Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gouri G Kishan
7.7
Boat (2024)
Boat (2024)လှေIMDb-7.9/10အခုနောက်ပိုင်း ယိုဂီဘာဘူရဲ့ဇာတ်လမ်းတွေက ကြည့်ပျော်ရုံအဆင့်ထက်ပိုတဲ့ အတွေးတွေ စဉ်းစားစရာတွေနဲ့ ပိုကြည့်ကောင်းလာတယ်ဆိုတာ ဘောလိဝုဒ်ပရိသတ်ကြီး သတိထားမိမယ်ထင်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်း မဖွံ့ဖြိုးသေးတဲ့ဒေသတစ်ခုမှာ လာဗိုလ်ကျစိုးမိုးတဲ့ဗြိတိသျှတွေရဲ့ နိုင်လိုမင်းထက်ပြုမူကတစ်မျိုး ၊ ဂျပန်ဗုံးကြဲလေယာဉ်ဒဏ်တွေကို ရှောင်ပြေးဖို့ကြိုးစားရတာတစ်မျိုးနဲ့ ဒုက္ခပင်လယ်ဝေနေကြတဲ့ကာလတစ်ခုမှာ ....။ယိုဂီဘာဘူက အသက်ကြီးနေတဲ့ အဘွားနဲ့အတူ ဒီခေတ်အခြေအနေမှာ သင့်တော်ရာလူတွေ့ထားပြီးတဲ့ ညီမကို အိမ်ထောင်ချပေးဖို့အရေး ၊ ဘုမသိဘမသိဖမ်းခံလိုက်ရတဲ့ညီဖြစ်သူလွတ်ဖို့အရေးတွေနဲ့ ခေတ်နဲ့ စစ်ကို မပူအားသေးတဲ့အစ်ကိုကြီးတစ်ယောက်....။ညီကို သွားကယ်ဖို့ကြိုးစားနေချိန်မှ ဂျပန်ဗုံးကြဲလေယာဉ်တွေလာတယ်ဆိုလို့ အဘွားနဲ့ ညီကိုခေါ်ပြီးလှေနဲ့ ပင်လယ်ထဲပြေးဖို့ကြံတော့ ရှေ့ပြေးလမ်းကိုပဲ အာရုံစိုက်မိနေချိန် ညီဖြစ်သူကကျန်နေခဲ့ပြီး လွတ်လမ်းဆိုတာနဲ့ အချောင်လိုက်ချင်တဲ့ လူတစ်ဖွဲ့ပဲ သူ့လှေပေါ်ပါလာခဲ့တယ်....။ပင်လယ်ပြင်ကြီးထဲက လှေတစ်စီးပေါ်မှာ နိုင်ငံရေးသမား ၊ တစ်ကိုယ်ကောင်းစိတ်ဓာတ်နဲ့ စီးပွားရေးသမား ၊ အကြောက်လွန်သူ ၊ လက်တွေ့သမား လူအမျိုးမျိုးပါလာကြတယ်....။တစ်လှေတည်းစီးတစ်ခရီးတည်းသွားအချင်းချင်း နားလည်ဖေးမကူညီသူရှိသလို ဗိုလ်ကျအနိုင်ကျင့်ချင်သူနဲ့ ၊ မိတ်ဆွေယောင်ဆောင်ရန်သူတွေလည်းရှိနေပြန်တော့....။ဒီတစ်ခါရော ယိုဂီဘာဘူကြီးက သဘာဝကျကျ ဘဝကိုဘယ်လိုသရုပ်ဖော်ပြဦးမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် File size…3.3GB / 1.4GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 6m Subtitle….Myanmar Subtitle ...
