Channel Myanmar

Gore Abrams

Marinette (2023)
Marinette (2023)  CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပြင်သစ်အမျိုးသမီးဘောလုံးသမား မာရီနက်ပီရွှန်အကြောင်းရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်ပါတယ်။ မာရီနက်ဟာ ယူအက်စ်မှာ ပရော်ဖက်ရှင်နယ်အဆင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးပြင်သစ်အမျိုးသမီးဘောလုံးသမားဖြစ်ပါတယ်။ ဒါ့အပြင် LGBTQတစ်ယောက်ဖြစ်ပြီးတော့ တရားဝင်လက်ထပ်ယူထားတဲ့ဇနီးနဲ့ သားလေးတစ်ယောက်ရှိပါတယ်။သူ့ရဲ့ဘောလုံးသမားဘဝအစပိုင်းက လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ သူ့ရဲ့ငယ်ဘဝဟာ အရက်သမားအဖေရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အတော်စိတ်ညစ်စရာကောင်းခဲ့တာပါ။ ကံကောင်းတာကတော့ သူ့အမေက သူ့အိပ်မက်ကိုအားပေးပေးခဲ့ပါတယ်။ ကျောင်းပွဲတွေမှာ ယောက်ျားလေးအသင်းထဲဝင်ကစားခဲ့ရာကနေ Saint-Memmie Olympique အမျိုးသမီးဘောလုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ကနေ သူ့ရဲ့ဘောလုံးအားကစားသမားဘဝအစပြုခဲ့တယ်လို့ဆိုရမှာပါပဲ။ သူ့ခေတ်သူ့အခါတုန်းက ပြင်သစ်ဟာ အမျိုးသမီးဘောလုံးအားကစားကို သိပ်အရေးမထားပေးခဲ့ပါဘူး။ မာရီနက်ဟာ ၂၀၀၇ခုနှစ်မှာ ဘောလုံးအားကစားလောကကနေ အနားယူသွားခဲ့ပါတယ်။ သူ့ကို အာဂပြင်သစ်အမျိုးသမီးဘောလုံးသမားအဖြစ် သတ်မှတ်ထားကြဆဲပါပဲ။ ပြင်သစ်အမျိုးသမီးဘောလုံးသမားတွေအကြောင်း သေချာရိုက်ပြထားတာဖြစ်လို့ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.6 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ngwe Zin 
movie

Marinette (2023)

Hell House LLC III: Lake of Fire (2019) 5.1
Hell House LLC III: Lake of Fire (2019) Hell House LLC III: Lake of Fire (2019)Hell House Franchise ရဲ့ တတိယမြောက်ဇာတ်ကားမို့ ကြည့်ရှုသူတွေအဖို့ အထွေအထူး ညွှန်းစရာတော့ လိုမှာမဟုတ်ပါဘူး။ ဒီကားမှာတော့ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ Abaddon ဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။Insomnia ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Russell Wynn က သူ့ရဲ့ Audience - Interactive Showကို ဒီလို သရဲခြောက်ပြီး လျှို့ဝှက်မှုအပြည့်နဲ့ဟိုတယ်ထဲမှာ တင်ဆက်ဖို့ စီစဉ်လာပါတယ်။ "Morning Mysteries"ဆိုတဲ့အမည်နဲ့ အပိုင်းကို ထုတ်လွှင့်ပြသမှာ ဖြစ်ပြီးတော့ ဗန်နက်ဆာဆိုတဲ့အမျိုးသမီးပါဝင်တဲ့ တင်ဆက်သူအဖွဲ့​က ဒီရှိုးနဲ့ပတ်သက်ပြီး အားလုံးကိုရိုက်ကူးဖို့ ခွင့်ပြုချက်ရထားပါတယ်။ဖွင့်ပွဲမတိုင်ခင် ရိုက်ကူးရေးတွေ ပြင်ဆင်နေတုန်းမှာပဲ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေက စတင်လာပါတယ်။ ရှိုးမှာပါဝင်မဲ့ သရုပ်ဆောင်တွေဟာ ဟိုတယ် မြေအောက်ခန်းမှာ လူနဲ့မတူတဲ့ အရာတွေနဲ့ တွေ့ကြုံလာရပြီးတော့ နှုတ်ထွက်တာတွေ ...
movie

Hell House LLC III: Lake of Fire (2019)

2019
Hell House LLC(2015) 6.4
Hell House LLC(2015)  Hell House LLC ဟာ၂၀၁၅ ခုနှစ်မှာ ဒါရိုက်တာ Stephen Cognetti ကရိုက်ကူးတင်ဆက်ခဲ့တဲ့ Found Footage Horror Film အမျိုးအစားရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပြီး IMDb 6.4/10 ရရှိထားပါတယ်။၂၀၀၉ ခုနှစ်မှာ ဟောလိုးဝင်းပွဲတော်ဆင်နွှဲလိုသူများ လည်ပတ်နိုင်ဖို့အတွက်ခြောက်ခြားဖွယ် သရဲအိမ်ကြီးတစ်အိမ်ကို လူငယ်တစ်စုက နယူးယော့ခ်မြို့တော်ရဲ့အပြင်ဘက်ရှိ မြို့ငယ်တစ်မြို့မှာ ဖန်တီးခဲ့ကြပါတယ်။ ထိုနေရာကတော့အစွန့်ပစ်ခံ အက်ဘဒန်ဟိုတယ်ဟောင်း ဖြစ်ပြီး သူတို့ရဲ့ ခြောက်ခြားဖွယ်ဂေဟာကြီးကို ငရဲအိမ် (Hell House) လို့ အမည်ပေးထားကြပါတယ်။ လူငယ်များရဲ့အင်အားနဲ့ ကြိုးစားပမ်းစားဖန်တီးခဲ့ကြသော်လည်း ဖွင့်ပွဲနေ့မှာပင် လူပေါင်းများစွာအသက်ဆုံးရှုံးစေခဲ့သော ကြေကွဲဖွယ် အဖြစ်အပျက်ကြီး ပေါ်ပေါက်လာပါတော့တယ်။ထိုဖြစ်ရပ်ရဲ့နောက်ကွယ်မှာ...ဘာများ ရှိနေလိမ့်မလဲ...၊ လူအများစုထင်ထားသလိုစက်ပစ္စည်းချွတ်ယွင်းမှုကြောင့်များလား...၊ ထိုဖြစ်ရပ်ဆိုးဟာ အက်ဘဒန်ဟိုတယ်ဟောင်းရဲ့ သမိုင်းကြောင်းနဲ့များ ပတ်သက်နေမလား...စသဖြင့်..ဖုံးကွယ်ထားတဲ့ဗဟေဠိကို documentary ဆန်ဆန် ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးကြည့်ရင်းအဖြေညှိလိုက်ကြပါစို့။(အညွှန်းနဲ့ ဘာသာပြန်ကတော့  Thae Su ပဲ ဖြစ်ပါတယ်) File size…1.79GB / ...
movie

Hell House LLC(2015)