Channel Myanmar

Guillermo Pfening

Camila Comes Out Tonight (2021) 6.2
Camila Comes Out Tonight (2021) Camila Comes Out Tonight ====================== ဒီဇာတ်ကားဟာ အဘွားနေမကောင်းဖြစ်နေလို့ အိမ်ပြောင်းလာကြတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်အကြောင်းနဲ့ ဇာတ်အိမ်တည်ထားပြီး အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးမှုတွေကို ခပ်ပါးပါးလေးရောယှက်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ကာမီလာဟာ အမေရယ် ညီမလေးရယ်နဲ့အတူ အဘွားအိမ်ကိုပြောင်းလာခဲ့ကြပြီး မြို့အသစ်ရဲ့ ကျောင်းအသစ်ကိုရောက်တော့ သူငယ်ချင်းမရှိတဲ့အတွက် တစ်ယောက်တည်း ‌ယောင်ချာချာ ဖြစ်နေခဲ့ရပါတယ်။ဒီလိုနဲ့သူငယ်ချင်း မိတ်ဆွေတွေ ရလာခဲ့တဲ့အခါမှာလည်း ထင်သလိုအဆင်မပြေဘဲ အခက်အခဲလေးတွေ ထပ်မံကြုံတွေ့ရပါတယ်။ ကာမီလာတို့ဟာ နိုင်ငံရေးကို စိတ်၀င်စားကြပြီး အထူးသဖြင့် အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြပါတယ်။ဒီဇာတ်ကားဟာ ဆယ်ကျော်သက်အရွယ်နဲ့ မိဘကြား ဆက်ဆံရေးအခက်အခဲတွေကို ဆဲဆိုအော်ဟစ်တာမပါဘဲ ခပ်အေး‌အေးပဲ ချပြသွားခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးက ဖိနှိပ်ခံအမျိုးသမီးတွေအတွက် ခွန်အားတွေပါပေးတဲ့အတွက် ဇာတ်ကားငြိမ့်ငြိမ့်လေးကြိုက်တဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…1.7GB / 600MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

Camila Comes Out Tonight (2021)

2022
Fever Dream (2021) 5.2
Fever Dream (2021) Fever Dream (2021)================2021 ထဲမှာ indie Horror ရုပ်ရှင်တွေအများကြီးထွက်ခဲ့တဲ့အထဲကမှစပိန်စကားပြော Netflix Horror ကားသစ်ဖြစ်ပါတယ်။ Horror ဆိုပေမယ့် ဖြဲချောက်ခန်းတွေJump Scare တွေမပါဘဲတစိမ့်စိမ့်နဲ့ Horror,Mystery ရသကိုခံစားရမယ့်ကားလေးပါ။အမန်ဒါနဲ့ နီနာတို့သားအမိဟာ အာဂျင်တီးနားရဲ့ရွာလေးတစ်ရွာကို နွေရာသီအားလပ်ရက်အနေနဲ့ပြောင်းလာခဲ့ရာကနေစပါတယ်.. သူတို့ရဲ့ အိမ်နီးချင်းဖြစ်တဲ့ ကာရိုလာနဲ့ဒေးဗစ်ဆိုတဲ့ သားအမိမှာလည်းမရှင်းပြနိုင်တဲ့နောက်ကြောင်းတွေရှိနေတယ်။ ဒီနောက်ကြောင်းတွေမှာ ကြတ်မြေလိုဖြစ်ပြီး အဆိပ်သင့်နေတဲ့အဲ့ဒီရွာလေးလည်းပါဝင်ပတ်သတ်နေတဲ့အခါ...  ဒီအရာတွေကနေ အမန်ဒါ နီနာတို့အပေါ်လည်း သက်ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Thiha Yan Naing, Chuck Chuck တို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 1hr 33minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, Horror, ...
movie

Fever Dream (2021)

2021
The Paramedic (2020) 7.8
The Paramedic (2020) အရေးပေါ်ကျန်းမာရေးဝန်ထမ်း အန်ဟယ်ရဲ့ဘဝဟာ သူ့ကောင်မလေးဖြစ်သူ ပြင်သစ်သူလေးဗီနာနဲ့အတူ အ​ခြေကျနေတာပါ သူစီးလာတဲ့လူနာတင်ကား အက်ဆီးဒင့်မဖြစ်ခင်အချိန်ထိပေါ့ ကားအက်ဆီးဒင့်ကြောင့် အန်ဟယ်တစ်ယောက် အောက်ပိုင်းသေသွားတဲ့အခါမှာ အလုပ်လည်းပြုတ်ပြီး စိတ်တိုစိတ်ဆတ်လွယ်တဲ့လူတစ်ယောက်ဖြစ်လာပါတော့တယ် သူ့ကောင်မလေးဗီနာ့အပေါ်လည်း မယုံသင်္ကာတွေဖြစ်၊ အိမ်နီးချင်းဗီဆင်တီနဲ့သူ့ခွေးကိုလည်း အမြင်ကတ်ပြီးရင်းကတ်၊ သူအက်ဆီးဒင့်ဖြစ်ခဲ့တဲ့ လူနာတင်ကားကိုမောင်းခဲ့တဲ့သူ သူ့လုပ်ဖော်ကိုင်ဖက် ရီကာဒိုကိုလည်း အမုန်းကြီးမုန်းလာပါ​တော့တယ် အဆိုးဆုံးကတော့ တက္ကသိုလ်တက်ပြီး အလုပ်သင်ဆင်းနေတဲ့ သူ့ကောင်မလေးဗီနာနဲ့မပြေမလည်တွေဖြစ်ပြီး ​ ဗီနာအိမ်ပေါ်ကဆင်းသွားပြီးတဲ့နောက်မှာ ကြောက်စရာကောင်းတဲ့ အန်ဟယ်ရဲ့ evil side တွေကို ဒီစပိန် thrillerဇာတ်ကားမှာ ကြည့်ရှုလိုက်ကြပါဦး    File Size -  1gb Quality - web-dl 1080p Subtitle -  burrmese Translator - MTA Encoder - Thit San Khant
movie

The Paramedic (2020)

2020