Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Halle Berry
6.7
The Union (2024)
မင်းသားကြီး Mark Wahlberg ရဲ့ နက်ဖလစ်ရုပ်ရှင်အသစ်လာပါပြီ။ စပိုင် အက်ရှင် ဟာသ အမျိုးအစားပါ။ဇာတ်လမ်းနာမည်အတိုင်းပဲ ယူနီယံဆိုတဲ့ လျှို့ဝှက်အေဂျင်စီတစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။မိုက်ခ်ဟာ ဆောက်လုပ်ရေးအလုပ်သမား၊ ဘဝကိုပျော်ပျော်ဖြတ်သန်းနေတဲ့ အခြေခံလူတန်းစားတစ်ယောက်ပါပဲ။တစ်နေ့မှာတော့ သူ့ရဲ့ အဆက်ဟောင်း ရော့ဆန်းက သူ့မြို့လေးကိုရောက်လာပြီး သူ့ကို ထူးဆန်းတဲ့အလုပ်တစ်ခု ပေးလာပါတယ်။ဒါကတော့ လျို့ဝှက်စပိုင်အေဂျင်စီတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ပါပဲ။ ဒီလို လူသစ်ကို ခေါ်ရတဲ့အကြောင်းက စီအိုင်အေအေးဂျင့်တစ်ယောက်က သစ္စာဖောက်သွားပြီး တစ်ကမ္ဘာလုံးက အမေရိကန်ဝန်ထမ်းတွေ အေးဂျင့်တွေအကုန်လုံးရဲ့ အချက်အလက်တွေကိုရောင်းစားဖို့ ခိုးသွားလို့ပါပဲ။ဒီတော့ နေ့ချင်းညချင်း စပိုင်ဖြစ်လာတဲ့မိုက်နဲ့ သူ့အဆက်ဟောင်းရော့ဆန်းတို့ အကြမ်းဖက်သမားတွေ သစ္စာဖောက်တွေနဲ့ အပြိုင်အချက်အလက်တွေကို ပြန်လုရတဲ့အခါ.... File size…1.77GB / 1.01GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
The Union (2024)
3.4
Catwoman (2004)
Catwoman (2004) Genre - Action,Crime,Fantasyဒီတစ်ခါမှာတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသမီးကြီး Halle Berry ပါဝင်သရုပ်ဆောင်ထားတဲ့ Catwoman နဲ့မိတ်ဆက်ပေးပါမယ်။ Patience ဟာ Hadre အလှကုန်ကုမ္ပဏီမှာ ဒီဇိုင်းဆွဲတဲ့အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ သူ့တိုက်ခန်းမှာဒီဇိုင်းဆွဲနေတုန်း ကြောင်လေးတစ်ကောင်ခေါင်မိုးပေါ်ရောက်နေတာတွေ့တာနဲ့ ပြတင်းပေါက်ကထွက်ပြီးကယ်ဖို့လုပ်ပါတော့တယ်။အဲဒီလိုကယ်နေတဲ့အချိန်မှာပဲ လမ်းကဖြတ်သွားတဲ့ စုံထောက်ကြီးတစ်ယောက်က ခုန်ချမယ်ထင်ပြီး လာကယ်ရင်းနဲ့ပဲ Patience နဲ့ စုံထောက်ကြီးတို့ခင်မင်သွားပါတော့တယ်။ တစ်နေ့ Patience တစ်ယောက် ကုမ္ပဏီကခိုင်းထားတဲ့ဒီဇိုင်းကိုစက်ရုံအထိသွားပေးရပါတယ်။ စက်ရုံကလျှို့ဝှက်ချက်တစ်ခုကိုမထင်မှတ်ပဲ သိသွားတာကြောင့် ကံဆိုးမိုးမှောင်ကျပြီး အသတ်ခံလိုက်ရပါတယ်။Patience တစ်ယောက်သေသွားတယ်ဆိုပေမဲ့ သူကယ်ခဲ့တဲအီဂျစ်နတ်ဘုရားမရဲ့တမန်တော်ကြောင်လေးရဲ့ အစွမ်းနဲ့ အသက်ပြန်ရှင်သန်လာခဲ့ပါတယ်။ ပြန်ရှင်သန်လာတဲ့အခါမှာ Patience တစ်ယောက် အရင်လိုမဟုတ်တော့ပါဘူး။ အထိအတွေ့၊ အနံ့ အာရုံခံမှုတွေဟာ လူသားတစ်ယောက်နဲ့မတူတော့ဘဲ ထူးခြားနေပါတယ်။ အဲဒီညကကိစ္စကိုလည်း မမှတ်မိပါဘူး။ ဒီလိုနဲ့ ကြောင်အစွမ်းတွေရပြီး ကြောင်လူသားဖြစ်သွားတဲ့ Patience ဟာ သူ့စိတ်ထင်ရာလျှောက်သွားလိုက်၊ လူဆိုးတွေကိုဝင်ဖမ်းလိုက်နဲ့ သတင်းတွေမှာနာမည်ကြီးလာပါတယ်။ နောက်ပိုင်းမှာ သူအသတ်ခံခဲ့ရတဲ့အဖြစ်မှန်ကိုသိပြီး သတ်ခဲ့တဲ့လူနဲ့ သတ်ခဲ့တဲ့အကြောင်းအရင်းကိုရှာပုံတော်ဖွင့်ပါတော့တယ်။ Catwoman တစ်ယောက် ကုမ္ပဏီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီး တရားမျှတမှုကိုရှာဖွေနိုင်မလားဆိုတာကို မမရဲ့ အမိုက်စားတိုက်ခိုက်မှုပြကွက်တွေနဲ့တင်ဆက်ပေးထားတာကြောင့်ကြည့်ရှုခံစားလိုက်ပါဦး။File size… 2.1 GB / 971 ...
movie
Catwoman (2004)
6.5
Swordfish (2001)
Swordfish (2001) " Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် " ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating - 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ ...
movie
Swordfish (2001)
2001
6.4
Robots (2005)
တချို့ဇာတ်ကားတွေက ထွက်ရှိတာ ဘယ်လောက်ပဲကြာခဲ့ပါစေ၊ ပိုစတာလေး မြင်ရုံ၊ ဗီဒီယိုအတိုအစလေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်နဲ့ အဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်လာတဲ့ Nostalgiaလို့ခေါ်တဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀နှောင်းပိုင်းမွေးသူတွေအဖို့ ထိုခံစားချက်ကို အပေးနိုင်ဆုံး ဇာတ်ကားတွေက animationလို့ခေါ်ရမယ့် ကာတွန်းကားတွေပဲ ဖြစ်မယ် ထင်ပါတယ်။VCDခေတ်ကစလို့ တရုတ်ကလာတဲ့ ၃၂ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်းခွေတွေ၊ ၄ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေတွေ စသဖြင့် ကျွန်တော်တို့ ကလေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကားတွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆိုတာ အတော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အတော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ဒီ Animationကို 20th Century Foxကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Ratingတွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်ရတဲ့ခံစားချက်ကိုက သဘောကျဖို့ကောင်း နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့လေးမှာ ကြီးပြင်းလာတဲ့ ရော့ဒ်နီ ကော့ပါးဘော်တွန်ဆိုတဲ့ စက်ရုပ်လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်တွေကို ကူညီပေးဖို့ အထုံ ပါလာသူပဲ ...
