Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Hank Azaria
Eulogy (2004)
IMDb 6.5/10 ************************************* ဇာတ်လမ်းကတော့ ကိတ်တီတစ်ယောက် သူနဲ့တစ်ခါမှမဆုံဖူးတဲ့လူတွေကို သတင်းဆိုးတွေသွားပြောပေးရတာနဲ့ ဇာတ်ဖွင့်ထားပါတယ် ဘာလို့သူဒီလိုလုပ်နေရတာလဲဆိုတော့ ဇာတ်ကြောင်းပြန်ရရင် သူ့ရဲ့ချစ်လှစွာသောအဖိုးဆုံးပါးသွားတာကနေ စတော့တာပါပဲဒီလိုနဲ့အဖိုးရဲ့အသုဘကိုအကြောင်းပြုပြီး သူတို့ညီအစ်ကိုမောင်နှမမိသားစုဝင်တစ်သိုက် ပြန်လည်ဆုံဆည်းဖို့အကြောင်းဖန်လာပါတော့တယ် ကိတ်တီဟာ အဖိုးအသုဘမှာချီးမွမ်းဂုဏ်ပြုစကားပြောပေးဖို့ဖြစ်လာရာကနေ မိသားစုတွင်းသဘောထားကွဲလွဲမှုတွေ နှစ်ဦးနှစ်ဖက်တင်းမာမှုတွေ ဖရိုဖရဲဖြစ်နေတဲ့မိသားစုကြားကအလွဲတွေနဲ့ နောက်ဆုံးမိသားစုလျှိူ့ဝှက်ချက်ကြီးကိုရင်ဆိုင်ကြရတဲ့အခါ ဘယ်လိုတွေရှေ့ဆက်ကြမလဲဆိုတာ ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ် မိသားစုဝင်ညီအကိုမောင်နှမတွေကြားက မတည့်အတူနေ ခိုင်မြဲတဲ့သံယောဇဥ်ကြိုးတွေကို dark comedy စတိုင် ပုံဖော်ထားတာမို့ ကြည့်ရှူခံစားကြည့်ကြပါအုံး... File size…(1.6 GB)/(855 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre... Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shwe Eain Si
movie
Eulogy (2004)
7.1
Pretty Woman (1990)
Pretty Woman (1990) Review | ပြည့်တန်ဆာနဲ့ ဘီလီယံနာကြားက ရိုမီယို ဂျူးလိယက်ဇာတ်လမ်းပိုက်ဆံသာရှိရင် လူတွေရဲ့အတွေးအမြင်တွေကို လှည့်စားပစ်နိုင်တယ် – ပြည့်တန်ဆာတစ်ယောက်တောင် ပိုက်ဆံရှိရင် လူတိုင်းကို ဘာမှမပြောနိုင်အောင် လုပ်လို့ရတယ်။ ကျွန်တော် ဒီရုပ်ရှင်ကို Facebook page တစ်ခုက အပိုင်းအတိုလေးတစ်ခု ကြည့်မိရင်း စိတ်ဝင်စားသွားပြီး အစအဆုံးရှာကြည့်ဖြစ်ခဲ့တယ်။ ပထမဆုံးပြောချင်တာကတော့ ကြည့်ရတာတော်တော်လေးတန်တယ်။ ကိုယ်တွေးရင် တွေးသလောက် အဓိပ္ပါယ်ရှိတဲ့ရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းအမြည်းပြောရရင် ဥစ္စာပေါရုပ်ချော ဘီလီယံနာတစ်ယောက်က Edward က ပြည့်တန်ဆာမလေး Vivian နဲ့ ခင်သွားပြီး၊ ဒေါ်လာ ၃၀၀၀ နဲ့ တစ်ပတ်တိတိသူနဲ့ အချိန်ဖြုန်းပေးဖို့ကမ်းလှမ်းတယ်။ Edward က professional ဆန်တဲ့သူတစ်ယောက်ဖြစ်ပြီး Vivian ကို သေချာလေးဂရုစိုက်တယ်။ ကြာလာတော့ သူတို့နှစ်ယောက်ကြားက မေတ္တာဓာတ်က အချစ်အသွင်သို့ ပြောင်းလဲလာခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ သဘောကျဖို့ကောင်းတာက လူတွေရဲ့ ဆက်ဆံပုံတွေပါ။ Vivian ပြည့်တန်ဆာလိုဝတ်စားပြီး shopping ထွက်တဲ့အခါ ဘယ်သူမှသူ့ကို ဝယ်နိုင်တယ်လို့မထင်ကြဘူး။ နောက်ရက် Edward က သူကိုယ်တိုင်လိုက်ဝယ်ပေးပြီး ...
