Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Harikrishnan
7.2
Varshangalkku Shesham (2024)
Valshangakku shesham 2024 (ရုပ်ရှင်အိပ်မက်လေးတစ်ခု)ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ်အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း) မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ဒီဇာတ်လမ်းလေးမှာဆိုရင် ...
movie
Varshangalkku Shesham (2024)
2024
7.8
Neru (2023)
Neru (2023) "အမှန်တရား" IMDb - 7.8/10(function(f,b,n,j,x,e){})();လေးတန်းတောင်မအောင်ဘဲ မိသားစုကိုစော်ကားဖို့ကြံတဲ့သူရဲ့အလောင်းကို ဖျောက်ပြခဲ့တဲ့ မူရင်းမလေယာလမ်းရုပ်ရှင်ထဲက မင်းသားကြီး Mohanlal Viswanathanရဲ့ ရုံတင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကို အမေရိကန်ဒေါ်လာ တစ်သန်းကျော်အသုံးပြုရိုက်ကူးခဲ့ပြီး ဆယ်ဆကျော် ပြန်လည်ရရှိခဲ့တာပါ။ Jawan (2023)ရုပ်ရှင်ထဲမှာပါခဲ့တဲ့ မင်းသမီးချောလေး ပါရီယာမာနီလည်း ပါဝင်ထားပါသေးတယ်။ပန်းပုပညာရှင် မျက်မမြင်အမျိုးသမီးလေးရဲ့ ပုံဖော်မှုကြောင့် မုဒိမ်းသမားကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့ သက်သေမခိုင်လုံတာကြောင့် မုဒိမ်းကောင်က အာမခံနဲ့ လွတ်သွားခဲ့ပါတယ်။မုဒိမ်းကောင်မိသားစုက အင်မတန်ချမ်းသာတဲ့မိသားစု ဖြစ်တာရော သူတို့အမှုကို လိုက်ပေးတဲ့ရှေ့နေရဲ့ ဂုဏ်သတင်းကျော်ဇောမှု ဩဇာညောင်းမှုတွေကြောင့်ရောနဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်ဘက်ကနေ လိုက်ပေးမဲ့ ရှေ့နေကို ရှာဖို့ရာမလွယ်ကူခဲ့။ဒီမှာပဲ ကျွန်တော်တို့ရဲ့ လေးတန်းမအောင်တဲ့ဇာတ်လိုက်ကျော်ကြီးက အဓိကနေရာကိုရောက်လာပါတော့တယ်။ တရားကိုစောင့်ပါတယ်ဆိုတဲ့ နတ်က တကယ်ပဲရှိတာလားဆိုတာ ကြည့်ရှုသူအပေါင်းတို့ကပဲ ဝေဖန်သုံးသပ်ကြပါဦးတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…5.23GB / 2.16GB / 918MB Quality…4k ...
movie
Neru (2023)
2023
4K HEVC
8.8
2018 (2023)
2018 (2023) (IMDb 8.8/10,RT 100%)ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲအိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ်ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ်Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်) File size…2GB ...
movie
2018 (2023)
2023
8.6
Jana Gana Mana (2022)
Jana Gana Mana (2022)ဧပြီလ၂၈ ရက်နေ့ကမှ ထွက်ရှိခဲ့တဲ့ Malayalam- language အိန္ဒိယကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။Central University မှာ ပါမောက္ခအဖြစ်နဲ့ ပညာရပ်တွေ သင်ကြားပို့ချပေးနေတဲ့ဆရာမလေး Saba Mariyam က ညတစ်ညမှာ ကျောင်းက ပြန်လာရင်း အဓမ္မပြုကျင့်ခံရပြီး မီးရှို့သတ်ခံလိုက်ရပါတော့တယ်။နဂိုကတည်းက စာသင်ရတာ နှစ်သက်ပြီး ကျောင်းသားတွေချစ်တဲ့ ဆရာမလည်းဖြစ်တဲ့အပြင်ကျောင်းမှာ ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်လုပ်ရင်း ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့စကားအမှားကြောင့် ကျောင်းတွင်းဆန္ဒပြပွဲ ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုကနေ ရဲတွေကကျောင်းထဲအထိ ရိုက်နှက်ထိန်းချုပ်တာကတစ်ဆင့် တစ်နိုင်ငံလုံးက ကျောင်းသားထုရဲ့ အရေးတော်ပုံ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ ကျောင်းသားအရေးတော်ပုံ စတင်ဖြစ်ပေါ်စေတဲ့ ဆရာမလေးသတ်ခံရတဲ့ မှုခင်းနောက်ကွယ်မှာတော့နိုင်ငံရေးတွေအထိပါ ပါဝင်နေမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ဒီတော့ ကျောင်းသားနဲ့ရဲတွေကြားအထိကရုဏ်းက ဘယ်လောက်ထိ ပြင်းထန်မလဲ။မှုခင်းနောက်ကွယ်မှာရော ဘယ်သူကတရားခံလဲဆိုတာကို ရင်ခုန်စရာကောင်းအောင်ကြည့်ရှုရမှာပါ။ ဇာတ်လမ်းရော သီချင်းတွေရောအနှစ်တွေချည်း ဖြစ်တဲ့အတွက် ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းပါရစေနော်။ File size…2.02Gb / 971MB Quality…1080p ...