movie
Robots (2005)
2005
7.0
The Last Boy Scout(1991)
ကျွန်တော်တို့ရဲ့ Die Hard မင်းသားကြီး ဘရုစ်ဝီလီရဲ့ 90 ခုနှစ်က ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်.ဂျိုးဟယ်လမ်ဘက်ခ်ဟာ အကောင်ကြီးကြီး တစ်ပွေနဲ့ ပြဿနာဖြစ်ပြီးလျို့ဝှက်စုံစမ်းရေးအဖွဲ့ကနေ ရာထူးချခံခဲ့ရပြီး အလွတ်စုံထောက် လုပ်နေခဲ့သူ ဖြစ်ပါတယ်. တစ်ရက် အိမ်ပြန်လာချိန်မှာတော့.သူ့အချစ်ဆုံးသူငယ်ချင်းက သူ့မိန်းမ နဲ့ တကူကူးနေတာကို မိသွားခဲ့ပြီးသူ့အတွက် ကမ္ဘာကြီးပျက်သလို ခံစားနေရပေမယ့်. ပြောထွက်ခဲ့တဲ့ စကားလုံးတွေကဟာသဆန်နေခဲ့သလို သူ့သူငယ်ချင်း မိုက်အပေါ် လက်သီးတစ်ချက်နဲ့သာ တုံ့ပြန်ခဲ့သော်လည်းကံကြမ္မာက မျက်နှာသာမပေးခဲ့လို့ မိုက်တစ်ယောက် ကားဗုံးကွဲပြီး သေသွားခဲ့ပါတယ်သွားလေသူ မိုက် ရဲ့စောင့်ကြည့်ရေးအလုပ်ကို လကပြောင်းလွှဲယူခဲ့ကာသူ စောင့်ကြည့်ပေးနေတဲ့ မိန်းကလေး ကိုရီပါ အသတ်ခံရတဲ့အချိန်မှာတော့ဒီကိစ္စက သာမန်ကိစ္စမဟုတ်ဘဲ နောက်ကွယ်က အာဏာရှိတဲ့အဖွဲ့အစည်းတစ်ခုရဲ့လက်ချက်မှန်းသဘောပေါက် သွားခဲ့ပါတယ် ကိုရီသေဆုံးမှုကို သူ့ရဲ့ရည်းစား ဘောလုံးကစားသမားဟောင်း ဂျင်မီဒစ်ဇ် နဲ့ပူးပေါင်းပြီး ထောက်လှမ်းဖော်ထုတ်ပုံများကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.File size…2.5GB / 824.2MB Quality…Blu-Ray 1080p 5.1CH ...
movie
The Last Boy Scout(1991)
Executive Decision(1996)
Executive ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်ပြသခဲ့ပြီးတော့ ကျွန်တော်တို့ ငယ်ငယ်က အနည်းနဲ့အများကြည့်ဖူးကြတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဤရုပ်ရှင်မှာ မင်းသားကြီး Steven Seagal, Kurt Russelတို့သရုပ်ဆောင်ထားတဲ့အပြင် ထိုအချိန်က တက်သစ်စသရုပ်ဆောင်တွေဖြစ်တဲ့ John Leguizamo နဲ့ မင်းသမီး Halle Berry တို့ကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ Harrison Ford သရုပ်ဆောင်ထားတဲ့ Air Force One ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီလိုဇာတ်လမ်းနဲ့ ရင်းနှီးနေမှာပါ။၁၉၉၀ ပြည့်နှစ်တွေတုန်းက အက်ရှင်ဇာတ်ကားအများစုရဲ့ ထုံးစံအတိုင်းပဲ အရှေ့အလယ်ပိုင်းက အစွန်းရောက်အကြမ်းဖက်သမားတွေဟာ ဒီရုပ်ရှင်ရဲ့ ဗီလိန်ပါပဲ။ ဒီအကြမ်းဖက်သမားတွေက ဂရိနိုင်ငံအေသင်မြို့ကနေ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီကို ပျံသန်းနေတဲ့ လေယာဥ်တစ်စီးမှာ လိုက်ပါလာပြီးတော့ လမ်းခုလတ်မှာ လေယာဉ်ပြန်ပေးဆွဲစီးနင်းလိုက်ပါတော့တယ်။ သူတို့က အမေရိကန်စစ်တပ် ဖမ်းဆီးထားတဲ့ သူတို့ရဲ့ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ လေယာဥ်ကိုပြန်ပေးဆွဲတယ် ပြောပေမယ့် ထောက်လှမ်းရေးအရာရှိ ဒေးဗစ်ဂရန့်(Kurt Russel)ကတော့ အဲဒီလိုမထင်ခဲ့ပါဘူး။ အဲဒီမှာ ...