movie
Pretty Woman (1990)
1990
4K HEVC
7.1
Anastasia (1997)
Anastasia (1997) ============= IMDb Rating - 7.1/1020th Century Studios ရဲ့ လက်ရာတဖြစ်လည်း ရုရှားမင်းသမီးအန်နာ စတေးရှားရဲ့ သမိုင်းဝင်ဖြစ်ရပ်မှန်ကို ပြန်လည်သရုပ်ဖော်ထားတဲ့ Animation ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Animated movie တစ်ပုဒ်အနေနဲ့ IMDb 7.1 အထိ ရထားတယ်ဆိုကတည်းက ခေသူလက်ရာတော့မဟုတ်လှ ပါဘူး။ ၂၀ရာစုအစောပိုင်း ဥရောပတိုက်ရဲ့ ယဉ်ကျေးမှုတွေအပါအဝင် Russia နဲ့ France၊ Moscow နဲ့ Paris ကြားက ပထဝီဝင်ဆိုင်ရာ ဆက်နွယ်နေမှုတွေကို လှပစွာသရုပ်ဖော်ရိုက်ကူးထားတဲ့ Musical/ Adventure ရုပ်ရှင်အမျိုးအစား လေးပါ။ရုရှားတော်လှန်ရေးကာလမှာ တော်ဝင်မျိုးနွယ်အများအပြား သွေးချောင်းစီးခဲ့ စဉ်က ထွက်ပြေးလွတ်မြောက်လာနိုင်သူရယ်လို့ ကောလဟာလနဲ့ နာမည်ကျော်တဲ့ မြို့စားမင်းသမီး Anastasia Nikolaevna ရဲ့ ဘဝစွန့်စားခန်းကို Bluth၊ Fox နဲ့ 20th Century Studios တို့က တစ်ဖန်ပြန်လည်စိတ်ကူးပုံဖော်ထားပြီး အကယ် ဒမီဆုပေါင်းများစွာအတွက် ဆန်ကာတင်နိုင်ခဲ့ကာ ဝင်ငွေသန်း ၁၄၀ ကျော်အထိ ရရှိခဲ့တာပဲဖြစ်ပါတယ်။" စပ်စပ်စုစုမေးတယ်လို့တော့ ထင်လိမ့်မယ် ဒါပေမယ့် နန်းတော်ဝင်စီးခံရတုန်းက ဘယ်လိုလွတ်လာခဲ့တာလဲ " ...
movie
Anastasia (1997)
1997
5.8
Happy Feet Two (2011)
ဒီတစ်ခါမှာတော့ ချစ်စရာပင်ဂွင်းလေးတွေရဲ့ Happy Feet Two ဆိုတဲ့ ၂၀၁၁ ခုနှစ်ထွက် Family/Comedy ကာတွန်းကားလေးကို CM version နဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၀၆ ခုနှစ်ကထွက်ရှိခဲ့တဲ့ Happy Feet 1 ရဲ့ Sequel ဖြစ်ပြီး ၁ ကိုမကြည့်ထားရင်တောင်မှ ဒီတိုင်း ၂ ကို စီးမျောကြည့်ရှုလို့ ရနိုင်မှာပါ။ ၁ မှာတုန်းက သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အသိပညာပေးခဲ့သလို ၂ မှာတော့ မိသားစု အသင်းအဖွဲ့စိတ်ဓာတ်က ဘယ်လောက်အရေးကြီးပုံနဲ့ အခက်အခဲတွေကို စိန်ခေါ်မှုအဖြစ် ပြောင်းလဲပစ်တတ်ဖို့ လိုပုံတွေကို တင်ပြထားခဲ့ပါတယ်။ ၂ က ၁ လောက် မအောင်မြင်ခဲ့ပေမဲ့ တခြားသာမန်ကာတွန်းတွေနဲ့ ယှဉ်ရင်တော့ သီချင်းလေးတွေ အကအလှလေးတွေနဲ့ မျက်စိပသာဒဖြစ်စရာမို့ အတော်လေး ကြည့်ပျော်ရှုပျော်ဖြစ်တဲ့ ကာတွန်းကားလေးဖြစ်မှာ။အသံသရုပ်ဆောင်တွေအနေနဲ့လည်း နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Elijah Wood ...
