ်ကောင်အဲဒီခွေးလေးကို သူမမွေးချင်လို့ မွေးစားမယ့်သူကို ရှာနေတုန်းမှာပဲ ခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ်သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကို နူးညံ့ပျော့ပျောင်းလာစေပြီး ဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲ့တိုက်နေထိုင်ခဲ့တဲ့ သူ့ကို အမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရား‌ အဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင် ဘယ်လောက်တောင် စွမ်းအားကြီးတယ်ဆိုတဲ့ အကြောင်း ရိုက်ကူးပြသထားတဲ့ မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့် ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် File size…2.6Gb / 1.15GB Quality…1080p VOOT WEBDL AAC5.1CH / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sora & Thet Ko
movie

777 Charlie (2022)

2022