movie
Executive Decision(1996)
7.5
John Wick: Chapter 3 – Parabellum (2019)
John Wick: Chapter 3 – Parabellum (2019) IMDb - 7.5/10_____Rotten - 90%Chapter 2 မှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး John wick ဟာ သူတို့လောကရဲ့ အကြီးမားဆုံးသောစည်းမျဉ်းကိုချိုးဖောက်ခဲ့လေတော့ဒေါ်လာ 14 million နဲ့ ဆုကြေးအထုတ်ခံရတဲ့အပြင် အချိန်အနည်းငယ်ပဲရခဲ့လေတော့ ဖရိုဖရဲနဲ့ ထွက်ပြေးခဲ့တာကို အားလုံးအမှတ်ရကြမယ်ထင်ပါတယ်.... ဆိုတော့ Chapter 3 နဲ့ပတ်သက်လို့ထွေထွေထူးထူးညွှန်းဆိုစရာမလိုတော့ဘူးထင်ပါရဲ့... ကိုင်း ကျွန်တော်တို့ရဲ့ John Wick ကြီး ဘယ်လိုတွေ အသက်ရှင်သန်ရေးအတွက်လှုပ်ရှားမလဲ.... ဘယ်သူတွေကရော သူ့ဘက်ပါမလဲ.... ဒုစရိုက်လောကသားအားလုံးဟာလည်း John Wick ကြီးကို သတ်ဖို့ဘယ်လိုတွေအားထုတ်ကြမလဲဆိုတာကို တော့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်ခံစားကြည့်လိုက်ပါ... (function(f,b,n,j,x,e){})(); File Size : (2.9 GB) and (1.04 GB) Quality : Blu-Ray 1080p 5.1 CH and Blu-Ray 720p Format… mp4 Duration…02:10:00 Genre : Action, Crime, Thriller Subtitle : Myanmar ...
movie
John Wick: Chapter 3 – Parabellum (2019)
2019
HEVC 1080p 5.1
5,8
Gothika(2003)
Gothika (2003)ဒီတစ်ခေါက် CM ပရိတ်သတ်တွေကို ၂၀၀၃တုန်းက ထွက်ရှိထားတဲ့Gothika ဆိုတဲ့ သည်းထိပ်ရင်ဖိုသဘာ၀လွန်ရုပ်ရှင်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်R Rated လဲရထားပြီး ဆု၆ခုထိရထားတဲ့ Horrorကားတကားမလို့ အတော်လေးကောင်းတဲ့ထဲပါပါတယ် Castပိုင်းမှာဆိုရင်လဲ Robert Downey Jrလိုသရုပ်ဆောင်ကောင်းတစ်ယောက်ပါ ပါဝင်ထားတာမလို့ ရုပ်ရှင်ကားကောင်းတခုဆိုတာညွှန်းလိုပါတယ်.....ဇာတ်လမ်းအကျဉ်းလေးကတော့Miranda ဆိုတဲ့ စိတ်ရောဂါအထူးကုဆရာ၀န်တစ်ယောက်ဟာ မိုးရွာတဲ့ညတစ်ညမှာအိမ်ပြန်ရင်း လမ်းမှာ မိန်းကလေးတစ်ယောက်ကိုတိုက်မိမလိုဖြစ်ရာကနေရှောင်ရင်း ယာဉ်တိုက်မှုဖြစ်သွားခဲ့ရပါတယ်။နောက်တစ်နေ့ သူပြန်နိုးလာတဲ့အချိန်မှာတော့ သူအလုပ်လုပ်ရာအကျဉ်းထောင်ရဲ့အကျဉ်းခန်းကို ရောက်နေပြီးယောက်ျားဖြစ်သူက ရက်ရက်စက်စက်အသတ်ခံခဲ့ရကြောင်းနဲ့ သူကသံသယရှိသူဖြစ်နေကြောင်းကိုသိလိုက်ရတော့Miranda တစ်ယောက်တုန်လှုပ်သွားခဲ့ရပြန်ပါတယ်။သူမြင်နေတဲ့မိန်းကလေးကလည်းသေပြီးသားသူဖြစ်နေတဲ့အပြင် ယောက်ျားဖြစ်သူကိုမသတ်ကြောင်း အဲမိန်းကလေးကိုမြင်မြင်နေရကြောင်းပြောတော့လည်း ဘယ်သူကမှသူ့ကိုမယုံကြဘဲစိတ်ရောဂါသည်ကြီးလို့ထင်ကုန်ကြတဲ့အချိန်မှာ Miranda တစ်ယောက် မရူးကြောင်းဘယ်လိုသက်သေပြမလဲထောင်ထဲရောက်နေရတဲ့ပြဿနာကို တစ်ယောက်တည်းဘယ်လိုဖြေရှင်းသွားမလဲဆိုတာကိုသည်းထိပ်ရင်ဖိုကြည့်ရမယ့် ဇာတ်ကားလေးတစ်ကားမို့ ကြည့်ရှုအားပေးကြပါဦး File size…2GB / 900MB Quality…1080p BluRay AAC 5.1CH / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Allena
movie
Gothika(2003)
2003
5.3
Moonfall (2022)
Moonfall (2022) ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ ...
