Channel Myanmar

Guillermo Villegas

Nothing to see (Nada Que Ver) – (2023)
Nothing to see (Nada Que Ver) – (2023)  Maxico ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ "ဘာမှမမြင်ရဘူး" ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ပိုလာ ဆိုတဲ့ သူဌေးသမီး မိန်းမချောလေးရဲ့ ရုတ်တရက်မျက်စိကွယ်သွားတာကနေစတာပေါ့နော်သူနာပြုအလုပ်နဲ့အသက်မွေးဝမ်းကြောင်းနေတဲ့ ကားလို့စ် ဟာ လောင်းကစားမက်တဲ့သူတစ်ယောက်ပေါ့မတူညီတဲ့ ဘဝနှစ်ခုနဲ့ရှင်သန်နေကြတဲ့ သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုကနေ လောကကြီးကိုစိတ်ကုန်၊ ကြေကွဲအထီးကျန်ပြီး လူတွေကို ကန့်လန့်တိုက်နေတဲ့ ကောင်မလေးကို အပြန်အလှန်လေးစားမှု၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်ဖို့၊ လောကကြီးမှာ ပျော်ပျော်နေတတ်ဖို့ ပြုစုသင်ကြားပေးရင်နဲ့ မေတ္တာနှောင်ကြိုးလေးတွေ တွယ်ငြိသွားရတဲ့ ဇာတ်အိမ်ကလေးကို ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်.........ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.1 GB)/(600 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie

Nothing to see (Nada Que Ver) – (2023)

The Great Seduction (2023) 6.5
The Great Seduction (2023)  လူ့လောကရဲ့ နိဗ္ဗာန်ဆိုတာက ဂုဏ်တွေ ပကာသနတွေ ငွေကြေးတွေနဲ့ပြည့်နှက်နေတဲ့ နေရာတစ်ခုမဟုတ်ပါဘူး။စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီးအားလုံးအတူတူပျော်ရွှင်စွာ နေထိုင်နိုင်ကြတဲ့နေရာလေးတစ်ခုကိုဆိုလိုတာပဲဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဆန်တာမာရီယာဆိုတဲ့ ကျွန်းမြို့လေးကို အဲ့လိုနိဗ္ဗာန်လေးတစ်ခုလို့တင်စားထားပါတယ်။အဲ့ဒီမှာ နေထိုင်တဲ့လူတွေက အချင်းချင်းချစ်ခင်ကြပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့နေရာလေးတစ်နေရာဖြစ်ခဲ့ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ သူတို့အနီးအနားကမြို့မှာ ငါးတွေကိုဖမ်းပြီးထုပ်ပိုးရောင်းချတဲ့ ကုမ္ပဏီတစ်ခုကို ထောင်ခဲ့တဲ့အချိန်မှာ သူတို့အတွက်ငါးတွေရော အလုပ်အကိုင်တွေရောမရှိတော့ပါဘူး။ဒီလိုနဲ့ပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေခဲ့တဲ့ နေရာကနေ အမေရိကားကိုပြောင်းရွှေ့တဲ့ လူတွေကပြောင်းရွှေ့ကုန်ကြပြီး အခုအချိန်မှာတော့ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးလေးတွေနဲ့ပဲအသက်ဆက်နေရပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ ဆန်တာမာရီယာကိုအရမ်းချစ်တဲ့ဂါမန်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူတို့မြို့လေးကိုအဖက်ဆယ်ဖို့အတွက်အကြံရသွားပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီစက်ရုံကိုသူတို့ မြို့လေးမှာလဲလာဖွင့်ခိုင်းဖို့ပါပဲ။ဒါပေမယ့် အဲ့လိုဖွင့်ဖို့အတွက်သူတို့မြို့မှာ ဆရာဝန်တစ်ယောက်လိုအပ်နေပါတယ်။စီးပွားပျက်ကပ်ဆိုက်နေတဲ့ မြို့တစ်မြို့မှာ နေချင်တဲ့ဆရာဝန်ဆိုတာက မရှိသလောက်ကို ရှားတဲ့အတွက်ဆရာဝန်ရှာဖို့ကြိုးစားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကံကောင်းပြီးတော့ သူတို့မြို့ကို တစ်လတာ တာဝန်လာထမ်းဆောင်တဲ့ဆရာဝန်တစ်ယောက် ရောက်လာခဲ့ပါတယ်။အဲ့ဒီဆရာဝန်ကို သူတို့နဲ့ရေရှည်လက်တွဲပြီး နေထိုင်အောင်လို့ဆရာဝန်ရဲ့အကြိုက်တွေကိုပဲ တစ်မြို့လုံးကလိုက်လျောပြီး ဟန်ဆောင်နေထိုင်ခဲ့ပါတော့တယ်။ဒီလိုနဲ့ မြို့သူမြို့သားတွေနဲ့ဆရာဝန်ကြားမှာ သံယောဇဉ်တွေဖြစ်လာတော့ ဆက်ပြီးလိမ်ညာနေဖို့ကခက်ခဲလာတော့ပါတယ်။ဒီလိုနဲ့သူတို့ကြားမှာဘာတွေဆက်ဖြစ်ကြမလဲဆန်တာမာရီယာမြို့လေးကရော အရင်လိုပြန်လှပလာပြီး နိဗ္ဗာန်ဘုံလေးတစ်ခုပြန် ဖြစ်လာနိုင်ပါ့မလားဆိုတာကို ကြည့်ရမဲ့ကားလေးပဲဖြစ်ပါတယ်။  File size…1.18GB / 467MB Quality…NF WEB-DL 1080p 5.1 ...
movie