movie
Boat (2024)
7
Hot Spot (2024)
Hot spot 2024 ကြုံရဆုံရလူ့ဘဝဒီနေ့မှာတော့ ထူးထူးခြားခြား underrated ဖြစ်နေတဲ့ လူကြီးတွေကြည့်သင့်တဲ့ Adult comedy dramaလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီဗျ။adult ဆိုလို့ ညစ်ညစ်ညမ်းညမ်းပြောတာတွေ အိပ်ရာခန်းတွေများနေတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့ လူမှုဘဝမှာ ဖြစ်နေကြအစဉ်အလာလိုဖြစ်နေပေမဲ့ normalizeမဖြစ်သင့်တဲ့အရာတွေကို မတူညီတဲ့ ဇာတ်လမ်း 4 ပုဒ်နဲ့ တင်ဆက်သွားမှာဆိုတော့ ပညာပေးတစ်ဖြစ်လည်း အမှန်အမှားကို ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။Anthology movie လေးဖြစ်တာမလို့ ဇာတ်လမ်းတစ်ခုကို မိနစ် 30 ဝန်းကျင်နဲ့ ဆက်စပ်မှုမရှိတဲ့ ဇာတ်လမ်းလေးခု၊ ဇာတ်လမ်းတစ်ခုစီမှာ လူ့ဘောင်အဖွဲ့အစည်းရဲ့ မတူညီတဲ့ပြဿနာတစ်ခုစီ မြင်ရမှာပါ။ ဆိုတော့ ဇာတ်လမ်းလေးကိုဆက်ကြပါစို့။ပထမဆုံးဇာတ်လမ်းမှာတော့ အိမ်ထောင်ရေးတိုင်းမှာ မပါမဖြစ် ယောက္ခမ ချွေးမပြဿနာပေါ့။ ဗီဂျေးကတော့ ချစ်ရသူဒန်ယာနဲ့လက်ထပ်ရင် ချွေးမကို ယောက္ခမကနှိမ်တာ ဖိနှိပ်တာတွေကို တွန်းလှန်မယ်လို့ ကြွေးကြော်ထားလေရဲ့။ အချစ်က ရက် 60 တဏှာက ရက် 30 အိမ်မှုကိစ္စကတော့ တစ်သက်လုံးဆိုတာကို အိမ်ထောင်ရှင်ထီးလေး ဗီဂျေး ဘယ်လိုရင်ဆိုင်မလဲ။ဒုတိယဇာတ်လမ်းမှာတော့ အချစ်ဟာမျက်စိမပါဘူးဆိုပေမဲ့ သွေးသားတော်စပ်နေတဲ့မောင်နှမမှန်းမသိ ...
movie
Hot Spot (2024)
2024
7.9
Little Miss Rawther (2023)
Little Miss Rawther (2023)"အချစ်ရူးမလေး မိရော်သာ" =======================================IMDb 8.3/10 စီအမ် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် Little Miss Rawther ဆိုတဲ့ မလျာလမ်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်လေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။နိုင်နာရော်သာဆိုတဲ့ ကောင်မလေးဟာ အရာဝတ္ထုတွေ အစီအစဉ်တကျဖြစ်မနေရင် ရင်ဘက်ထဲ ကျလိကျလိဖြစ်တတ်တဲ့ OCD ရောဂါပိုင်ရှင် အရပ် ၅ ပေ ဝန်းကျင်ကောင်မလေးပဲဖြစ်ပါတယ်။ သူ့ဘဝမှာ အခက်အခဲဆိုလို့ သူများမျက်နှာ မော်ကြည့်ရတာလောက်သာ ရှိပြီး ဘဝကို သက်တောင့်သက်သာဖြတ်သန်းနေရတဲ့ ကံကောင်းသူလေးပေါ့။သူဟာ အရပ်ငါးပေဝန်းကျင်သာ ရှိပေမဲ့ သူ့ရဲ့ ရည်းစားဦး အာဘီဂျစ်ကတော့ အရပ် ၆ ပေကျော်တဲ့ ကလန်ကလားကိုကိုပဲဖြစ်ပါတယ်။ အာဘစ်ဂျစ်ကတော့ နီနာ့လို ဖယောင်းလမ်းကို သက်တောင့်သက်သာလျှောက်ခွင့်မရဘဲ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အခက်အခဲတွေကြားမှာ ဘဝကို ကန့်လန့်တိုက်ဖြတ်သန်းနေရတဲ့ မအောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမဲ့ အရပ်ကစလို့ အစစအရာရာကွာခြားနေတဲ့ သူတို့နှစ်ယောက်ကြား မတူညီမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ရယ်ရယ်မောမောကြည့်ရှုခံစားကြရမှာပါ...။ ( ဒီရုပ်ရှင်ရဲ့ ...