movie
Moonfall (2022)
2022
7.7
Kingsman: The Golden Circle(2017)
ဒီဇာတ်ကားဟာ 2014 က ထွက်ခဲ့တဲ့ Kingsman: The Secret Service ရဲ့ အဆက်ဖြစ်ပါတယ်။အက်စီဟာ Kingsman ရဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဆရာဖြစ်သူဟယ်ရီဟာ့ဒ် သေဆုံးသွားပြီးတဲ့နောက် ဂဲလာဟဒ်နာမည်နဲ့ပဲဆက်လက်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။တစ်ရက်မှာတော့ လက်တဖက်ပြတ် ချာလီရဲ့ လုပ်ကြံမှုကနေ သီသီလေးလွတ်မြောက်ခဲ့ပေမယ့် အက်စီနဲ့ မာလင်ကလွဲရင် ကျန်တဲ့Kingsman Agents အားလုံး လုပ်ကြံခံလိုက်ရပါတယ်။အဲ့လိုနဲ့ အက်စီနဲ့ မာလင်တို့ Statesman ဆိုတဲ့အဖွဲ့အစည်းနဲ့ချိတ်ဆက်မိပြီး သေပြီလို့ ယူဆထားခဲ့တဲ့ ဟယ်ရီဟာ့ဒ်နဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ဒါပေမယ့် ဟယ်ရီက အတိတ်မေ့နေပြီး Kingsman နဲ့ပတ်သက်သမျှဘာမှမသိတော့တဲ့အခါ သူ့ကို ပြန်ပြီး မှတ်ဉာဏ်ပေါ်လာအောင်နည်းမျိုးစုံကြိုးစားကြရင်း The Golden Circle ဆိုတဲ့ မူးယစ်အကြမ်းဖက်အဖွဲ့ရဲ့ လူသန်းပေါင်းများစွာသေစေနိုင်မယ့် အစီအစဉ်ကိုရပ်တန့်နိုင်ဖို့ကြိုးစားကြရပါတော့တယ်။ဒီဇာတ်ကားဟာ 2014 ကထွက်ခဲ့တဲ့Kingsman: The Secret Service ထက် မြုပ်ကွက်တွေပိုများပြီးAction Scene တွေကလဲ ကြည့်ရှူသူအကြိုက်တွေ့စေမှာသေချာပါတယ်။ဟာသလေးတွေရယ်၊ John Denver ...
movie
Kingsman: The Golden Circle(2017)
5.2
Bruised (2020)
Bruised (2020)============လူတွေဟာ တစ်ခါတစ်လေမှာ ကိုယ်ကိုယ်တိုင်က ဘာမှမဟုတ်ပေမယ့် ကိုယ့်ကိုမှီခိုအားကိုးတဲ့လူတွေကြောင့် လူစွမ်းကောင်းဖြစ်မှန်းမသိဖြစ်ခဲ့ရပါတယ်တဲ့။ရုပ်ရှင်မင်းသမီးတစ်ဖြစ်လဲ ဒါရိုက်တာ ဟယ်လီဘယ်ရီ ရိုက်ကူးထားပြီး သူကိုယ်တိုင် သရုပ်ဆောင်ထားသောအမျိုးသမီးလက်ဝှေ့ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကြီးကြီးမားမားရှုံးနိမ့်ခဲ့ရလို့ ကြိုးဝိုင်းကိုကျောခိုင်းခဲ့တဲ့အမျိုးသမီးလက်ဝှေ့ကျော် ဂျက်ကီဂျက်စတစ်တစ်ယောက် အရှုံးသမားဘဝနဲ့ ရုန်းရင်းကန်ရင်း တစ်နေ့မှာမမျှော်လင့်ပဲမြေအောက်တိုက်ခိုက်ပွဲတစ်ခုကိုရောက်သွားခဲ့ပြီးတော့ မခံချင်စိတ်နဲ့ လက်စွမ်းပြခဲ့မိပါတယ်။အဲဒီနောက်မှာတော့ အိမ်ပြန်လာရင်းနဲ့ ကလေးတစ်ယောက်ကို မွေးမြူဖို့ဖြစ်လာတဲ့အခါမှာတော့ ကိုယ့်ရင်သွေးအတွက်ကိုယ်ကြောက်တဲ့ ကြိုးဝိုင်းကိုပြန်လည် မျက်နှာ ချင်းဆိုင်ဖို့ ကြိုးစားခဲ့တာကို ရိုက်ကူးပုံဖော်ထားပါတယ်။ဒီကားလေးဟာ အမျိုးသမီးတွေရဲ့ မိခင်မေတ္တာနဲ့ လုပ်နိုင်စွမ်းတွေကို အသားပေးရိုက်ကူးပြသထားတာမို့လို့ စိတ်ခွန်အားဖြစ်စေမယ့် ကားတစ်ကားဆိုလည်း မမှားတာမို့ လက်ဝှေ့ကြိုက်သူများ၊ Surviving Motivation လိုအပ်နေသူများအတွက် ကြည့်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Tar Tee Poe မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။ ) File Size - (1.16 GB )Quality – ...
