Channel Myanmar

Graham Vincent

The Tank (2023)
The Tank (2023) ဘန်နဲ့ ဇနီးဖြစ်သူ ဂျူးလ်တို့ဟာ မမျှော်လင့်ထားပဲနဲ့ ကမ်းရိုးတန်းဒေသမှာရှိတဲ့ အပန်းဖြေအိမ်ကြီးတစ်အိမ်ကို အမွေဆက်ခံဖို့ဖြစ်လာပါတယ်။နှစ်လေးဆယ်လောက် လူသူမနေတဲ့အိမ်ကြီးကို ဘန်တို့မိသားစုသွားကြည့်တဲ့အခါမှာ အိမ်အိုကြီးပတ်လည်မှာ အလွန်တရာလှပတဲ့ ကမ်းခြေနဲ့သဘာဝအလှတရားတွေနဲ့ ပြည့်နှက်နေတာကို တွေရပါတယ်။ ခြံဝန်းထဲမှာလည်း မြေအောက်စမ်းရေနဲ့ချိတ်ဆက်ထားတဲ့ အလွန်တရာမှကြီးမားတဲ့ရေလှောင်ကန်ကြီးလဲရှိနေပါတယ်။ဘန်ရဲ့အမေက ဒီအိမ်အကြောင်းကို ဆုံးပါးသွားချိန်အထိ ဘာလို့လျှို့ဝှက်ခဲ့တာလဲ။ အိမ်ကြီးထဲမှာရော ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် သည်းထိပ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်။  File size…(1.5 GB)/(860 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:40:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

The Tank (2023)

Don’t Make Me Go (2022) 6.5
Don’t Make Me Go (2022) Don't Make Me Go (2022)ဘဝမှာအလိုအပ်ဆုံးအရာကဘာများဖြစ်မလဲ...? အချိန်လား...? ငွေလား...? မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ရမယ့် အခိုက်အတန့်တွေလား...?ဒါတွေအားလုံးကို ထင်ဟပ်စေနိုင်မယ့်ရုပ်ရှင်ကားကောင်းလေးတစ်ကားကတော့ Don't Make Me Go ဆိုတဲ့ Drama ကားလေးပါပဲ။ ပါဝင်တဲ့မင်းသားက John Cho ဖြစ်ပါတယ်။ ဒီမင်းသားကိုတော့ မြန်မာပရိသတ်တွေ သိပ်စိမ်းမယ်မထင်ပါဘူး။ဇာတ်လမ်းသဘောကတော့ စင်ဂယ်ဖားသားတစ်ယောက်ဟာ ပြင်းထန်တဲ့ အကြိတ်ဝေဒနာကို ခံစားနေရပါတယ်။ သူ့သမီးလေးကလည်း ဆယ်ကျော်သက်အရွယ် နန့်နန့်ထိုးလို့ကောင်းတဲ့အချိန်ပေါ့။ သူခံစားနေရတဲ့ အကြိတ်ဝေဒနာဟာ ခွဲစိတ်ရင် အသက်ရှင်ခွင့် ၂၀ ရာခိုင်နှုန်းရှိပြီး မခွဲစိတ်ရင်တော့ ၁ နှစ်သာ ကျန်တော့လောက်အောင် ပြင်းထန်ပါတယ်။ အဲဒီတော့ အဖေတစ်ခုသမီးတစ်ခုဘဝမှာ သမီးရဲ့နောင်ရေးအတွက်ပူပန်ရင်း သမီးကို ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်နဲ့ ဆုံစည်းပေးဖို့ ကြိုးစားပါတော့တယ်။အမေလုပ်သူကို ရှာဖွေရင်း လမ်းတစ်လျှောက် သမီးလေးလိုအပ်မယ့်အရာတွေကို ကြိုးစားသင်ပြတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ခံစားရမှာပါ။ဒရာမာကားကောင်းလေးတစ်ကားလို့ပြောရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့ အချိုးအကွေ့ကိုလည်း ​​​မြင်ရပါမယ်။ ...
movie

Don’t Make Me Go (2022)

2022