Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Glenn Plummer
7.6
Gifted (2017)
ဒီကားလေးကို ရုပ်ရှင်ရုံထဲမှာ ထရေလာ မြင်မိကတည်းက စိတ်ဝင်စားနေတာပါ။ မင်းသားက ခရစ်စ် အီဗန်။ ဒါရိုက်တာကလည်း 500 days of summer ထဲက မာ့ခ် ဝဘ် ဆိုတော့ အတော်တော့ကောင်းလိမ့်မယ် တွက်ထားပါတယ်။ အခုထွက်လာတော့ ကြည့်လိုက်တော့လည်း ကျေနပ်စရာပါပဲ။ ကျွန်တော်အရမ်းကြိုက်လို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ rating ကတော့ IMDb မှာ 7.6 ပါ။ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပြောပြပါမယ်။ မထင်ထားတာလေးတွေ ပါလို့ spoiler မဖြစ်အောင် လျှော့ပြောပါရစေ။ နယ်မြို့လေးတစ်ခုမှ ဖရန့် နဲ့ မေရီဆိုတဲ့ သားအဖ ၂ ယောက်တည်း အတူနေကြတယ်ဗျာ။ သမီးလေး ၇ နှစ်ပြည့်ချိန်မှာ ကျောင်းကိုလွှတ်တာကနေ စပါတယ်။ သူတို့ ၂ ယောက်ကို သံယောဇဉ်ဖြစ်နေတဲ့ အိမ်နီးချင်းမိန်းမကြီးကတော့ တားပါတယ် ကလေးကို ကျောင်းကိုမလွှတ်ပါနဲ့ပေါ့။ ဘာလို့ပါလိမ့်။ ကျောင်းမှာအဖြေပေါ်လာတာပါပဲ ကလေးက ပါရမီရှင် master brain ဖြစ်နေလို့ပါ။ ကလေးအကြောင်းသိသွားရင် သူတို့ ၂ ယောက်ကို ခွဲမယ့်သူတွေ ပေါ်လာမှာ ...
movie
Gifted (2017)
2017
6.7
[18+]Showgirls(1995)
[18+]Showgirls(1995)******************** (Dark Side Production မှတင်ဆက်သည်...) ဒီဇာတ်လမ်းဟာ.. Las Vegasရဲ့ဖော်ချွတ်အက လောကထဲကိုမိမိတတ်တဲ့အကပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ရောက်ရှိလာတဲ့ ဆွဲဆောင်မှုရှိပြီး သိပ်လှလွန်းတဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ... ရှိုးပွဲထဲက မိန်းမလှကလေးတွေရဲ့အကြောင်း... မတူညီတဲ့လူတန်းလွှားတို့ရဲ့ ဆက်ဆံမှုတွေအကြောင်း.. ရှိုးပွဲတစ်ခုထဲက ပြိုင်ဆိုင်မှုတွေအကြောင်းကို.. ပွင့်လင်းမြင်သာစွာဖြင့် အနုပညာမြောက်ပုံဖော်ထားပါတယ်..ပုရိသယောင်္ကျားထုတို့အဖို့ ထိုကဲ့သို့အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူလေးတွေကို စာနာ နာလည်းတတ်စေဖို့ကြည့်သင့်သလို (၁၈)ယောက်စုကြည့်ရမယ်ဆိုတဲ့ဝေါဟာရနဲ့လည်း လိုက်ဖက်လွန်းတဲ့ အခန်းများစွာပါဝင်ဇာတ်ကားမို့ ကြည့်သင့်ကြောင်းရဲဝံစွာဖြင့်အာမခံလိုက်ပါတယ်...File Size : (2.7GB) and (1.4GB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:08:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by RGB
movie
[18+]Showgirls(1995)
7.2
Strange Days (1995)
