Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gwei Lun-mei
7.5
Secret (2007)
Secret (2007)လူတိုင်းမှာ ပြောလို့မရတဲ့ လျှို့ဝှက်ချက်ဆိုတာရှိပါတယ်။ ပြောလိုက်ရင် ယုံကြည်မှုပျက်ပြားသွားမှာတို့၊ လူတွေနားမလည်ဘဲ လှောင်ရယ်ကြမှာမျိုးတို့ပေါ့။ ဒီကားရဲ့ ဇာတ်ကောင် လုရှောင်ယွီမှာလည်း ဒီလိုမျိုးလျှို့ဝှက်ချက်တစ်ခု ရှိလို့နေပါတယ်။ဇာတ်လမ်းအကြောင်းပြောရရင် ထန်းရှန်းအနုပညာကျောင်းကို ကျောင်းပြောင်းလာတဲ့ ကျောင်းသားသစ် ယဲ့ရှန်းလွင်ဟာ ကျောင်းစစတက်တဲ့နေ့မှာပဲ ထူးဆန်းတဲ့သီချင်းသံကြောင့် စန္ဒရားအခန်းဟောင်းထဲကို ဝင်သွားရာက လျှို့ဝှက်ဆန်းကြယ်တဲ့ လုရှောင်ယွီနဲ့ ဆုံခဲ့ပါတယ်။ ယဲ့ရှန်းလွင်ရော ရှောင်ယွီရော အတန်းတစ်တန်းတည်းက ဖြစ်ပြီး စန္ဒရားအထုံပါရမီလည်း ရင့်သန်ကြတာမို့ အချင်းချင်းခင်မင်ရင်းနှီးပြီး ချစ်မိသွားခဲ့ကြပါတယ်။ဒါပေမဲ့ ဒီကောင်မလေးဟာ ကျောင်းကိုတစ်ခါတလေမှလာတဲ့ ကျန်းမာရေးမကောင်းသူလေးပါ။ "ငါမရှိရင် တခြားကောင်မလေးတွေကို သွားကြိုက်မှာလား" လို့ သဝန်တိုတတ်တဲ့ ရှောင်ယွီတစ်ယောက် ယဲ့ရှန်းလွင် တခြားကောင်မလေးနဲ့နမ်းတာ မြင်သွားတဲ့အချိန်မှာ ရှန်းလွင်ဘဝကြီးထဲက ပျောက်ကွယ်သွားပါတော့တယ်။ ဘဝထဲက ပျောက်ကွယ်တာထက် ပိုဆိုးတာကတော့ ရှန်းလွင်ရဲ့ဘေးကလူတွေအကုန် ရှောင်ယွီရဲ့ တည်ရှိမှုကို မသိကြတာပါပဲ။ရှောင်ယွီက တကယ်တမ်းဘယ်သူလဲ? ဘာလို့ ဘယ်သူမှ သူ့ကိုမသိကြတာလဲ? ရှောင်ယွီရဲ့လျှို့ဝှက်ချက်က ဘာလဲ? ရှန်းလွင်တစ်ယောက် ရှောင်ယွီကို ပြန်ဆုံနိုင်ပါ့မလား?ဒီကားဟာ ထိုင်ဝမ်ရဲ့ နာမည်ကြီးအဆိုတော် Jay Chou ကိုယ်တိုင် မင်းသားယဲ့ရှန်းလွင် အနေနဲ့သရုပ်ဆောင်ထား၊ ဇာတ်ညွှန်းပါ ...
