Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Guo Jun
7.6
House of Flying Daggers (2004)
House of Flying Daggers (2004)IMDb Rating (7.5) / Rotten Tomatoes (87%)Hero တို့ The Great Wall တို့ Full River Red တို့ စတဲ့နာမည်ကျော်တရုတ်ကားတွေရဲ့ ဒါရိုက်တာ Zhang Yimou ရဲ့ ဂန္တဝင်ရုပ်ရှင်ကားကြီးပါ။မင်းသားကြီး Andy Lau ရဲ့ ပျိုမြစ်မှုကုန်ဆုံးကာစ ကျက်သရေရှိခံ့ညားထည်ဝါမှုတွေ ရောက်လာကာစအချိန် သူ့ရဲ့ prime time မှာ ဒီဇာတ်ကားကို သရုပ်ဆောင်ခဲ့ပါတယ်။ နောက်မင်းသားကတော့ ထိုင်ဝမ်နွယ်ဖွား ဂျပန်မင်းသားကြီး Takeshi Kaneshiro ပါ။ မင်းသမီးကတော့ တရုတ်မင်းသမီးတွေထဲ တကယ့်ထိပ်တန်းဆိုတဲ့ အလှပဂေးလေး Zhang Ziyi ပါပဲ။ဇာတ်လမ်းကတော့ ...... ဂန္ဓာလရာဇ်ပြည် တန်မင်းဆက်ရဲ့ နေဝင်ဆည်းဆာအချိန်ပေါ့ဗျာ။ မင်းဧကရာဇ်ရဲ့ ညံ့ဖျင်းမှု၊ ဝိသမလောဘသား အကျင့်ပျက်အစိုးရ အရာရှိမင်းတွေရဲ့ ပြည်သူအပေါ် ...
movie
House of Flying Daggers (2004)
2004
Beauty Dart ( 2022 )
ဒီဇာတ်ကားလေးဟာဆိုရင် သူရဲကောင်း မိန်းမလှလေး လေးယောက် ယောကျာ်းတွေနဲ့ရင်ဘောင်တန်းပြီး တာဝန်တွေကိုယ်စီထမ်းရွက်ကြတဲ့ အကြောင်းလေးကို ရိုက်ကူးထားတဲ့ ကားလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းလေးကတော့ -တိုင်းပြည်ရဲ့ အခြေအနေ မတည်မငြိမ်ဖြစ်နေချိန်....! ဝိဉာဥ်ဂိုဏ်းရဲ့ လက်ရှိဧကရာဇ်ဟာ အသတ်ခံရပြီး အိမ်ရှေ့စံလေးဟာ ပျောက်ဆုံးလို့နေခဲ့ပါတယ် ။ အဲဒီအချိန်မှာ သေချာလေ့ကျင့်ထားတဲ့ သစ္စာခံအဖွဲ့တစ်ဖွဲ့ဟာ လျှို့ဝှက်ရတနာမြေပုံကို ယူဆောင်ပြီး တာဝန်တစ်ခုလုပ်ဆောင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။လမ်းခရီးမှာ အကြောင်းအမျိုးမျိုးကြောင့် မိန်းမလှလေး(၄)ယောက် တွေ့ဆုံမိပြီး ပေါင်းမိသွားကြတဲ့ အခါ...? အဲဒီ သစ္စာခံထားတဲ့ သူရဲကောင်းအဖွဲ့ထဲမှာ အိမ်ရှေ့စံကိုယ်တိုင် ပါဝင်နေတဲ့အခါ....?❏ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ သူတို့ တွေ့ကြုံရမလဲ? ❏ သူတို့ ယူဆောင်လာတဲ့ လျှို့ဝှက်ရတနာမြေပုံကရော ဘယ်လိုတွေ အရေးကြီးသလဲ ? ❏ အိမ်ရှေ့စံမင်းသားတစ်ယောက် သစ္စာခံ မိန်းမလှလေးတွေတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေရဲ့ ငြိမ်းချမ်းမှုအတွက်ဘယ်လိုမျိုး ပြန်လုပ်ပေးမလဲဆိုတာ ? ကြည့်ရှုရမှာပဲဖြစ်ပါတယ် ။ သိုင်းလောကရဲ့ ဂိုဏ်းတွေပါ ပါတာမို့ ဓားသိုင်းယှဥ်တာတွေ သိုင်းလောကရဲ့ အရှုပ်အထွေးတွေ ကြိုက်နှစ်သက်တဲ့ သူတွေကတော့ ဒီဇာတ်ကားလေးကိုနှစ်သက်မယ်လို့ထင်ပါတယ် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL ...