movie
Happy Feet Two (2011)
5.4
The Smurfs (2011)
IMDb - 5.4 2011 တုန်းက ထွက်ရှိခဲ့တဲ့ Smurfs ရုပ်ရှင်က ၃ကားထွက်ရှိခဲ့တဲ့ film serieထဲ ပထမဆုံးကားဖြစ်ပါတယ်။ Neil Patrick Harris,Sofia Vergaraတို့လို နာမည်ကြီးတွေ ပါဝင်ပြီး Hank Azariaက မှော်ဆရာကြီး Gargamelအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အပြာရောင်မှော်ဝင်သတ္တဝါလေးတွေဖြစ်တဲ့ Smurfsလေးတို့ရွာကို မှော်ဆရာကြီး Gargamelက လိုက်ဖျက်ဆီးလို့ထွက်ပြေးရင်းနဲ့ မတော်တဆ လူ့ကမ္ဘာရဲ့portalပွင့်သွားပြီး NewYorkမြို့ကိုရောက်ရှိသွားပါတယ်။အိမ်ပြန်နိုင်ဖို့ကြိုးစားရင်း Patrickဆိုသူရဲ့ အကူအညီနဲ့ Gargamelရဲ့ အနှောင့်အယှက်တွေကြားထဲကဘယ်လိုဆက်ဖြစ်မလဲကြည့်ရမှာပါ။ ကလေးကားဆိုပေမယ့် ဟာသနဲ့ adventureကြိုက်တဲ့လူကြီးတွေလည်းအကြိုက်တွေ့မှာပါ။ပျော်ဖို့လည်းကောင်းပြီး လေးလေးပင်ပင်တွေမကြိုက်တဲ့သူတွေဆိုကြိုက်လောက်မယ့် feel-good movieလေးဖြစ်ပါတယ်။File size…(2.4 GB)/(1.4 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre...Animation, Family, Adventure, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hsu Hlyann Ni
movie
The Smurfs (2011)
6.8
Great Expectations (1998)
ဒီဇာတ်ကားကပေးတဲ့သင်ခန်းစာကတော့ ဘဝမှာ မမျှော်လင့်သင့်တဲ့သူကိုမျှော်လင့်မိရင်၊ အချိန်တန်ဖြတ်သင့်တဲ့ကြိုးကိုမဖြတ်ပဲနေရင် ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရနိုင်တယ်ဆိုတာပါပဲ။ လူတိုင်းက ကိုယ့်လိုမဟုတ်ပါဘူး။ တချို့အရာတွေကို ကိုယ့်ဘက်ကသာ လေးလေးနက်နက်သဘောထားပေမဲ့ တဖက်လူအတွက်ဆိုရင် ကိုယ်ကအသုံးချခံတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။ လူတွေက အချင်းချင်း false hopeတွေပေးတတ်ကြတယ်။ အဲဒါကြောင့် အကောင်းဆုံးက ငါးစာပဲမြင်ပြီးငါးမျှားချိတ်ကိုမမေ့တတ်ဖို့ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်နားနီးမြို့လေးမှာနေတဲ့ ဖင်းဆိုတဲ့ကောင်လေးက မြို့မှာအချမ်းသာဆုံးဖြစ်တဲ့နိုရာဒရစ်ဂါဒင်စမောတို့အိမ်မှာ အလုပ်လုပ်ရဖို့ဖြစ်လာတယ်။ ဒင်စမောဆိုတဲ့အဖွားကြီးက အသဲကွဲပြီးယောကျ်ားတွေကိုမုန်းတီးနေသူပါ။ ဖင်းရဲ့အလုပ်က ထွေထွေထူးထူးမဟုတ်ပဲ ဒင်စမောရဲ့အိမ်က ကလေးမလေးအက်စတယ်လာကိုအဖော်ပြုပေးဖို့ပါပဲ။ အက်စတယ်လာကိုစတွေ့တွေ့ချင်း ချစ်မိခဲ့တဲ့ဖင်းကအပတ်တိုင်း ထိုအိမ်ကိုသွားပြီး ပုံဆွဲ၊ အတူကပေးရင်းအဖော်ပြုပေးခဲ့တယ်။ ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့တဲ့အက်စတယ်လာကို လူပျိုပေါက်အရွယ်ရောက်သည့်တိုင်အောင် ဖင်းရဲ့ခံစားချက်တွေက မပြောင်းလဲခဲ့ပါဘူး။ အက်စတယ်လာ့အတွက်တော့ ဖင်းက အိမ်ကိုလာနေကျအလုပ်သမားတစ်ဦးဆိုတာထက်မပိုခဲ့ဘူး။ ဒါတွေကို ဖင်းဘက်က သိချင်မှသိခဲ့မှာပါ။ အချစ်ဦးအက်စတယ်လာကလည်း သူ့အပေါ်မှာခံစားချက်တွေရှိနေတယ်လို့ ဖင်းက တဖက်သတ်ယုံကြည်နေခဲ့တယ်။ နောက်ပိုင်းမှာ ဖင်းတစ်ယောက်ဘာတွေဆက်ဖြစ်မယ်၊ ဖင်းရဲ့ဘဝဘယ်လိုတွေပြောင်းလဲလာမယ်၊ ဖင်းနဲ့အက်စတယ်လာတို့ရဲ့ကံကြမ္မာကဘယ်လိုပြောင်းလဲလာမယ်ဆိုတာ...။ File size…(2.3 GB)/(1.2 GB)/(620 Mb) Quality….Webrip 1080p / ...
movie
Great Expectations (1998)
DodgeBall: A True Underdog Story (2004)
Peter La Fleur ဆိုတာ ရည်မှန်းချက်မည်မည်ရရ မရှိဘဲ ဘဝကို အေးဆေးဖြတ်သန်းနေတဲ့ လူတစ်ယောက်ပါ။ Average Joe’s ဆိုတဲ့ ရပ်ကွက်အားကစားရုံအသေးလေးတစ်ရုံ ပိုင်ပါတယ်။ သူ့ gym မှာ ကစားနေကျ ဖောက်သည် တစ်သိုက်ရှိပေမဲ့ ပိုက်ဆံမရတာတော့(၁၃)လရှိပါပြီ။ တစ်နေ့မှာတော့ အေးဆေးနေတဲ့ ပီတာ့ဘဝထဲကို သတင်းဆိုးကြီး ဝင်ရောက်လာပါတော့တယ်။ ရက်(၃၀)အတွင်း $50,000 မဆပ်နိုင်ရင် gym ကို ဘဏ်က သိမ်းပါတော့မယ်။ သူတို့ Gym ဘေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးနေတဲ့ Globo Gym က ကားပါကင်လုပ်ဖို့ ဝယ်မှာပါ။ Average Joe’s ဆိုတာ ပီတာတို့ဘော်ဒါတစ်သိုက်အတွက်တော့ အားကစားလုပ်ဖို့ သက်သက်မဟုတ်ပါဘူး။ ဘဝအပန်းပြေစေတဲ့ ခိုနားရာလေးဖြစ်ပါတယ် ။ သူတို့အားလုံးအတွက် အရေးကြီးလို့ အဆုံးရှုံးမခံနိုင်ကြပါဘူး။ဒီတော့ ပီတာနဲ့ ဘော်ဒါတစ်သိုက် ရက်(၃၀)အတွက် $50,000 ရှာဖို့ နည်းမျိုးစုံစဉ်းစားကြရပါပြီ။ ...
