Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Greta Gerwig
6.2
No Strings Attached (2011)
No Strings Attached (2011) IMDb Rating (6.2) မင်းသမီး Natalie Portman နဲ့ မင်းသား Ashton Kutcher တို့ပါဝင်ထားပြီး အချစ်ရိုမန့်ရုပ်ရှင်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ဇာတ်ကားလေးပါ။ အမ်မာ နဲ့ အာဒမ် တို့က သူငယ်ချင်းဆိုပေမယ့် သူငယ်ချင်းလိုလဲမဟုတ်ဘူး.... အတူအိပ်နေကြလို့ ချစ်သူတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး... တစ်ယောက်ယောက်က အဆင့်ပိုပြီး ချစ်မိမလာကြဖို့လဲ ၂ ယောက်လုံးက ကန့်သတ်ထားကြသေးတယ်.... ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဘဝကို သင့်တော်သလိုဖြတ်သန်းနေရင်းနဲ့ ဘယ်အချိန်မှာ တစ်ယောက်ကိုတစ်ယောက်မလွန်ဆန်နိုင်တဲ့အထိ သံယောဇဉ်တွေ ငြိတွယ်ကြမလဲဆိုတာ....။ တခုခုကိုရယူလိုခြင်းမရှိပေမယ့် ပေးဆပ်ခြင်းသက်သက်တွေက အချစ်ဆိုတဲ့နှောင်ကြိုးတွေဖြစ်တည်လာတဲ့အခါမှာတော့....။ Comedy Romance ဇာတ်လမ်းလေးမလို့ ရိုမန့်သီးသန့်မဟုတ်ဘဲ ရီလဲရီနေရပါတယ်။ကြည့်ကြည့်ပါ.အကြိုက်တွေကြမှာပါ။File size…(1.8 GB) / (910 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:47:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
No Strings Attached (2011)
2011
5.9
Wiener-Dog (2016)
Storytelling Style ထူးခြားတဲ့ ရုပ်ရှင်တစ်ကားနဲ့CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ဒါရိုက်တာ Todd Solondz ရိုက်ကူးထားပြီး ပိုင်ရှင်တစ်ယောက်ကနေတစ်ယောက် ပြောင်းသွားရတဲ့ Dachshund ခွေးတစ်ကောင်ကပိုင်ရှင်တွေရဲ့ ဘဝကို တိတ်တဆိတ် မြင်နေရတဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာပါ။ ခွေးလေးရဲ့ ပထမပိုင်ရှင်ကတော့ Remi ပါ။Cancer survivor ကလေးလေး Remi က Weiner Dog လို့ နာမည်ပေးခဲ့ပြီးခွေးကလေးက Remi အတွက် နှစ်သိမ့်စရာ ရှုထောင့်လေး ဖြစ်ခဲ့ပါတယ်။နောက်တော့ မိဘတွေရဲ့ အမြင်ကွဲပြားမှုကြောင့် ခွေးလေးကိုအိမ်မွေ့ချသတ်ဖို့ ဆုံးဖြတ်လိုက်ရာကနောက်ပိုင်ရှင်တစ်ယောက်ဆီ ရောက်လာရပါတော့တယ်။ အိပ်မွေ့ချသတ်ခံရမဲ့ ခွေးလေးကို တိရစ္ဆာန်ကုဆေးရုံကသူနာပြု Dina က မွေးစားခဲ့ပြီး Doo Dee လို့ နာမည်ပေးခဲ့ပါတယ်။သူငယ်ချင်းဟောင်း Brandon နဲ့ ခရီးသွားရင်း ခွေးလေးကိုပိုကောင်းတဲ့ဘဝရနိုင်ဖို့ Brandon ရဲ့ Down Syndrome ဖြစ်နေတဲ့ညီဖြစ်သူ Tommy နဲ့ ချစ်သူ ...
