Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Godehard Giese
6.6
One for the Road (2023)
IMDb- 6.6/10မူးနေရင်းနဲ့ ကားကို ပါကင်နေရာရွှေ့လိုက်မိရာကနေ အရာရှိတွေဆီ မိသွားပြီး လိုင်စင်အသိမ်းခံလိုက်ရတဲ့ မာ့ခ်၊ မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့ဆိုတဲ့စကားအတိုင်းဖြစ်စေဖို့နဲ့ သူ့ရဲ့လိုင်စင်ပြန်ရဖို့အတွက် မာ့ခ်တစ်ယောက် အရက်ဖြတ်နိုင်ဖို့ ကုထုံးသင်တန်းတက်ရပါတော့တယ်။ ဒီသင်တန်းမှာအောင်မှ လိုင်စင်ကို ပြန်ရမှာဖြစ်တဲ့အတွက် မဖြစ်မနေတက်ရပါတော့တယ်။ဒီလိုနဲ့ သင်တန်းမှာ ဟယ်လန်နာဆိုတဲ့ ကောင်မလေးနဲ့ ဆုံတွေ့ကြရင်း ......... မာ့ခ်နဲ့ ဟယ်လန်နာတို့ရဲ့ ဇာတ်လမ်းလေးက ဘယ်လိုဖြစ်လာမလဲ ... မာ့ခ်တစ်ယောက်ရော အရက်ကို ကျော်လွှားနိုင်ပြီး လိုင်စင်ကို ပြန်ရနိုင်မလား .... ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲဖြစ်ပါတယ်) File size…(1.8 GB)/(930 Mb) Quality…. Blu-Ray 1080p / 720p Format… mp4 Duration…. 01:55:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sakura
movie
One for the Road (2023)
6.4
A Cure for Wellness (2016)
A Cure for Wellness (2016)IMDb Rating (6.4)ဒီရုပ်ရှင်ကားကတော့ စိတ်ကူးယဉ် ဟော်ရာကားတစ်ကားဖြစ်ပြီး Horror တွေထဲ တမူထူးဆန်းတဲ့ဇာတ်ကြောင်းတွေနဲ့ပါ။ ဇာတ်လမ်းကတော့.... ဆွစ်ဇာလန်နယ် အစွန်အဖျား နယ်မြေလေးတစ်ခုက ထူးဆန်းတဲ့ ဆေးကုသဆောင်တစ်ခုအကြောင်းပါပဲ။ အဲဒီနေရာဟာ ကြောက်စရာသမိုင်းကြောင်းတစ်ခုနဲ့အတူ မီးလောင်တိုက်သွင်းခံရပြီးမှ ပြန်လည်တည်ဆောက်ထားတဲ့ နေရာတစ်ခုပါ။ အဲဒီကို တကယ့် လူချမ်းသာတွေက စိတ်အပန်းဖြေကုသဖို့ လာရောက်တတ်ကြပါတယ်။ လူနာတွေဟာ ၁-၂ ပါတ် ခန့်သာ နေထိုင်ဖို့ရည်ရွယ်ပြီး လာရောက်ကြပေမယ့် အထဲကိုရောက်ပြီးတာနဲ့ ဘယ်သူမှ ပြန်မလာချင်ကြတော့ဘူး။ နယူးယောက် ရှယ်ယာကုမ္ပဏီကြီးတစ်ခုရဲ့ စီအီးအို တစ်ယောက်ဟာလည်း အဲဒီကို အပန်းဖြေသွားပြီး ပြန်မလာတော့တဲ့ အချိန်မှာ ကုမ္ပဏီသေရေးရှင်ရေး ကိစ္စကြုံလာလို့ ဝန်ထမ်းဖြစ်သူ လော့ခ်ဟက်ဟာ CEO ပမ်ဘရုတ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အဲဒီ ဆေးကုသဆောင်ထဲက ပြန်ခေါ်ထုတ်ဖို့ ဆုံးဖြတ်ပြီး အဲဒီကို လိုက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် အဲဒီထဲမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ လျို့ဝှက်ချက်တွေကြားမှာ နှစ်မြှပ်သွားပြီး ကျန်းမာခြင်းနဲ့ ဖျားနာခြင်း၊ စိတ်မှန်ခြင်းနဲ့ ရူးသွပ်ခြင်းကိုတောင် မခွဲခြားနိုင်တော့တဲ့အခါ......။ File ...