movie
Secret (2007)
2007
7.4
Blue Gate Crossing (2002)
Blue Gate Crossing (2002) =================== IMDb Rating - 7.4/10ကိုယ့်နှလုံးသားကို ဝေခွဲမရဖြစ်နေတဲ့ မိန်းကလေးတွေရော၊ မချစ်သင့်တဲ့သူကို ချစ်မိတဲ့ကိုကိုတွေရောမမတွေရော အတွေး တစ်စုံတစ်ရာရရှိအောင်လုပ်ပေးနိုင်တဲ့ LGBT ထိုင်ဝမ်ကား လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်ဝမ်ရုပ်ရှင်တို့ထုံးစံအတိုင်း သဘာဝကျတဲ့ရိုက်ချက်တွေနဲ့ အပီအပြင်တင်ဆက်ပေးထား ပါတယ်။ကျောင်းမှာအရမ်းချောတဲ့ ကျောင်းသားလေးဖြစ်တဲ့ ကျန်းရှီး ဟောင်ကို လင်ယွဲ့ကျန်းကျောင်းသူက အရူးအမူးချစ်နေပါ တယ်။ ဘယ်လောက်တောင်ချစ်လဲဆိုရင် ကျန်းရှီးဟောင် စွန့်ပစ်ထားတဲ့ စာအုပ်၊ ဘောလုံး၊ အသုံးအဆောင်ပစ္စည်း တွေကအစ အမှိုက်ပုံးထဲကနေယူပြီး အိမ်မှာစုထားတဲ့သူပါ။ ဘယ်လောက်ပဲချစ်ချစ် သူငယ်ချင်းလုပ်ဖို့တောင် လုံးဝဖွင့် မပြောရဲတဲ့ ကြိတ်ခရက်ချ်သူလေးပေါ့။သူ့ကိုကူညီပေးဖို့ မုန့်ခယ်ရုံဆိုတဲ့အချစ်ဆုံးသူငယ်ချင်းကို အကူအညီတောင်းခဲ့ပါတယ်။ ကြားထဲကနေ အောင်သွယ် ပေးရင်းနဲ့ ကျန်းရှီးဟောင်နဲ့လင်ယွဲ့ကျန်းတို့ နှစ်ယောက်ကြား ဗျာများလာခဲ့ရပါတော့တယ်။ တစ်နေ့မှာ “ကျွန်မကိုမနမ်း ချင်ဘူးလား”လို့ အရဲစွန့်ပြီးမေးလိုက်တဲ့တစ်ယောက်က မုန့်ခယ်ရုံဖြစ်သွားတဲ့အခါ.... ကျန်းရှီးဟောင်၊ လင်ယွဲ့ကျန်း၊ မုန့်ခယ်ရုံတို့သုံးယောက် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့် လိုက်ပါတော့နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.5 GB) / (622 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 39Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......Jo Jo Va Encoder..........SWM
movie
Blue Gate Crossing (2002)
2002
6.8
The Wild Goose Lake (2019)
The Wild Goose Lake (2019)=====================IMDb Rating - 6.8/10#Unicode2014ဘာလင်ရုပ်ရှင်ပွဲတော်မှာ အမြင့်ဆုံးဆုဖြစ်တဲ့ Golden Bear Awardကို Diao Yinanရဲ့ Balck Cold, Thin Iceကားကရသွားခဲ့တယ်။ BCTIမတိုင်ခင်မှာ သူစိတ်ကူးရထားတဲ့ BCTIနဲ့ခပ်ဆင်ဆင် ဇာတ်လမ်းတစ်ပုဒ် သူ့မှာရှိတယ်။ ဒီဇာတ်လမ်းကို သူဇာတ်ညွှန်း အခါခါရေးကြည့်ပေးမယ့် မပြည့်စုံသေးဘူးလို့ ခံစားရတဲ့အတွက် သူမရိုက်ဖြစ်ခဲ့ဘူး။ ဒီနောက်မှာတော့ သူစိတ်ကူးထားတဲ့ ဇာတ်လမ်းဟာ အပြင်လောကမှာ အမှန်တကယ်ဖြစ်သွားခဲ့တာသူသိလိုက်ရတယ်။ ဒီသတင်းကိုဖတ်ပြီး သူ့ဇာတ်ညွှန်းရဲ့ Plot Lineကို ပြင်ရေးခဲ့ပေမယ့်လည်း စိတ်တိုင်းမကျခဲ့တဲ့အတွက် ၂၀၁၉အထိရောက်လာခဲ့တာပါပဲ။။ဖန်တီးသူဟာ သူ့အနုပညာကို အတော် တန်ဖိုးထားခဲ့တာပါ။ရုပ်ရှင်ရဲ့နာမည်ဟာ အင်္ဂလိပ်မူအရ ငန်းရိုင်းကန်ပေမယ့် တရုတ်မူမှာတော့ "တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်း"လို့ မူကွဲပါတယ်။ဒုတိယမူဟာ စာရေးသူဒါရိုက်တာ ပေးထားတဲ့အမည်ပါပဲ။ဒါနဲ့ပက်သက်ပြီး အင်တာဗျူးမှာ ဒီအမည်နဲ့ပက်သက်ပြီး သူဖြေသွားတာ အတော်လှပါတယ်။"တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်းဆိုတာ ကျွန်တော်ဒီဇာတ်ညွှန်းစရေးတော့ ပထမဆုံး ရေးလိုက်တဲ့စကားစုပါပဲ။တောင်ပိုင်းက အတော်ရိုမန့်တစ်ဆန်ပြီး အပူပိုင်းဆန်တဲ့ ဒေသပါပဲ။ဘူတာရုံဆိုတာက လူတွေ ဆုံဆည်းကြ ကွဲကွာကြတဲ့နေရာပဲလေ။ တစ်ချို့လူတွေ ထာ၀ရအပြီးအပိုင်ခွဲခွာ သွားကြတဲ့နေရာဆိုလည်းဟုတ်တယ်။ ဒါက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ မှတ်ညဏ်တစ်ခုပါပဲ။ ကြီးပျင်းလာတဲ့ တစ်လျှောက်က ကျွန်တော်တို့ မှတ်ညဏ်တွေနဲ့ ဘူတာရုံနဲ့ကို ပိုင်းခြားပစ်လို့မရနိုင်ဘူး။ ကျွန်တော်ခုလေးတင်ပြောခဲ့သလိုပဲ ဘူတာရုံဆိုတာက လူတွေ ဆုံဆည်းကြ ကွဲကွာကြတဲ့နေရာ ဇာတ်လမ်းတွေ ဖြစ်ပျက်ကြတဲ့နေရာလို့ပဲ ခံစားရရုံပါပဲ။ဒါကြောင့် "တောင်ပိုင်းဘူတာရုံတစ်ခု၌ ချိန်းဆိုခြင်း" ဆိုတဲ့ နာမည်ကလေးထဲမှာ သူမတူတဲ့ရသတစ်မျိုးရှိနေတယ်လို့ ကျွန်တော်ထင်တယ်။"တဲ့။သရုပ်ဆောင်တွေဘက်လှည့်ရရင် ACTRESS ကတော့ BCTIမှာကတည်းက သူနဲ့လက်တွဲခဲ့သူ ဆိုတော့ ဘာမှအထူးတလည်ပြောစရာမရှိပေမယ့် Lead Actor မြန်မာပရိတ်သတ်နဲ့ ရင်းနှီးပြီးသား မက်မွန်မြေကချစ်တေးတစ်ပုဒ်နဲ့ Chinese ...
movie
The Wild Goose Lake (2019)
2019
6.9
Beautiful Accident (2017)
2017 ခုနှစ်ထွက် Imdb 6.9 ရထားတဲ့ အချစ်ဟာသဇာတ် မြူးကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကတော့ ထက်မြက်တဲ့ မိန်းမတစ်ယောက် ကသူ့အချစ်ရေးမှာတွေ့ကြုံရတဲ့အလွဲလေးတွေကို ရိုက်ကူးပြထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ ပိတ်ရက်မှာ အပန်းဖြေကြည့်ဖို့အတွက်တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်း အကျဉ်းလေးကတော့ အောင်မြင်မူ့တွေရနေတဲ့ ရှေ့နေမတစ်ယောက် တစ်နေ့မှာ အဝေးပြေးလမ်းမှာ ကားမတေည်တဆမူဖြစ်ခဲ့ပါတယ်မတော်တဆမူ့ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ကို သူကိုယ်တိုင် တာဝန်ယူလာဖို့ ဖြစ်လာတော့ သူ့ရဲ့ ဆိုးသွမ်းတဲ့ သားသမီး၂ယောက်နဲ့ ယောကျာ်းကြားထဲမှာ ဘယ်လိုတွေဗျာများရမလဲ သူတာဝန်ယူရတဲ့ ပြသနာကကောဘာလဲ သူကိုယ်တိုင်ကကော ဘယ်လို အလွဲတွေနဲ့ကြုံခဲ့ရတာလဲ အစရှိတာတွေကိုတော့ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ကြရမှာပါ Qty - Web dl (720p)Duration - 1hr35minFormat - Mp4 (×264)Subtitle - Myanmar HardsubTranslator - Nang Phyu Phyu NaingEncoder - Me
movie
2017