movie
Bruised (2020)
2020
7
Monster’s Ball(2001)
Monster's Ball ဆိုတဲ့စကားလုံးဟာ ရှေးအင်္ဂလိပ်အသုံးအနှုန်းတစ်ခုဖြစ်တယ်။ သေဒဏ်ကျလူတစ်ယောက်ရဲ့ နောက်ဆုံးည ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဒီကားတစ်ကားလုံးရဲ့ ဇာတ်ရှိန်နဲ့ အဖြစ်အပျက်တွေကလည်း အဲဒီညကနေ အစပြုတယ်။ ပါဝင်တဲ့ဇာတ်ကောင်တစ်ကောင်ချင်းစီဟာ သူ့ကျရာဇာတ်ရုပ်နဲ့ လုံးဝသွေဖီခြင်းမရှိလောက်အောင်ထိကို ကောင်းလွန်းခဲ့တယ်။ ကျွန်တော်အကြိုက်ဆုံး ဇာတ်ကောင်ကတော့ Heath Ledger နဲ့ Halle Berry ရဲ့ ဇာတ်ကောင်တွေပဲ။ ဒီရုပ်ရှင်ဟာ Heath Ledger ရဲ့ သရုပ်ဆောင်ဘဝ အစပိုင်းကို အရောင်တင်ပေးခဲ့တဲ့ ဇာတ်ကားဖြစ်ခဲ့တယ်။ Halle Berry အတွက်လည်း အော်စကာဆုကြီးကို ပိုင်ပိုင်နိုင်နိုင် ဆွတ်ခူးနိုင်စေခဲ့တဲ့ကားဖြစ်တယ်။ ဒီကားရဲ့ ဇာတ်လမ်းကို ပြောပါဆို ကျွန်တော်ပြောတတ်မှာမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်း မင်းသားနဲ့ မင်းသမီးညားကြတဲ့ကားဆိုပြီး ပြောလိုက်ရင် ဒီရုပ်ရှင်ကို စော်ကားရာကျသလိုဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဒီရုပ်ရှင်ကြည့်ပြီး ရလာတဲ့ ခံစားချက်တွေကတော့ တစ်ပတ်လောက်ထိ ဆက်ရှိနေမှာ အသေအချာပါပဲ။ ဒါပေမယ့် ဇာတ်လမ်းကို သေချာပိုင်းခြားလိုက်ရင် နှစ်ပိုင်းတော့ ထွက်လာနိုင်တယ်။ Hank ...
movie
Monster’s Ball(2001)
2001
6.1
[James Bond] Die Another Day (2002)
***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.to/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ နောက်ဆုံးဘွန်းဇာတ်ကားဖြစ်ပါတယ်..Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်…ကြင်အင်လက္ခဏာ…တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ….နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..ဒီဇာတ်ကားမှာလဲ Action ပိုင်း ကြမ်းလှသလို စက်ပစ္စည်းအသစ်အဆန်းများလည်း အများအပြားတွေ့ရပါတယ်..။IMDb Rating (6.1/10) ရရှိထားပါတယ်…။ File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv Duration….02:13:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated ...
