Channel Myanmar

Hans de Kraker

Dance of Death aka Ronggeng Kematian (2024) 6.9
Dance of Death aka Ronggeng Kematian (2024) Ronggeng Kematian(2024)အကမယ်IMDb-6.9/10ဂျာဗားအလယ်ပိုင်းက ခေါင်လှတဲ့နေရာမှာ မန်ဂူဆာရီဆိုတဲ့ ရွာလေးတစ်ရွာရှိတယ် ဝေးလံခေါင်ဖျားမီး တောင်မရတဲ့ ဒေသလေးက လူငယ်တွေရဲ့ လေရဟတ်တီထွင်မှုနဲ့ လေအားလျှပ်စစ်ရဖို့ အစပျိုးကာစအချိန်....။အဲဒီရွာလေးက မိန်းမငယ်လေးတွေရဲ့ အိပ်မက်ကတော့ ရွန်ဂျန်အကမယ်တစ်ယောက်ဖြစ်ဖို့ လာရာဆာတီဆိုတဲ့ ကောင်မလေးက ရွန်ဂျန်အကမယ်ဆိုတာထက် အဲဒီအကမှာ တစ်ဖတ်ကမ်းခတ်ထူးချွန်ပြီး သိပ်လှတဲ့ ဆူလာစတရီကိုမှ အားကျပြီး သူ့လိုဖြစ်ချင်တဲ့သူ ၊ ဒါပေမဲ့သူက အဲဒီကကွက်ရဲ့ အချိုးအဆစ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်။တစ်နေ့ကျောင်းကအပြန် ပဝါတစ်ထည်ကောက်ရခဲ့ရာက အဲဒီညမှာ ရွန်ဂျန်အကကိုလှလှပပကနေတာကို လာရာဆာတီ့အမေကမြင်သွားပြီ နောက်ရက် မနက်မှာ အကလေ့ကျင့်ပေးတဲ့ဆရာမဆီ အတင်းလိုက်ပို့ခံရတော့တာပဲ ၊ဆရာမရှေ့မှာ မကတတ်လို့ကြောင်နေတဲ့ လာရာဆာတီတစ်ယောက် သူကောက်ရလာတဲ့ပဝါကို ပုခုံးပေါ်တင်ပေးလိုက်ချိန်မှာ ဘေးကလူတွေအကုန်လုံး မှင်သက်သွားလောက်တဲ့ထိ ကကွက်တွေထွက်ပေါ်လာခဲ့တယ် ၊ ဒီလိုနဲ့သူက အကအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး ရွာနှစ်ပတ်လည်ပွဲမှာ ဖျော်ဖြေရဖို့ဖြစ်လာတယ် အဲဒီအချိန်မှာပဲ သူတို့ရွာခံကျောင်းသားလေးယောက်က internship ဆင်းဖို့ ဒီရွာကို ခက်ခက်ခဲခဲရောက်လာချိန်....။မြို့ကျောင်းသားတွေလုပ်မဲ့ ဆုပေးပွဲနဲ့ ရွာနှစ်ပတ်လည်ပွဲက တစ်ရက်တည်းတစ်ညတည်း..။ အဲဒီအချိန်မှာ အားလုံးမထင်မှတ်ဘဲဖြစ်ပေါ်လာမဲ့အရာက......။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.35GB / ...
movie

Dance of Death aka Ronggeng Kematian (2024)

