Channel Myanmar

Griffin Dunne

Last Night (2010) 6.5
Last Night (2010)  ဒီဇာတ်ကားကတော့ Romantic Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ Massy Tadjedin က director အနေနဲ့ရောwriter အဖြစ်နဲ့ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Avatar ရုပ်ရှင်နဲ့ နာမည်ကြီးလာတဲ့ Sam Worthington, မင်းသမီးချော Keira Knightleyတို့က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Michael နဲ့Joanna တို့ဟာ သူတို့ရဲ့အိမ်ထောင်ရေးမှာ ပျော်နေကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေးထဲကို မမျှော်လင့်ထားတဲ့သူတွေ အမှတ်မထင် ဝင်ရောက်လာတဲ့အခါမှာတော့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာတစ်ယောက်ပေါ်တစ်ယောက် သံသယတွေဝင်လာပြီးတော့မယုံသင်္ကာတွေဖြစ်လာကြပါတယ်။ အဲဒီလိုမျိုး ဘေးကနေ မဆိုင်တဲ့လူတွေဝင်ပါလာတဲ့ကြားကနေ သူတို့နှစ်ယောက်ဟာ ပြန်လည်သင့်မြတ်အောင် ဘယ်လိုတွေကြိုးစားကြမလဲ၊ တကယ်ရော ပြန်လည်သင့်မြတ်နိုင်ပါ့မလားဆိုတာတွေကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။File size…1.25GB / 587MB Quality…Blu-Ray  1080p  / 720p Format…mp4 Duration….1h 33m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie

Last Night (2010)

Touched with Fire (2015) 6.2
Touched with Fire (2015)  Touched with Fire ဟာ 2015 ခုနှစ်ကထွက်ရှိထားတဲ့အမေရိကန်ဒရာမာဇာတ်ကား‌ကောင်းဖြစ်ပြီး ဒါရိုက်တာPaul Dalio က ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကတော့ စိတ်ကျန်းမာရေးဆေးရုံမှာဆုံတွေ့ပြီး ချစ်ကျွမ်းဝင်သွားတဲ့ ကဗျာဆရာနဲ့ကဗျာဆရာမနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးက အနုပညာနဲ့ စာပေရေးသားဖန်တီးခြင်းကို ဝါသနာထုံပြီး ကဗျာပါရမီကောင်းကြပေမဲ့တဖက်မှာလည်း စိတ်ကြွစိတ်ကျ အစွန်းနှစ်ဖက်ရှိတဲ့Bipolar စိတ်ရောဂါခံစားနေရတဲ့ စိတ်ဝေဒနာရှင်တွေဖြစ်ပါတယ်။မာကိုနဲ့ ကာလာတို့နှစ်ဦးဟာ အဖွဲ့လိုက်ကုထုံးခံယူမှုမှာတယောက်ကိုတယောက် စသတိထားမိခဲ့ကြပြီးတော့တဖြည်းဖြည်းနဲ့ သိပ်ချစ်ကြတဲ့စုံတွဲတွေဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ မိသားစုနဲ့ ဆရာဝန်ရဲ့ အကြံပေးစကားတွေကိုပါဆန့်ကျင်ပြီး သူတို့နှစ်ဦးရဲ့ နှစ်ကိုယ်တူဘဝတခုတည်ဆောက်ဖို့ကြိုးစားကြပုံကို ရင်ဖိုလှိုက်မောစွာ ကြည့်ရှုခံစားကြရမှာပါ။ File size…1.62GB / 759MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 46m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Touched with Fire (2015)