Strange Days (1995)~ IMDb - 7.2/10, RT - 68%, Meta - 66% ~1995 တုန်းက Sci-Fi ကားတစ်ခုအနေနဲ့ထွက်ရှိထားပြီး နာမည်ကြီးသရုပ်ဆောင် Ralph Finnes တို့ Angela Basset တို့ပါဝင်သရုပ်ဆောင်ပါဝင်ထားပြီး Rating လေးလည်းကောင်းတဲ့ Strange Days ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ဇာတ်လမ်းကိုတော့ ရာစုနှစ်တစ်ခုရဲ့နောက်ဆုံးနေ့ (December 31, 1999) နဲ့ လူဖြူလူမည်းအဓိကရုဏ်းကို ကျောရိုးယူပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။လူတစ်ယောက်ရဲ့ခေါင်းပေါ်မှာ ချပ်ပြားတွေပါတဲ့ခေါင်းစွပ်ကိုတပ်ဆင်လိုက်တာနဲ့ သူ့ရဲ့ မှတ်ဥာဏ်တွေကို မှတ်တမ်းတင်အခွေတစ်ခုအနေနဲ့ သိမ်းဆည်းပြီး အဲဒါကို ပြန်တပ်ကြည့်လိုက်တာနဲ့ အဲဒီသူအတိုင်းခံစားရတဲ့ နည်းပညာကို တီထွင်နိုင်ခဲ့ပေမဲ့ ရုတ်တရက် ရဲဘက်သုံးနည်းပညာကနေ တရားမဝင်နည်းပညာအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဒီကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ လန်နီကတော့ ဒီနည်းပညာကိုအသုံးပြုပြီး လူတွေရဲ့စိတ်ကိုကျေနပ်အောင်လုပ်ပေးရင်း တစ်နေ့မထင်မှတ်ပဲ လူမည်းတစ်ယောက်ကို လူဖြူ ရဲတွေ ...
movie
Strange Days (1995)
1995
6.6
Saw II (2005) Saw 2
Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie
Saw II (2005) Saw 2
6.3
Shade (2003)
Genre – Crime, Thriller IMDB – 6.3/10သူများ မျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်တာမျိုး ကတုံးပေါ် ထိပ်ကွက်တာမျိုးတစ်ပတ်ရိုက်တာမျိုးတွေ သဘောကျသပါ့ဆိုရင်တော့ ဒီ ပိုကာဖဲကားလေးလာပြီဗျို့။ Ocean Trilogy တို့ 21 တို့ Rounders တို့လို လောင်းကစားကို အခြေခံပြီးစိတ်ဝင်စားဖွယ်ရာ ဇာတ်ကွက်တွေ မထင်ထားရလောက်အောင် ဖြစ်သွားတဲ့လှည့်ကွက်တွေနဲ့ ဇာတ်ကားမျိုးတွေ ကျွန်တော်တို့ သိပ်သဘောကျခဲ့ကြတာပေါ့။လူတွေကို အယုံသွင်း အားနည်းချက်ကို အခွင့်ကောင်းကိုယူ လူလိမ်ချင်းတောင်နည်းနည်းလျှော့တွက်မိရင် ခံရတာမျိုးတွေကို အပြင်ကနေကြည့်ရင်း အားကျမိတာမျိုးရှိသလို လက်တွေ့ဘဝအတွက်လည်း သင်ခန်းစာရတာတွေလည်း ရှိခဲ့ကြပါတယ်။ကဲ ကြာပါတယ် ဇာတ်ကားအကြောင်း ပြောကြတာပေါ့။ဇာတ်လမ်းက တိုတိုပြောရရင် ဒါမျိုးကားတွေက အညွန်းရေးရတာ မကောင်းဘူးSpoiler တွေ ပါကုန်မှာစိုးလို့ တကယ်တမ်း ဒီကားဆို နာရီဝက်လောက်ကတည်းကလှည့်ကွက်တွေက စသုံးနေပြီ။ ဒီတော့ ပထမဆုံး ဒီကားအခြေခံထားတာက အယ်အေပိုကာဖဲလောကပေါ့နော် အဲဒီမှာ ဘုရင်တစ်ဆူ ရှိတယ် နံပါတ် ၁ ...
