Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Grégory Gadebois
5.6
A Prince (2023)
A Prince (2023)ယခုဇာတ်ကားဟာဆိုရင် ထူးဆန်းတဲ့တင်ဆက်ပုံမျိုးနဲ့ ဇာတ်ကားလို့ပဲ ဆိုရမှာပါ။ ကြည့်ရှုသူရဲ့အမြင်ပေါ်မှာ မူတည်ပြီး ခံစားချက်အမျိုးမျိုး ပေးနိုင်မယ်လို့ ထင်ပါတယ်။ IMDb rating အနေနဲ့တော့ 5.6, Rotten Tomatoes 70% ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပီရဲယ်ဂျိုးဆက်ဖ်ဟာ ဥယျာဉ်ပန်းမန် စိုက်ပျိုးခြင်းပညာကို သင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်ပါ။ သူ့အဖေဟာ မုဆိုး၊ သူ့အမေဟာ တိရစ္ဆာန်ရုပ်လုံးသွင်းတဲ့ပညာရှင်တို့နဲ့အတူ ကြီးပြင်းခဲ့ရတဲ့သူပါ။ ဒါပေမယ့် သူ့အဖေနဲ့အမေဟာ အမြဲတမ်း ငြင်းခုန်ရန်ဖြစ်နေကြတာမို့လို့ စိတ်ဒဏ်ရာရခဲ့သူပါ။ ပီရဲယ်ဂျိုးဆက်ဖ်ဟာ အတန်းထဲမှာ ထူးခြားနေတဲ့သူမို့ အတန်းထဲကို စာလာသင်တဲ့ ဆရာရဲ့ ဂရုစိုက်မှုကို ခံရပါတယ်။ ပီရဲယ်ဟာ ဥယျာဉ်မှူးအလုပ်လုပ်ရင်း သူ့ရဲ့ ဆန်းပြားတဲ့ လိင်ပိုင်းဆိုင်ရာ စွဲလန်းမှုပွင့် ထွက်လာပြီး ဘဝကို ရှေ့ဆက်လျှောက်ဖို့ကြိုးစားပါတော့တယ်.....အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB | 573MB Format… mp4 Duration…. 1h ...
movie
A Prince (2023)
2023
7.2
An Officer and a Spy (2019)
၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကိုဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး...2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံးဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်...။ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့...၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက်သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်...။ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်...။ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ...သူ့ကိုညွှန်းဆိုထားတာလဲရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ...။အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲနိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်...။ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်....။လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ...တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲအလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်းသပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ...။အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ"အရာရှိတစ်ဦးနဲ့သူလျှိုတစ်ယောက်"အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.71GB / 727MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
An Officer and a Spy (2019)
6.8
Everything Went Fine (2021)
ဒီကားလေးကတော့ Emmanuèle Bernheim လို့ခေါ်တဲ့ပြင်သစ်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအထ္ထုပတ္တိကိုအခြေခံထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Everything Went Fine ဖြစ်ပြီးဘာလို့ဇာတ်ကားကို အားလုံးအဆင်ပြေခဲ့ပါတယ်ဆိုတဲ့နာမည်ကိုပေးထားလဲဆိုတာကိုဇာတ်သိမ်းမှာသိလာရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဧမန်နူရယ်နဲ့ ပါစကယ်တို့ညီအစ်မနှစ်ယောက်ရဲ့အဖေဖြစ်သူ မစ္စတာဘျာမိန်ကရုတ်တရက်ကြီး လေဖြတ်သွားခဲ့ပြီးဆေးရုံမှာအသည်းအသန်ကုသခဲ့ရပါတယ်။ကံကောင်းထောက်မစွာနဲ့ သက်သာလာခဲ့ပေမဲ့လဲလူကြီးဖြစ်တာကလဲတစ်ကြောင်းလေဖြတ်ရောဂါ ဖြစ်တာကတစ်ကြောင်းကြောင့် အရှင်းကြီးတော့ပြန်မသက်သာလာခဲ့ပဲ လူမမာတစ်ယောက်အနေနဲ့ဆေးရုံမှာပဲနေနေရပါတယ်။အဲ့ဒီအချိန် ဆွစ်ဇာလန်မှာနာကျင်ဝေဒနာတွေမခံစားချင်ပဲ သက်တောင့်သက်သာနဲ့ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်ချင်နေတဲ့လူတွေအတွက် ဝန်ဆောင်မှုပေးတဲ့နေရာတစ်ခု အကြောင်းကိုမစ္စတာဘျာမိန်သိပြီးနောက်မှာ သူ့ကိုအဲ့ဒီကိုပို့ပေးဖို့အတွက်သူ့သမီးတွေကိုတောင်းဆိုခဲ့ပါတော့တယ်။ ဒီတော့သူ့သမီးဖြစ်သူတွေကလဲ အဖေဖြစ်သူရဲ့စကားကိုမလွန်ဆန်နိုင်တဲ့အတွက်ရင်နာနာနဲ့အဖေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတဲ့အကြောင်းတွေကိုအသေးစိတ်မြင်ရမှာပဲဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဆီမှာသူတို့အဖေအဲ့ဒီဆန္ဒကိုပြန်ရုတ်သိမ်းဦးမလားဆိုတဲ့မျှော်လင့်ချက်ကတော့ရှိနေပါသေးတယ်။ဒီလိုနဲ့သူတို့ ဘယ်လိုအခက်အခဲတွေပြဿနာတွေ ကိုစိတ်ခံစားချက်တွေကိုကြုံတွေ့ခဲ့ရပြီးဘယ်လိုဇာတ်သိမ်းသွားမယ်ဆိုတာကို ကြည့်ရှူရမဲ့မိသားစုဒရာမာကားလေးပဲဖြစ်ပါတယ်။ File size…2.05GB / 704MB Quality…WEB-Rip 1080p 5.1CH/ 720p Format…mp4 Duration….1h 53m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Everything Went Fine (2021)
7.0
Delicious (2021)
ဒီဇာတ်လမ်းကတော့ ဟင်းလျာကောင်းဆိုတာ လူတန်းစားတိုင်းနဲ့ထိုက်တန်တယ်၊ စားဖိုမှူးတိုင်းလည်း ဆန်းသစ်တီထွင်ခွင့်ရှိတယ်ဆိုပြီး စားဖိုဆောင်တော်လှန်ရေးလုပ်ကာ စားသောက်ဆိုင်ထောင်ခဲ့တဲ့ ထမင်းချက်ကြီး မာစီယွန်အဖြစ် ဇာတ်လမ်းတည်ရိုက်ကူးထားတာပါ...။ ဇာတ်လမ်းအကျဥ်းမစမီ ဇာတ်အိမ်တည်ထားပုံကို နည်းနည်းပြောပြပါဦးမယ်..။ဇာတ်အိမ်ကိုတော့ ပြင်သစ်နိုင်ငံရဲ့ ဘုရင်စနစ်ကိုတော်လှန်တဲ့ တော်လှန်ရေးမစမီ ၁၇၈၉ ခုနှစ်မှာဇာတ်အိမ်တည်ထားပါတယ်...။အဲ့ခေတ်အဲ့အခါမှာ ပြင်သစ်နိုင်ငံမှာ လူတန်းစားသုံးမျိုးရှိတယ်ဗျ...။ပထမတန်းစားက ဘုန်းတော်ကြီးတွေ တစ်နည်းဆို ဘာသာရေးလူတန်းစားပေါ့...။ဒုတိယက တော်ဝင်မျိုးနွယ်တွေ၊ တတိယကတန်စားက သာမန်လူတွေပါ...။အဲ့ဒီခေတ်တုန်းက စားသောက်ဆိုင်တွေဆိုတာ မပေါ်ထွန်းသေးဘူး...။လူတွေကအိမ်မှာပဲစားသောက်တဲ့အလေ့ရှိကြပါတယ်...။ခရီးသွားရင်း ခဏနားတဲ့ နားခိုရာလေးတွေ၊ တည်းခိုခန်းလေးတွေမှာလည်းဟင်းလျာကောင်းကောင်း ချက်လေ့မရှိဘူး။စားစရာဆိုလို့ စွပ်ပြုတ်လောက်သာရှိပြီး အရသာမဲ့တဲ့အပြင်၊ အဆာပြေဝမ်းဝရုံကလွဲ ဘာမှရွေးချယ်စရာမရှိပါဘူး။ဘာလို့လည်းဆိုတော့ အဲ့ဒီခေတ်ရဲ့ အယူအဆအရ ဟင်းလျာကောင်းကောင်းဆိုတာ အရသာခံတတ်သူ တော်ဝင်မျိုးနွယ်နဲ့သာထိုက်တန်တယ်...၊ထိုက်သင့်မှ စားသုံးခွင့်ရှိတယ်...၊ သာမန်လူတန်းစားတွေအနေနဲ့ဟင်းလျာကောင်းကောင်းစားစရာမလိုဘူးဆိုတဲ့အယူရှိလို့ပါပဲ...။ဒါကြောင့် ထမင်းချက်တွေ၊ စားဖိုမှူးတွေဟာ တော်ဝင်မျိုးနွယ်အတွက်သာချက်ပြုတ်ရပြီး ဆန်းသစ်တီထွင်ခွင့်မရှိဘဲ သတ်မှတ်ထားတဲ့ဟင်းပွဲကိုသာသတ်မှတ်ထားတဲ့ အမယ်တွေနဲ့ချက်ပြုတ်ရပါတယ်...ဟင်းပွဲတွေ၊ဟင်းလျာတွေဆိုတာလည်း တော်ဝင်မျိုးနွယ်ရဲ့ ပျင်းရီငြီးငွေ့မှုအတွက် အသုံးတော်ခံသက်သက်သာဖြစ်ခဲ့ပါတယ်...။ဒီလိုဓလေ့တွေရှိတဲ့အပြင် အဲခေတ်ကာလပြင်သစ်ရဲ့ အောက်ခြေလူတန်းစားက ငတ်မွတ်ခေါင်းပါးမှုဒဏ်ကိုလည်းခံရပါသေးတယ်။ဒီအချက်ကလည်း ပြင်သစ်တော်လှန်ရေးရဲ့အကြောင်းတစ်ချက်ပေါ့...။ဇာတ်လမ်းအစမှာတော့ မာစီယွန်ဟာ နယ်စားကြီးတစ်ယောက်ရဲ့စားဖိုမှူးဖြစ်ပြီး ဟင်းလျာကောင်းချက်ပြုတ်ရာမှာ ပါရမီပါသူဖြစ်ပေမယ့်ထိုကာလရဲ့ထုံးတမ်းအရ ဆန်းသစ်တီထွင်ခွင့် ...
