Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hans Marrero
6.9
Bad Boys for Life (2020)
Bad Boys for Life (2020)===================IMDb Rating - 7.1/10Bad Boys ရုပ်ရှင်တွေကို ရုပ်ရှင်ချစ်သူအတော်များများ သိကြမှာပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ကြိုက်ခဲ့ရတဲ့ အက်ရှင်ခပ်မြူးမြူး တွေပါပဲ။ အခုလည်း ဆရာကြီးနှစ်ယောက် အသက်ကြီးမှ တကြော့ ပြန်လာပါပြီး။ အခုချိန်မှာဆို မားကတ်စ်ကလည်း အဘိုးဖြစ်လာပြီး အငြိမ်းစားယူဖို့ဆုံးဖြတ်လိုက်ပါပြီ။ မိုက်ခ် (ဝယ်လ်စမစ်) တော့ လူ ပျိုကြီးအဖြစ် သေတဲ့အထိ လူဆိုးဖမ်းချင်နေတုန်းပါပဲ။ ဒါပေမယ့် သူ တို့ရဲ့အတိတ်က ရန်ငြိုးက သူတို့ကို အေးအေးဆေးဆေးအနားယူခွင့် မပေးလာပါဘူး။ မိုက်ခ် နဲ့အတူ တရားသူကြီး၊ရှေ့နေ၊သတင်းပေး၊ ရဲ အရာရှိ စတဲ့သူတွေအကုန် လုပ်ကြံခံလာရပါတယ်။ ဒီတော့ နောက်ဆုံး မှာ Bad Boys ကြီးနှစ်ယောက် နောက်ဆုံးအကြိမ်အဖြစ် ဆိုးကြ ကြမ်း ကြပါတော့တယ်။ ဇာတ်လမ်းရယ် အက်ရှင်တွေရယ် အကုန်အဆင်ပြေ တာမို့ ကြည့်ရတာ ကျေနပ်ကြမှာပါ။Bad Boys ရုပ်ရှင်အားလုံးကို ဒီမှာ https://www.channelmyanmar.to/?s=bad+boys ကြည့်ပါ။ File size…(6.7 GB)/(2 GB ...
movie
Bad Boys for Life (2020)
2020
4K HEVC
6.2
Time Trap (2017)
ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၇ ခုနှစ်ထွက် science fiction အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်။ Director နဲ့ producer ဆုနှစ်ခုရရှိထားပြီ ဇကာတင်ဆုတစ်ခုရရှိထားပါတယ်။ဇာတ်လမ်းအကြောင်းကတော့ ဇာတ်ကားနာမည်အတိုင်းပါပဲ...အချိန်ကာလတစ်ခုထဲမှာပိတ်မိသွားတာပါ။ ဇာတ်ကားစစချင်းမှာပဲ ပရော်ဖက်ဆာဟော်ပါဆိုသူက ပျောက်ဆုံးနေတဲ့ဟစ်ပီမျိုးနွယ်စုတွေကိုလိုက်ရှာဖို့ လှိုဏ်ဂူတစ်ခုထဲကိုဝင်ဖို့အကြောင်းဖန်လာပါတယ်။ထိုဟစ်ပီလူမျိုးများက နုပျိုခြင်းရေတံခွန်ကိုလိုက်ရှာရင်းပျောက်ဆုံးသွားကြတာပါ။ ပရော်ဖက်ဆာဟော်ပါကပြန်မရောက်လာတဲ့အခါမှာ သူ့ရဲ့ကျောင်းသားတွေဖြစ်တဲ့ တေလာနဲ့ဂျက်ကီကပရော်ဖက်ဆာဟော်ပါနောက်ကိုလိုက်ဖို့ပြင်ကြပါတယ်။သူတို့နဲ့အတူ ကယ်ရာ၊ဗီးစ် နဲ့ ဖာဘီတို့သုံးယောက်ကိုလည်းခေါ်သွားပါတယ်။ ပရော်ဖက်ဆာဂော်ပါဝင်သွားတဲ့ လှိုဏ်ဂူကိုရောက်တဲ့အခါမှာ ဖာဘီကိုအပြင်မှာစောင့်ခိုင်းခဲ့ရင်း သူတို့လေးယောက်လည်းလှိုဏ်ဂူထဲကိုလိုက်ဝင်သွားပါတယ်။ လှိုဏ်ဂူက အောက်ခြေကိုကြိုးနဲ့ဆင်းရပါတယ်။ လှိုဏ်ဂူထဲမှာအော်ဟစ်သံလိုမျိုးကြားလို့ ပြန်တက်ဖို့လုပ်တဲ့အခါမှာ ကြိုးတွေအကုန်လုံးကပြတ်ကျကုန်ကျပါတယ်။အဲဒါကိုသူတို့က အပေါ်မှာကျန်နေခဲ့တဲ့ ဖာဘီသူတို့ကိုစနောက်တယ်ထင်ပြီး ပါလာခဲ့တဲ့ရေဒီယိုနဲ့ဖာဘီကိုဆက်သွယ်ဖို့ကြိုးစားတဲ့အခါမှာ ဖာဘီရဲ့အသံမဟုတ်ပဲ အခြားလူတစ်ယောက်ရဲ့ အသံနဲ့ "ကယ်ပါ" ဆိုပြီးပေါ်ထွက်လာပါတော့တယ်.... ဘာဖြစ်လို့ကြိုးတွေကပြတ်သွားရတာလဲ၊ ဖာဘီကရောဘယ်ရောက်သွားလဲ၊ အချိန်စီးဆင်းမှုထဲပိတ်မိသွားဆိုတာကရောဘယ်လိုလဲ၊ ဘယ်လိုစွန့်စားခန်းတွေကြုံတွေ့ရမလဲဆိုတာ ဆက်လက်ခံစားကြည့်ကြပါခင်ဗျာ.... File size…(1.4 GB)/(760 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre... Action, Adventure, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM
movie
Time Trap (2017)
5.5
Dashing Through the Snow (2023)
Dashing Through the Snow (2023) =========================ခရစ္စမတ်အကြိုညမှာ အက်ဒီ သူ့ရဲ့ 8နှစ်သမီးလေးကို အိမ်မှာထား ခဲ့ပြီး ဘေးအိမ်က ခရီးသွားတဲ့အိမ်နီးချင်းကြောင်ကို အစာလာကြွေး တယ်။ အဲဒီအချိန် မီးဖိုးခေါင်းတိုင်မှာ ဆန်တာကလော့ဝတ်စုံနဲ့သူစိမ်း ရောက်နေတာကို တွေ့လိုက်တယ်။အက်ဒီလည်း သူခိုးဆိုပြီး ရဲတိုင်ဖို့လုပ်ပေမဲ့ သူမသိတာက တကယ်တော့ အဲဒါက ဆန်တာကလော့အစစ်ဖြစ်နေတာပါပဲ။ ဆန်တာကလော့လည်း သူက ဆန်တာကလော့ဆိုတာပြောပြတော့ နဂိုကတည်းက ဆန်တာက လော့ဆိုအယုံအကြည်မရှိတဲ့ အက်ဒီက ရူးနေတယ်ဆိုပြီး ဆေးရုံခေါဖို့ လုပ်ပါတော့တယ်။ ဒီဇာတ်လမ်းက ခရစ္စမတ်ကိုမှ ရယ်နေရမယ့်ဟာသ ဇာတ်လမ်းပါ။ အက်ဒီ ရုတ်တရက်ပေါ်လာတဲ့ ဆန်တာကလော့နဲ့ ဘယ်လို တွေအလွဲလွဲဖြစ်ပြီး ခေါင်းခြောက်ရမလဲဆိုတာ ဒီဇာတ်လမ်းမှာဆက်လက် ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.8 GB) / (784 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Fantasy Translator.......Thwal Htoo Zin Encoder..........Zin Phyo Aung
movie
Dashing Through the Snow (2023)
2023
7.6
Creed (2015)
Creed (2015) ==========Creed 2 ထွက်လာပြီတော့ Creed 1 လဲကြည့်ချင်ကြမယ်ထင်လို့ အသစ်ပြန်တင်ပေးလိုက်ပါတယ်။ ဒီကားက တစ်ချိန်တုန်းက နာမည် ကျော်လူကြိုက်များခဲ့တဲ့၊ အခုချိန်ထိလဲ နာမည်ကျော်ဆဲ မင်းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့ရုပ်ရှင်ကားရဲ့ Sequal အဖြစ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းဖြစ်ပြီး၊ ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီ ပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့ ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့ လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာ ပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။ အော်စကာ ဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Rating ကလဲ7.6/10 ဖြစ်တာကြောင့်သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊ Rocky ကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)File Size : (950 MB) Quality : Blu-Ray 720p Running ...
movie
Creed (2015)
2015
6.0
Get Hard(2015)
Get Hard (2015)=============IMDb - 6.0ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ Kevin Hart တို့ပါဝင်သရုပ်ဆောင်ထားပြီး 2015 တုန်းကထွက်ရှိခဲ့တဲ့ အခွီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။R-rated ဖြစ်ပြီး 18+ အခန်းတချို့ပါဝင်တဲ့အပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် မိသားစုနဲ့အတူတော့မကြည့်သင့်ပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ချမ်းသာတဲ့စီးပွားရေး မန်နေဂျာတယောက်ဖြစ်တဲ့ ဂျိမ်းစ်ကင်း(Will Ferrell) ဟာငွေကြေးအလွဲသုံးစားလုပ်မှု၊ လိမ်လည်မှုစတဲ့စွဲချက်တွေနဲ့ အဖမ်းခံလိုက်ရပြီး ထောင်ဆယ်နှစ်အချခံလိုက်ရပါတယ်။ထောင်ထဲကိုမဝင်ခင် ပြင်ဆင်စရာတွေပြင်ဆင်ဖို့ဆိုပြီး အချိန်ရက်သုံးဆယ်လည်းပေးလိုက်ပါတယ်။ သူ့ကိုယ်သူထောင်ထဲမှာ မိနစ်ပိုင်းတောင်မခံမှန်းသိနေတဲ့ ဂျိမ်းစ်တစ်ယောက်ကယောင်ခြောက်ခြားတွေဖြစ်နေတုန်းမှာ အင်မတန်ကိုဖြူစင်ပြီးကားပါကင်ဖြတ်ပိုင်းတောင်မရဖူးတဲ့ ဒါနဲလ် (Kevin Hart) နဲ့တွေ့ပြီး ဒါနဲလ်ကိုထောင်ထွက်လူမိုက်တယောက်လိုမျိုးအထင်မှားသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ထောင်ထဲမှာရှင်သန်နိုင်အောင်သင်ပေးဖို့အတွက် ဒါနဲလ်ကိုဆရာတင်ရင်း နှစ်ယောက်လုံးဘယ်လိုတလွဲတွေဖြစ်ကြမလဲ၊ သူကရောငွေတွေကိုတကယ်လိမ်ခဲ့တာလား၊နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ နှစ်ယောက်သားဘယ်လိုအရှုပ်တွေနဲ့ရင်ဆိုင်ကြရမလဲဆိုတာကို တချိန်လုံးခွီရင်းကြည့်ရမှာပါ။ဟာသကားကောင်းကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…2.3GB / 831MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Comedy , Crime Subtitle….Myanmar Subtitle (Hard ...