Para Betina Pengikut Iblis (2023)
Para Betina Pengikut Iblis (2023) Para Betina Pengikut Iblis (2023) အသက်လုပွဲသမီးဖြစ်သူဆူမီကို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံပြီး နှိပ်စက်တတ်လို့ ဆူမီတစ်ယောက်အိမ်ကထွက်ပြေးချင်နေခဲ့တယ်ဒါပေမဲ့နေမကောင်းတဲ့ဖခင်ကိုလည်းမထားခဲ့နိုင် ရွာကထွက်သွားဖို့ကလည်း ပိုက်ဆံမရှိနေတဲ့ဆူမီတစ်ယောက် ဆုပ်လည်းစူး စားလည်းရူးအခြေအနေပေါ့ အဖေဖြစ်သူကြောင့် ဆယ်ကျော်သက်ဆိုတဲ့ငယ်ရွယ်မှုကို အလုပ်တွေ နှိပ်စက်မှုဒဏ်တွေနဲ့ပဲဖြတ်သန်းနေခဲ့ရပြီး ဖခင်အပေါ် တစ်နေ့တစ်ခြားအမုန်းတရားတွေတိုးပွားလာခဲ့တယ်ဒီလိုမုန်းတီးမှုကြောင့်ပဲ နတ်ဆိုးကိုလှုပ်နှိုးမိခဲ့တာပေါ့ နိုးထလာတဲ့နတ်ဆိုးက ဆူမီ့အမေကိုလည်းရှာပေးမယ် အဖေ့ဒဏ်ကနေလွတ်ပြီး ပျော်ရွှင်ရတဲ့ ဆယ်ကျော်သက်ဘဝကိုပြန်ပေးမယ် သူနဲ့သူငယ်ချင်းလုပ်ပါဆိုပြီး မက်လုံးပေးလာမိတဲ့အခါ ထွက်ပေါက်ပိတ်နေခဲ့တဲ့ဆူမီတစ်ယောက် ဒီနတ်ဆိုးကိုလက်ခံလိုက်မိရာက ဘယ်လိုဆိုးဝါးမှုတွေ ဘေးအန္တရာယ်တွေ ကြောက်မက်ဖွယ်ရာဖြစ်လာမလဲဆိုတာကိုတော့...( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) File size…1.1GB / 490MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ BpL
movie

Para Betina Pengikut Iblis (2023)

2023
Anwar: The Untold Story (2023)
Anwar: The Untold Story (2023) Anwar : The Untold Story [2023]နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အကျင့်ပျက်ခြစားမှုဟူသည်ကား ရှိကြစမြဲပင်...ဒီဇာတ်လမ်းမှာတော့ ယခုအခါ မလေးရှား ဝန်ကြီးချုပ်ဖြစ်နေပြီဖြစ်တဲ့ အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဇာတ်ကြောင်းကို ပြန်ပြောင်း ရိုက်ပြထားတာပဲ ဖြစ်ပါတယ်... နိုင်ငံရေးဆန္ဒပြပွဲတွေ... အုပ်ချုပ်သူတွေရဲ့ မလျော်ဩဇာသုံးပြီး ဖမ်းဆီးမှုတွေ... နိုင်ငံရေးသမားတွေအတွက် ထောင်ဆိုတာ အိမ်သဖွယ်ဖြစ်ခဲ့ရတာတွေ... စီးပွားရေးသမား ခရိုနီတွေ ကြီးစိုးထားတဲ့ မလေးနိုင်ငံရေးလောက... စတာတွေကို အန်ဝါ တစ်ယောက် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ... လူထုအားကို ဘယ်လို အရယူသွားမလဲ... အမြစ်တွယ်နေပြီဖြစ်တဲ့ ယန္တရားကြီးက သူ့ကို ဘယ်လိုဖိနှိပ်သွားမလဲ.... ဥပဒေဆိုတာ ဘယ်လို လက်တစ်လုံးခြားပြီး လုပ်လို့ ရသလဲ... ဓမ္မနဲ့ အဓမ္မမှာ အချိန်တွေ ကြာပါစေဦးတော့ အချိန်တန်ရင် ဓမ္မတရားကသာလျှင် ပေါ်ထွန်းစမြဲပဲဆိုတာကို ရှုစားသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, History Quality…. 1080p | 720p File size… 1.2GB ...
movie

Anwar: The Untold Story (2023)

