Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hans Moebus
7.6
Leave Her to Heaven (1945)
Leave Her to Heaven(1945) IMDb: 7.6/10 Rotten Tomatoes: 85% Genre: Drama/Film-Noir/Romanceသဝန်တိုတယ်ဆိုတာ လုံးဝကိုမကောင်းပါဘူး။ ကိုယ်ကချစ်ဖို့သဝန်တိုပေမယ့် တဖက်လူကိုချုပ်ချယ်သလိုဖြစ်တတ်ပါတယ်။ ဒါတင်မကသေးပဲ သဝန်တိုတဲ့အချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာလည်း အတ္တဝါဒီအပေါ်ကိုပဲအခြေခံနေပါတယ်။ဒီရုပ်ရှင်ဟာ ဒါကိုအကောင်းဆုံးပြသသွားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်ဒီကားကိုဘာသာမပြန်ခင် ဇာတ်ကားအကြောင်း YouTube မှာအရင်ရှာကြည့်လိုက်တော့ကွန်မန့်တစ်ခုမှာ"မင်းသမီး Gene Tierney သတင်းစာကိုချပြီး ပထမဦးဆုံးသူ့မျက်နှာကိုပြလိုက်တဲ့အချိန်အဖေရော၊ တစ်ရုံလုံးရော သူ့အလှမှာ နစ်မြောသွားတယ်" ဆိုပြီး ရေးထားတဲ့ကွန်မန့်လေးတစ်ခုကိုတွေ့လိုက်ပါတယ်။ တကယ်လည်း Gene Tierney ရဲ့အလှကအတော်လေးကိုမှင်သက်ဖို့ကောင်းလှပါတယ်။ ဒီရုပ်ရှင်နဲ့ မင်းသမီးဟာအကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်အကယ်ဒမီဆုကိုဇကာတင်ဝင်ခဲ့ပါသေးတယ်။ သရုပ်ဆောင်မကောင်းမှာတော့ပြောစရာကိုမလိုပါဘူး။ဇာတ်ညွှန်း အဲလန် ဘီရန့်တ် ဆိုတဲ့အမျိုးသမီးဟာသူလိုချင်တာ ဘာကိုမဆိုရအောင်ယူတတ်တဲ့မိန်းမမျိုးဖြစ်ပါတယ်။ သူဟာရထားပေါ်မှာ စာရေးဆရာ ရစ်ချက်ဒ်ဟာလန်းဒ် နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ နယူးမက္ကစီကိုမြို့က လယ်တောခြံမှာ အနားယူဖို့ဖိတ်ခေါ်ခြင်းခံထားရတဲ့လူတွေဖြစ်ပါတယ်။ အဲလန်ဟာ ကွင်တန် ဆိုတဲ့လူတစ်ယောက်နဲ့စေ့စပ်ပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အဲလန်ဟာ ရစ်ချက်ဒ်ကိုချစ်မိသွားပြီး ၂ ရက်ထဲနဲ့လက်ထပ်ယူခဲ့ပါတယ်။ခက်တာက အဲလန်ဟာ ရစ်ချက်ဒ်ဘေးမှာ သူ(မ)ကလွဲပြီး ဘယ်သူမှရှိနေတာမျိုးမကြိုက်ပါဘူး။ သူတို့နှစ်ယောက်ဟာ ရစ်ချက်ဒ်ရဲ့ ညီလေး ဒန်နီရှိတဲ့ ရေကန်ဘေးကတဲအိမ်လေးကို သွားလည်ခဲ့ပါတယ်။ အချစ်ကြီးလွန်းတဲ့ အဲလန် ...