movie
Little Miss Rawther (2023)
2023
8.9
96 (2018)
96 (2018)" ငါတို့ ဘယ်ရထားမှာ လွဲခဲ့သလဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက် ကြာတတ်လဲ ။ခင်ခင်ပျိုရေ ..... ငါ စောင့်ခဲ့တယ် ။ ။#အောင်ချိမ့်အချစ်ဆိုတာလည်း အချိန်ကို စောင့်တတ်တာမျိုး မဟုတ်ပါဘူး။ ဖူးစာဆိုတာဟာလည်း ဦးရာလူပါပဲ။ လွဲရမဲ့ ကံကြမ္မာတွေဟာ လွဲကို လွဲကြရတာပါပဲ။ မဆုံဆည်းဖြစ်ခဲ့တဲ့ ကံကြမ္မာက တစ်ပတ်လည်လို့ မဖြစ်မနေ ပြန်လည် ဆုံဆည်းရမယ် ဆိုပါစို့။ အဲဒီအချိန်တွေကို တန်ဖိုးရှိအောင် အသုံးချရမှာပေါ့။ ဖြူစင်လွန်းတဲ့အချစ်တွေက ပိုင်ရှင်အတွက် တန်ဖိုး ရှိပေမဲ့ လက်ခံသူထားတဲ့တန်ဖိုးပေါ် မူတည်ပြီး တန်ဖိုးတွေက ပြောင်းလဲလို့ နေပါတယ်။အထက်တန်းကျောင်းသားဘဝကတည်းက အခြေတည်ခဲ့တဲ့အချစ်တစ်ခုဟာ အကြောင်းအမျိုးမျိုးကြောင့် အလွဲလွဲ အချော်ချော်တွေ ဖြစ်ခဲ့ရပြီး ကံကြမ္မာ မျက်နှာသာမပေးလို့ အနီးဆုံးမှာ ရှိနေပေမဲ့ အဝေးကြီး ဝေးခဲ့ရတဲ့အဖြစ်တွေ .... "ငါတို့တွေ ပြန်တွေ့ရတဲ့အချိန် ငါ့မှာလည်း အကြွေးတွေနဲ့ နင့်မှာလည်း ကလေးတွေနဲ့" ဆိုတဲ့ စကားဟာ ကြားရရင် ဟာသစွက်သလို ဆိုပေမဲ့ ခံလိုက်ရတဲ့ကောင်ကတော့ ရင်အနင့်ကြီး နင့်ရသပေါ့။ အချစ်ဦးကို အိမ်ထောင်သည်အဖြစ် ပြန်တွေ့ရတဲ့အခိုက်အတန့် တစ်ညလုံး မအိပ်ဘဲ ...
