Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ha Do-kwon
Project Silence (2024)
Project Silence (2024)**********************Parasite ဇာတ်ကားထဲမှ မင်းသားကြီး Lee Sun-Kyun ကို တမ်းတလွမ်းဆွတ်နေကြတဲ့ပရိသတ်ကြီးအတွက် ဒီနေ့မှာ မင်းသားကြီးရဲ့ ရုပ်ရှင်ကားတစ်ကား ထွက်ရှိလို့လာခဲ့ပါပြီ။Lee Sun-Kyun နဲ့အတူ Kingdom ထဲမှ Ju Ji-Hoon, Kim Hee Won နှင့် အတူအခြား နာမည်ကြီး ဇာတ်ပို့ဇာတ်ရံများလည်း ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအညွှန်း-တစ်နေ့မှာ ကိုးရီးယားနိုင်ငံရဲ့ရုတ်ချည်းရာသီဥတုဆိုးဝါးလာမှုကြောင့်မြူဆိုင်းအန္တရာယ်ကြုံတွေ့နိုင်ရကြောင်း နိုင်ငံတွင်းမှာ အသိပေးစာထုတ်ပြန်ထားပါတယ်။တိုက်တိုက်ဆိုင်ဆိုင် ချာဂျောင်းဝန်းလိုခေါ်တဲ့အမျိုးသားဟာ သူ့သမီးလေးကို နိုင်ငံတကာလေဆိပ်ကိုလိုက်ပို့ရင်းနဲ့ လေဆိပ်သို့အသွား တံတားပေါ်ကိုရောက်လာတဲ့အခါ မြူဆိုင်းအန္တရာယ်ကြောင့်ယာဉ်တိုက်မှုအကြီးနဲ့ ကြုံတွေ့ရပြီး သားအဖနှစ်ယောက်ပါ တံတားပေါ် ပိတ်မိနေပါတော့တယ်။ပြည်သူလူထုတွေ ပိတ်မိနေရုံမက စစ်တပ်ဦးဆောင်တဲ့ လျှို့ဝှက်စမ်းသပ်ချက်ရဲ့အစမ်းသပ်ခံတွေကိုပြောင်းရွေ့ရေးအဖွဲ့ဟာလည်း တံတားပေါ် ပိတ်မိနေတဲ့အပြင် ယာဉ်တိုက်မှုကြောင့်အစမ်းသပ်ခံများပါ လွတ်မြောက်သွားပါတယ်။အစမ်းသပ်ခံများက သားကောင်ကို ပစ်မှတ်ထားတိုက်ခိုက်တတ်ကြတဲ့ ရက်စက်ကြုမ်းကြုပ်တဲ့ခွေးသတ္တဝါကြီးများဖြစ်နေကြတဲ့အလျောက် ဒီအန္တရာယ်ကနေ ချာဂျောင်းဝန်းသားအဖတို့အပါအဝင်တံတားပေါ်မှာရှိတဲ့လူတွေ ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို သည်းထိပ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပြီးစစ်တပ်ဘက်ကရော သတ္တဝါတွေအပေါ် ဘယ်လိုစမ်းသပ်ချက်တွေကို ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့စမ်းသပ်လုပ်ဆောင်နေသလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ...
movie
Project Silence (2024)
Drive (2024)
Drive (2024)*************ပြန်ပေးဆွဲကားတွေကိုမှ ကြိုက်နှစ်သက်သူများအတွက်Mouse , Love All Play နဲ့ Zombie Detective တို့မှမင်းသမီးချောလေး Park Ju Hyun က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဟန်ယူနာ (Park Ju-Hyun) ဟာဆိုရင် subscriber ၇ သိန်းကျော်ရှိတဲ့နာမည်ကြီး YouTuber တစ်ယောက်ပါ။သူ့ဘဝလေးက သာယာချောမွေ့နေခဲ့ပေမဲ့လည်း တစ်နေ့မှာ ဘယ်သူဘယ်ဝါမှန်းမသိနိုင်သူရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတော့တယ်။ပြန်ပေးသမားက ယူနာကို ကားနောက်ဖုံးထဲမှာ ထည့်ထားပြီးတစ်နာရီကြာ live လွှင့်ခိုင်းပြီးတော့ ဝမ် ၆၅၀ မီလီယံရအောင် ရှာခိုင်းပါတော့တယ်။Live လွှင့်ချိန် တစ်နာရီအတွင်း ယူနာတစ်ယောက်ပြန်ပေးသမားက ဘယ်သူလဲဆိုတာကို ဘယ်လိုဖော်ထုတ်သွားမလဲ။ပြန်ပေးသမားဆီကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုရင်ဖိုစွာနဲ့ ကြည့်ရှုရမဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပါတယ်။) File size…1.27GB / 560MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h ...
movie
Drive (2024)