Channel Myanmar

Hana Malasan

The Train of Death (2024)
The Train of Death (2024)  သရဲကားကောင်းတွေ ကြိုက်နှစ်သက်သူ cm ပရိသတ်ကြီးကိုအင်ဒိုသရဲကားကောင်း တစ်ကားဖြစ်တဲ့ The Train of Death(အင်ဒိုလို Kereta berdarah)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူရ်နားမားနဲ့ ကမ်ဘန်လို့ခေါ်တဲ့ ညီအစ်မနှစ်ဦးဟာ ဆန်ခါရာအပန်းဖြေစခန်းကို အလည်အပတ်သွားရောက်ဖို့ အတွက်အထူးစီစဉ်ထားတဲ့ ရထားကို စီးနင်းလာခဲ့ကြပါတယ်။ရထားစီးနင်းလာတဲ့ လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့အရာတွေကိုရထားပေါ်မှာ ကြုံရတဲ့အပြင် လှိုဏ်ခေါင်းတစ်ခုကို ဝင်ရောက်ချိန်မှာရထားနောက်ဆုံးတွဲဖြစ်တဲ့ ပဥ္စမမြောက်အတွဲ ပြုတ်ထွက်ကျန်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ သူမတို့ ညီအစ်မနှစ်ဦးဘယ်လိုတွေဆက်လုပ်ကြမလဲ။ကျန်ရစ်ခဲ့တဲ့ ရထားတွဲထဲက ခရီးသည်တွေက ဘယ်လိုကံကြမ္မာတွေ ရင်ဆိုင်ကြရမလဲ။ ဒီရထားနဲ့ ပတ်သတ်ပြီးကြောက်မက်ဖွယ် အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အချိန်ရထားတွဲ ခေါင်းတွဲတစ်တွဲသာ ကျန်တော့တဲ့အချိန်မှာတော့.....။ File size…1.49GB / 688MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

The Train of Death (2024)

Susuk (2024) 5.5
Susuk (2024) Susuk (2024) အညွှန်းဒီအင်ဒိုသရဲကားကိုမကြည့်ခင်မှာ အားလုံးကို Susuk ရဲ့ အဓိပ္ပါယ်ကိုရှင်းပြပါမယ်။ Susuk ဆိုတာ ‌ရွှေအပ်လေးတစ်မျိုးဖြစ်ပြီး လူခန္ဓာကိုယ်ရဲ့ တစ်ရှူးအလွှာထဲကို ထိုးထည့်ရတဲ့အရာပါ။ Susuk မှာ အလှအပသက်သက်အပြင် အဆစ်အမြစ်နာကျင်ခြင်းနှင့် အခြားအသေးစားရောဂါများကို ကုသခြင်းအထိ ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။ ဤအလေ့အကျင့်ကို ထိခိုက်ဒဏ်ရာရခြင်းနှင့် မတော်တဆထိခိုက်မှုမှ အကာအကွယ်အဖြစ်လည်း အသုံးပြုကြပါတယ်။ Susuk အလေ့အကျင့်ကို ဒေသအတွင်း အစ္စလာမ္မစ်အသွင်ကူးပြောင်းရေး မတိုင်မီကတည်းက ယခုခေတ်အစ္စလာမ့်ပညာရှင်များ ( ဟရာမ် ) မှ တားမြစ်ပိတ်ပင်ထားပါတယ်။ Susuk ကို ဂါထာများဖြင့် မြှပ်နှံထားသည်ဟု ဆိုကာ ၎င်း၏ ထိရောက်မှုကို တိုးမြှင့်ရန်အတွက် တစ်ချိန်တည်းတွင် ပြုလုပ်လေ့ရှိပါတယ်။ Susuk ကို မသေဆုံးမီ ဖယ်ရှားရန် လိုအပ်ပြီး မဟုတ်ရင် လူက သေဆုံးရန် ခက်ခဲမည် ဟုလည်း ဆိုကြတယ်။ ထို့ကြောင့် သက်ဆိုင်သူက အသက်ကြီးလာတဲ့အခါ ဒါမှမဟုတ် နာမကျန်းဖြစ်တဲ့အခါတွေမှာ Susuk ကို ဖယ်ရှားကြတာများတယ်။ Susuk ကို ဖယ်ရှားခြင်းက တတ်ကျွမ်းသူ၏ ကျွမ်းကျင်မှုလည်း ...
movie

Susuk (2024)

2024
Ben & Jody (2022) 5.4
Ben & Jody (2022) Ben & Jody (2022) ဘန်ကတော့ သူ့ရဲ့  မွေးရပ်ဇာတိလေးမှာပဲ အေးအေးလူလူနဲ့ ကော်ဖီလုပ်ငန်းလေး လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။တစ်နေ့မှာတော့ ကုမ္ပဏီကြီးတစ်ခုက ဘန်တို့ ရွာသားတွေ လယ်သမားတွေရဲ့  မြေတွေကို အတင်းအဓမ္မ သိမ်းယူဖို့ ပြင်ဆင်နေတယ်ဆိုတာကို သိလိုက်ရတဲ့အတွက် ဘန်က လယ်သမားတွေကို ဦးဆောင်ပြီး ဆန္ဒပြ ဆန့်ကျင်ခဲ့ပါတယ်။ဒီလိုတွေဖြစ်ပြီး သိပ်မကြာလိုက်ပါဘူး ဘန် ကို ကုမ္ပဏီက ငှားထားတဲ့ လူမိုက်တွေက ရိုက်နှက်ပြီး ဖမ်းဆီး ထားလိုက်ပါတော့တယ်။ ဘန်လိုပဲ အခြား ဖမ်းဆီး ရီုက်နှက်ခံရတဲ့ ရွာသားတွေကလည်း အများကြီး ... တစ်နေ့မှာတော့ ဘန် တစ်ယောက် သူ့ရဲ့ ကော်ဖီဆိုင်ဖွင့်ပွဲကို မရောက်လာလို့ ဆိုပြီး ဘန်ရဲ့ သူငယ်ချင်း ဂျိုဒီက ရွာကို လာပြီး အကျိုးအကြောင်း စုံစမ်းမေးမြန်းတော့မှ ဖြစ်ကြောင်းကုန်စင် သိသွားပြီး ဘန်နဲ့ အဖမ်းခံထားရတဲ့ လူတွေကို ကယ်တင်ဖို့ ကြိုးစားတဲ့အခါ ...
movie

Ben & Jody (2022)

2022