movie
96 (2018)
2018
6.4
Adiyae! (2023)
Adiyae (2023)IMDb-6.6/10ဒီတစ်ခါမှာတော့ ထူးချွန်ဆုတွေရဖူးပြီး Nominations များစွာဝင်ခဲ့ကြဖူးတဲ့ လူငယ်နှစ်ယောက် ဒါရိုက်တာ Vignesh Karthick နဲ့ တေးရေးJustin Prabhakaran တို့ လက်စွမ်းပြထားကြတဲ့ကားပါတစ်ကမ္ဘာထဲအတူရှိနေတာတောင် သူမနဲ့မဆုံစည်းနိုင်သေးတဲ့လူတွေ နည်းနာနိဿယယူနိုင်ဖို့အတွက် IMDb 6.6 ရထားတဲ့ သိပ္ပံစိတ်ကူးယဉ်အချစ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ သာမန်အချစ်ကားတွေလို ချစ်ကြိုက်ညားကွဲလောက်မဟုတ်ဘဲ parallel universe နဲ့ time travel သဘောတရားလေးတွေ ခပ်ပါးပါးထည့်ထားတာဆိုတော့ တမူထူးခြားတဲ့ရသမျိုးရစေမှာပါ။ဇာတ်လမ်းအကျဉ်းဆီသာဇ်ဟီနီဆိုတဲ့မိန်းကလေးကို ကျောင်းသားဘဝထဲက တိတ်တခိုးcrushခဲ့ရတဲ့ ဂျီဗာဆိုတဲ့ ကောင်လေးတစ်ယောက် နှစ်တွေကြာလို့ ဆီသာဇ်ဟီနီက နာမည်ကျော်အဆိုတော်ဘဝကို ရောက်ခဲ့ချိန်မှာတော့ တိတ်တခိုးချစ်ရသူဘဝကနေ အဆင့်တက်ဖို့ ပိုပြီးအလှမ်းဝေးခဲ့ရပါပြီ။ ဒီအချိန်မှာပဲ မတော်တဆမှုတစ်ခုကြောင့် တခြားကမ္ဘာကိုကူးသွားတဲ့အခါ...ကမ္ဘာကူးသွားပေမဲ့ ခွက်ရှ်လေးနဲ့ညားတဲ့အပြင် အောင်မြင်တဲ့ဂီတဒါရိုက်တာတစ်ယောက်ဘဝကိုပါ ပိုင်ဆိုင်ထားတဲ့ အာဂျွန်ဆိုတဲ့ဘဝမှာ ယစ်မူးနေတဲ့ဂျီဗာတစ်ယောက် အချိန်စေ့လို့ ဒီဘက်ကမ္ဘာကိုပြန်ရောက်လာတဲ့အခါမှာတော့ သာယာတဲ့အိပ်မက်ကနေ မနိုးထချင်ဘဲ လန့်နိုးလိုက်ရတဲ့အပြင် ဒီဘက်ကမ္ဘာမှာလည်း အဖြစ်ဆိုးကြီးက စောင့်ကြိုနေပါသတဲ့။ခွက်ရှ်နဲ့ညားရတဲ့အရသာကို ဂျီဗာတစ်ယောက်သိပြီးပြီဖြစ်လို့ ဆီသာဇ်ဟီနီကိုပိုင်ဆိုင်ရရေးအတွက် ကမ္ဘာတွေခြား အချိန်တွေခြားနေတဲ့ကြားကနေ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားနည်းယူလိုက်ကြပါစို့လား။အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Alex ~ BpL ~ Zwe ~ ...
movie
Adiyae! (2023)
2023
7.3
Sridevi Shoban Babu (2023)
Sridevi Shobanbabu(2023)IMDb-7.8/10ရမ်ချရမ်ရဲ့ ညီမလေး Sushmita Konidela ပါ၀င်ထားတဲ့ကားပါ။ သူက ရုပ်ရှင်လောကမှာ ပရိုဂျူဆာ/ costume designer အဖြစ်အောင်မြင်မှုရထားပြီးသားသူတစ်ယောက်ပေါ့၊ ဒီဇာတ်လမ်းထဲမှာလည်း လက်တွေ့ဆန်ပြီး ရည်ရွယ်ချက်ကြီးမားတဲ့ costume designer အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အဓိကဇာတ်ဆောင်မင်းသားဖြစ်တဲ့ Santosh Sobhan ကလည်း အားလုံးနဲ့စိမ်းမှာမဟုတ်ပါဘူး။ နောက်ဆုံးထွက်လူငယ်အချစ်ဇာတ်လမ်းလေးတွေနဲ့ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်။ ဒီအကျော်အမော်နှစ်ယောက်နဲ့တင် အညွှန်းဆက်မဖတ်ပဲကြည့်ရင်တောင် မမှားတော့တဲ့ ရုပ်ရှင်မျိုးပဲပေါ့။ ဒါပေမဲ့လည်း ဖတ်လိုက်ပါဦး။ဇာတ်လမ်းအညွှန်း: ရှိူးဘန်ဆိုတဲ့ကောင်လေးဟာ ဖခင်မေတ္တာလုံလုံလောက်လောက် မရခဲ့တဲ့သူပါ။ သူမေတ္တာအပြည့်အ၀မရခဲ့ပေမဲ့ လူတိုင်းအပေါ်မှာတော့ စိတ်ထားပြည့်၀တဲ့ ကျေးလက်လူငယ်လေးတစ်ယောက်ပေါ့။ရှရီကတော့ အိမ်မက်အကြီးကြီးတွေနဲ့ရည်မှန်းချက်တွေအတွက် ဇွဲရှိရှိကြိုးစားနေတဲ့သတ္တိရှိတဲ့မိန်းကလေးတစ်ယောက်။ ထက်မြက်ပြီး အကင်းပါးတဲ့သူလေးပေါ့။ဒီလို မတူညီတဲ့ ပတ်၀န်းကျင်က မတူညီတဲ့လူနှစ်ယောက်၊ အိမ်တစ်လုံးကိုအကြောင်းပြုပြီး ဆုံလာပါလေရော။သူတို့ ၂ ယောက်ရဲ့တွေ့ဆုံမှုက တကယ်ပဲ ရိုးရှင်းရဲ့လား။ နောက်ကွယ်မှာ မိဘချင်းဆက်နွယ်မှုနဲ့ ကြိုတင်စီစဥ်ထားတဲ့ လှည့်ကွက်တွေဖြစ်နေမလား?sသူတို့ရဲ့ အကြံအစည်တွေကဘာများလဲ? မိဘတွေရဲ့ ခြယ်လှယ်မှုနဲ့ ဒီအိမ်ကြားမှာ ဘယ်လိုပတ်သတ်မှုတွေရှိနေလဲဆိုတဲ့ စိတ်၀င်စားစရာအကြောင်းအရာတွေနဲ့ လူငယ်နှစ်ယောက်ရဲ့ အချစ်ချိုချိုလေးတွေကို ရီမောလိုက် ကြည်နူးလိုက်ခံစားရမှာပဲ ဖြစ်ပါတယ်ဗျာ။ File size…3.08GB ...