movie
DodgeBall: A True Underdog Story (2004)
7.2
The Birdcage (1996)
"ကမ္ဘာပေါ်မှာ ငါ့အတွက်အိမ်လို့ခေါ်နိုင်တဲ့နေရာက တစ်ခုတည်းပဲရှိတယ် အဲဒါကမင်းရှိနေတဲ့နေရာပဲ" Armand Goldman (Owner of the Birdcage)IMDB 7.2, Rotten Tomatoes 83% ရထားတဲ့ ဒီ The Birdcage (1996)ဆိုတဲ့ LGBT/Comedyကားလေးမှာတော့ ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Nathan Lane (Mouse huntမင်းသားကြီး)နဲ့ Robin Williams (Jumamji 1995မင်းသားကြီး)တို့က အဓိကပါဝင်ထားကြတာပါ.."ဇာတ်လမ်းအကျဉ်း" အမျိုးသားတွေက အမျိုးသမီးအဝတ်အစားတွေဝတ်ပြီးကပြဖျော်ဖြေရတဲ့ Dragလို့ခေါ်တဲ့အကရဲ့ Birdcageကလပ်ပိုင်ရှင် တစ်ဖြစ်လည်း ဒါရိုက်တာအာမန်နဲ့ ထူးချွန်တဲ့တင်ဆက်သူ အဲလ်ဘတ်တို့က အတွဲညီတဲ့ အတူနေလိင်တူချစ်သူတွေပေါ့.. စိတ်ခံစားချက် နုနယ်ပြီး ထိလွယ်ရှလွယ် အဲဘ်ဘတ်နဲ့ ရင်ထဲကစကားတွေကို တော်ရုံထုတ်မပြတတ်ပေမယ့် ဂရုစိုက်တတ်တဲ့ အာမန်တို့က လူလတ်ပိုင်းအရွယ်လိင်တူလင်မယားအဖြစ်နဲ့ သားလေးတစ်ယောက်လည်း မွေးထားခဲ့တာပါ.. တစ်ဦးတည်းသော သားလေးကို တုန်နေအောင်ချစ်လို့မဝသေးခင် အခုမှ အသက် ၂၀ အရွယ်သားဖြစ်သူက တစ်နေ့မှာတော့ သူ လက်ထပ်ချင်တဲ့သူရှိပါပြီလို့ တောင်းဆိုလာတဲ့အခါ... ရင်ကွဲပက်လက်ဖြစ် ဟတ်ထိသွားကြပေမယ့်လည်း သားဖြစ်သူစိတ်ချမ်းသာဖို့အရေး လိုက်လျောဖို့တွေးရပါတော့တယ်.. ဒါပေမယ့်လည်း သူတို့သားဖြစ်သူ လက်ထပ်မယ့်သူက ရိုးရိုးသတို့သမီးမဟုတ်ဘဲ ဂုဏ်သရေရှိ လွှတ်တော်အမတ်တစ်ဦးရဲ့ သမီးဖြစ်နေတဲ့အခါမှာတော့... တစ်ဖက်မိဘတွေက ဒီမင်္ဂလာပွဲကို အကန့်အကွက်မရှိ ...
movie
The Birdcage (1996)
Out of the Blue (2022)
ဒီတစ်ခါတော့ မိန်းမမာယာ သဲကိုးဖြာကိုမှ အကွက်ကွက်ကျကျလေးရိုက်ပြသွားတဲ့ ရုပ်ရှင်လေးတစ်ကား တင်ဆက်လိုက်ပါတယ် မိန်းမမာယာတောင်မှ နှစ်ယောက်ဆိုတော့ ဘယ်လိုမှကိုနွံထဲကရုန်းမထွက်နိုင်အောင်ဖြစ်ရပြီပေါ့ဗျာ အရင်က လူသေမှုနဲ့ထောင်ကျခဲ့တဲ့ ကွန်နာဆိုတဲ့ကောင်လေး ဟာ ကမ်းခြေကိုသွားရင်း မာရီလင်းဆိုတဲ့ မမကြီးနဲ့ ဆုံခဲ့ကြတာပါအဲဒီနောက် မာရီလင်းက ကောင်လေးအလုပ်လုပ်တဲ့ စာကြည့်တိုက်မှာ စာအုပ်လာငှားရင်းနဲ့ ဆက်သွယ်မိခဲ့ရာကနေ ခွဲမရအောင်ချစ်မိသွားခဲ့ကြတာပေါ့ အဲဒီအချိန်မှာပဲ မာရီလင်းမှာ အရမ်းချမ်းသာတဲ့ယောကျာ်းရယ် လင်ပါသမီးလေးရယ်ရှိနေပြီး သူ့ကိုလည်းနှိပ်စက်ပါတယ်လို့ ကွန်နာ ကိုဆက်တိုက်ပြောဆိုရာကနေ နောက်ဆက်တွဲဖြစ်လာမဲ့ ဇာတ်လမ်းလေးကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲဗျာFile size…(1.7GB)/(908MB)/(451MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Thriller / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie
Out of the Blue (2022)
6
