Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gringe
6.5
Carbone (2017)
စက်ရုံကြီးတွေက ထုတ်တဲ့ညစ်ညမ်းတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ပြဿနာတွေက ဟိုးအရင်ကတည်းကအခုလက်ရှိအချိန်အထိ ကြုံတွေ့နေရသေးတဲ့ပြဿနာတွေပါပဲ။အဲ့ဒါဆိုရင် စက်ရုံတွေကိုဓာတ်ငွေ့မထုတ်အောင်တားမြစ်ပိတ်ပင်လိုက်လို့ မရဘူးလားဆိုတော့လည်း အဲ့ဒါအတွက် ညစ်ညမ်းခွင့်ပြုချက်ကို အခွန်ဆောင်ဝယ်ယူပြီးအသုံးပြုလို့ရနေပြန်ပါတယ်။အဲ့ဒါကြောင့်လည်း ဆန္ဒပြသူတွေကပြ စက်ရုံတွေကလည်း အပြုံးမပျက်ဆက်လက်လည်ပတ်နေနိုင်တာပဲဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့ဇာတ်ကားမှာတော့ အဲ့ဒီကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းမှုခွင့်ပြုချက်ကိုအသုံးချပြီး လပိုင်းအတွင်းသူဌေးတစ်ယောက်ဖြစ်လာခဲ့တဲ့လူတစ်ယောက်ရဲ့ဖြစ်ရပ်မှန်ဇာတ်ကြောင်းကိုအခြေခံရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ ဇာတ်ကားအကြောင်းအရာအတိုင်းCarbon ဖြစ်ပြီး IMDb Rating 6.5 အထိရရှိထားတာပဲဖြစ်ပါတယ်။အန်တွိုင်းရိုကာလို့ခေါ်တဲ့ ပြင်သစ်ကလုပ်ငန်းပိုင်ရှင်တစ်ယောက်က သူ့အဖေဆီကအမွေဆက်ခံထားတဲ့လုပ်ငန်းကိုသူ့ရဲ့ ဦးဆောင်မှုညံ့ဖျင်းမှုတွေကြောင့် အကြွေးလည်ပင်းနစ်ပြီးဆုံးရှုံးရတော့မလိုဖြစ်နေပါတယ်။အဲ့ဒါအပြင်ကိုမှ ယောက္ခထီးဖြစ်သူကလည်း ဘီလီယံနာသူဌေးကြီးဖြစ်ပြီး မကူညီတဲ့အပြင်ရှယ်ကောနေလို့ အန်တွိုင်းတစ်ယောက်ကြံရာမရဖြစ်နေပါတော့တယ်။အဲ့ဒါကြောင့် ဒေဝါလီခံဖို့ဆုံးဖြတ်ပြီးခါမှသူ့လုပ်ငန်းရဲ့ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ညစ်ညမ်းပိုင်ခွင့်ကိုပိုက်ဆံလေးနည်းနည်းရလိုရငြား ရောင်းလိုက်တာကိုတွေ့ပြီး အကြံတစ်ခုရခဲ့ပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီညစ်ညမ်းမှုခွင့်ပြုချက်တွေကို အသုံးချပြီး အခွန်တွေလိမ်လည်ကာ စျေးကွက်ကြီးတစ်ခုဖန်တီးဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအစီအစဉ်က တကယ်ကောင်းပေမဲ့များများရင်းမှများများမြတ်မဲ့လုပ်ငန်းမျိုးဖြစ်တဲ့အတွက် လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်ဆီကနေ ပိုက်ဆံထပ်ချေးခဲ့ရပါတယ်။ဒါပေမယ့်သူ့ရဲ့ကံ ဉာဏ် ဝီရိယကြောင့်အကြွေးပေါ်အကြွေးမဆင့်သွားတဲ့အပြင် လပိုင်းအတွင်းကျိကျိတက်ချမ်းသာလာပါတော့တယ်။ဒါပေမယ့်မကောင်းမှုတွေလိမ်လည်မှုတွေနဲ့ ရှာဖွေထားတဲ့ပိုက်ဆံတွေဆိုတာဘယ်သောအခါမှ ကြာကြာမတည်မြဲနိင်တဲ့အတွက်အန်တွိုင်းရဲ့သူဌေးဖြစ်ပြီးနောက် ရှေ့ဆက်ဘ၀ခရီးမှာဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲ ဘယ်လိုအရာတွေကိုကျော်ဖြတ်ရင်းနဲ့နောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတာကိုစိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.43GB / 660MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Crime , Thriller Subtitle….Myanmar ...
movie
Carbone (2017)
6.7
MFKZ (2017)
ကလေးတွေအတွက် မဟုတ်တဲ့ animation တွေကြည့်ဖူးကြမယ်ထင်ပါတယ်။ဒီ Mutafukaz လို့ခေါ်တဲ့ animation ကလဲ အဲဒီလိုပါပဲ။Dark ဖြစ်တယ်၊ အသုံးအနှုန်းတွေရိုင်းတယ်၊သွေးထွက်သံယိုတွေများတယ်။ Rick and Morty တို့လို show မျိုးတွေကြိုက်တတ်ရင် ကြည့်သင့်တယ်ဗျ။ဇာတ်လမ်းအနေနဲ့ကတော့ Angelino, Vinz နဲ့ Willy လို့ခေါ်တဲ့အသွင်မတူ ပုံစံတစ်ယောက်တစ်မျိုးနဲ့သူငယ်ချင်းသုံးယောက် Dark Meat City လို့ခေါ်တဲ့ဆိုးဆိုးရွားရွားမြို့မှာနေကြပါတယ် Angelino က အချိုးမပြေလို့အလုပ်ကမမြဲ၊ Vinz ကကျတော့ သူ့အသွင်ကြောင့်ဘယ်သူမှအလုပ်မခန့်တဲ့ အခြေအနေဖြစ်နေလို့အတူတူနေကြတဲ့ Vinz နဲ့ Angelino က စီးပွားရေးအဆင်မပြေလှပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်ကယ်စီးရင်းစော်ငမ်းမိတဲ့ Angelino တစ်ယောက်ဆိုင်ကယ်တိုက်ပြီးတော့super power တွေရလာပါတော့တယ်။ဇာတ်လမ်းက အဲဒီမှာ စရှုပ်တာပါ။ spoiler မိမှာဆိုးလို့ ဘယ်လိုရှုပ်တာလဲသိချင်ရင်တော့ ဇာတ်လမ်းကိုပဲကြည့်လိုက်ကြဖို့ တိုက်တွန်းပါတယ်ဗျာ။ ပေါက်ကရတွေအရမ်းပြောတဲ့ Willy နဲ့ Vinz ကြောင့်ရောထူးခြားတဲ့ ဇာတ်လမ်းကြောင့်ရော ကြည့်နေရင်း မပျင်းသွားဖို့တော့ အာမခံပါတယ်။ ...
movie
MFKZ (2017)
2017