movie
Delicious (2021)
6.6
Final Cut (a.k.a) Coupez (2022)
Final Cut (a.k.a) Coupez (2022)ဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်ရမယ့်ဟာသကားလေးပါ။ရာမီဟာ သာမန်အဆင့်ဒါရိုက်တာတစ်ယောက်ပါ။ လူမသိသူမသိဇာတ်ကားလေးတွေကို ဖန်တီးရင်းနဲ့ ဘဝကို အဆင်ပြေသလိုနေထိုင်နေတဲ့သူပေါ့။တစ်နေ့မှာ ရာမီရဲ့ ထုတ်လုပ်သူ မော်ညာ ဟာ ရာမီ ဂျပန်လူမျိုးတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။ အခြားအကြောင်းတော့ မဟုတ်ပါဘူး။ ဂျပန်ဇွန်ဘီးရုပ်ရှင်ကား ရိုက်ဖို့အတွက် ရာမီနဲ့ဆွေးနွေးဖို့ပါ။ဒါပေမယ့် ဒီဇွန်ဘီးရုပ်ရှင်ကားကို တည်းဖြတ်မှုမပါဘဲ နာရီဝက်စာလောက် Live လွှင့်ပြီးရိုက်ပြဖို့ပါ။လူအများကြီးနဲ့ လုပ်ရတဲ့အလုပ်မှာ တည်းဖြတ်မှုမပါဘဲ နာရီဝက်စာလောက် ရိုက်ပြမယ်ဆိုတော့ ရာမီလည်းငြင်းပေမယ့် ထုတ်လုပ်သူက အတင်းရိုက်ခိုင်းတဲ့အတွက် လက်ခံလိုက်ရပါတော့တယ်။သူတို့ပေးတဲ့ ဇွန်ဘီးဇာတ်ညွှန်းကလည်း အဆင်မပြေတဲ့အပြင် တိုက်ရိုက် Live လည်းလွှင့်ပြတဲ့အခါ ရာမီတစ်ယောက် ရုပ်ရှင်ရိုက်ရင်း ဘယ်လိုအခက်အခဲတွေ ရှိမလဲ? သူ ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size : 3.7GB, 1.3GB, 598MB Quality ...
movie
Final Cut (a.k.a) Coupez (2022)
2022
6.5
Waiting for Bojangles (2022)
Waiting for Bojangles (2022) ==================== IMDb Rating - 6.5/10လူသားနှစ်ယောက်ရဲ့ တွေ့ဆုံမှုကလည်း ထူးဆန်းခဲ့ပါရဲ့ ၊ စတွေ့ကတည်းက နှစ်ယောက်ဆုံဆည်းမှုဟာ ပျော်စရာတွေ ယူဆောင်လာပေးမယ်ဆိုတာကို ကိုယ်စီ သိခဲ့ကြသလိုပါပဲ။ ဘဝရဲ့ လက်တွဲဖော်အစစ်နဲ့ ဆုံလာတဲ့အခါ နှလုံးသားကလည်း အလိုလို သိသည် ထင်ပါရဲ့ ၊ ဘယ်အရာတွေက တားတား အချစ် ခရီးက ခိုင်မာခဲ့တယ်။ မိသားစုဆိုတဲ့ အရာလေးကို ဖန်တီးနိုင်ခဲ့တယ်။ဒါပေမဲ့ ဘဝဆိုတာ သာယာလှပလွန်းနေရင် ပျင်းစရာကောင်း မယ်လို့ ယူဆပုံရတဲ့ ဘုရားသခင်က ကံကြမ္မာနဲ့ ပူးပေါင်းကြံစည်ပြီး ဒီမိသားစုလေးအပေါ် မိုးသက်လေပြင်းတို့ ကျရောက်စေခဲ့တဲ့အခါ၊ ဒီဒုက္ခတွေကို ရုန်းထွက်ရမှာ ဒီမိသားစုလေးရဲ့ တာဝန်ဖြစ်လာပါ တော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Yoon Sandi Aungမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ Yoon Sandi Aung, Khant Sett Naing တို့ဖြစ်ပါတယ်)File Size..........(2.02 GB) / (842 MB) / (476 MB) Quality............BluRay 1080p / 720p ...
movie
Waiting for Bojangles (2022)
2022