Junction (2024) 5.2
Junction (2024)  ဒီရုပ်ရှင်ကတော့ လက်ရှိ ၂၁ ရာစုနှစ် အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အိုပီရိုက် (အကိုက်အခဲပျောက်ဆေး) ကပ်ဘေး ကို ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီရဲ့ စီအီးအိုတစ်ယောက်၊ ဆရာဝန်တစ်ယောက်နဲ့ လူနာတစ်ယောက်တို့ရဲ့ ရှုထောင့်ကနေပြီး ရိုက်ကူးထားတာပါ။အိုပီရိုက်လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို နာတာရှည်နာကျင်မှုဝေဒနာ ခံစားနေရတဲ့ လူနာတွေအတွက် သုံးစွဲခဲ့ကြတာပါ။ ဒီထဲမှာ ကန်မက်ကုမ္ပဏီကထုတ်တဲ့ အောက်ဆီကိုဒုန်းဆေးလဲအပါအဝင်ပါပဲ။ သူတို့ထုတ်ကုန်ဆေးကို ရောင်းချရဖို့အတွက် ဆရာဝန်တွေကိုသုံးပြီး ကြော်ငြာခဲ့ကြပါသေးတယ်။ ဒါပေမဲ့လည်း အိုပီရိုက်ဆေးတွေဟာ အလွန်အမင်းစွဲလန်းသွားစေနိုင်ပြီး ကပ်ဘေးတစ်ခုအသွင်ပြောင်းသွားချိန်မှာတော့ အိုဟိုင်းယိုးပြည်နယ်အမတ်ကဦးဆောင်ပြီး ကန်မက်ကုမ္ပဏီကို တရားစွဲခဲ့ပါတော့တယ်။ ဒီတရားစွဲမှုကို ကန်မက်ဘက်က ဘယ်လိုချေပသွားမလဲ၊ အိုပီရိုက်ကပ်ဘေးရဲ့နောက်ကွယ်က အမြတ်ထုတ်မှုတွေနဲ့ မူးယစ်ဆေးဝါးစွဲလန်းမှုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.6 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

Junction (2024)

With/In(2022)
With/In(2022) ဇာတ်လမ်းတိုလေးတွေ စုပြီး ထုတ်ထားတဲ့ ညွန့်ပေါင်းfilmတစ်ခု ဖြစ်ပါတယ်။ဇာတ်လမ်းကျောရိုးကိုတော့ Covidကာလမှာ တည်ထားပြီး ကပ်ရောဂါကြီးကြောင့် တစ်နေ့တစ်နေ့ လူတွေ နေ့မြင်ညပျောက် ဖြစ်နေတဲ့ကာလအတွင်းက လူပေါင်းစုံ ဘဝပေါင်းစုံကို ထင်မြင်အောင် ရိုက်ကူး တင်ဆက်ထားတာကို တွေ့ရမှာပါ။ အထူးသဖြင့် Covid pandemic, Black lives matterတို့လို 2020-21အတွင်း ဖြစ်ပျက်သွားတဲ့ အထင်ကရ အဖြစ်အပျက်တွေ အဓိကရုဏ်းတွေကို surrealတစ်ပိုင်းနဲ့ Mysteryလေးပါ ရောပြီး ကြည့်ရှုရမှာမို့ ဇာတ်လမ်းအေးအေးလေးနဲ့ တွေးစရာတွေ မြှုပ်ကွက်လေးတွေ ပါတာကို ကြိုက်တဲ့လူတွေအဖို့ သင့်လျော်ပါတယ်။ဇာတ်လမ်းကိုတော့ volumeနှစ်ခုခွဲကာ တစ်ရက်ခြား ထုတ်ဝေခဲ့ပြီး စုစုပေါင်း ၃နာရီအထက် ကြာမြင့်ပါတယ်။မဆိုးလှတဲ့ အနေအထားတစ်ခုမှာ ရှိတယ်လို့ ပြောလို့ရတဲ့အတွက်‌ကြောင့် စောင့်ကြည့်ရှုစားလိုက်ကြပါဦးနော်။ File size…(2.9GB)  / (772MB) / 434.73MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO
movie

With/In(2022)