movie
A Cure for Wellness (2016)
7.0
Transit (2012)
၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန်အက်ရှင်ဇာတ်လမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ နိတ်ဆိုသူက အိမ်ခြံမြေလုပ်ငန်းမှာ လိမ်လည်မှုနဲ့ထောင်ကျသွားခဲ့တာကြောင့် သားနှစ်ယောက်ရယ် ဇနီးဖြစ်သူရယ်နဲ့ပြန်အဆင်ပြေစေဖို့ ထောင်ကထွက်လာတဲ့အချိန် အပန်းဖြေခရီးတစ်ခုထွက်လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ လူလေးယောက်က ပိုက်ဆံလေးသန်းတင်လာတဲ့ယာဉ်ကို ဓားပြတိုက်သွားတဲ့အတွက် သတိထားကြဖို့ တွေ့ရှိကသတင်းပေးဖို့ သတင်းမှာလာနေခဲ့တယ်။ကံမကောင်းချင်တော့ ဓားပြတွေက လမ်းမှာပိတ်စစ်နေတဲ့ရဲတွေရန်ကလွတ်အောင် နိတ်တို့မိသားစုရဲ့ကားပေါ်မှာ ငွေလေးသန်းအိတ်ကြီးကို တင်ပေးလိုက်ပါတယ်။ နိတ်တို့မိသားစုကလည်း သူတို့ကားပေါ်မှာပိုက်ဆံအိတ်ပါလာတာကို မသိဘဲခရီးဆက်လာတဲ့နောက်မှာတော့...။ မိသားစုနဲ့အဆင်ပြေဖို့ကြိုးစားနေတဲ့ နိတ်တစ်ယောက် ဓားပြတွေနဲ့ပါရင်ဆိုင်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre... Drama , Scifi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie
Transit (2012)
6.7
Easy Money (2010)
Easy Money 1 (2010) IMDB- 6.7Ratting ကောင်းတဲ့ ဆွီဒင်မူးယစ်ဂိုဏ်းဇာတ်လမ်းလေးအကြောင်းရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ရိုဟန်ဆိုတဲ့ စီးပွားရေးကောလိပ်တက်နေတဲ့ကောင်းလေးတစ်ယောက်ကလူချမ်းသားအသိုင်းအဝိုင်းကြားမှာ နေထိုင်ရတဲ့အတွက်ပိုက်ဆံများများရနိုင်မယ့်အလုပ်ကိုရှာပြီးလုပ်နေရတယ်။သိကြတဲ့အတိုင်း ကိုကင်းတွေကိုလိုက်ပို့ပေးရတာပေါ့။တက္ကစီးအငှားကို ဟန်ပြမောင်းရင်းကိုကင်းတွေပို့ရတဲ့အလုပ်ကဝင်ငွေကောင်းတဲ့အပြင် လူချမ်းသာရွယ်တူသူငယ်ချင်းတွေရဲ့ ပရောဂျက်တွေကိုလုပ်ပေးရင်းနဲ့သူ့ကိုယ်သူလူချမ်းသာအသိုင်းအဝိုင်းထဲဝင်ဆံ့နိုင်အောင်ကြိုးစားနေတယ်။ တစ်နေ့သူအဖွဲ့က သူ့ကို ဟောရုဟဲဆိုတဲ့ထောင်ကထွက်ပြေးလာတဲ့အကျဉ်သားတစ်ယောက်ကိုသွားခေါ်ခိုင်းတယ်။သူ့ကို ရာဒိုဗန်ဆိုတဲ့ မူးယစ်ဂိုဏ်းအဖွဲ့ကလည်းလိုချင်နေတဲ့အခါမှာတော့..... File size…2.44GB / 1.15GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 4m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Easy Money (2010)
7.3
The Conference (2022)
