Channel Myanmar

Godfrey

Joe’s Apartment (1996) 5.5
Joe’s Apartment (1996)  ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေနေသာ တစ်ချိန်လုံး သူ့အမေဆီကပဲ ချေးနေရပါတယ်။ နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခုတည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရခဲ့ပါတယ်။တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါတီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာ ဖြစ်ပြီး နေထိုင်သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက်အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။ အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ်တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။ သူတို့လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား? သူတို့တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့ တပည့်လူဆိုးတစ်သိုက်ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Comedy, Fantasy, Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Joe’s Apartment (1996)

Johnson Family Vacation (2004)
Johnson Family Vacation (2004)  Director Christopher Erskin ရဲ့လက်ရာကောင်းလေးတစ်ကားဖြစ်တဲ့ Comedy Movie လေးပါ Best Comedy Award Nomination ၃ ခုလည်းရခဲ့ပါသေးတယ် မင်းသားကြီး Cedric The Entertainer နဲ့ US ရဲ့ နာမည်ကြီး The Steve Harvey Show ရဲ့ Host ဖြစ်တဲ့ Steve Harvey တို့ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးကြီး Vanessa Williams နဲ့ အမေရိကန် Rapper နဲ့ Actor ဖြစ်တဲ့ Shad Moss(Bow wow) ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်ဇာတ်လမ်းလေးကတော့ ဂျွန်ဆင်မိသားစုတွေ ပြန်လည်ဆုံတွေ့ပြီး "တစ်နှစ်တာအကောင်းဆုံးမိသားစု" ဆုဖလား ပြိုင်ပွဲကိုပြုလုပ်ဖို့အတွက် နိတ်ဂျွန်ဆင် တို့မိသားစုဟာ သူ့အမေရှိတဲ့မြို့ကို မိုင် ၂၀၀၀ လောက်နီးပါး ခရီးထွက်ခဲ့ရင်း တစ်လမ်လုံး ဘယ်လိုဟာသတွေကြုံရမလဲ....... အမြဲတမ်း ...
movie

Johnson Family Vacation (2004)

Zoolander (2001)
Zoolander (2001) IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ...
movie

Zoolander (2001)

The Perfect Find(2023) 6.7
The Perfect Find(2023) The Perfect Find(2023)********************** ဂျန်နာဂျုံးစ်ဟာ တစ်ချိန်က နာမည်ကျော် ဖက်ရှင်မော်ဒယ်ဖြစ်ပေမယ့် ချစ်သူဖြစ်သူက (၁၀)နှစ်တာ အချစ်ရေးကိုတစ်ဖက်သတ် တစ်ခန်းရပ်လိုက်တာကြောင့် အသည်းကွဲရုံသာမက အလုပ်ကပါအထုတ်ခံလိုက်ရပြီးအမေ့အိမ်မှာ သောင်တင်နေတာပါ။ အသက်ကလည်း ၄၀ကျော်ဖြစ်နေပြီဖြစ်တဲ့အပြင် အသည်းကွဲပြီး ၁နှစ်လောက် စားလိုက်သောက်လိုက်နဲ့ အလုပ်မလုပ်ဘဲနေနေတဲ့အတွက် အမေဖြစ်သူက အိမ်ကနေ အတင်းနှင်ထုတ်ပြီး အလုပ်ပြန်လျှောက်ခိုင်းပါတော့တယ်။ကြံရာမရတော့ တချိန်က ပြိုင်ဘက်လည်းဖြစ်၊ ရည်းစားလုဘက်လည်းဖြစ် တဲ့ ဒါစီရဲ့ ဖက်ရှင်မဂ္ဂဇင်းတိုက်မှာ လစ်လပ်နေတဲ့ ကြော်ငြာကဏ္ဍမှာ အလုပ်ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ သူ့ဆီကို မောင်လေးတစ်ယောက်၊အစ်ကိုကြီးတစ်ယောက်နဲ့ တချိန်က ပလစ်သွားတဲ့ ရည်းစားဟောင်းတို့က တပြိုင်နက်တည်း ချဉ်းကပ်လာပါတော့တယ်။ ကဲ သူ ဘယ်သူ့ကို လက်ခံမှာ လဲ၊ အချစ်ရေးကို စိတ်ပျက်သွားတဲ့ သူ့အတွက် ဒါဟာ အကောင်းလား၊ အဆိုးလား၊ ပြိုင်ဘက်ဖြစ်သူဆီမှာ ခေါင်းငုံ ပြီးအလုပ်ဝင်လုပ်တာ အဆင်ပြေပါ့မလား၊ သူ့ဘဝတက်လမ်းဘက်ကိုပဲဦးတည်မှာလားဆိုတာတွေကို ရယ်စရာ မောစရာအဖြစ်တွေနဲ့ ...
movie