movie
Wiener-Dog (2016)
2016
The Meyerowitz Stories (New and Selected)(2017)
"The Meyerowitz Stories" ဆိုတဲ့ဇာတ်ကားလေးကတော့ နွေးထွေးတဲ့ မိသားစုအကြောင်း၊ အနုပညာနဲ့ ရှုပ်ထွေးလှတဲ့ လူ့ဘဝအကြောင်းတွေကို သရုပ်ဖော်ထားတဲ့ နွေးနွေးထွေးထွေး ဟာသကားလေးပဲ ဖြစ်ပါတယ်တော်လှတဲ့ ပန်းပုဆရာဖြစ်ပေမယ့် အပြစ်လည်း သိပ်မကင်းလှတဲ့ သူတို့ အဖေအပေါ် မာယာဝစ် မွေးချင်းသားတွေနဲ့အတူ သူတို့ ဘယ်လိုခံစားကြရတယ်ဆိုတာ တူတူခံစားကြည့်လို့ ရပါတယ်ဒီကားလေးကတော့ မိဘနဲ့ သားသမီးတွေအကြား ဆက်ဆံရေးတွေကို သေချာ စူးစမ်းလေ့လာထားတဲ့ ရင်ထဲ ထိဖွယ် ဟာသ ဇာတ်ကားလေးဖြစ်ပါတယ်မိသားစု တစ်ခုမှာ ဘယ်လို အတက်အကျတွေ ရှိတယ်ဆိုတာရယ် ခဏတာ ရယ်မောချင်တာရယ်အတွက်ကတော့ ဒီကားလေးက လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်.. File size…2.31GB / 892.6MB Quality…Web-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
The Meyerowitz Stories (New and Selected)(2017)
7.4
Frances Ha(2012)
Frances Ha (2012)===============IMDb - 7.4/10 Rotten tomatoes - 93%ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ လူတွေရဲ့ နေ့စဉ်ဘဝမှာကြုံတွေ့နေရတဲ့ သူငယ်ချင်းဆက်ဆံရေး၊ ရည်မှန်းချက်တွေအတွက် ရုန်းကန်ရမှု၊ အောင်မြင်မှုနဲ့ ကျရှုံးမှုတွေ အကြောင်းကိုB&W နဲ့ အလှပဆုံး ရိုက်ကူးတင်ဆက်ထားတဲ့ ဟာသဇာတ်မြူးကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့အသက် 27 အရွယ် ဖရန့်စစ် ဟယ်လာဒေး (Greta Gerwig) ဟာကယ်လီဖိုးနီးယားပြည်နယ်၊ ဆာခရာမန်တိုမြို့ ကနေ နယူးယော့ခ်မြို့ကိုလာပြီးအကကုမ္ပဏီတစ်ခုမှာ အရံလူအဖြစ်ဝင်လုပ်ရင်း ကိုယ်ပိုင်အိပ်မက်ဖြစ်တဲ့အောင်မြင်တဲ့ အကပညာရှင် တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ နယူးယော့ခ်က တိုက်ခန်းတစ်ခုမှာ သူငယ်ငယ်လေးကတည်းက ခင်လာခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း ဆိုဖီ (Mickey Sumner) နဲ့အတူငှားနေရင်း တနေ့မှာဆိုဖီက တခြားတိုက်ခန်းပိုကောင်းတဲ့တစ်ခုကိုပြောင်းသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဘာပြဿနာအခက်အခဲပဲရှိရှိ ပေါ့ပေါ့ပါးပါးပဲဖြေရှင်းတတ်ပြီး သူငယ်ချင်းမျက်နှာ တစ်ကမ္ဘာထင်နေခဲ့တဲ့ ဖရန့်စစ်တယောက်နယူးယော့ခ်မြို့ကြီးမှာဆက်လက်ရှင်သန်နိုင်ဖို့ ဘယ်လိုတွေ ဆက်ပြီးရုန်းကန်ရမလဲ၊ သူလုပ်သမျှအလုပ်တွေကရော အကုန်အဆင်ပြေလာမလား၊သူ့ရဲ့အပ်မက်ကရော ဖြစ်မြောက်လာမလား ကျရှုံးသွားမလား ဆိုတာကိုဆက်လက် ရှုစားပေးကြပါဦးခင်ဗျ။ File ...