movie
Leave Her to Heaven (1945)
8.3
North by Northwest (1959)
ဒီတစ်ခါမှာတော့ ၁၉၅၉ ခုနှစ်က စပိုင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Thriller/Mystery အမျိုးအစားဖြစ်ပြီး IMDB 8.3/10, Rt 97% ရရှိထားပြီး မင်းသားကြီး Cary Grant နဲ့ မင်းသမီးကြီး Eva Marie Saint တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ရော်ဂျာက နယူးယောက်က ကြော်ငြာအမှုဆောင်တစ်ယောက်ဖြစ်ပြီး အလုပ်ကိုတန်ိဖုးထားကာ ဘဝကို ကြိုးကြိုစားစား ဖြတ်သန်းနေသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ မမျှော်လင့်ဘဲ သူ့ကို ကတ်ပ်လန်ဆိုတဲ့လူလို့ အခိုင်အမာ စွပ်စွဲပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူက သူ့ကို ပြန်ပေးဆွဲထားသူတွေကို သူက ရော်ဂျာဖြစ်ကြောင်း၊ ကတ်ပ်လန်မဟုတ်ကြောင်း ဘယ်လောက်ပဲ ရှင်းပြပြောဆိုပေမဲ့ တစ်ဖက်ကလူတွေက လက်မခံဘဲ သူ့အသက်ကို ရန်မူဖို့ ကြိုးစားခဲ့ရာမှာတော့..သူက တကယ်ပဲ သူတို့ပြောသလို ကတ်ပ်လန်ဆိုတဲ့လူလား၊ အသတ်ခံရမှာစိုးလို့ ဟန်ဆောင်နေတာလား၊ တကယ်လို့ သူက ကတ်ပ်လန်မဟုတ်ဘူးဆိုရင်ရော သူတို့က ဘာလို့ ...
movie
North by Northwest (1959)
Psycho(1960)
Psycho(1960)IMDb...8.5,,,,Rotten...86%(unicode) အကောင်းဆုံး Horror ဇာတ်ကားဆိုပြီးရှာလိုက်ရင် စာရင်းအတော်များများရဲ့ ထိပ်ဆုံးကနေ အမြဲလိုရပ်တည်နေတဲ့ ဂန္ဓဝင်ကားကောင်း တစ်ကားဖြစ်လို့ အထူးတလည်ညွှန်းနေစရာတော့ မလိုတော့ပါဘူး။ ခင်ဗျားဟာ ဘယ်လောက်ပဲဇာတ်ကားတွေကြည့်ခဲ့ ကြည့်ခဲ့ ဒီဇာတ်ကားဟာ ခင်ဗျားတို့ကို အချိန်ပြည့် ပါးစပ်အဟောင်းသားဖြစ်သွားစေလိမ့်မယ်လို့လည်း တော်တော်များများက ညွှန်းဆိုကြတယ်... ဇာတ်လမ်းသွားအရတော့ မာရီယွန်ကရိန်းဆိုတဲ့ အတွင်းရေးမှူး ကောင်မလေးတစ်ယောက် သူ့အလုပ်ရှင်ဆီက ငွေတွေကို အပျောက်ရိုက်ပြီးအသွား လူသူမနီးတဲ့ မိုတယ်တစ်ခုမှာ ဝင်တည်းမိပါတယ်။ အဲ့ဒီမိုတယ်ရဲ့ ပိုင်ရှင် မန်နေဂျာတစ်ယောက်ဖြစ်တဲ့ နော်မန်ဘိတ်စ် ဆိုတဲ့လူနဲ့ အတွေ့မှာ သူ့ဘ၀ တစ်ဆစ်ချိုးဖို့ ဖြစ်လာပါတော့တယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက် သြဇာအကြီးမားဆုံးတွေထဲက တစ်ယောက်ဖြစ်ပြီး ထိတ်လန့်သည်းဖိုဘုရင်တစ်ပါးလို့ တင်စားကြတဲ့ ဒါရိုက်တာကြီး Alfred Hitchcock ရဲ့နာမည်ကျော် ဖန်တီးမှုလက်ရာတစ်ခုပါပဲ။ Imdb rating ကတော့ (8.5) ရရှိထားပါတယ်။Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲရေးပါရစေ.... အော်စကာ(၄)ဆုရရှိထားပြီး အခြားဆု(၁၀)ဆုအတွက်လည်း ဆန်ကာတင်စာရင်း ဝင်ပါသေးသတဲ့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Alias ပဲဖြစ်ပါတယ်.....(zawgyi)အကောင်းဆုံး Horror ဇာတ်ကားဆိုပြီးရှာလိုက်ရင် စာရင်းအတော်များများရဲ့ ထိပ်ဆုံးကနေ အမြဲလိုရပ်တည်နေတဲ့ ...
movie
Psycho(1960)