movie
Jana Gana Mana (2022)
2022
6.9
Eighteen Hours (2021)
IMDb Rating (6.9)ဒီဇာတ်ကားကတော့ သေရေးရှင်ရေးပြေးရမယ့် Thriller ဇာတ်ကားပါ...အားကစားပြိုင်ပွဲတစ်ခုကို သွားမယ့် ကျောင်းသူလေးတွေနဲ့ဆရာဆရာမတွေဟာမြူတွေဆိုင်းနေလို့ သွားမယ့်လေယာဉ်က မထွက်ဖြစ်တော့တဲ့အတွက်ကားစင်းလုံးငှားပြီး ပြိုင်ပွဲအမီသွားကြတယ်...တစ်လမ်းလုံးပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းလေးဆိုရင်းခရီးထွက်လာကြပေမဲ့သူတို့အပျော်တွေမဆုံးခင် လမ်းခုလတ်မှာတင်ပဲ ကားတစ်စီးလုံး ပြန်ပေးဆွဲခံရပါတော့တယ်...ပြန်ပေးသမားတွေကလည်း လက်ရဲဇက်ရဲ လူသတ်သမားတွေ မုဒိန်းကောင်တွေဆိုတော့...။ကျောင်းသူတွေနဲ့ဆရာမတွေ ဒီလူယုတ်မာလက်ထဲကနေ ဘယ်လိုလွတ်မြောက်အောင် ကြံစည်ကြမယ်ဆိုတာနဲ့ရဲတွေကရော အချိန်မီလိုက်လံကယ်တင်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်လိုက်ပါကြည့်ရှုရမယ့်ကားပါ။ဒီဇာတ်ကားဟာ ရိုက်ချက်ကြမ်းကြမ်းတွေနဲ့ Thriller Taste ကို ခပ်မြန်မြန်ဆွဲခေါ်သွားတဲ့အပြင်လူယုတ်မာတွေကလဲ ပီပြင်ကြတာမို့ ကလေးသူငယ်တွေတော့ မကြည့်ရှုသင့်ပါဘူး။(ဘာသာပြန်နဲ့အညွှန်းကို Thuya မှ တင်ဆက်ထားတာပါ။) File size…(1.7 GB) / (900 MB) Quality…WEB-DL 1080p /720p Format…mp4 Duration….01:39:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thuya
movie
Eighteen Hours (2021)
8.0
Anjaam Pathiraa(2020)
Anjaam Pathiraa(2020)အညွှန်း*************************** IMDb...8.0 အန္နာဝါးဟူစိန်ဆိုတဲ့ စိတ်ပညာအထူးကုဆရာဝန်တယောက်.... သူအထူးစိတ်ဝင်စားတဲ့ စိတ်ပညာပိုင်းက အတွဲလိုက် လူသတ်မှုတွေရဲ့တရားခံဟာဘယ်လိုစိတ်နေစိတ်ထားရှိလဲဆိုတာကို လေ့လာဖို့ဖြစ်တယ်...ဒီတော့ သူလေ့လာနေတာအထိရောက်ဆုံးဖြစ်ဖို့ ရဲအရာရှိတယောက်ဆီကိုအကူအညီတောင်းပီး ရဲဌာနတခုမှာ မှုခင်းဆိုင်ရာစိတ်ပညာအကြံပေးအနေနဲ့ ယာယီဝင်လုပ်ခဲ့တယ်...သိပ်မကြာခင်မှာပဲ သူတို့မြို့လေးမှာလူသတ်မှုဖြစ်ခဲ့တယ်။ သူ့အတွက် ဒီလူသတ်မှုဟာ လေ့လာဖို့ အများကြီးအထောက်အကူဖြစ်လို့အားတက်သရော အခင်းဖြစ်ရာကိုသွားခဲ့တယ်...အဲ့ဒီနောက်မှာတော့ သာမန်လူသတ်မှုဘဲ အရမ်းကိုကြောက်စရာကောင်းတဲ့လူသတ်မှုကြီးဖြစ်နေတယ်...အဲ့ဒီနောက် အန္နာဝါးဟူစိန်ဟာ ဒီလူသတ်သမားကို မရ ရအောင်ဖမ်းမယ်ဆိုပြီး အထူးစုံထောက်တွေနဲ့ပူးပေါင်းပြီးကြိုးစားပါတော့တယ်... ဒီမှုခင်းကားက စိတ်ပညာဆိုင်ရာအချက်အလက်များကို အရင်းပြုပြီးသဲလွန်စတွေကို ရှာထားတာမို့ ကြည့်လို့ကောင်းတဲ့အပြင် ထင်မှတ်မထားတဲ့ လှည့်ကွက်တွေလည်းပါလို့တော်တော်ကြီးကိုကောင်းပါတယ်....အိန္ဒိယကားကောင်းကြိုက်သူတို့ နင်းကန်ကြည့်သင့်ပါကြောင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်...File Size :(1.2 GB) and (433 MB) Quality : WEB-DL 720p Format…mp4 Duration…02:24:00 Genre : Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae
movie
Anjaam Pathiraa(2020)