movie
Frances Ha(2012)
5.8
White Noise (2022)
White Noise (2022)ဒါရိုက်တာ Noah Baumbach ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ အဒမ်ဒရိုင်ဘာနဲ့ စကားလက်ဂျိုဟန်ဆန်တိုရဲ့ Marriage Story ကို ရေးခဲ့တဲ့သူပါပဲ။ ၁၉၈၅ မှာ Don DeLillo ရေးခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။နာမည်ဖြစ်တဲ့ White Noise ဆိုတဲ့ အဓိပ္ပါယ်ကတော့ လူတွေကြားနိုင်တဲ့ အသံကြိမ်နှုန်းတွေအကုန်ပါဝင်တဲ့ အသံတစ်ခုဆိုတာပါပဲ။ ဒီအသံမျိုးဟာ လူတွေရဲ့ ဦးနှောက်ကော်တက်စ်အပိုင်းကို သက်ရောက်စေတယ်လို ဆိုကြပါသေးတယ်။ဒီရုပ်ရှင်ကတော့ လူသားတွေနဲ့ လူ့အသိုင်းအဝိုင်းရဲ့ အတွေးတွေနဲ့ ကြောက်စိတ်တွေကို ထော်လော်ကန့်လန့် သရော်ထားတဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ဂျက်ဟာ ဟစ်တလာအကြောင်းအထူးပြုတဲ့ နာမည်ကြီးပါမောက္ခတစ်ယောက်ရှိပြီး ဘာဘတ်ဆိုတဲ့ ဇနီးနဲ့ ကလေး ၄ ယောက်နဲ့အတူ ပျော်ရွှင်စွာနေထိုင်သူပါ။ သူ့ရဲ့မိတ်ဆွေကတော့ အဲလ်ဗစ် ပရက်စ်လေအကြောင်း အထူးပြုတဲ့ ဆရာပါပဲ။ ဟစ်တလာနဲ့ အဲလ်ဗစ်နဲ့ သူတိုကို အားပေးသူတိုရဲ့ တူညီတဲ့အချက်တွေအကြောင်း ဆွေးနွေးရင် ရုပ်ရှင်ကိုစတင်ထားပါတယ်။ဒါပေမဲ့ ရုတ်ချည်းဆိုသလိုပဲ စွန့်ပစ်ပစ္စည်းတွေပါဝင်တဲ့ ရထားကြီး လမ်းချော်သွားပြီး အဆိပ်သင့်တိမ်တိုက်မည်းကြီးပေါ်လာလို အားလုံးလွတ်အောင်ထွက်ပြေးရတဲ့ ကပ်ဘေးကြီးရောက်ရှိလာပါတော့တယ်။ အဲဒီကပ်ဘေးကြီးကို အဖြေရှာရင်း လမ်းတလျှောက်မှာ ဂျက်ဟာ သူ့မိန်းမ ...
movie
White Noise (2022)
2022
6.3
The House of the Devil (2009)
The House of the Devil (2009)~ IMDb - 6.3/10, RT - 85%, Shudder - 3.8/5 ~ပြောရရင် ဒီရုပ်ရှင်ကို ကျွန်တော်စိတ်ဝင်စားသွားတာက A24 ဖန်ဂရုထဲက ပို့စ်တစ်ခုကြောင့်ပါပဲ။ အကျဉ်းဖျဉ်းပြောရရင် ခုလက်ရှိမှာ Ti West ရဲ့ Pearl ရုံတင်နေတယ်။ အဲဒီကားက တော်တော်လေး လူကြိုက်များနေသလို မာတင်စကေးဆဲစီလို ဂန္ထဝင်ဒါရိုက်တာကြီး ကိုယ်တိုင် ချီးကျူးတာတောင် ခံရတယ်။ သူ့ရှေ့က အောင်မြင်ခဲ့တဲ့ X ရဲ့ ရှေ့ဆက်တွဲလည်း ဟုတ်နေတာကိုး။ ဒီတော့ ဘဲတစ်ပွေက Ti West က Roger Ebert တို့ Aris Aster တို့လို တန်းဝင်လာပြီ ဘာညာပြောတယ်။ အဲဒီမှာပြန်မန့်ကြတာက Ti West ရဲ့ The ...