သမိုင်းမှာ Holocaust ဖြစ်ရပ်ကိုကြားဖူးကြမယ်ထင်ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ ဖြစ်ပျက်ခဲ့တဲ့ အရေးပါဆုံးဖြစ်စဥ်တွေထဲကတစ်ခုဖြစ်ပြီး ဂျူးလူမျိုး ၆သန်းကျော်ကို လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ ဒီအဖြစ်အပျက်က ဒုတိယကမ္ဘာစစ်နဲ့တကွ နောင်လာမဲ့ကမ္ဘာ့နိုင်ငံရေးဖြစ်စဥ်တွေကိုပါ ရိုက်ခတ်မှုကြီးမားခဲ့ပါတယ်။ အခုရုပ်ရှင်က နာဇီတွေရဲ့ဂျူးပြဿနာကိုဖြေရှင်းမဲ့ Final Solution ဆိုတဲ့စီမံကိန်းနဲ့ ဒီစီမံကိန်းကို အကောင်အထည်ဖော်ခဲ့တဲ့ Holocaust အဖြစ်အပျက်ရဲ့ မြစ်ဖျားခံရာ Wannsee Conference အကြောင်းကို Dokudrama အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။ ရုပ်ရှင်တစ်ခုလုံးဟာ Wannsee Conference ကျင်းပနေတဲ့ မိနစ်ပိုင်းတွေကို ဘေးကနေထိုင်ကြည့်နေရသလို တင်ဆက်ထားတာဖြစ်ပါတယ်။ဒီအစည်းအဝေးကို ဘာလင်မြို့ပြင်က Wannsee ဆိုတဲ့အရပ်မှာကျင်းပခဲ့ပြီး အစည်းအဝေးကို နာဇီဂျာမနီအစိုးရရဲ့ ထိပ်တန်းအရာရှိတွေနဲ့ SS ထိပ်သီးခေါင်းဆောင်တွေတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီလူတွေထဲမှာ ထိပ်တန်းဂျာမနီတက္ကသိုလ်တွေမှာ ပညာသင်ကြားခဲ့တဲ့ ပညာရှင်တွေ ခေါင်းဆောင်တွေပါဝင်ပြီး ဒီလူတွေကပဲ လူ့သမိုင်းမှာမကြုံဖူးလောက်တဲ့ စနစ်တကျလူမျိုးတုံးသတ်ဖြတ်မှုကြီးကို စီမံခဲ့တာပါ။ ဒီအစည်းအဝေးဟာ ကမ္ဘာ့သမိုင်းဖြစ်စဥ်ရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ နာဇီတွေဟာ ဥရောပတိုက်ကို ကျူးကျော်မှုစပြီးမကြာမီမှာ ဂျူးပြဿနာကိုဖြေရှင်းဖို့ ...
movie
The Conference (2022)
5.4
Submergence (2017)
Submergence (2017)_____IMDb - 5.4/10 Marvelရဲ့ Professor X (James McAvoy)ရဲ့ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါ့မယ် ဒီကားလေးထဲမှာတော့ သူက အယ်လ်ကိုင်ဒါအကြမ်းဖက်သမားတွေကြောင့် ခရူးဆိတ်စစ်ပွဲ(ဘာသာရေးစစ်ပွဲ)တွေပြန်အစပျိုးလာတဲ့အာဖရိကရဲ့ကက်စ်စမဒရိုးဒေသဆီသွားပြီးဂျီဟတ်ဒ်စစ်ပွဲပြင်ဆင်ဖို့ဖိအားပေးခြင်းခံနေရတဲ့ဒုက္ခသည်တွေအတွက် ရေရရှိဖို့အကျိုးဆောင်မယ့်အင်ဂျင်နီယာဂျိမ်းစ်မောအဖြစ်တွေ့ရမှာပါ ဒီလိုပြင်ဆင်ရင်းနဲ့ပဲ ဟိုတယ်တစ်ခုမှာပရော်ဖက်ဆာဒန်နီဖလင်းဒါးလို့ခေါ်တဲ့အဏ္ဏဝါဗေဒပညာရှင်လေးတစ်ယောက်နဲ့ဆုံခဲ့ပြီးသိတဲ့အတိုင်းဇာတ်လမ်းဘာညာစတယ်ဆိုပါတော့ဗျာ ဒန်နီကလည်းသူမရဲ့အိပ်မက်ဖြစ်တဲ့ရေအောက်အနက်ဆုံးအလွှာထိဆင်းပြီးလေ့လာဖို့ ဂျိမ်းစ်ကလည်း စစ်ပွဲတွေအဆုံးသတ်ဖို့အတွက် ဆိုတဲ့ကိုယ်စီအိပ်မက်တွေယှဉ်လာချိန်မှာတော့....... သူတို့ပြန်ဆုံနိုင်ပါ့မလား အိပ်မက်ကိုယ်စီကိုအကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကတော့...??? ကြည့်ကြည့်ရအောင်ဗျာ....???(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုပြေဟိဏ်းဆက်ပါ) File Size : (850 MB) Quality : WEB-DL 720p Running Time : 1hr 52min Format : Mp4 Genre : Drama, Romance, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by Pyae Xeinn Sett Encoded by Thanhtike Zaw
movie
Submergence (2017)
2017