movie
[James Bond] Die Another Day (2002)
HEVC 1080p 5.1
6.5
Jungle Fever 1991
Unicodeဒီရုပ်ရှင်ကတော့ မင်းသားကြီး ဝီစလီစနိုက် နဲ့ ဆမ်မြူရယ်ဂျက်ဆန်တို့ နုစဉ်အခါက ရိုက်ထားတဲ့ ဒရာမာ ကားလေးပါ။ ဒီရုပ်ရှင်လေးက အိမ်ထောင်ရေးပညာပေး ဖြစ်သလို ဆေးစွဲနေတဲ့လူတစ်ယောက်ရဲ့ မိသားစုကို ဒုက္ခပေးပုံအစုံစုံကိုလည်း ပြထားသလို၊ ဆေးသမားတစ်ယောက်က ဆေးသုံးနိုင်ဖို့ ဘယ်လောက်ထိ လိမ်နိုင်ပတ်နိုင်မလဲဆိုတာလည်း တွေ့မှာပါ။ ဇာတ်သိမ်းကတော့ မကောင်းဘူးဆိုတာ တွေ့မှာပေါ့။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ရဲ့ မာသာဖာကာကြီး ဆမ်မြူရယ်ရဲ့ မှတ်ကျောက်တစ်ခုလို့ပြောလို့ရပါတယ်။ ဆမ်မြူရယ်တစ်ယောက် ဆေးစွဲပြီးမြောင်းထဲရောက်ခဲ့တဲ့ ဘဝကနေ ဆေးဖြတ်ပြီးခါစမှာပဲ ဒီရုပ်ရှင်မှာ ဆေးသမားအဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရတာပါ။ အဲဒီအတွက်ပဲ သူအကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာလည်း ပါပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်းလူမည်းအမျိုးသား ဖလစ်ပါက ချစ်ရတဲ့ဇနီးနဲ့ ကလေးနဲ့ အိမ်ထောင်ရှင်ကောင်း တစ်ဦးပေါ့။ တစ်ရက်မှာ သူ့ရဲ့အတွင်းရေးမှူး လူဖြူမလေး အန်ဂျီနဲ့ ဖောက်ပြန်မိသွားတယ်။ ဒီသတင်းက အကြောင်းကြောင်းနဲ့ သူ့အိမ်သူ ဒရူးဆီ ပေါက်သွားတဲ့နောက် အိမ်ပေါ်ကနေ နှင်ချခံရတယ်။ အဲဒီကာလက လူဖြူလူမည်း ...
movie
Jungle Fever 1991
5.7
New Year’s Eve (2011)
နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ New yearဇာတ်ကားလေးပါ။နှစ်စဉ်ကျင်းပနေကြ New Yorkရဲ့ Times Square Ball Dropပွဲကိုကျင်းပဖို့တာဝန်ယူထားတဲ့ အမျိုးသမီးတစ်ယောက်ရယ်၊New Yorkရဲ့ပါတီတစ်ခုကို အမီပြန်ရမယ့်ယောက်ျားတစ်ယောက်ရယ်၊ဖိအားတွေများတဲ့အလုပ်ကနေထွက်လိုက်တဲ့ မိန်းမတစ်ယောက်ရယ်၊ပစ္စည်းပို့တဲ့ကောင်လေးတစ်ယောက်ရယ် (Zac Efronလေး)၊ဆယ်ကျော်သက်သမီးချောလေးရဲ့ မိခင်တစ်ယောက်ရယ်၊နှစ်သစ်ကူးညမှာကလေးအစောဆုံးမွေးနိုင်ရင်ပိုက်ဆံရမယ့်စုံတွဲနှစ်တွဲရယ်၊ဆေးရုံမှာ ကင်ဆာကြောင့်သေခါနီးအဖိုးကြီးတစ်ယောက်ရယ်အပြင်တခြားဇာတ်ကောင်တွေလည်း ပါဝင်ထားပါတယ်။နှစ်သစ်ကူးမှာကြည့်လို့ရမယ့် ပေါ့ပေါ့းပါးပါးဇာတ်လမ်းလေးပါ။ File Size : ( 1 GB , 357 MB )Quality : WEB-DL 720pRunning Time : 1 hr 53 minFormat : Mp4Genre : Comedy , RomanceSubtitle : Myanmar ...