movie
Beauty Dart ( 2022 )
6.7
Once Upon a Time in Shanghai (2014)
၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ အမှန်တကယ်ကြုံးတဲ့ တရုတ်အက်ရှင်ကားဟောင်း ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဂျပန်ခေတ် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကို နောက်ခံထားပြီး ဂိုဏ်းတွေ ဂိုဏ်းခေါင်းဆောင်တွေရဲ့ ပိုင်နက်အရှုပ်တော်ပုံတွေကြားက ကွန်ဖူးပညာပြခန်းတွေကို တစ်ဝကြီးကြည့်ရှုရမှာပါ။ ဖက်တီးမင်းသားလို့ ကျွန်တော်တို့ခေါ်ကြတဲ့ Sammo Hungလည်း ပါဝင်ထားပါတယ်။ IMDbကတော့ 6.7ပါ။၁၉၃၀ပြည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဟာ လူတိုင်းအတွက် နိဗ္ဗာန်ဘုံ တစ်ခုဆိုသလိုပဲ ကြီးပွားချမ်းသာချင်သူတွေ လာကြတဲ့မြို့ကြီးပါ။ ဒါပေမဲ့ အလွှာပေါင်းစုံ၊ လူပေါင်းစုံရှိနေတဲ့ မြို့ကြီး ဖြစ်နေတာရယ် ခေတ်မီတိုးတက်သလောက် ဒုစရိုက်မှု၊ ခေါင်းပုံဖြတ်မှုတွေ အတော် များတာရယ်ကြောင့် ကောင်းစားသွားသူထက် လက်လျော့သွားသူ၊ အသက်ပေးလိုက်ရသူတွေက ပိုများနေတာပါ။မာဝေကျင်းဆိုတဲ့ ကောင်လေးတစ်ယောက်ကလည်း ရှန်ဟိုင်းမြို့ကို ကြီးပွားချင်တဲ့စိတ်နဲ့ ရောက်လာခဲ့သူပါ။ ရှန်ဟိုင်းမြို့ကြီးမှာ ကြုံရာ အလုပ်တွေ ဝင်လုပ်ရင်း ရှန်ဟိုင်းရဲ့ ဒိတ်ဒိတ်ကြဲ ဂိုဏ်းခေါင်းဆောင် လောင်ကျဲနဲ့ သွားဆုံမိပါတယ်။ ဂိုဏ်းပေါင်းစုံရဲ့ ဘုံရန်သူ ဖြစ်နေတဲ့ လောင်ကျဲကလည်း ကွန်ဖူးထူးချွန်တဲ့ မာဝေကျင်းကို တပည့်အဖြစ် မွေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ မာဝေကျင်းနဲ့ ...
movie
Once Upon a Time in Shanghai (2014)
6.6
The Labyrinth ( 2022 )
ဒီတစ်ခါမှတော့ သည်းထိတ်ရင်ဖို Horror Thriller ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအမည်ကတော့ "ဝင်္ကပါ" ဖြစ်ပြီး ဘာဝင်္ကပါလဲဆိုတာတော့ ဇာတ်လမ်းအကျဥ်းမှာဖတ်ကြည့်ရအောင်။ဇာတ်လမ်းအစမှာ ရထားတစ်စီးဟာ အေးအေးလူလူခုတ်မောင်းနေလေရဲ့။ ရထားပေါ်မှာ လူတန်းစားအမျိုးမျိုး၊ လူအမျိုးမျိုးက လိုက်ပါစီးနင်းနေကြတာပေါ့။ ရှေ့မှာကြုံလာမယ့်အန္တရာယ်ကိုသတိမထားမိစွာဘဲ အေးအေးလူလူ စကားတပြောပြောနဲ့ပေါ့။တစ်နေရာအရောက်မှာတော့ ဘာဖြစ်မှန်းမသိဘဲ ရထားဟာရပ်တန့်သွားပါတော့တယ်။ ရထားထဲကထွက်ဖို့ကြိုးစားကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီးနောက်မှာတော့ ရထားလမ်းမြေပြိုနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ ဘေးလွတ်ရာမှာဆင်းနေကြပေမယ့် ကင်းခြေများအကောင်ရေ ထောင်ချီဝိုင်းလာတဲ့အခါမှာတော့ ရထားပေါ်ပြန်တက်နေရုံကလွဲရွေးချယ်စရာမရှိခဲ့ပါဘူး။ရထားဟာ ဝန်မမျှဖြစ်ပြီး မြေပြိုနေတဲ့တွင်းနက်ကြီးထဲကို ထိုးကျသွားပါလေရော။ အဲ့ဒီတွင်းထဲမှာလည်း ကင်းခြေများအကောင်ရေအမြောက်အများရှိနေတဲ့အခါ ခြေဦးတည့်ရာကိုပြေးရပါတော့တယ်။ ဘယ်နေရာကိုရောက်မှန်းမသိရောက်ကုန်ရင်း ကယ်ဆယ်ရေးအဖွဲဲ့တွေကရော သူတိူ့ကိုရှာတွေ့ပြီး ကယ်တင်နိုင်ပါ့မလား။ သူတို့အနေနဲ့ရော ကင်းခြေများဝင်္ကပါကနေလွတ်အောင်ပြေးနိုင်ပါ့မလား။ ဘေးအန္တရာယ်ကြုံတဲ့အခါတွေ့ရမယ့်လူ့ သဘောသဘာဝ ကို မြင်တွေ့ရမယ့်အပြင် ကင်းခြေများနဲ့လူတွေရဲ့အားပြိုင်ပွဲကို စိတ်လှုပ်ရှားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Encoded by LK
movie
The Labyrinth ( 2022 )