Night at the Museum: Battle of the Smithsonian (2009)
Night At The Museum: Battle of The Smithsonian (2009) ~ IMDb Rating - 6/10 ~သဘာဝသမိုင်းပြတိုက် ညစောင့်လေး လယ်ရီဟာ သူ့ရည်မှန်းချက်အစစ်ဖြစ်တဲ့ သူတီထွင်ထားတဲ့ အိမ်သုံးပစ္စည်းလေးတွေကို ရောင်းချရင်း လူသုံးကုန်ပစ္စည်းကုမ္ပဏီတစ်ခုအဖြစ် ကြီးကျယ်အောင်မြင်သွားပါပြီ။ ပြတိုက်ေဟာင်းလေးကိုစွန့်ခွာလို့ CEO ကြီး လယ်ရီ ဒဲလ်လေ အဖြစ်နဲ့ပေါ့၊ လောကလမ်းပေါ်မှာ လျှောက်လှမ်းနေလေရဲ့။မိသားစုဖြစ်ခဲ့ဖူးတဲ့ အသိုက်အမြုံလေးဆီကို အလည်တစ်ခေါက် ရောက်လာချိန်မှာ သူသိခဲ့ဖူးတဲ့ ကမ္ဘာလေးကပြိုပျက်၊ အားလုံးက တကွဲစီဝေးရမယ့် အခြေအနေကို ရုတ်တရက်တွေ့လိုက်ရတဲ့ လယ်ရီလေးဟာ ရင်ကွဲပက်လက်။ လူကြိုက်မများတော့တဲ့ ပြတိုက်ထဲက ပစ္စည်းတွေကို ခေတ်မီ သုံးဖက်မြင်စက်ပစ္စည်းနဲ့ အစားထိုးမယ့် အစီအစဉ်တွေကြောင့် သမားရိုးကျအရုပ်လေးတွေက ပြည်ထောင်စုမော်ကွန်းတိုက်ရဲ့ မြေအောက်ခန်းထဲမှာ စွန့်ပစ်ခံရတော့မယ့်အချိန်ပါပဲ။ စကားနာထိုးတဲ့သူတွေရယ်၊ မျက်နှာကိုမကြည့်ချင်လို့ အကြည့်လွှဲတဲ့သူရယ်၊ သူ့ရဲ့ စွန့်ခွာထွက်ပြေးမှုကို စိတ်နာကြတဲ့ မိတ်ဆွေတွေကို လယ်ရီက ...
movie
Night at the Museum: Battle of the Smithsonian (2009)
2009
8.2
Heat(1995)
HEAT(1995) IMDb...8.2,,,,Rotten...86 ဒီကားက ၁၉၉၅ခုနှစ်ကထွက်ခဲ့တဲ့တာဆိုတော့ ၂၀၂၀ ခုနှစ်မှာ နေထိုင်တဲ့ခင်ဗျားတို့အမြင်မှာရိုးစင်းလွန်းတယ် ...ဒီဘက်ခေတ်အမြင်မှာ အဆင့်မရှိလောက်ဘူး ဇာတ်လမ်းကောင်းရင်တောင် ကြည့်ရတာ အံဝင်မယ်မဟုတ်ဘူးလို့ ထင်နေရင်တော့အဲ့ဒီအမြင်ကိုမြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ကျွန်တော်ရဲရဲကြီးပြောလိုက်မယ်....ဒီကားက ဟီးဟီးဟားဟားကွက်တွေ အော်ဂလီဆန်စရာသတ်ဖြတ်မှုတွေ ခြောက်လှန့်မှုတွေမပါဘူး ...ဒါပေမယ့် ပြသချိန် ၃နာရီနားပါးကြီးမှာ တစ်ချိန်လုံးခင်ဗျားဟာ စိတ်လှုပ်ရှားနေတယ်.... ဘာလို့ဆို မတူညီတဲ့ဇာတ်ကောင် ၂ယောက်ရဲ့အားပြိုင်မှုကြောင့်ပဲ..... တစ်ယောက်က ရဲ။... သူ့မှတ်တမ်းတစ်လျှောက်လုံးမှာ ဆိုးပါတယ် လိုက်ဖမ်းရခက်ပါတယ်ဆိုတဲ့ လူတွေကိုမှထောင်ထဲထည့်ခဲ့တဲ့သူ. ..ရဲဌာန တစ်ခုလုံးကလည်း သူ့ကိုလေးစားရတယ်.....အယ် ဒါပေမယ့် တစ်နေ့တော့ သူ့နှုတ်ဖျားက ဒီကောင် အရမ်းတော်တယ်ဆိုပြီး ညည်းညူခဲ့ရတဲ့ ဓားပြတစ်ယောက်ပေါ်လာတယ်... တကယ်တော့ သူပြောတာထက်တောင်ပိုပါတယ်... အဲ့ဒီဓားပြက အကွက်ချတာတော်တယ်... ပတ်ဝန်းကျင်ကိုလေ့လာအကဲဖြတ်ပြီး တစ်ဒင်္ဂအတွင်းအကောင်းဆုံးသော ဆုံးဖြတ်ချက်ကိုချနိုင်တယ်. ....လက်အောက်ငယ်သားတွေကိုကြည့်တယ်...ဒီကားက စစချင်း ၁၀မိနစ်လောက်ကတည်းက ခင်ဗျားတို့အာရုံတွေ ဖမ်းစားလိုက်ပြီ..... ဒီကားထဲက အဓိကသရုပ်ဆောင်မင်းသားကြီး (၂)လက်ဖြစ်တဲ့ Al Pacino နဲ့Robert De Niro ကိုတော့ ...
