Channel Myanmar

Hari Krishnan

Vada Chennai (2018) 8.4
Vada Chennai (2018) Vada Chennai (2018) ချန်နိုင်းမြောက်ပိုင်းကဂယက်များIMDb 8.4/10 Tamilမင်းသားကြီး Dhanushပါဝင်သရုပ်‌ဆောင်ထားတဲ့ crime drama ကောင်းတွေကို မျှော်နေသူတွေအတွက် တစ်ချိန်က မန်ဒရာလို့ခေါ်တဲ့ချန်နိုင်းမြို့ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကြီးစိုးနေတဲ့ လူမိုက်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး‌ကို တင်ဆက်ပေးချင်ပါတယ်။ချန်နိုင်းမြောက်ပိုင်းမှာအုပ်စိုးနေတဲ့လူမိုက်ခေါင်းဆောင်ကြီးကို ဂုန ပါဇနီ ဆန်သီ ဗယ်လူ တို့သူငယ်ချင်း‌လေးယောက်က သတ်ပြီး သူ့နေရာကိုဝင်လုဖို့ကြိုးစားရင်း ပြစ်ဒဏ်ခံယူဖို့ကို ရှောင်လွှဲလို့မရတော့တဲ့အခါမှာတော့ သူငယ်ချင်းယောက်နှစ်ယောက် ဂုနနဲ့ ဗယ်ရူကို ထောင်ထဲဝင်ခိုင်းဖို့စည်းရုံးပြီး ဆန်သီက မြေပြင်အခြေအနေကိုထိန်းလို့ သိပ်မကြာခင်မှာ ထောင်ထဲကသူငယ်ချင်းနှစ်ယောက်ကိုအာမခံနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီး ကတိပေးထားခဲ့ကြပေမဲ့ ကတိမတည်ကြတော့တဲ့အခါ ပြဿနာတွေပိုပြီးကြီးထွားလာပါတော့တယ်လူမိုက်ပီပီ ထောင်နှုတ်ခမ်းဝနားမှာ လမ်းလျှောက်နေရတဲ့ ဂုနနဲ့ဆန်သီတို့ရဲ့ အတွင်းလူထိုးတဲ့နောက်ကျောဓားနက်နက်ရန်ငြိုးက ထောင်ထဲမှာပါ ဘယ်လိုဆက်ဖြစ်မလဲ။ တစ်ဖက်မှာလဲ စားပွဲဇယ်တောက်ကျွမ်းတဲ့ကောင်လေး အန်ဘူးဟာ သူ့ရဲ့နုံချာတဲ့ပတ်ဝန်းကျင်ကနေ နိုင်ငံအဆင့်ဝင်အောင်လေ့ကျင့်ပြီး တစ်ချိန်မှာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေရင်း အကြောင်းမလှစွာဘဲ ပါဇနီကိုသတ်မိတာ‌ကြောင့်နဲ့ ဒီဂိုဏ်းရာဇာနှစ်ယောက်ရဲ့ ရန်ငြိုးကြားထဲ ပါဝင်ပတ်သက်မိဖို့ ဖြစ်လာချိန်မှာတော့... ချမယ် ကြမ်းမယ် ရမ်းမယ်ဆိုတဲ့ တမီလ်ကားလေးတွေ သဘောကျသူတွေတော့ အကြိုက်တွေ့မှာဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ LinnLunn ~ Bluuri ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်) File size… 2.8GB / ...
movie

Vada Chennai (2018)

2018
800 (2023) 9
800 (2023) 800 (2023)"ဝစ်ကတ် ၈၀၀" ====================== IMBb 9/10Sport drama ကြိုက်တတ်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် 800 ဆိုတဲ့ တမီလ်စကားပြော ဖြစ်ရပ်မှန် Sport, biography ရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ခရစ်ကတ်သမိုင်းတလျှောက်မှာ Wicket တွေ အမြင့်ဆုံးထိခဲ့တဲ့ သီရိလင်္ကာခရစ်ကတ်သမား မူရာလီရဲ့အကြောင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ်။သမ္မာကျမ်းစာကို စာအုပ်ပေါင်းများစွာနဲ့ကူးယူနေရတဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေက ရသေ့စိတ်ဖြေလုပ်ဖို့အတွက် ခရစ်ကတ်ကစားနည်းကို တီထွင်ခဲ့တယ်လို့ တချို့ကပြောကြတယ်။ တချို့ကတော့ အင်္ဂလိပ်သိုးကျောင်းသားတွေက တီထွင်ခဲ့တာတဲ့။ဘယ်သူကပဲတီထွင်ခဲ့တီထွင်ခဲ့ အင်္ဂလိပ်တွေနဲ့အတူ အိန္ဒိယကိုရောက်လာခဲ့တဲ့ ခရစ်ကတ်ကစားနည်းကို အိန္ဒိယက မူသီယာ မူရာလီသာရန်ဆိုတဲ့ ကလေးငယ်လေးက သဘောကျသွားပြီး အရူးအမူးကစားရင်း အနိမ့်အမြင့် အတက်အကျတွေကြားထဲကနေ ကမ္ဘာ့စံချိန်ချိုးတဲ့ကစားသမားဖြစ်လာခဲ့ပုံကို ခရစ်ကတ်အကြောင်းမသိတဲ့သူတွေတောင်မှ စိတ်ဝင်စား၊ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားပါတယ်..။( ဒီရုပ်ရှင်အတွက် ဘာသာပြန်ညွှန်းဆိုသူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