The Great Seduction (2023)

Where the Tracks End (2023) 7.2
Where the Tracks End (2023) Where the Tracks End (2023)~ IMDb rating - 7.2/10 ~" လောကကြီးမှာ ရှင်သန်နိုင်ဖို့ ပုတ်သင်ညိုလို ပတ်၀န်းကျင်နဲ့လိုက်ပြီး လိုက်လျောညီထွေနေတတ်ရမယ် " တဲ့။ဒီကားထဲက အဓိကကျတဲ့ဒိုင်ယာ‌လော့ပါ။ အဓိပ္ပါယ်ရှိပါတယ်။ ဘ၀မှာ ရေကြည်ရာမြက်နုရာ နေထိုင်ရင်း ဆက်လက်ရှင်သန်ဖို့ ကြိုးစားရမှာပါ။အေးအေးငြိမ်ငြိမ်လေးကြည့်ရမယ့် စပိန်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အီကာဆိုတဲ့ကောင်လေးနဲ့ သူ့သူငယ်ချင်းကလေးတွေက အဓိကဇာတ်လိုက်တွေပါ။ အီကာရဲ့အဖေက ရထားလမ်းဖောက်တဲ့အလုပ်သမားဖြစ်တဲ့အတွက် သူတို့မိသားစုက ရထားလမ်းဖောက်ရာ မြို့တွေတစ်မြို့ပြီးတစ်မြို့ ပြောင်းရွှေ့နေထိုင်ရပါတယ်။ ဒီလိုနဲ့ မက်ဆီကိုက နယ်မြို့လေးတစ်မြို့ကို ရောက်လာပါတယ်။ ဒီ‌နေရာလေးမှာ သူချစ်ခင်ရတဲ့ သူငယ်ချင်းတွေ၊ ဆရာမနဲ့ ခွေးလေးကို ရခဲ့ပါတယ်။နယ်မြို့လေးဆိုတော့ စာသင်ကျောင်းလေးကလည်း ကျောင်းသားအနည်းစုပဲရှိပြီး ကျောင်းအုပ်ဆရာမတစ်ယောက်တည်းကပဲ စာသင်ပေးပါတယ်။ အဲဒီဆရာမက အီကာကို စာဖတ်တတ်အောင် သင်ပေးပါတယ်။ သူက အီကာကို ပုတ်သင်ညိုတစ်ကောင်လို နေနိုင်ရမယ်လို့ ‌ဆုံးမခဲ့သူပါ။အီကာချစ်ခင်ရတဲ့ သူငယ်ချင်းတွေလည်းရလာပြီး သူတို့နဲ့ အတူ ...
movie

Where the Tracks End (2023)

2023
Casando a mi Ex (2023) 5.1
Casando a mi Ex (2023) Casando a mi Ex (2023) =================မိဘဖြစ်သူရဲ့ အိမ်ထောင်ဆက်များတာကြောင့် လက်ထပ် ရမှာကြောက်နေတဲ့ မင်္ဂလာပွဲစီစဉ်သူ မာရီယာနာကို ရည်းစား ဖြစ်သူ စားဖိုမှူး လူးဝစ်ကလက်ထပ်ခွင့်တောင်းရာ ငြင်းဆိုခံ လိုက်ရပါတယ်။ အချစ်ကြီးချစ်ကြပြီးမှ အငြင်းခံလိုက်ရတဲ့ အတွက် လက်စားချေချင်တာကြောင့် ဟန်ဆောင်လက်ထပ် ပေးရင် နိုင်ငံသားဖြစ်မယ်ဆိုပြီး ကိုလံဘီယာသူ lesbian သူငယ်ချင်းလူစီယာ ကို အသုံးချပြီး ရည်းစားဟောင်းဆီ မင်္ဂလာပွဲသွားအပ်ရာကနေ အရင်လို ပြန်အဆင်ပြေကြမလား ပိုဆိုးသွားမလား ဟန်ဆောင်သတို့သမီးကရော သူ့ချစ်သူကောင် မလေးနဲ့ ဘယ်လိုရှင်းကြမလဲ ဆိုတာကို ကြည်ကြည်နူးနူး လေးကြည့်ရမယ့် healing drama လေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.81 GB) / (764 MB) / (441 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 32Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Romance Translator.......Chit Min Thu Encoder..........SWM
movie

Casando a mi Ex (2023)

2023