movie
The House of the Devil (2009)
2009
5.7
Arthur (2011)
Arthur (2011)ယခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ ၂၀၁၁ က ထွက်ရှိခဲ့တဲ့ ရိုမန့်ဟာသ ဇာတ်ကားအမျိုးအစားဖြစ်တဲ့ Arthur ဆိုတဲ့ ဇာတ်ကားလေးပါ။ ဟာသဇာတ်ကားကြိုက်သူတွေအတွက် ဟာသကောင်းလေးတွေနဲ့ တွေးရင်း ရယ်မောနိုင်စေမှာ ဖြစ်ပါတယ်။ ကျိကျိတက်ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာတဲ့ အာသာဘာ့ခ် ဆိုတဲ့ လူတစ်ယောက်။ ချမ်းသာသည့် အလျှောက် သူ့ဘဝတစ်လျှောက်လုံးမှာ ဘာတာဝန်မှ မယူဘဲ ထင်ရာစိုင်းနေခဲ့ပါတယ်။ ပြဿနာတွေရှာလိုက် အရက်တွေသောက်လိုက်၊ ပိုက်ဆံတွေဖြုန်းလိုက်၊ မိန်မတွေ ရှုပ်လိုက်နဲ့ နေလာလို့ အမေဖြစ်သူဟာ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် ဆူဆန်ဂျွန်ဆန် ဆိုတဲ့ မိန်းကလေးနဲ့ ပေးစားဖို့ စီစဥ်ပါတော့တယ်။ အကယ်၍ သူပေးစားတဲ့သူနဲ့ မယူရင် အမွေပြတ်စွန့်လွှတ်မယ်ပြောလို့ အာသာ ဟာ ရွေးချယ်စရာမရှိတော့တာနဲ့ လက်ထပ်ဖို့ သဘောတူလိုက်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ နေအိုမီ ဆိုတဲ့ ဧည့်လမ်းညွှန် ကောင်မလေးနဲ့တွေ့ဆုံဖြစ်ရာကနေ အာသာရဲ့ ဘဝ ပြောင်းလဲဖို့ အစပျိုးလာပါတော့တယ်။ အာသာ တစ်ယောက် ဘယ်လို ပေါက်တတ်ကရတွေ လုပ်မလဲ၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာ ဟာသမြောက်စွာ ...
movie
Arthur (2011)
2011
7.3
20th Century Women (2016)
20th Century Women (2016) ~IMDb - 7.3/10, RT - 88%, Meta - 83%~20th Century Women ရဲ့ အပေါ်ယံကြောကို ဖြတ်လျှောက်ကြည့်တဲ့အခါ အများအားဖြင့်တော့ ကောင်လေးတစ်ယောက်ရဲ့ Coming of Age အခြေအနေကို မြင်ရမှာပေမဲ့ ဒီရုပ်ရှင်ဟာ အဲဒီကောင်လေးကို ဗဟိုပြုပြီး ၂၀ရာစုမိန်းမသားသုံးယောက်ရဲ့ အရွယ်သုံးမျိုးကို ပုံဖော်သွားတယ်။သက်ကြီးပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ အထီးကျန်ခြင်းတွေ၊ သက်လတ်ပိုင်း ၂၀ရာစု မိန်းမသားတစ်ယောက်ရဲ့ ဘဝဒဏ်တွေ၊ သက်ငယ်ပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ လိုအင်တွေကို Coming of Age ဆန်ဆန် Vibe နဲ့ ချိတ်ဆက်ပုံဖော်ထားခဲ့တယ်။ နောက်ပြီး ဆယ်ကျော်သက်သားလေး ဘဝရဲ့အချိုးအဆစ်အခက်အခဲတွေ၊ မိခင်တစ်ယောက်ရဲ့ အတွေးအမြင်တွေကိုင်တွယ်ပုံတွေ၊ အသက်ကြီးမှ ကလေးရတာမို့ generation gap ကြောင့် သားကို နားလည်ပေးဖို့ ကြိုးစားတဲ့ သက်ကြီးပိုင်း ...