My Girl (1991) 6.9
My Girl (1991) My Girl (1991)ဗေဒါလေးဟာ ငယ်ငယ်လေးနဲ့ အသိကြွယ် ဉာဏ်ပြေးတဲ့ ကလေးမလေးတစ်ယောက်ပါ။ ဗေဒါ့ဖေဖေက ဈာပနအခမ်းအနားတွေ တာဝန်ယူပြင်ပေးရတဲ့သူပေါ့...။သူ မသိတတ်ခင်ကတည်းက ဆုံးသွားတဲ့ မေမေ၊ အသိ သတိ မကောင်းတော့တဲ့ ဖွားဖွား၊ နေ့စဉ်နဲ့အမျှ ဝင်ချည်ထွက်ချည်မြင်နေရတဲ့ အလောင်းတွေနဲ့ ပူဆွေးတမ်းတသူတွေ...။ နေ့စဉ်ဘဝလိုဖြစ်နေတဲ့ သေခြင်းနဲ့ ရှင်ခြင်းကြားက မျဉ်းပါးပါးလေးကို ဗေဒါလေး ဘယ်လိုများ နားလည်ထားသလဲ။အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး... ၁၁နှစ်ဆိုတဲ့ တစ်ဆယ်စွန်းစ ဆယ်ကျော်သက်မဖြစ်တစ်ဖြစ်ကလေးမှာ အနားက အရိပ်လိုလိုက်မယ့် သူငယ်ချင်းလေး တစ်ယောက်ရှိတယ်... ကဗျာရွတ်ပြတာတွေ ကြိတ်ကြွေနေရတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်...။ နှာတစ်ဖျားအသာနဲ့လည်း ရွယ်တူတွေကို ဖျံကျတတ်တယ်။ဒါပေမဲ့လည်း အလောင်းတွေကြားမှာ ဘဝကို မြှုပ်နှံထားတဲ့ ဖအေဖြစ်သူရဲ့ အာရုံစိုက်ခံရဖို့ကိုတော့ ညစ်ကြယ်ကြယ် ဉာဉ်လေးနဲ့ နိစ္စဓူဝကြိုးစားရတုန်းပါပဲ...။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဗေဒါတို့ သားအဖဘဝထဲကို ရှယ်လီဆိုတဲ့ မိတ်ကပ်ဆရာမတစ်ဦး ပေါက်ချလာပါတော့တယ်...My Girl ဟာ နာမည်ကျော် ...
movie

My Girl (1991)

1991
The French Dispatch (2021)
The French Dispatch (2021) The French Dispatch (2021)ရုပ်ရှင်တစ်ပုဒ်ဟာ ပြဇာတ်တစ်ပုဒ်လို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ပြီးလှပ​နေပြီဆိုရင် Director Wes Andersonရဲ့လက်ရာ​တွေနဲ့ မကင်းနိုင်ပါဘူး၊ သူ့ဇာတ်ကား​တွေရဲ့ narrativeပုံစံ ဇာတ်လမ်းတင်ဆက်ပုံနဲ့ Uniqueဖြစ်သလို Colorfulလည်းဖြစ်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေ​ကြောင့် ရုပ်ရှင်နဲ့မတူဘဲ ပုံပြင်ကမ္ဘာထဲ လက်​တွေ့​ရောက်သွားသလို ခံစားချက်မျိုး၊ The Palais Garnier ပြဇာတ်ရုံမှာ ကိုယ်တိုင်ပြဇာတ်ကြည့်​နေရသလို ခံစားချက်မျိုး ရ​စေတာကို- The Grand Budapest Hotel (2014) နဲ့ - Moonrise Kingdom (2012)မှာ ခံစားခဲ့ရပြီးပါပြီ၊ဒီ ဇာတ်လမ်းကလည်း Wes Andersonရဲ့ ​နောက်ထပ် ရုပ်ရှင်မဟုတ်​သောရုပ်ရှင်၊ ပြဇာတ် မဟုတ်​​သော ပြဇာတ်လို့ ထပ်ရည်ညွှန်းရမယ်ထင်ပါတယ်ဒီဇာတ်လမ်းက​​တော့ Andersonရဲ့ ဝတ္ထုတို​တွေကို ချစ်မြတ်နိုးမှု၊ စာနယ်ဇင်း​လောကကို နှစ်ခြိုက်မှုအ​ပေါ် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းလိုက်တဲ့ လက်ရာမွန်တစ်ခုပါပဲ၊ Cast​တွေကလည်း ​ပြေးကြည့်စရာမလို​​​​အောင်ကို ဒိတ်ဒိတ်ကြဲ​ဖြစ်တဲ့၊ သူ့လက်စွဲ​တွေ ဖြစ်တဲ့ - ...
movie

