Channel Myanmar

Hannaj Bang Bendz

Ship of the Damned (2024) 5.0
Ship of the Damned (2024)  ဒီတစ်ပတ် cm ပရိသတ်တွေအတွက် မိုးအေးအေးမှာအပျင်းပြေ ကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးတစ်ကားကိုမိတ်ဆက်ပေးပါရစေ။ Ship of the damned ဇာတ်ကားဟာHorror နဲ့ Action အမျိုးအစားဝင် ဇာတ်ကားဖြစ်ပြီးဇာတ်ကားအဆုံးမှာ ကြည့်ရှုသူ ပရိသတ်တွေကိုဘာကြောင့်လဲဆိုပြီး တွေးမိစေမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။နှစ်ပေါင်း ၄၀၀ ကျော် တိမ်မြုပ်ပျောက်ကွယ်နေတဲ့ပင်လယ်ဓားပြလှေတစ်စင်းဟာ တစ်ညမှာတော့ UK ရဲ့ကမ်းစပ်မြို့ငယ်လေးတစ်ခုဖြစ်တဲ့ ဆော့ဖလိမြို့ရဲ့ပင်လယ်ရေပိုင်နက်ထဲမှာ ပေါ်လာခဲ့ပါတယ်။ဒီသင်္ဘောကို စူးစမ်းလေ့လာဖို့အတွက် ရောက်ရှိလာတာကတော့ကမ်းခြေစောင့်တပ်ဖွဲ့အေဂျင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့မိုက်ကယ်ဆိုတဲ့ သူနဲ့ ရှေးဟောင်းသင်္ဘောပျက်တွေကိုလိုက်လံရှာဖွေလေ့လာတဲ့ ပညာရှင် အယ်လီနာဆိုတဲ့အမျိုးသမီးတစ်ယောက်ပါပဲ။ သူတို့လှေပေါ်ရောက်ပြီးမကြာခင်သိလိုက်ရတာက ဒီသင်္ဘောဟာ သူတို့ထင်ထားသလိုလူသူကင်းမဲ့နေတဲ့ သင်္ဘောပျက်တစ်ခု မဟုတ်ဘဲထာဝရ ကျိန်စာသင့်နေတဲ့ လူသားစား သင်္ဘောသားတွေရှိနေတယ် ဆိုတာပါ။ ဒီသူတွေက ဘာကြောင့် မသေဆုံးနိုင်ဘဲဒီပင်လယ်ဓားပြလှေနဲ့အတူ မျောပါရွက်လွှင့်နေရတာလဲ။ဒါ့အပြင် သူတို့ကျိန်စာကို ချိုးဖျက်ဖို့အတွက် ဒီကျိန်စာသင့်လူသားတွေ လိုက်လံရှာဖွေနေတဲ့ အရာက အယ်လီနာလိုမျိုးလူသားအမျိုးသမီးတစ်ဦး ဖြစ်နေတဲ့အခါမှာတော့ ....။ File size…944MB / 370MB Quality…WEB-Rip 1080p ...
movie

Ship of the Damned (2024)

Wrath of Dracula (2023)
Wrath of Dracula (2023)   19ရာစုရဲ့စာရေးဆရာ Bram Stokerရဲ့ နာမည်ကြီးဝတ္တု Draculaကို low budget adaptationအနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ တခြား romance vampireဇာတ်လမ်းတွေလိုမဟုတ်ဘဲ သွေးစုပ်ဖုတ်ကောင်ဆိုတဲ့ဖြစ်တည်မှုကို လက်တွေ့ဆန်ဆန် မသတီဖွယ်factတွေနဲ့မကောင်းဆိုးဝါးပုံစံမြင်တွေ့ရမှာပါ။ဇာတ်လမ်းအကျဥ်းထဲမှာတော့ မီနာဟာကာရဲ့ခင်ပွန်း ဂျွန်နသန်ဟာကာက ထရန်စ်လေဗေးနီးရားမှာရှိတဲ့ ဒရာကူလာရဲတိုက်ကို အလုပ်ခရီးနဲ့ရောက်ရှိပြီး ရဲတိုက်မှာပိတ်မိနေခဲ့တယ်။ မီနာဆီကို ဝှက်စာပေးပို့အပြီးမှာ မီနာက အင်္ဂလန်ကနေချက်ချင်းပဲထွက်လာပြီး ခင်ပွန်းဖြစ်သူကို လာကယ်ဖို့ကြိုးစားတယ်။ ရဲတိုက်နားကိုရောက်ရောက်ချင်းမှာ ပရော်ဖက်ဆာဗန်ဟဲလ်ဆင်နဲ့ဆုံပြီး နှစ်ဦးသားပူးပေါင်းရင်း မြို့စားဒရာကူလာနဲ့ရင်ဆိုင်ရပုံကို ဇာတ်လမ်းတည် ရိုက်ကူးထားတဲ့ gothic horror အမျိုးအစားဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1 GB)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Action, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su eaindra
movie

Wrath of Dracula (2023)

I Am Rage (2023)
I Am Rage (2023) ၂၀၂၃ မှာထွက်ရှိခဲ့သော သဲထိတ်ရင်ဖို/ action ဇာတ်လမ်းလေးတစ်ခုပဲဖြစ်ပါတယ်၊ ဇာတ်ညွှန်းရေးဆရာကတော့ ၂၀၂၀ခုနှစ်မှာထွက်ရှိလာတဲ့ Army Of One ကိုရေးသားပေးခဲ့တဲ့ ဇာတ်ညွှန်းဆရာလည်းဖြစ်ပါတယ်၊ Director David Ryan Keith ကတော့ ဒီသည်းထိပ်ရင်ဖို ဇာတ်လမ်းလေးကို ဦးစီးပြီးတော့ပုံဖော်ပြသခဲ့ပါတယ် ဒီကားထဲမှာ Main Character "Erin Bradley" အနေနဲ့သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Hannaj Bang Bendz ကတော့ သရုပ်ဆာင်တာတင်မကပဲ စာရေးဆရာ၊ တည်းဖြတ်ဒါရိုက်တာအနေနဲ့လည်း ရုပ်ရှင်တချို့မှာပါဝင်လုပ်ဆောင်ခဲ့ပါတယ် ဇာတ်လမ်းအညွှန်း Erin Bradley ကတစ်နေ့ သူ့ကောင်လေးရဲ့မိဘအိမ်ကို ခရီးသွားခဏနေရင်းနဲ့ သူ့မိသားစုသရုပ်မှန်ကိုသိရှိခဲ့တဲ့အချိန်မှာ မိသားစုတစ်စုလုံးက လူတွေရဲ့သွေးတွေကိုထုတ်ကုန်အဖြစ်ရောင်းချနေသော အဖွဲ့စည်းတစ်ခုဖြစ်နေတယ်၊ သူတို့မိသားစုကErinကိုမြင်တွေ့နေရတာကကော သူ့ရဲ့တကယ့် သရုပ်မှန်လား, ဒီဇာတ်လမ်းထဲမှာတော့ Erin အနေနဲ့ဘယ်လို အန္တရာယ်တွေနဲ့ ထိပ်တိုက်တွေ့ရမလဲကို မြင်တွေ့ကြည့်ရှုခံစားရမှာပါ File size…(1.3 GB)/(684 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Action, ...
movie

I Am Rage (2023)