800 (2023)

2023
Pariyerum Perumal (2018) 8.8
Pariyerum Perumal (2018) Pariyerum Perumal(2019)Tamil အချစ်ကားကောင်းကောင်းလေး စောင့်မျှော်နေတဲ့သူတွေအတွက်IMdb Rating 8.8 နဲ့ Rotten Tomatoes မှာAudience Score 87% ရထားတဲ့ဒီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်အိန္ဒိယနိုင်ငံရဲ့ အဓိကပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ဇာတ်နိမ့်ဇာတ်မြင့်ကွာခြားမှုကြားက ပေါ်ပေါက်လာတဲ့လူငယ်နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းပါပုံမှန်ကျွန်တော်တို့ကြည့်ဖူးနေကျ ဒီလိုအချစ်ဇာတ်လမ်းတွေနဲ့မတူတာဘာလဲဆိုတော့ ဗြုန်းစားကြီး ဇာတ်တွေနာ ချစ်ကြိုက်ခွဲခွာ အဲ့လိုပုံစံမျိုးမဟုတ်ဘဲသူတို့နိုင်ငံမှာ အရမ်း Sensitive ဖြစ်တဲ့ ဒီလိုပြဿနာတစ်ခုကိုသိမ်သိမ်မွေ့မွေ့ချည်းကပ်ပြီး ရိုက်ပြသွားနိုင်တာပါKarnan ဇာတ်ကားကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Mari Selvaraj ရဲ့လက်ချိုးရေလို့ရတဲ့ ဇာတ်ကားတွေထဲက တစ်ကားပါပဲသူ့ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ထားတယ်လို့လည်း သိရပါတယ်ဇာတ်လမ်းအကျဉ်းချုပ်ပြောရရင်တော့ တောရွာကရိုးသားတဲ့ကောင်လေးတစ်ယောက်ဥပဒေကောလိပ်သွားတက်ပြီး ကောင်မလေးတစ်ယောက်နဲ့ချစ်မိသွားတဲ့ ဇာတ်လမ်းမျိုးပါသုံးထားတဲ့သီချင်းတွေလည်း တော်တော်ကောင်းပါတယ်ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ တစ်ကားလုံးသာပြီးသွားတယ်ချစ်တယ်ဆိုတဲ့စကားကိုတော့ တစ်ခွန်းမှပြောမသွားကြပါဘူးဂုဏ်သိက္ခာရှိတယ်ဆိုတဲ့ စကားလုံးရဲ့ တကယ့်အဓိပ္ပါယ်ကိုဖော်ကျူးရိုက်ပြသွားတယ်လို့ ကျွန်တော်တော့ခံစားရတယ်သို့ပေမဲ့လည်း လစ်ဟာချက်တွေလည်း အနည်းငယ် ရှိနေတာမလို့၁၀၀ % ကောင်းတယ်လို့မှတ်ချက်ပြုလို့မရပေမဲ့ဆုများစွာ ရရှိထားတဲ့ကားဆိုတော့ ကြည့်ရှုသင့်တဲ့ထဲပါတယ်လို့ အကြံပြုချင်ပါတယ်(အညွန်းနဲ့ဘာသာပြန်ကတော့ Amelia ပါ)  File size…2.47GB ...
movie

Pariyerum Perumal (2018)

2018
1080p HEVC
Kabali ( 2016 ) 6.4
Kabali ( 2016 ) ခပ်ကြမ်းကြမ်းအက်ရှင်ကားတွေကြိုက်နှစ်သက်သူတွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်..IMDb ကတော့  6.4 ပဲဖြစ်ပါတယ်သူ့နာမည်က ကာဘာလီ..လူတိုင်းလေးစားရတဲ့သူတစ်ဦး...ဂိုဏ်းစတားတစ်ဦးလည်းဖြစ်ပြန်တယ်..သူဟာ လူအများကြီးရုန်းရင်းဆန်ခတ် ဖြစ်တဲ့နေရာမှာ မတရားစွပ်စွဲခံရပြီးထောင်ဒဏ် ၂၅ နှစ်တိတိချမှတ်ခြင်းခံခဲ့ရတယ်သူ့မိသားစုတစုလုံးဟာလည်း..အဲ့ရုန်းရင်းဆန်ခတ်ဖြစ်တဲ့နေရာမှာအကုန်လုံးသေဆုံးခဲ့တယ်..လူမသေပေမယ့် ဘ၀သေသွားတဲ့ကာဘာလီ..ကံကောင်းထောက်မစွာနဲ့ ပြန်လွတ်လာတဲ့အခါမှာသူချစ်ရတဲ့မိသားစု..အတွက်..သူ့ကိုမကောင်းကြံခဲ့တဲ့သူတွေကိုပြန်လည်ရှာဖွေရေးစတင်ပါတော့တယ်..ဒီလိုနဲ့နောက်ကွယ်က အဖွဲ့အစည်းကြီးတခုနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါမှာတော့............... Subtitle Credit to Somonlian ( Subscene )
movie

Kabali ( 2016 )

2016