movie
Shade (2003)
6.0
The Substitute (1996)
IMDb Rating (6.0)Sniper ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ဖူးမယ်ဆိုရင် အဲ့ဒီထဲက ထီမထင်တဲ့မျက်နှာပေးနဲ့ လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသားကြီး Tom Berenger ကို မှတ်မှတ်ရရရှိကြမှာပါ...ဒီဇာတ်လမ်းကလဲ သူ့ရဲ့အက်ရှင်ဇာတ်လမ်းနောက်တစ်ပုဒ်ပါပဲ။ဇာတ်လမ်းကတော့.... ဗီယက်နမ်စစ်ပြန်ကြီးတို့အဖွဲ့က အမေရိကန်အစိုးရရဲ့ ရုပ်သေးရုပ်လေးအဖြစ်နဲ့ အမည်မဲ့ စစ်ဆင်ရေးတွေမှာ တရားမဝင် စစ်တိုက်ပေးနေရပါတယ်။ သူတို့စစ်ဆင်ရေးဆိုတာက အောင်မြင်ရင်လည်း လူမသိ၊ တိုက်ပွဲကျတဲ့စစ်သားက အမည်မဲ့၊ သတင်းစာထဲပါသွားရင် ပိုင်ရှင်မဲ့ ကြေးစားစစ်တပ်၊ ဒီလိုလည်ပတ်ကြရတာပါ။ကျူးဘားကမ်းတက်စစ်ဆင်ရေးတစ်ခုမှာ စစ်သားကြီးတို့အဖွဲ့ အထိနာပြီး သုံးယောက်ကို သေမင်းလက် ဝကွက်အပ်လိုက်ရတယ်။ အဲဒါတောင် ပိုင်ရှင်မဲ့စီးနင်းမှုအဖြစ် အမေရိကန်အစိုးရက ခေါင်းရှောင်လိုက်ချိန်မှာ စစ်ပြန်ကြီးတို့ အံကြိတ် တောက်ခေါက်ရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။ပိုင်ရှင်တကယ်မဲ့သွားတဲ့ စစ်ပြန်ကြီးတို့အဖွဲ့ 109 110 တွေဖြစ်ကုန်ချိန်မှာ အဖွဲ့ခေါင်းဆောင် ရှေးလ် က သူ့ချစ်သူဆီ ပြန်လာခဲ့တယ်။ သူ့ချစ်သူ ကျောင်းဆရာမက ကျောင်းသားဆိုးတွေ လက်ချက်နဲ့ ခြေတောက်ကျိုးနေပါရော့လား။သူ့ချစ်သူနေရာမှာ အစားထိုးသမိုင်းဆရာအဖြစ် ဝင်လာတဲ့ စစ်ပြန်ကြီး ရှေးလ်၊ ကျောင်းသားဆိုးတွေကို ...
movie
The Substitute (1996)
6.3
Trespass (1992)
ဒီတစ်ခေါက်တော့ CM ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးရှိတဲ့ကြည့်ပျော်ရှုပျော် Action ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။1992 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDB လည်း 6.3/10 ရထားပါတယ်။ ဇာတ်လမ်းအားဖြင့် ဒွန် နဲ့ ဗင့်(စ်)ဆိုတဲ့ မီးသတ်သမားနှစ်ယောက်ဟာမီးလောင်နေတဲ့ တိုက်ခန်းတစ်ခုကို ဝင်ကယ်ဆယ်ရေးလုပ်ရင်းသေခါနီးအဖိုးကြီးတစ်ယောက်ဆီကနေ ရတနာမြေပုံတစ်ခုရရှိခဲ့ပါတယ်။သေချာစုံစမ်းကြည့်တဲ့အခါ အဲ့ဒီအဖိုးကြီးဟာ လွန်ခဲ့တဲ့နှစ်(၅၀)ကဘုရားကျောင်းတစ်ခုကိုဓားပြတိုက်ခဲ့တဲ့သူဖြစ်ပြီး