movie
Heat(1995)
1995
5.3
Godzilla (1998)
ဟောလိဝုဒ်က ရိုက်ကူးထားတဲ့ ဂျပန်တို့ရဲ့ ဂေါ်ဇီလာဇာတ်ကားပါ။ဂေါ်ဇီလာဇာတ်ကောင်ကို မိတ်ဆက်နိုင်ခဲ့ပြီး အားပေးမှုအတော်အတန်ရရှိခဲ့သလိုဝင်ငွေလဲကောင်းခဲ့ပါတယ်။ဒီဇာတ်ကားကနေအစပြုလို့ ဂေါ်ဇီလာပါဝင်တဲ့ MonsterVerse ဇာတ်ကားတွေ တောက်လျှောက်ပေါ်ထွက်လာဖို့ရှိပါတယ်။ File size…(2.3 GB) and (1.2 GB) Quality….Blu-Ray 1080p & 720p Format…mp4 Duration….02:20:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Godzilla (1998)
1998
7.3
The Simpsons Movie (2007)
The Simpsons Movie (2007) IMDB - 7.3/10_____Rotten - 88% ကျွန်တော်တို့ ရုပ်ရှင်ကြည့်ပရိသတ်အတော်များများ Simpsons series တွေမကြည့်ရင်တောင်မှ ဒီ Simpsons မိသားစုကိုတော့ မျက်မှန်းတန်းမိနေကြမှာပါ။နိုင်ငံတကာမှာ အအောင်မြင်ဆုံး Animation Series တစ်ခုဖြစ်ပြီး အခုဆိုရင် Season 28 ကိုရောက်ရှိနေပြီဖြစ်ပါတယ်။Simpsons တွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးတွေကို ခနဲ့တဲ့၊သရော်တဲ့ ပြက်လုံးတွေအပြင် သူတို့ရဲ့အနာဂတ်ခန့်မှန်းချက်တွေက အတော်လေးကိုနာမည်ကြီးပါတယ်။ရိုးရိုးသမားရိုးကျ ကာတွန်းမျိုးမဟုတ်တော့ပဲ Adult Cartoon ပုံစံဖြစ်ပြီး Rick and Morty နဲ့ နည်းနည်းဆင်ပါတယ်။အခုတင်ဆင်ပေးမယ့်ရုပ်ရှင်ကတော့ 2007 ခုနှစ်ကထွက်ရှိထားတဲ့ The Simpsons Movie ပါ။ဒီဇာတ်လမ်းမှာ The Simpsons series ထဲက ဇာတ်ကောင်တွေကိုပဲ ပြန်အခြေခံထားပြီး စပရင်းဖီးလ်မြို့မှာပဲ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ စပရင်းဖီးလ်ရေကန်ကြီးဟာ တစ်နေ့တစ်ခြား အမှိုက်သရိုက်တွေပိုပြည့်နှက်လာပြီး ရေညစ်ညမ်းမှုအခြေအနေက တဖြေးဖြေးနဲ့ပိုဆိုးလာပါတယ်။အဲ့ဒါကို ...
movie
The Simpsons Movie (2007)
2007