movie
20th Century Women (2016)
2016
6.3
To Rome with Love (2012)
[Unicode]To Rome With Love (2012)Directed By Woody Allenဒီရုပ်ရှင်ဟာ သိပ်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တော့ မဟုတ်ပါဘူး။ လှပတဲ့ ဖန်တီးမှုအများစုရဲ့ဖြစ်တတ်တဲ့ မအောင်မြင်ရခြင်းအကြောင်းရင်းကတော့ ဖန်တီးသူဟာ ပရိတ်သတ်ဘက်ကို ငဲ့မကြည့်လို့ပါပဲ။ ပဲ့ကိုင်ရှင် ဝူဒီအယ်လန်က သူရုပ်ရှင်ဟာ ငွေကြေးအရ လူအများစုနှစ်ခြိုက်မှုအရ အနုတ်ပြနေခဲ့ရင် အနုပညာအစစ်တစ်ခု သူလုပ်လိုက်တာပဲလို့ ပြောဖူးပါတယ်။ ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ဇာတ်အိမ်အက်ကြောင်းထပ်ထပ်မထပ်ထပ် သူ့ရုပ်ရှင်ကားတွေမှာ အနုပညာပီသမှုတော့ကိန်းအောင်းနေတယ်။ ဒါက ဝူဒီအယ်လန်ပါပဲ။To Rome with Loveဟာ ဝူဒီရဲ့ ရောမက ဗိသုကာတွေကို ချစ်စိတ်ကဖြစ်လာတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ သူချစ်တာက ကိုလိုင်ဆီယံလို အပြိုအပျက်တွေကိုတော့မဟုတ်ဘူး။လှပနေဆဲအဆောက်အဦးတွေကိုပေါ့။ ဒီလိုပြောလိုက်လို့ ဒီကားကို သိပ်ခမ်းနားမယ်ထင်ရင်လည်းမှားမယ်။ ဒီရုပ်ရှင်ဟာ တစ်လောကလုံးကို သရော်ထားတဲ့သရော်ရုပ်ရှင်ပါပဲ။ ဘယ်လောက်ထိသရော်သလဲဆို စစ္စတင်းဘုရားကျောင်းကမျက်နှာကျက်မှာ မိုက်ကယ်အိန်ဂျလိုဆွဲထားတဲ့ပန်းချီတွေကို ငြမ်းစင်ပေါ် ပက်လက်အိပ်ပြီးတစ်နေကုန်ဆွဲတယ်လို့လူတစ်ယောက်ကပြောတော့ မိန်းမတစ်ယောက်က သူဆိုလုပ်နိုင်မှာမဟုတ်ဘူး ပြောတယ်။ ဒီမှာ ပခြုပ်သည်မက ကျွန်မတော့ တစ်နေကုန်ပက်လက်အလုပ်လုပ်နိင်တယ်ဆိုပြီး ထပြောတဲ့ အခန်းတောင်ပါပါတယ်။ သောက်တလွဲမီဒီယာတွေ ကဗျာဆရာတိုင်းရဲ့ ...