ဒေါ်လာသန်းချီတန်တဲ့ တိုက်ရာပါ ရွှေသားပစ္စည်းတွေကို ဖွက်ထားတဲ့သူဖြစ်နေပါတယ်။ဒါနဲ့ပဲ ဒွန် နဲ့ ဗင့်(စ်)တို့ဟာ အဖိုးကြီးရဲ့ မြေပုံမှာပါတဲ့ အဆောက်အဦးအဟောင်းကြီးဆီကို ယုံတစ်ဝက်မယုံတစ်ဝက်နဲ့ ချီတက်ခဲ့ပါတော့တယ်။တစ်ဖက်မှာလည်း ဆေးရောင်းတဲ့ လူမဲဂိုဏ်းတစ်ဂိုဏ်းဟာ ဂိုဏ်းထဲကသစ္စာဖောက်တစ်ယောက်ကိုရှင်းဖို့အတွက် အဆိုပါ အဆောက်အဦးဟောင်းကြီးကိုပဲ ရွေးချယ်ထားပါသေးတယ်။ ဒီလိုနဲ့ ရွှေရှာဖို့ ရည်ရွယ်ချက်နဲ့ လာခဲ့တဲ့ ဒွန်နဲ့ ဗင့်(စ်)ဟာ မမျှော်လင့်ဘဲလူသတ်မှုတစ်ခုရဲ့မျက်မြင်သက်သေတွေ ဖြစ်လာပါတယ်။တစ်ဖက်ဂိုဏ်းကလည်း သူတို့လည်ပင်းကို ကြိုးကွင်းစွပ်နိုင်မယ့် ဒွန် နဲ့ ဗင့်(စ်)ကို အပျောက်ရှင်းဖို့ ကြိုးစား၊ဒွန် နဲ့ ဗင့်(စ်)ကလည်း အသက်ရှင်ဖို့ ရုန်းကန်နဲ့ဒီဇာတ်ကားဟာ မထင်မှတ်ထားတာတွေနဲ့ ကြွတက်လာပါတော့တယ်။လူနည်းနည်း၊သေနတ်တွေများများ၊အဆောက်အဦးဟောင်းကြီးတစ်ခုနဲ့ရွှေထည်ပစ္စည်းတွေပါတဲ့ ...
movie
Trespass (1992)
6.7
Frankie and Johnny (1991)
Frankie and Johnny (1991)~ IMDb - 6.7/10, RT - 69%, Meta - 66% ~Frankie and Johnny ဆိုတာကတော့ အမေရိကန်ရဲ့ နာမည်ကျော် ရှေးသီချင်းတစ်ပုဒ်ဖြစ်ပြီး လွန်လေပြီးသော King of Rock & Roll ကြီး Elvis Presley တောင် သူ့ရုပ်ရှင်မှာ ထည့်သွင်းသီဆိုခဲ့ပါသေးတယ်။ မူရင်းသီချင်းကတော့ ဖရန်ကီဆိုတဲ့ မိန်းမတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ယောက်ျားတစ်ယောက်ကြားက ဇာတ်လမ်းတစ်ပုဒ်ကို သီဆိုထားတာပါ။ ဒီကားကလည်း ဖရန်ကီဆိုတဲ့ စားပွဲထိုးမလေးနဲ့ ဂျွန်နီဆိုတဲ့ သက်လတ်နှောင်းပိုင်းစားဖိုမှူးတို့ကြားက ချစ်ခြင်းမေတ္တာပါ။ သီချင်းထဲမှာတော့ တခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့ ဂျွန်နီ့ကို ဖရန်ကီက သေနတ်တစ်လက်နဲ့ အဆုံးသတ်ပေးလိုက်ပါတယ်။ တကယ့်လူသတ်မှုတချို့ကိုအခြေခံထားတယ်လို့လည်း ပြောကြပါတယ်။အခုဒီရုပ်ရှင်ကားဟာလည်း ဒီသီချင်းနာမည်ပေါ် လုံးလုံးအခြေခံထားပေမယ့် သီချင်းထဲကအကြောင်းအရာနဲ့တော့ လားလားမှ မဆိုင်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကို စလိုက်မယ်နော်...ထောင်ကလွတ်လာကစ ...