movie
Sridevi Shoban Babu (2023)
2023
8.5
Karnan (2021)
IMDb Rating (8.6)၁၉၉၇ ခုနှစ်မတိုင်ခင်က ပိုဒီရန်ကုလမ် ဆိုတဲ့ ရွာလေးမှာ ကာနန်ဆိုတဲ့ ဂျစ်ကန်ကန်လူငယ်လေးတစ်ယောက်ရှိတယ်...သူက မတရားမှုဆို ငြိမ်ခံမနေဘဲ ဒေါသကိုရှေ့တန်းတင်တက်တာကြောင့် ပြဿနာကောင်ဆိုပြီး နာမည်ကြီးနေရော..ပိုဒီရန်ကုလမ်ရွာလေးက ဝေးလံတဲ့အရပ်မှာရှိပြီး ဘတ်စ်ကားမှတ်တိုင်တောင်မရှိလို့ရွာသားတွေက အနီးနားက မေလာရွာလေးမှာ ကားသွားစီးကြရတယ်...ဒါတွေကြောင့်လဲ ပိုဒီရန်ကုလမ်ရွာသားတွေက နေရာတကာမှာ အဖိနှိပ်ခံ အောက်ကျို့ခံပြီးနေနေကြရတယ်..တစ်နေ့ ရွာလမ်းဆုံမှာ ဘတ်စ်ကားမရပ်ပေးလို့ ခဲနဲ့ထုရာကနေ ပြသနာစပြီးကာနန်က ကားတစ်စီးလုံး ရိုက်ခွဲလိုက်တာကြောင့် ရွာသားတွေအားလုံး ရဲနဲ့အမှုရင်ဆိုင်ရပါတော့တယ်...ရဲတွေကထုံးစံအတိုင်း အမှုနဲ့မဆိုင်တဲ့ ရွာသားတွေကိုပါ တမင်အနိုင်ကျင့်ရိုက်နှက်တာကြောင့်ဖိနှိပ်ခံလူတန်းစားတော်လှန်ရေးပေါ်ပေါက်လာပါတယ်...မျိုးချစ်ကောင်လေး ကာနန် ဦးဆောင်ပြီးရွာသားတွေနဲ့အတူ အဖိနှိပ်ခံဘဝကနေလွတ်အောင်ဘယ်လိုကြိုးစားကြမလဲ ဆိုတာကိုစိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sein Lae မှ တင်ဆက်ထားတာပါ။) File size…(3 GB) and (1.9 GB) Quality….WEB-DL 1080p ...
movie
Karnan (2021)
7.5
Master(2021)
Master(2021)အညွှန်း*******************IMDb...7.5အနည်းငယ်နောက်ကျသွားပေမဲ့လို့ စောင့်နေပေးလို့ကျေးဇူးတင်ပါတယ်....အများသိဗီဂျေးနဲ့ 96ရဲ့မင်းသားဗီဂျေးစည်သူပသီတို့နှစ်ဦး အားပြိုင်ထားတဲ့ Master ရုံတင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ခဏခဏ မူးနေတတ်တဲ့ ဆရာဂျေဒီဟာ ကျောင်းသားတွေရဲ့ အချစ်တော်ပဲ။ကျောင်းသားတွေအတွက်ဆို အမြဲဦးဆောင်တတ်သူမို့ တခြားဆရာ၊ဆရာမတွေက အမြင်မကြည်ကြပါဘူး။ကျောင်းသားတွေအတွက်ဆို အသက်ကိုတောင် စွန့်ဝံ့တဲ့ ဆရာပါ။ ဒါက ဗီဂျေးရဲ့ အကြောင်းပါပဲ။ဗီဂျေးစည်သူပသီကတော့ လော်ရီကားအသင်းမှာ အာဏာအရှိဆုံး ခေါင်းဆောင်ပါ။ သူဟာ ရာဇဝတ်မှုတွေကို ကျူးလွန်နေပြီး ငွေရှာ နေသူပေါ့။သူ့အတွက် မှောင်ခိုလောကမှာ ခက်ခဲတာ မရှိသလောက် ရှားတယ်။ တပည့်လက်သား များတယ်။ဒီလိုနဲ့ သူတို့ နှစ်ယောက်ဟာ တနေ့တော့ ထိပ်တိုက် ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။နယ်ပယ်ချင်းမတူကြပေမဲ့ သူတို့နှစ်ယောက်မှာ တစ်ယောက်က ခြေချမှားသွားခဲ့တယ်။ကဲ ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ပရိသတ်တို့ကိုယ်တိုင် ခံစားကြည့်ပါဦး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့Myint Thu ,Thaik San & Nyi Koe တို့ပဲြဖစ်ပါတယ်.....File Size :(3.4GB)(1.4GB) and (561 MB) Quality : WEB-DL1080P5.1CH.HEVC, 720p Format…mp4 Duration…02:59:00 Genre : Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu ...
movie
Master(2021)
HEVC 1080p 5.1