movie
Get Hard(2015)
2015
8.2
Warrior(2011)
Warrior(2011) အညွှန်း*******************IMDb Rating ......... 8.2/10Rotten Tomatoes ......... 83%((အလန်းစားကားမို့ 1080P5.1CH ပါ လုပ်ပေးထားပါတယ်...)) အရက်စွဲရာမှ ပြန်လည်နာလန်ထူနိုင်ဖို့ ကြိုးစားနေတဲ့ ဖခင်ဖြစ်သူ "ပက်ဒီ" ဆီကို..... နှစ်ပေါင်းများစွာ ခွဲခွာသွားပြီး သူ့ကိုစိတ်နာနေခဲ့တဲ့ သားဖြစ်သူ မရိန်းတပ်သားဟောင်း တွန်မီ ရောက်လာပြီးတော့ ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲသမိုင်းမှာ ဆုကြေး အမြင့်ဆုံး ဖြစ်တဲ့ “စပါတာ”ဆိုတဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးဖို့တောင်းဆိုလာပါတယ်... ပက်ဒီ တစ်ယောက် သားဖြစ်သူကို ပြိုင်ပွဲဝင်ဖို့ လေ့ကျင့်ပေးရတဲ့ အခွင့်အရေးကို အသုံးချပြီး နွေးထွေးတဲ့ဆက်ဆံရေး ပြန်ရဖို့ကြိုးစားပါတော့တယ်... ပက်ဒီ မှာ တွန်မီ လိုပဲ သူ့ကိုအသိအမှတ်မပြုဘဲ စိတ်နာနေတဲ့ ဘရန်ဒန် ဆိုတဲ့....(လက်ဝှေ့သမား ဘ၀မှ အနားယူပြီး ကျောင်းဆရာလုပ်နေတဲ့) အိမ်ထောင်သည် သားတစ်ယောက်လည်းရှိနေပါသေးတယ်... ဘရန်ဒန် ကတော့ ရောဂါသည်သမီးငယ်ရဲ့ ဆေးကုသစရိတ်ကြောင့် သူတို့မိသားစုရဲ့ ...
movie
Warrior(2011)
6.4
The Hunt (2020)
The Hunt (2020)==============IMDb Rating 6.4 / 10 ထိရရှိထားပါတယ်။#Unicodeဒီဇာတ်ကားက Digital Release အနေနဲ့ ထွက်ရှိလာတဲ့ ရုံတင်ကားတစ်ကားပါပဲ . . .လူကုံထံလူတစ်စုရဲ့ Group Chat တစ်ခုတွင် အိမ်တော်ကြီးမှာအမဲလိုက်ခြင်းနဲ့ပတ်သတ်ပြီးအပြန်အလှန်ပြောဆိုပြီးမကြာခင်မှာ .... တစ်ယောက်နဲ့တစ်ယောက်မသိကြတဲ့ နေရာစုံကလူ ၁၁ ယောက်ဟာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိတဲ့နေရာတစ်ခုမှာနိုးလာကြတယ်။သူတို့ကိုဘာလို့ရွေးချယ်ထားတာလဲ ဘာလို့ဒီကိုရောက်နေတာလဲ ဘယ်သူမှသေချာမသိကြပါဘူး။လက်နက်သေတ္တာကြီးထဲမှာ လက်နက်တွေကိုစယူလိုက်တာနဲ့ အမဲလိုက်ပွဲကစတင်ပြီးတစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် အသတ်ခံကြရတယ်။ ဒါပေမယ့် သားကောင်ကနေမုဆိုးအဖြစ်ပြန်ပြောင်းသွားတဲ့အခါမှာ ဖုံးကွယ်ထားတဲ့အကြောင်းအရင်းတွေထွက်ပေါ်လာပါတယ်။ ဒီကိစ္စတွေဖြစ်ရတဲ့ အကြောင်းအရင်းအစစ်အမှန်ဟာ ချယ်ရီသင်းသီချင်းလေးလို"လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလား" နဲ့မုန့်လုံးစက္ကူကပ် ဖြစ်နေလို့ သေချာနားလည်အောင်လို့ဇာတ်လမ်းလေးပဲကြည့်လိုက်ကြပါတော့နော်။ ဇာတ်လမ်းစစချင်းမှာပဲ သွေးသံတရဲရဲနဲ့ထိတ်လန့်ဖွယ်ရာတွေမြင်တွေ့ရမှာဖြစ်ပြီး တစ်ယောက်သေတိုင်း ဟာခနဲ ဟင်ခနဲ ဖြစ်ရမယ့်IMDb 6.4 ရထားတဲ့ဇာတ်ကားမျိုးလေးဖြစ်ပါတယ်။ #Zawgyiဒီဇာတ်ကားက Digital Release အနေနဲ့ ထွက်ရှိလာတဲ့ ရုံတင်ကားတစ်ကားပါပဲ . . .လူကုံထံလူတစ်စုရဲ့ Group Chat ...