movie
Frankie and Johnny (1991)
1991
5.9
Ca$h(2010)
Ca$h(2010)===========ဒီဇတ်ကားကတော့ 2010 ခုနှစ်မှာ ထွက်ရှိထားတဲ့အမေရိကန် crime-thriller အမျိုးအစားဇတ်ကားတစ်ခု ဖြစ်ပါတယ်။ နံမည်ကြီးဇတ်ကားများဖြစ်တဲ့ The Lord of the Rings တွင်ပါဝင်သရုပ်ဆောင်ထားသော မင်းသားကြီးSean Bean ၊Marvel ရဲ့ဇတ်ကားများတွင်မိုးကြိုးနတ်ဘုရား Thor အဖြစ်သရုပ်ဆောင်ထားသောကမ္ဘာကျော်မင်းသားChris Hemsworth နှင့်မင်းသမီး Victoria Profeta တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာကြောင့် ကြည့်မကောင်းမှာတော့ စိုးရိမ်စရာမလိုပါဘူးနော။ဇတ်လမ်းလေးကတော့ Sam (Chris Hemsworth)နှင့် Leslie (Victoria Profeta) တို့က ပိုက်ဆံအပြည့်ပါတဲ့ လက်ဆွဲအိတ်ကို ကောက်ရခဲ့ပြီးသူ့တို့ ရဲ့ ဘဝကြီး ပြောင်းလဲသွားတော့မယ်လို့ထင်နေကြပါတယ်။ အဲ့ဒီအချိန်မှာ လက်ဆွဲအိတ်ရဲ့ပိုင်ရှင်ဆိုသူ Pyke Kubic ( Sean Bean )တစ်ယောက်ရောက်လာပြီး သူ့ရဲ့ ပိုက်ဆံတွေကိုပြန်လာတောင်းပါတော့တယ်။ ပိုက်ဆံတစ်ချို့ကိုသုံးပြီးသွားတဲ့ Sam တို့ လင်မယားနှစ်ယောက် နဲ့လက်ဆွဲအိတ်ပိုင်ရှင်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲ။သူတို့ရဲ့ ပိုက်ဆံတွေကို ပြန်ရအောင်ဘယ်လိုလုပ်ကြမှာလဲဆိုတာကို ...
movie
Ca$h(2010)
3.5
Pacerville (2022)
Pacerville (2022)၂၀၂၂ ထွက် ဇာတ်လမ်းတစ်ခုနဲ့ မိတ်ဆက်ပေးပါ့မယ်။ လူတစ်ယောက်ရဲ့စိတ်က အရာတစ်ခုကို တရားမျှတတယ်လို့ထင်ပေမဲ့ အခြားသူတွေအတွက် မဟုတ်ခဲ့တာမျိုးတွေ ရှိတတ်တဲ့အကြောင်းပါ။ လူတွေဟာ ကိုယ့်လိပ်ပြာဘက်ကနေ ကိုယ်တိုင်လုံနေတတ်တဲ့သူတွေဖြစ်လို့ သူတကာကို လက်ညိုးမထိုးခင်မှာ ကိုယ့်ဘက်ကို အရင်ပြန်ထိုးဖို့ လိုပါလိမ့်မယ်။ခက်ခဲတဲ့ဘဝတစ်ခုကို အလူးလူးအလိမ့်လိမ့် ရင်ဆိုင်လာခဲ့ရတဲ့ သမိုင်းဆရာတစ်ဦး။ အိမ်ထောင်ကလည်းကွဲ၊ သူ့အလုပ်မှာလည်း စိတ်မပါ၊ အခြားရွေးစရာကမရှိ။ နောက်လူရင်ခွင်ထဲက သူ့ဇနီးဟောင်းကို ပြန်တမ်းတမိတဲ့ညတွေ။ သူ့ရဲ့ နှလုံးသည်းပွတ် သမီးလေးကိုလည်း အုပ်ထိန်းခွင့်မရရှာ။ အကုသိုလ်က အဖော်အပေါင်းနဲ့ အိမ်လာလည်တာ ခံရသူ။ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်တဲ့ ကိုမြင့်နိုင်ကြီး နှိပ်စက်လို့ တကမ္ဘာလုံး တစ္ဆေမြို့တွေလို ခြောက်ကပ်သွားကြတယ်။ ကျောင်းတွေပိတ်၊ အလုပ်တွေပိတ်။ အိပ်ရာပေါ်မှာပဲ အချိန်ကုန်လာရတဲ့ ပျင်းလို့သေတော့မယ်ဆိုတဲ့ ကျောင်းသားတစ်စု။ သူတို့ သမိုင်းဆရာရဲ့ အတင်းတွေ zoom meeting မှာ မြိန်ရေယှက်ရေ ပြောကြရင်း အပျင်းဖြေကြသတဲ့။ ဒီလိုနဲ့ ပျော်စရာတစ်ခုကို အတူဖန်တီးဖို့ ...
