Channel Myanmar

Hanani Taylor

Aristotle and Dante Discover the Secrets of the Universe (2022) 7.1
Aristotle and Dante Discover the Secrets of the Universe (2022)  Aristotle and Dante Discover the secrets of the Universeဆိုတဲ့ရုပ်ရှင်ကတော့ ၂၀၂၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ဆယ်ကျော်သက်LGBT အချစ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကအလားတူနာမည်နဲ့ပဲနာမည်ကျော်ခဲ့တဲ့ဝတ္တုကို ဒါရိုက်တာ Aitch Alberto ကရိုက်ကူးပေးထားပြီး Max Pelayo နဲ့ Reese Gonzales တို့ကအဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ BL ပရိသတ်တွေအတွက်အချစ်ဇာတ်လမ်းချိုချိုလေးတစ်ပုဒ်အဖြစ် ချီးကျူးမှုရရှိထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း****************အချိန်ကာလအားဖြင့် ၁၉၈၇ ခုနှစ်နောက်ခံ မက္ကဆီကိုနိုင်ငံအယ်လ်ပါဆိုမြို့က ဆယ်ကျော်သက်ကောင်လေးအာရီဟာနွေရာသီတစ်ခုမှာ သမားရိုးကျမဟုတ်တဲ့ အမေရိကန်နွယ်ဖွားဒန်တီဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံရာကနေစတင်ခဲ့ပါတယ်။ မတူညီမှုတွေအများကြီးရှိတဲ့ကြားကပဲ အာရီနဲ့ဒန်တီဟာ အချိန်တိုအတွင်းအချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ ကားတိုက်ခံရတော့မယ့်ဒန်တီကို အာရီက အသက်နဲ့ရင်းကယ်တင်ခဲ့ပြီးတဲ့နောက် ဒန်တီဟာဖခင်ရဲ့အလုပ်ကြောင့် ချီကာဂိုမှာ တစ်နှစ်ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။အနေဝေးနေတဲ့သူငယ်ချင်းနှစ်ယောက်ကြားမှာ စာတွေအဆက်အသွယ်ရှိနေခဲ့ပြီး တစ်နှစ်နေလို့ ဒန်တီပြန်လာချိန်မှာတော့သူငယ်ချင်းသံယောဇဉ်တွေက အရောင်ပြောင်းနေခဲ့ပါပြီ။ ဒန်တီကအာရီအပေါ်ထားတဲ့သူ့ရင်တွင်းခံစားချက်တွေကိုထုတ်ပြောလိုက်ပြီးတဲ့နောက်အာရီကဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.44GB / 662MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ….. Drama Subtitle….Myanmar Subtitle ...
movie

Aristotle and Dante Discover the Secrets of the Universe (2022)

Fantasy Football (2022) 5.6
Fantasy Football (2022) စိတ်ကူးယဉ်ရုပ်ရှင်ဆန်းဆန်းကောင်းကောင်းလေးတစ်ကားပါ။ဘော်ဘီကိုးလ်မန်းဟာတစ်ချိန်က ဆုရနာမည်ကျော်ဘောလုံးသမားဖြစ်ခဲ့ပေမယ့် အခုချိန်မှာလူငယ်နောက်ပေါက်တစ်ယောက်ရဲ့ ကျော်တက်မှုကြောင့်ခံပြင်းနေရပါတယ်။ အဲ့ဒီလူငယ်ကစားသမားရဲ့အိမ်ပါတီကအပြန် ပါလာတဲ့လက်ဆောင်ကိစ္စ သမီးငယ်နဲ့ စကားများကြရာက နှစ်ယောက်လုံးမိုးကြိုးပစ်ခံလိုက်ရပါတယ်။ နောက်တစ်နေ့မှာတော့ ဘောလုံးဂိမ်းမှာကျွမ်းကျင်အဆင့်သူ့သမီးငယ်ဟာ ဂိမ်းခလုတ်ကတစ်ဆင့်ကွင်းထဲက သူ့ရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ကြောင်းအမှတ်မထင်တွေ့ရှိပြီးသွားတဲ့နောက်မှာတော့.. ဘော်ဘီ့အနေနဲ့မကြေပွဲတွေအကြိမ်ကြိမ်နွှဲရင်းအရင်လိုအောင်မြင်မှုမျိုးတွေ ပြန်လည်ရရှိလာပါတော့တယ်။ ဒါပေမယ့်လဲ တစ်ဖက်က သမီးငယ်ဖြစ်သူ ကာလီကတော့ အောင်မြင်လာတဲ့သူ့အဖေရဲ့ အရှိန်နဲ့ ကိုယ်ပိုင်ဘဝတစ်ခုလုံး ပျောက်ဆုံးလာတယ်လို့ခံစားမိတဲ့နောက် ကတောက်ကဆဖြစ်ပြီး သူ့နောက်ကွယ်ကနေ ဗီဒီယိုဂိမ်းမကစားပေးနိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ဘော်ဘီ သိပ်လိုချင်ခဲ့တဲ့ အောင်မြင်မှုကနေလွဲချော်သွားတော့မလား? ဒီလိုမရိုးဖြောင့်တဲ့နည်းနဲ့ရတဲ့အောင်မြင်မှုတွေကို သူဘယ်ချိန်ထိဆက်လိုချင်နေဦးမလဲ? သူ့ဘဝရဲ့ တကယ်တမ်းဦးစားပေးတွေက ဘာလဲ ဆိုတာတွေကို ဆုံးဖြတ်ရွေးချယ်ဖို့ဖြစ်လာပါတော့တယ်။ အားကစားနောက်ခံ စိတ်ကူးယဉ် မိသားစု ဇာတ်ကားလေးတစ်ကားဖြစ်ပြီး သွက်လက်မြူးကြွတဲ့ဇာတ်အိမ်၊ နောက်ခံသီချင်း အမိုက်စားတွေနဲ့အတူ ကြည်နူးနွေးထွေးမှုအပြည့်နဲ့ခံစားရမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.7GB)  / (1.25GB) / (679MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre... Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie

Fantasy Football (2022)