movie
New Year’s Eve (2011)
2011
8.0
X-Men: Days of Future Past (2014)
The ultimate X-Men ensemble fights a war for the survival of the species across two time periods as they join forces with their younger selves in an epic battle that must change the past – to save our future Quality…The Rogue Cut Version 720p Format…mp4 Duration….02:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aye Mon Kyaw
movie
X-Men: Days of Future Past (2014)
2014
6.7
X-Men: The Last Stand (2006)
When a cure is found to treat mutations, lines are drawn amongst the X-Men and The Brotherhood, a band of powerful mutants organized under File size- (1 GB in Openload and Stream) Quality…Extended Blu-Ray Rip 1080p 5.1 Format…mp4 Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Chi
movie
X-Men: The Last Stand (2006)
2006
7.5
X-men 2 (2003)
Professor Charles Xavier and his team of genetically gifted superheroes face a rising tide of anti-mutant sentiment led by Col. William Stryker. Storm, Wolverine and Jean Grey must join their usual nemeses – Magneto and Mystique – to unhinge Stryker's scheme to exterminate all mutants. Xmen Universe ကို Extended Version 1080p BluRay 5.1 Audio နဲ့ တင်ဆက်လိုက်ပါတယ်….ယခင်တင်ဆက်ခဲ့တုန်းက လိုအပ်ချက်တချို့ရှိခဲ့တဲ့ စာတန်းထိုးတွေကိုလဲ ပြန်လည်ဖြည့်စွက်ပြင်ဆင်ထားပါတယ်။X-men ဇာတ်ကားအားလုံးကို https://channelmyanmar.to/category/x-men/ မှာဒေါင်းလို့ရပါတယ်။ File ...
movie
X-men 2 (2003)
2003
7.4
X-Men (2000)
Two mutants, Rogue and Wolverine, come to a private academy for their kind whose resident superhero team, the X-Men, must oppose a terrorist organization with similar powers. Xmen Universe ကို Extended Version 1080p BluRay 5.1 Audio နဲ့ တင်ဆက်လိုက်ပါတယ်....ယခင်တင်ဆက်ခဲ့တုန်းက လိုအပ်ချက်တချို့ရှိခဲ့တဲ့ စာတန်းထိုးတွေကိုလဲ ပြန်လည်ဖြည့်စွက်ပြင်ဆင်ထားပါတယ်။X-men ဇာတ်ကားအားလုံးကို https://channelmyanmar.to/category/x-men/ မှာဒေါင်းလို့ရပါတယ်။ File size…(1.8 GB) and (1 GB in Openload and Stream) Quality…Extended Blu-Ray Rip 1080p 5.1 Format…mp4 Duration….02:10:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Min ...
movie
X-Men (2000)
2000
7.4
Cloud Atlas (2012)
Cloud Atlas (2012) IMDb.....7.4,,,,Rotten...66% Storyline Cloud Atlas ဟာ ၁၈၀၀ ခုနှစ်များကစတင်ပြီး ယခု ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးပျက်ဆီးသွားတဲ့အထိ လူပုဂ္ဂိုလ်တစ်ယောက်ချင်းစီရဲ့ ဆုံးဖြတ်ချက် များ၊ အပြုအမူများဟာ ခေတ်အဆက်ဆက် ဘယ်လောက်ထိ အကျိုးသက် ရောက်မှုရှိတယ်ဆိုတာကို ရိုက်ပြထားပါတယ်။ Review ကျွန်တော် ရုပ်ရှင်တော်တော်များများကြည့်ဖူးပါတယ်။ ဒါပေမယ့် Cloud Atlas လို ဇာတ်အိမ်ကြီးတဲ့ ရုပ်ရှင်မျိုးမကြည့်ဖူးဘူးလို့ ဝန်ခံရမှာပါပဲ။ ဇာတ်အိမ်ကြီးလှပါတယ်ဆိုတဲ့ J.R.R Tolkien ရဲ့ Lord of the Rings Universe ကတောင် ၁၈၀၀ ခုနှစ် ကနေ ဒီကမ္ဘာပျက်သွားပြီး နောက်ထပ်ဂြိုလ်တွေပေါ်မှာ လူတွေသွားနေရတဲ့ ခေတ်များ အထိ ဇာတ်လမ်းဆင်ထားတဲ့ Cloud Atlas လောက်ကြီးပါ့မလားလို့ တွေးမိပါတယ်။ Cloud Atlas မှာ အဓိကအားဖြင့် ဇာတ်ကောင် ၆ ယောက်ရဲ့ ဇာတ်လမ်းကို ရိုက်ပြထားပြီး အဲ့ ဇာတ်ကောင် ၆ ယောက်ဟာ ၁၈၀၀ နှစ်များ၊ ၁၉၃၀၊ ၁၉၇၀၊ ၂၀၁၂၊ ...
movie
Cloud Atlas (2012)
2012
1
2
Next