movie
To Rome with Love (2012)
7.9
Isle of Dogs (2018)
Isle of Dogs (2018) IMDb - 7.9/10_____Rotten - 90% ဒီဇာတ်လမ်းလေးအကြောင်းကို စမပြောခင် Animation ရဲ့ Graphic ပုံစံဟာ မြင်တွေ့နေကြပုံစံမျိုးမဟုတ်ပါဘူးလို့ စကားဦးခံထားပါရစေဘာလို့လဲဆိုတော့ ဘာသာပြန်ဖို့စကြည့်တဲ့အချိန်မှာ မိမိကိုယ်တိုင်လည်း ဘယ်လိုကြီးလဲဆိုပြီး အတွေးဝင်မိလို့ဖြစ်ပါတယ်ဒါပေမယ့် ဒီကားဟာ IMDb 7.9 တောင်ရရှိထားပြီး အသံသရုပ်ဆောင်တွေကလည်း ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Scarlett Johnson တို့ Breaking Bad ကမင်းသားကြီး Bryan Cranston တို့ Bill Murray တို့ပါဝင်သရုပ်ဆောင်ထားကြဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူးကဲ ဇာတ်လမ်းအကြောင်း ဆက်လိုက်ကြရအောင်လွန်ခဲ့တဲ့ ရာစုနှစ်ဆယ်စုစာတုန်းက ခွေးတွေဟာ လူတွေရဲ့ အမိန့်ကို နာခံတတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ကြပါဘူးအဲ့အချိန်မှာ ခွေးမုန်းတီးရေးဝါဒီကိုဘာယားရှီမျိုးနွယ်တွေဟာ ခွေးတို့ိကို စစ်အင်အားအလုံးအရင်းနဲ့ဝင်တိုက်ပါတော့တယ်အဲ့အချိန်မှာ ခွေးတွေဘက်က ရပ်တည်ပေးတဲ့ သူရဲကောင်းကလေးတစ်ဦး ပေါ်ပေါက်လာတာတော့တယ်ခွေးတွေကတော့ လူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်လာပါတယ်နောက်နှစ် နှစ်ဆယ်ကြာလာတဲ့အခါ ခွေးတုပ်ကွေးရောဂါပြန့်ပွားမှုဟာ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိနေပါတယ်အဲ့အချိန်မှာ ခွေးမုန်းတီးတဲ့ ...
movie
Isle of Dogs (2018)
2018
6.7
Jackie (2016)
Jackie (2016) IMDb - 6.7/10_____Rotten - 87% ကျွန်တော် La La Land ဇာတ်ကားကို ပိုကြိုက်တာ မှန်ပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်ပိုင်းနဲ့ပြောရမယ်ဆိုရင်တော့ ယခု Jackie ဇာတ်ကားထဲက Natalie Portman သရုပ်ဆောင်ခဲ့တာ Emma Stone ထက် အဆများစွာ သာခဲ့တယ်။ ယခုဇာတ်ကားကိုလည်း ရုံမှာကြည့်ဖို့မစောင့်နိုင်တော့တဲ့အတွက် SD version လေးပဲကြည့်ခဲ့ရတယ်။ သမိုင်းမှာ America ရဲ့နာမည်ကျော် သမ္မတတစ်ဦးဖြစ်ခဲ့တဲ့ John F. Kennedy ရဲ့ အမျိုးသမီးဖြစ်သူ Jacqueline Kennedy Onassis ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ Biographical ရုပ်ရှင်ဇာတ်ကားဆိုပေမဲ့ တစ်ခြားဇာတ်ကားတွေနဲ့ကွာခြားတာတစ်ခုက ယခုဇာတ်ကားက ခင်ပွန်းဖြစ်သူလုပ်ကြံခံရပြီးတဲ့နောက်ပိုင်း နေ့ရက်တွေက သူမရဲ့ဘဝကို ပိုမိုအာရုံထားပြီး တင်ပြထားတာပဲ။ ထို့အတွက်ကြောင့်လည်း ယခုဇာတ်ကားဟာ ပိုမိုလေးနက်တယ်လို့ခံစားခဲ့ရတယ်။ Natalie Portman ရဲ့ သရုပ်ဆောင်ကွက်တွေကို ...
movie
Jackie (2016)
2016