Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Greg Joung Paik
6.6
Bright (2017)
ကမ္ဘာကြီးရဲ့ Alternate Timeline တစ်ခုမှာလူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူကမ္ဘာဦးအစကတည်းက နေထိုင်ပါတယ်။ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာလော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိတစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူတာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ္ဘာကိုအမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံးသတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီးမှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲလိုက်ရှာဖွေနေတာဖြစ်ပါတယ်။ကမ္ဘာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ဘယ်လိုတားဆီးမလဲ ဆိုတာတော့ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောခံစားလိုက်ပါ။ဒီကားကို ဝေဖန်သူတွေက ၂၀၁၇ ခုနှစ်ရဲ့အဆိုးဝါးဆုံးရုပ်ရှင်လို့ မှတ်ချက်ပေးနေပေမယ့်တကယ်တော့ အဲ့လောက်မဆိုးဝါးပါဘူး။ Imdb 6.7, Rotten Tomatoes 30% ရရှိထားတဲ့အပြင်David Ayer ရဲ့ အမြင်ဆန်းသစ်တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ File size… ...
movie
Bright (2017)
2017
4K HEVC
7.1
Crash 2004
Crash ဆိုတဲ့ ဇာတ်ကားကတော့ လော့စ်အန်ဂျလိစ်မြို့တော်တွင်း လူမျိုးရေးခွဲခြားမှုတွေ လူ့အသိုင်းအဝိုင်းကြားတင်းမာမှုတွေကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်လူဖြူ လူမည်းခွဲခြားမှုတွေကြားမှာ လူဖြူတွေကို မုန်းတီးပြီး အနုကြမ်းစီးတတ်တဲ့ Anthnoy ဟာ သူ့အဖော်နဲ့အတူ လူဖြူရှေ့နေ Rick နဲ့ သူ့ဇနီး Jean တို့ရဲ့ကားကို လုခဲ့ပါတယ်။ဒီဇာတ်ကားလေးထဲမှာိုသေနတ်နဲ့ခြိမ်းခြောက်ခံခဲ့ရတဲ့အတွက် လူမည်းတွေကို ကြောက်ရွံ့သွားပြီး သူ့အိမ်မှာအလုပ်လာလုပ်တဲ့ လူမည်းတွေကို မယုံကြည်နိုင်တော့တဲ့ Jeanကျည်ဆံသံတွေကြား အိမ်ခဏခဏပြောင်းခဲ့တဲ့ သော့ပြင်ဆရာ Danielသော့ပြင်ဆရာနဲ့အခြေအတင်စကားများပြီးနောက် လူမည်းသော့ပြင်ဆရာကြောင့် သူ့ဆိုင်ဖောက်ထွင်းခံရတယ် ယူဆထားသူ Farhandလူမည်းတစ်ယောက်ဖြစ်တဲ့အတွက် ဇနီးဖြစ်သူကို ရဲတစ်ဦး လက်သရမ်းတာကို ကြည့်နေခဲ့ရတဲ့ လူမည်းရုပ်ရှင်ဒါရိုက်တာ Cameronဖခင်ရဲ့ရောဂါကြောင့် ဆေးရုံမှတာဝန်ရှိသူ လူမည်းအမျိုးသမီးကို မကျေမနပ်ဖြစ်နေသူ ရဲအရာရှိ Ryanလူမျိုးရေးခွဲခြားမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူသတ်မှုတစ်ခုကို စုံစမ်းနေသူ လူမည်းစုံထောက်တစ်ယောက်ဦး Graham watersစတဲ့ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုတွေနဲ့ အမေရိကန်လူ့အသိုင်းအဝိုင်းကြား ဖြစ်ရပ်တွေကို ပုံဖော်ထားတာတွေ့ရမှာပါ။ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ခရိုင်ရှေ့နေ Rick အဖြစ် Brendan ...
movie
Crash 2004
6.5
Get Smart(2008)
Get Smart(2008) IMDb.......6.5 ဒီကားကိုမကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်... ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံးရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TVရှေ့ကိုခေါ်ကြည့်သင့်တယ်....လင်မယား ၂ ယောက်ထဲဆိုလည်း ၂ယောက်လုံးကြည့်ဖြစ် အောင်ကြည့် တစ်ယောက်ထဲကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့ချစ်သူလေးကတော့ "ကို"တော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ပြောသွားတယ်...... ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်...မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ ... Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေးဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့ အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ....တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော Hathaway ရယ်ကိုလွှတ်လိုက်တယ်..... ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ကြည့်ရဆိုးမယ်လို့ပေါ့ အာ့ဆိုလုံးဝလွဲသွားလိမ့်မယ် သူက အေးဂျင့်ဖြစ်ချင်တာဆိုတော့ အကုန်လေ့ကျင့်ထားတယ် တိုက်ရည်ခိုက်ရည်တွေနဲ့ အားလုံးကို မှတ်မိတတ်တဲ့ သူ့ဦးနှောက်ကို ပေါင်းစပ်လိုက်တော့ အတော်လေးအလုပ်ဖြစ်တယ်.... ရယ်စရာတွေကလည်း ...
movie
Get Smart(2008)
2008
5.0
The Guyver (1991)
The Guyver (1991)_____IMDb - 5.0/10 ဒီကားလေးကတော့ ၁၉ ၉ ၁ ခုနှစ်ကထွက်ရှိခဲ့တဲ SuperHero ကားလေးတစ်ကားဖြစ်ပါတယ်.... သိပ္ပံပညာရှင်တစ်ယောက်ဟာ Guyver လို့ခေါ်တဲ ဂြိုလ်သားပစ္စည်းတစ်ခုကို ဂြိုလ်သားတွေလက်ထဲမရောက်အောင် ယူပြီးထွက်ပြေးနေရာကနေ ဂြိုလ်သားတွေဖမ်းမိတာကိုခံလိုက်ရပြီး အသတ်ခံလိုက်ရပါတယ်.. ဒါပေမယ့် သူဟာ အဲဒီ Guyver ဆိုတဲပစ္စည်းကို ဂြိုလ်သားတွေမမြင်အောင်ဖွက်ထားခဲ့ပါတယ်... အဲဒီ ဂြိုလ်သားပစ္စည်းကို လူငယ်လေးတစ်ယောက်ကရလိုက်တဲအချိန်မှာတော့ အစွမ်းထက်တဲစွမ်းအင်တွေကိုရလိုက်ပါတော့တယ်... ဂြိုလ်သားတွေဟာ Guyver ကိုပြန်ရဖို့အတွက် ဒီလူငယ်လေးနောက်ကိုလိုက်လံဖမ်းဆီးကြပါတော့တယ်... ဒီကားလေးဟာ Super Hero ဇာတ်လမ်းကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့်ကားလေးဆိုလည်း မမှားပါဘူး... အခုခေတ်မှာ Super Hero ဇာတ်လမ်းတွဲတွေများလာပေမယ့်လည်း ၁၉ ၉ ၁ ခုနှစ်ကထွက်ရှိခဲ့တဲ ဒီကားလေးကတော့ Old But Gold ဆိုတဲ့ ကားလေးတစ်ကားထဲမှာပါတယ်လို့ပဲပြောလိုက်ပါရစေ.. Quality ...... DVDrip Format ...... mp4 Duration ........ 01:28:00 Size ..... 664 MB Translator ..... Ohmmar Khin Encoder ...... Moe Myint Lwin
movie
The Guyver (1991)
1991