2023
Ranah 3 Warna (2022) 6.5
Ranah 3 Warna (2022) Ranah 3 Warna (2022)ဒီကားလေးကတော့ 2021 တုန်းက Amazon Prime ကနေထုတ်တဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ IMDbမှာလည်း 6.5/10 ရရှိထားပါတယ်။ဒီရုပ်ရှင်ကားလေးက နိုင်ငံခြားပညာတော်သင်သွားဖို့ကြိုးစားနေတဲ့လူတွေအတွက်သင့်တော်မယ့်ကားမျိုးလေးပါ။ဇာတ်လမ်းကတော့ ကြိုးစားပေမယ့်ဆင်းရဲတဲ့ ကောင်လေး အာလစ်ဖ်ဟာ သူ့ရဲ့ပညာရေးလမ်းကျောင်းကို ကျောထောက်နောက်ခံမပါဘဲ ဘယ်လိုဖောက်ဖို့ကြိုးစားသလဲဆိုတာကိုအခြေခံထားပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ နိုင်ငံခြားပညာသင်သွားဖို့ကြိုးစားပုံတွေကြားက သူ့ရဲ့မိသားစုကိုပါ ထောက်ပံ့ဖိုးကြိုးစားရပြန်တဲ့အခါမှာ သူဘယ်လိုရှေ့ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.81GB | 1GB | 490MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xavier Zy Encoder ..... August
movie

Ranah 3 Warna (2022)

2022
The Secret 2: Mystery of Villa 666 (2021) 6.5
The Secret 2: Mystery of Villa 666 (2021) The Secret 2: Mystery of Villa 666 (2021)သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့အင်ဒိုနီးရှားသရဲကားတပုဒ်ပါ...ဇာတ်လမ်းနာမည်လိုပါပဲ လူတိုင်းမှာလျှို့ဝှက်ချက်တွေ ရှိတတ်ကြပါတယ်..ဒီထဲမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ လျှို့ဝှက်ချက်ကဘာတွေလဲ? အဓိကဇာတ်အိမ်တည်ရာဖြစ်တဲ့စံအိမ်တော်ကြီးရဲ့ လျှို့ဝှက်ချက်ကရော ဘာလဲ?စတဲ့ မေးခွန်းတွေနဲ့အတူ ထိတ်လန့်ခြောက်ခြားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းတပုဒ်ပါပဲ....ဇာတ်လမ်းအကျဉ်း. --------------နာနီက ပြင်သစ်မှာနေတဲ့ဖက်ရှင်ဒီဇိုင်နာမလေးတစ်ယောက်ပေါ့.တနေ့မှာတော့ သူ့မွေးရပ်ဖြစ်တဲ့အင်ဒိုနီးရှားကို ပြန်လာဖို့ အခွင့်ဖန်လာပါတော့တယ်အဲ့ဒါကတော့ သူတို့မိသားစုပိုင်စံအိမ်တော်ကြီးကိုရောင်းထွက်ဖို့ သူ့အဖေက သူ့ကို လွှဲလိုက်လို့ပါ.မွေးရပ်မြေနဲ့ဝေးတာကြာနေတဲ့ နာနီကဒီအိမ်ကြီးကို ရောင်းမထွက်ခင်သူ့သူငယ်ချင်းတွေနဲ့အတူတပျော်တပါးစားသောက်ပြီးအရင်အကြောင်းတွေကို ပြန်ပြောပြီးအပန်းဖြေချင်တာကြောင့်သူ့သူငယ်ချင်းမ၃ဦးနဲ့အတူစံအိမ်တော်ကြီးကို ရောက်လာခဲ့ပြီးနောက်မှာတော့..... File size…1.09GB / 509MB Quality…1080p WEBDL DDP5.1 / 720p Format…Mp4 Duration….1h 11min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YK
movie

The Secret 2: Mystery of Villa 666 (2021)

2021