The Perfect Find(2023)

Chain Reaction (1996) 5.6
Chain Reaction (1996) အရင်ဆုံး ဇတ်ကားထဲပါတဲ့ Ref: လေးတွေကို Run through ပါမယ်။ အခုကမ္ဘာပေါ်ကလူ‌တွေဟာ ရုပ်ကျွင်းလောင်စာတွေကိုအဓိကထား အသုံးပြု၊ စွမ်းအင်ထုတ်လုပ်ပြီး အသုံးပြုလည်ပတ်နေကြတာပါ။ တစ်ကမ္ဘာလုံးမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့တို့ကို အဓိကအသုံးပြုကြပါတယ်။ လက်ရှိခန့်မှန်းထားသလောက် ၂၀၈၁ မှာ ကမ္ဘာ့လက်ကျန် ရုပ်ကျွင်းလောင်စာတွေအားလုံး ကုန်ခမ်းလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။ နေစွမ်းအင် ဆိုလာတို့ ရေအားလျှပ်စစ်တို့လိုပဲ ဟိုက်ဒရိုဂျင်ကိုလဲလောင်ကျွမ်းစေပြီး ပေါများတဲ့စွမ်းအင် ထုတ်နိုင်ပါတယ်။ ရေထဲက ဟိုက်ဒရိုဂျင်ကို လျှပ်ကူးစေပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကိုခွဲထုတ်ကာ ဟိုက်ဒရိုဂျင်သက်သက်ကိုလောင်စာအဖြစ်အသုံပြုတဲ့နည်းပါ။ ၁၉ လောက်မှာ ခေတ်စားခဲ့ပါတယ်။ ဟိုက်ထရိုဂျင် လောင်စာကိုထုတ်လုပ်ဖို့ ကြိုးစားကြတဲ့တကယ့်စာတမ်းတွေလဲရှိပါတယ်။ ဟိုက်ဒရိုဂျင်လောင်စာကို ၁၈၃၉ မှာ ဆာဝီလယမ် ကစပြီး ပထမဆုံးစိတ်ကူးရခဲ့တာပါ ရေထဲကို လျှပ်စစ်ဖြတ်၊ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ပြီး စွမ်းအင်အဖြစ်လောင်ကျွမ်းစေပါတယ် ၁၉၅၉ မှာလက်တွေ့အလုပ်လုပ်နိုင်တဲ့ မြင်းကောင်ရေ ၂၀ နဲ့ အင်ဂျင်ကို စထုတ်နိုင်ခဲ့ပါတယ်။ အခုတော့ အင်ဂျင်တော်တော်များများ ထုတ်ပြီးစမ်းနေကြပါပြီ။ ဟိုက်ဒရိုဂျင်လောင်စာရဲ့ လောင်ကျွမ်းအပူချိန်က သဘာ၀ဓာတ်ငွေ့ ကရတဲ့စွမ်းအင်နဲ့ ထပ်တူနီးပါးရှိပြီး လောင်းကျွမ်းအသုံးပြုလို့ ဘေးထွက်ဆိုးကျိုး၊ ပတ်၀န်းကျင်ညစ်ညမ်းမူ စတာတွေ မရှိတဲ့ သန့်စင်တဲ့ လောင်စာတစ်ခုဖြစ်တဲ့အတွက် လူတိုင်းကစိတ်ဝင်စားကြ လိုချင်ကြပါတယ် နောက်ရုပ်ကျွင်းလောင်စာမဟုတ်လို့ လွယ်လွယ်မကုန်ခမ်းနိုင်ပါဘူး။ တွေးကြည့်ပါဗျာ ...
movie

Chain Reaction (1996)

19962007