Channel Myanmar

Guri

Tufang (2023) 6.7
Tufang (2023) Tufang (2023) "ပစ္စတိုဖူးစာ" IMDb - 6.3/10ပန်ချာပီအဆိုတော်အနေနဲ့ နာမည်ကြီးတဲ့ ဂူရီက အဓိကဇာတ်ကောင်နေရာကနေပါဝင်ထားပါတယ်။ မင်းသမီးကတော့ တလေဂူး၊ ဟင်ဒီ၊ ကန်နာဒါရုပ်ရှင်နယ်ပယ်တွေမှာ ပါဝင်နေကျဖြစ်တဲ့ ရုခ်ရှာဒီလွန်။မင်းသားက ဦးလေးဖြစ်သူနဲ့အတူ သေနတ်ဆိုင်ဖွင့်ထားသူတစ်ယောက်။ သေနတ်တွေကို ချစ်မြတ်နိုးပြီး သေနတ်တွေကို အစမ်းပစ်ပြတဲ့ သူ့ရဲ့အွန်လိုင်းဗီဒီယိုတွေကလည်း အားပေးသူအထိုက်အလျောက်ရှိတဲ့သူဖြစ်ပါတယ်။မင်းသမီးကတော့ သူ့လိုပဲ သေနတ်တွေကိုခုံမင်တဲ့သူ။ ညီမဖြစ်သူတွေအိမ်ထောင်ကျ ကလေးတွေရတဲ့အထိ သေနတ်ပစ်ဖို့နဲ့ သေနတ်တစ်လက်ပိုင်ဆိုင်ဖို့တွေးနေတတ်တဲ့သူဖြစ်တာကြောင့် မိခင်ဖြစ်သူရဲ့ ဆူပူမှုကို နေ့စဉ်နဲ့အမျှခံရသူ။ခပ်တည်တည်နဲ့ ရဲစခန်းမှာသေနတ်လိုင်စင်သွားလျှောက်တော့လည်း မရပြန်တာကြောင့် မင်းသားပိုင်တဲ့ဆိုင်ကနေ ခိုးဖို့အကွက်ချစီစဉ်ပါတော့တယ်။ဒါပေမဲ့ ဆိုင်ရဲ့စီစီတီဗီမှာ သူ့မျက်နှာပါနေပြီး မင်းသားက သူ့နောက်ကိုလိုက်လာတဲ့အခါမှာတော့။ ဘယ်လိုဇာတ်အလှည့်အပြောင်းတွေနဲ့ ဘယ်လိုဗီလိန်တွေပါဝင်လာမလည်းဆိုတာတော့ ဒီအက်ရှင်ဒရာမာဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.1GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Tufang (2023)

2023
Lover (2022) 6.6
Lover (2022) Lover (2022) IMDb - 7.1ဟီဆိုတဲ့ကောင်မလေးတစ်ယောက်ရှိလေရဲ့။ ပြီးတော့ သူ့ကိုအရူးအမူးချစ်နေတဲ့ ကောင်လေးတစ်ယောက်ရောပေါ့။ ကျောင်းတော်ကြီးရဲ့ အချစ်ဇာတ်လမ်းတွေကို ပြောမယ်ဆို ပြောမကုန်နိုင်ပါဘူး။ လူတိုင်းမှာ သူတို့ရဲ့ ဆိုင်ရာဆိုင်ရာ အချစ်ဇာတ်လမ်းလေးတွေရှိမယ်ထင်ပါတယ်။ဒီလိုအချစ်ဇာတ်လမ်းလေးတွေမျိုးစုံထဲက​ တစ်ပုဒ်ဖြစ်တဲ့ 2022ခုနှစ်ထွက် IMDb rating 7.1အထိရရှိထားတဲ့ Loverဆိုတဲ့ အိန္ဒိယ Movieလေးကို အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ ဒါကားလေးကတော့ အချစ်ဇာတ်လမ်းထဲမှာမှ လူတစ်ယောက်ကို အရူးအမူး Crushနေရတဲ့ ခံစားချက်ပါပဲ။ရိုမီယိုနဲ့ ဂျူးလီယက်လို ဂန္ဓဝင်တွင်တဲ့အချစ်ဆိုတာမျိုးကို စာအုပ်တွေ၊ ရုပ်ရှင်တွေ၊ ပုံပြင်တွေထဲမှာ လူတွေက မျိုးစုံဖော်ပြကြသလို လူမသိနိုင်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ခမ်းနားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်းရှိပါတယ်။ ကျောင်းသွားတဲ့အချိန် သူမ ငှားစီးတဲ့ကားလေးရဲ့ ထိုင်ခုံမှာ ဖုန်သုတ်ပေးမယ်။ သူမမျက်နှာကိုမြင်ရဖို့ မနက်ခင်းကျောင်းတန်းစီချိန်မှာ အပြစ်ပေးခံရတဲ့နေရာမှာ မတ်တပ်ရပ်တယ်။ ရရာနေရာကနေ သူမကို ခိုးကြည့်မယ်။ သူမနောက်က တစ်ကောက်ကောက်လိုက်မယ်။ ဘယ်လောက်တောင်လဲဆို သူမသောက်ပြီးကျန်ခဲ့တဲ့ လက်ဖက်ရည် အကျန်လေးကိုတောင် အမြတ်တနိုးသောက်ရတဲ့သူပါ။ သူ့ဘဝမှာ ဒီလောက်နဲ့တင် အရာရာလုံလောက်ပြည့်စုံနေသလိုပေါ့။ လှပပြီး ကျောင်းမှာ နာမည်ကြီးတဲ့ ဒီမိန်းကလေးအတွက် တခြားလူက လူသတ်နိုင်တယ်ဆိုရင် ...
movie

Lover (2022)