movie
The Hunt (2020)
2020
3.7
Iceman: The Time Traveller (2018)
၂၀၁၉ခုနှစ်ထဲရောက်လာပေမဲ့ ယခုရက်ပိုင်းမှအသစ်ထွက်ရှိလာတဲ့ မင်းသားကြီး Donnie Yen ရဲ့ Sci-Fi/Comedy/Drama ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ အချိန်ခရီးသွားခြင်းဖြစ်ပြီး ဟာသအနည်းငယ်နှောကာ ရှေးခေတ်နဲ့ယနေ့ခေတ်ကြားကူးလူးရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မင်မင်းဆက်မှာစစ်သူကြီးတစ်ဦးဖြစ်တဲ့ ဟော်ယင်းတစ်ယောက်....နန်းတွင်းအရှုပ်တော်ပုံတွေကြားမှာ မြေစာခံဖြစ်ခဲ့ရပြီး ကံကြမ္မာရဲ့စေရာအတိုင်း အနာဂတ်ခေတ်သစ်ကိုရောက်ရှိလာပါတော့တယ်။Donnie Yen တစ်ယောက်အတိတ်ကိုဘယ်လိုသွားမလဲသူထင်ထားလိုပဲအရာရာဟာဖြစ်မြောက်နိုင်ပ့ါမလားဆိုတာစိတ်ဝင်စားစရာပါ။တကယ်တော့သဘာဝကိုသွေဖီတယ်ဆိုတာ မလွယ်ကူမှန်းသိသွားတဲ့နောက် စစ်သူကြီးဟော်ယင်းတစ်ယောက်ဘာလုပ်မလဲ။ပေါ့ပေါ့ပါးပါးဇာတ်ကားလေးဖြစ်ပြီးအားလပ်ရက်လည်းရှိနေတော့ ကိုယ်ကြိုက်တဲ့မင်းသားနဲ့အတူ အပန်းဖြေကြည့်လို့ရတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (800 MB) and (345 MB) Quality : Blu-Ray 720p Running Time : 1hr 44min Format : Mp4 Genre : Action, Comedy, History Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-WiKi Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie
Iceman: The Time Traveller (2018)
2018
8.2
Warrior (2011)
Warrior (2011) IMDb - 8.2/10_____Rotten - 83% အရက်စွဲရာက ပြန်လည်နာလန်ထနိုင်ဖို့ ကြိုးစားနေတဲ့ Paddy Conlon (Nick Nolte) ဆီကို နှစ်ပေါင်းများစွာက ခွဲခွာသွားပြီး သူ့ကို စိတ်နာနေခဲ့တဲ့ မရိန်းတပ်သားဟောင်းဖြစ်တဲ့ Tommy Riordan(Tom Hardy) ရောက်လာပြီးကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ သမိုင်းမှာ ဆုကြေး အမြင့်ဆုံး ဖြစ်တဲ့ "စပါတာ"ဆိုတဲ့ပြိုင်ပွဲကို ဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးဖို့တောင်းဆိုလာပါတယ်။Paddy တစ်ယောက် သားဖြစ်သူကို ပြိုင်ပွဲဝင်ဖို့လေ့ကျင့်ပေးရင်း နွေးထွေးတဲ့ဆက်ဆံရေး ပြန်ရဖို့ကြိုးစားပါတော့တယ်။Paddy မှာ Tommy လိုပဲ သူ့ကို အသိအမှတ်မပြုပဲ စိတ်နာနေတဲ့ Brendan Conlon (Joel Edgerton) ဆိုတဲ့ MMA ကစားသမား ဘဝကနေ အနားယူပြီး ကျောင်းဆရာလုပ်နေတဲ့ အိမ်ထောင်သည်သားတစ်ယောက်ရှိပါတယ်။Brendan ရဲ့ သမီးငယ်လေးအတွက် နှလုံးရောဂါကုသစရိတ်ကြောင့် သူတို့မိသားစုရဲ့ အိမ်ကို ဘဏ်ကသိမ်းဖို့ အခြေအနေတစ်ခုကြုံနေရပြီး အဲဒီပြသနာကို ဖြေရှင်းဖို့ ...
movie
Warrior (2011)
2011