Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gregg Sulkin
6.7
Sixty Six (2006)
ဒီကားလေးကတော့ ၂၀၀၆ခုနှစ်ကထွက်ခဲ့တဲ့ Comedy/ Sport အမျိုးအစား ဗြိတိန်ကားလေးဖြစ်ပါတယ်။ ဘာနီဘယ်ရွန်ဆိုတဲ့ ဂျူးလူမျိုးကောင်လေးက ကျောင်းမှာလည်းလူရာမ၀င် အိမ်မှာလည်း မိဘတွေကပါ ကမ်းခြေမှာမေ့ပြီး ထားခဲ့ခံရတဲ့အထိ အမေ့ပျောက်ခံလူတန်းစားလေးပါ။ဒါပေမဲ့ ဂျူးဘာသာရေးထုံးစံအရ ဘားမစ်ဇ်ဘက်ဆိုတဲ့ (၁၃)နှစ်ပြည့်အရွယ်ရောက်ပွဲ ကျင်းပရတော့မှာဖြစ်ပါတယ်။ အဲဒီနေ့ကျရင် ပါတီပွဲအကြီးကြီးပေးပြီး လူတွေသူ့ကိုဂရုစိုက်လာကြမယ် အာရုံစိုက်လာကြမယ်ဆိုပြီး ကလေးအတွေးနဲ့ အပျော်ကြီးပျော်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ပွဲကျင်းပမယ့်နေ့က (8)ကြိမ်မြောက် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲဖြစ်နေတဲ့အခါမှာ ဘာနီတစ်ယောက် စိတ်ဓါတ်တွေကျပြီး အင်္ဂလန်အသင်း ဖိုင်နယ်မရောက်ဖို့ ဆုတောင်းပါတော့တယ်။တစ်ကားလုံးက ပေါ့ပေါ့ပါးပါးနဲ့ရယ်မောနေရတဲ့အတွက် အပန်းဖြေကြည့်ချင်တဲ့သူတွေအတွက် ရွေးသင့်တဲ့ကားကောင်းလေးပါပဲ။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:33:00 Genre... Biography, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie
Sixty Six (2006)
5.3
The List (2023)
The List (2023)~ IMDb - 5.3/10, Rotten Tomatoes - 96% ~"Celebrity Free Pass" ဆိုတဲ့ စကားလုံးအသုံးအနှုန်းနဲ့ လူတော်တော်များများ မရင်းနှီးကြတာတော့ အသေအချာပါပဲ။ အနောက်တိုင်းမှာ ချစ်သူရည်းစားတွေဖြစ်လာကြတဲ့အခါ ကိုယ်နှစ်သက်တဲ့ဆယ်လီတစ်ယောက်ယောက်နဲ့ ကြုံကြိုက်လာတဲ့အခါတိုင်း ဝုန်းဒိုင်းကျဲကြဖို့ဆိုပြီးတော့ စုံတွဲတွေကြားမှာ နှစ်ဦးသဘောတူ Free-past List တွေထားလေ့ရှိကြပါတယ်။ ဒီဇာတ်လမ်းကိုတော့ အဲဒီ Free-past List ကို ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဖြစ်တဲ့ အက်ဘီဆိုသူရဲ့ ကောင်လေးဟာ Free-past List ကို အကြောင်းပြပြီး ဆယ်လီတစ်ယောက်နဲ့ အတူသွားအိပ်ခဲ့ပါတယ်။ ဒါကို အက်ဘီဟာ မကျေနပ်နိုင်ဖြစ်ပြီး သူမရဲ့ ကောင်လေးကို လက်စားချေတဲ့အနေနဲ့ ကိုယ်ပိုင်စာရင်းတစ်ခုလုပ်ပြီး အဲ့စာရင်းထဲကဆယ်လီတွေနဲ့ လိုက်အိပ်ဖို့လုပ်ပါတော့တယ်။ အက်ဘီဟာ သူ့ရဲ့ဒေါသစိတ်ကြောင့် စုံလုံးကန်းပြီး ပေါက်တတ်ကရလိုက်လုပ်နေတဲ့အခါကျမှ ယောင်္ကျားပေါင်းများစွာရဲ့အသွင်မျိုးစုံကို မျက်မြင်ကိုယ်တွေ့ဖြစ်သွားပါတော့တယ်။ အက်ဘီတစ်ယောက် ...