The French Dispatch (2021)

2021
Ocean’s 8 (2018) 6.2
Ocean’s 8 (2018) Ocean's 8 (2018) IMDb - 6.2/10_____Rotten Tomatoes - 69%   Rihanna တို့လို အဆိုကျော်တွေအပြင် Sandra Bullock ,Cate Blanchett, Anne Hathaway စတဲ့ ဝါရင့်ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ Ocean ဇာတ်ကားတွေရဲ့ အရသာကိုပုံဖော်မယ့်ရုပ်ရှင်ပါ။ဒီရုပ်ရှင်က ရှေ့ကရင်းနှီးပြီးသား ဂျော့ကလူနေးတို့ ဘရတ်ပစ်တို့ရဲ့ Ocean 11,12,13 ဇာတ်ကားသုံးကားကို ဆင့်ပွားခံယူထားတဲ့ ဇာတ်ကားဖြစ်ပြီး Theme ပုံစံလဲ တူညီပါတယ်...မတူတာကတော့ ရှေ့ကဇာတ်ကားတွေမှာ အမျိုးသားသရုပ်ဆောင်ဒိတ်ဒိတ်ကြဲတွေဖြစ်ကြပြီး အခု Ocean 8 မှာတော့ အမျိုးသမီးသရုပ်ဆောင်တွေပါ။Anna Wintour, Zayn Malik, Katie Holmes, Maria Sharapova, Serena Williams, Kim Kardashian, Kylie Jenner, Kendall Jenner, Gigi Hadid စတဲ့နာမည်ကြီးတွေလဲ Cameo အဖြစ်ပါဝင်တာကို တွေ့မြင်ရဦးမှာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ...
movie

Ocean’s 8 (2018)

2018
Dallas Buyers Club (2013) 8.0
Dallas Buyers Club (2013) Dallas Buyers Club (2013) IMDb - 8.0 /10___________Rotten - 93% Won 3 Oscars. Another 82 wins & 82 nominations.1984ခုနှစ်ကျော်ကာလက ရောဂါဆန်းတွေ ကမ္ဘာကြီးထဲကို ထဲထဲဝင်ဝင် ရောက်ရှိလာသည့် နှစ်ကာလတွေဟု ပြောရမည်။အမေရိကလို အထူးလွတ်လပ်စွာနေထိုင်ခွင့်ရနိုင်သည့် လူတန်းစားတွေကြားမှာ လူတွေပဲ သတ်မှတ်ထားသည့် ကောင်းမှု ။မကောင်းမှု တွေအား အလွယ်တကူ ရရှိခံစားနိုင်သော အချိန်ကာလမှာ အေ့အိုင်ဒီအက်စ်ရောဂါကို ဖြစ်စေသည့် အိတ်ချ်အိုင်ဗွီ ဗိုင်းစ်ရပ်ပိုးကလေးတွေကလည်း လူသားတွေကြားကို တိုးဝင်ရောက်ရှိလာသည်။ယခုနှစ်ကာလများသည် အေအိုင်ဒီအက်စ် ခေတ်ဦးလို့ ဆိုရမည်။လူတန်းစားအကြား ဖြစ်ပွားလာချိန်မှာ ဆေးသိပ္ပံအဖွဲ့အစည်းတွေအတွက် အထူးခေါင်းခဲရသော အချိန်ကာလများဖြစ်နိုင်သည်။လိင် အပျော်အပါး။မူးယစ်ဆေးဝါးစတဲ့ စိတ်လွတ်လပ်မှု ကို အထောက်အကူပြု သော ယင်းအချက်အလက်များနှင့် လွတ်ကင်းနိုင်ဖွယ်မရှိသည့် လူတန်းစားတွေကြားကို ချက်ချင်းပျံ့နှံ့လာသည်။ထဲထဲဝင်ဝင် ထိန်းချု ပ်တားဆီးလို့ရမည့် ဆေးတွေလည်း မရှိသေး။လူတွေလည်း တစ်ဖြု တ်ဖြုတ်သေကုန်သည်။ဆေးရုံအများစုတွင်လည်း ...
movie

Dallas Buyers Club (2013)

2013