movie
The List (2023)
2023
4.6
Another Me(2013)
Game of thrones က ဆန်ဆာ စတာ့ခ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sophie Turnerရဲ့ဇာတ်ကားလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဖေး ဒယ်လူ့စီဆိုတာ အရမ်းလှတဲ့ဆံပင်အနီရောင်နဲ့ အထက်တန်းကျောင်းသူလေး။ သူမရဲ့ပျော်ရွှင်စရာ မိသားစုဘ၀လေးတခုက လွန်ခဲ့တဲ့နွေရာသီ သူမရဲ့ ဖခင်နာမကျန်းစဖြစ်ခဲ့တာနဲ့အတူတူပြောင်းလဲသွားခဲ့ရတယ်။ကိုယ်တပိုင်းသေဖြစ်သွားတဲ့ယောကျာ်းဖြစ်သူကို စောင့်ရှောက်နေရတဲ့ ဖေးရဲ့မိခင် အန်းဒယ်လူ့စီရဲ့ အရှုပ်တော်ပုံတွေ။ မိုနီကာ မယ်ဒရန်ဆိုတဲ့ ဖေးကိုမနာလို ဖြစ်နေတဲ့ကောင်မလေးတယောက်။ ကျောင်းကလူကြိုက်များတဲ့ ဒရူးဆိုတဲ့ကောင်လေးက သူ့ကိုကြိုက်နေလို့ လူမုန်းခံရတာကလည်းရှိသေး။ ဒါပေမယ့် ဖေးအတွက် ဒါတွေထဲကအကြီးဆုံးပြဿနာကတော့ သူ့လိုအယောင်ဆောင်နေတယ်ထင်ရတဲ့လူတယောက်ရှိနေတာပဲ။သူမရဲ့နေ့စဉ်ဘ၀ထဲမသိမသာနဲ့ လူတွေကြား ၀င်၀င်မွှေသွားတဲ့ဒီသူကဘယ်သူလဲ။ ဒါကမိုနီကာရဲ့လက်ချက်ပဲလား။ သူမမိဘတွေရဲ့အေးစက်လာတဲ့ ဆက်ဆံရေးကြားကလျှို့ဝှက်ချက်တွေကရောဘာတွေလဲ။ အများအမြင်သူ့ကိုအရူးမတယောက်လိုထင်ရတဲ့အထိဒုက္ခပေးလာတဲ့ ဒီသူကိုသူဘယ်လိုရှာနိုင်မလဲ။ အဆုံးမှာတရားခံကဘယ်သူလဲဆိုတာကို Another Me ဆိုတဲ့ဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size…1.1GB / 551MB Quality…1080p BluRay / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by BrackMan
movie
Another Me(2013)
2013
5.9
This Is the Year (2021)
This is the year 2020ဒီတစ်ခါမှာတော့ Selena Gomaz ကိုယ်တိုင် executive producer အဖြစ် ရိုက်ကူးဖန်တီးထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့ This is the year ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်ကိုယ့် Crush ကိုဖွင့််ပြောဖို့ ချိန်ရင်းနဲ့ သူများနောက်ပါသွားတဲ့ ချိန်ပါတွေ ကိုယ့် Crush နဲ့အဆင်ပြေဖို့အတွက် သူငယ်ချင်းတွေကပါဝိုင်းကူရတဲ့သူတွေရှိလားဗျို့တစ်ခါတစ်မှာ ဖူးစာဆိုတာ ဝေးဝေးလံလံ လိုက်ရှာစရာ မလိုပါဘူး ကိုယ့်နားမှာ ရှိတဲ့သူကို မြင်အောင် ကြည့်တတ်ဖို့ပဲ လိုတာပါကဲ ..... ဘာညာသရကာ ရွှီးရွှမ်းပြီးပြီဆိုတော့ ...... အညွှန်းလေးဆီ သွားလိုက်ကြရအောင်လားဒီဇာတ်လမ်းမှာတော့ ဂျော့်ရှ်က သူ့ရဲ့ Crush ဖြစ်သူ ဇိုဝီကို ဖွင့်ပြောဖို့ ချိန်နေတာ အထက်တန်းကျောင်း စီနီယာနှစ်အစကနေ ပြီးခါနီးတဲ့အထိ ဖြစ်လာပါတော့တယ်ဂျော့်ရှ်တစ်ယောက် မဖွင့်ပြောဖြစ်သေးတဲ့အပြင် ဇိုဝီတစ်ယောက် ရည်းစားနဲ့အတူ ရက်ပိုင်းအတွင်းမှာပဲ LA ကို ပြောင်းတော့မယ်အကြောင်းကို ...
movie
This Is the Year (2021)
2021
5.3
A Cinderella Story: Christmas Wish (2019)
ဝါနာဘရားသားကထုတ်တဲ့ ခေတ်သစ် ဆင်ဒရဲလား ကားသစ်တစ်ကားပါ။အရင်ကားတေနွဲ့မတူပဲ ထူးထူးခြားခြားခေတ်မီမီလေးတင်ဆက်ထားတဲ့ စင်ဒရဲလားဇာတ်လမ်းပုံစံတေးဂီတနဲ့ အချစ်ဇာတ်လမ်းလေးပါမင်းသမီး နာမည်က စင်ဒရဲလားတော့မဟုတ်ပါဘူးကက်လို့ခေါ်တဲ့ ကက်သရင်းပါထုံးစံအတိုင်း အဖဆေုံးပါးသွားလို့ မိထွေးနဲ့နေရသူပေါ့မိထွေးမှာက သမီး နှစ်ယောက်ရှိပါသေးတယ်စင်ဒရဲလားဇာတ်လမ်းကိုကျောရိုးလောက်ပဲယူ ထားပြီးခေတ်နဲ့ညီအောင်ရိုက်ကူးထားလို့ ရသတစ်မျိုးနဲ့ ကြည့်ရတာအရမ်း ကောင်းတဲ့ ခေတ်သစ်စင်ဒရဲလား ဇာတ်ကားတစ်ကားဖြစ်တဲ့အကြောင်းသတင်းကောင်းလေးပါးလိုက်ပါရစေ File Size : ( 862 MB , 280 MB)Quality : BluRay 720pRunning Time : 1 hr 25 minFormat : Mp4Genre : FantasySubtitle : Myanmar Subtitle (Hard Sub)Translated by Tar Tee ...
movie
2019