movie
Pacerville (2022)
2022
6.6
City of Lies(2018)
City of Lies(2018)Who Shot Biggie???ဒီဇာတ်ကားရဲ့ ကြာမြင့်ချိန် 1 နာရီ 52 မိနစ်ဟာ အဲ့ဒီမေးခွန်းလေးတစ်ကြောင်းနဲ့ ဆက်စပ်ပြီးရိုက်သွားတာပါ... အကြောင်းအရာတစ်ခုတည်းကို 1 နာရီ 52 မိနစ်တောင် ရိုက်ထားလို့ ပျင်းစရာကောင်းမှာပဲလို့ တွေးမိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်...ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး တကယ့်အပြင်မှာလည်း Who Shot Biggie? ဆိုတဲ့မေးခွန်းကို နာမည်ကျော် FBI အဖွဲ့အပါအဝင် LAPD စုံထောက်တွေပါ ပူးပေါင်းစုံစမ်းခဲ့တာ နှစ် 20 ကျော်ကြာခဲ့ပါတယ်...မြန်မာနိုင်ငံက Rapper တွေ Mainstream နဲ့ Underground အပြန်အလှန်လှော်နေကြသလို Los Angeles မြို့ကြီးမှာလည်း East Coast နဲ့ West Coast ဆိုပြီး နှစ်ဖွဲ့ကွဲ လှော်ကြပါတယ်...1996 ခုနှစ်လောက်ကဖြစ်ခဲ့တဲ့လူသတ်မှုဖြစ်တဲ့အတွက် လူဖြူလူမည်းပဋိပက္ခတွေလည်း ရှိနေတဲ့အချိန်ပါ...ဒီအမှုကို နှစ်ပေါင်းအကြာကြီး စုံစမ်းနေသူကတော့ Poole ဆိုတဲ့ ...
movie
City of Lies(2018)
2018
6.4
The Day After Tomorrow (2004)
The Day After Tomorrow (2004) IMDb - 6.4/10_____Rotten - 44% IMDb rating 6.4/10 ရရှိထားပြီး 2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်။ အာတိတ်ဒေသမှာသုတေသနလုပ်နေတဲ့ ပါမောက္ခ ဂျက်(ခ်)ဟော(လ်) နဲ့အဖွဲ့ဟာ ရာသီဥတု ဖောက်ပြန်ပျက်စီး မှု တစ်ခုကို အမှတ်မထင် ကြုံတွေ့ခဲ့ရတယ်။ ဒါကို နယူး ဒေလီ မှာပြုလုပ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်တဲ့ နှီးနှော ဖလှယ်ပွဲတစ်ခုမှာ ဂျက်(ခ်) ကိုယ်တိုင်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ အလေးမထားခဲ့ကြပါဘူး။ နောက်ပိုင်းမှာ ရေကြောင်းပြ ဗော်ရာ တွေမှာ အပူချိန်ကျဆင်းလာတာကြောင့် ပါမောက္ခ ရပ်ဆန် လည်း သတိထားမိခဲ့ပြီး ဂျက်(ခ်) နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ရာသီဥတု ဖောက်ပြန်ပျက်စီးမှုက တစ်စတစ်စ ပိုမိုဆိုးရွားလာခဲ့ပေမဲ့ ဂျက်(ခ်) ရဲ့ သတိပေးမှုတွေကို တာဝန်ရှိသူတွေက လျစ်လျူရှုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ မြောက်ကမ္ဘာခြမ်းတစ်ခုလုံးကို ရေခဲအတိ ဖုံးလွှမ်းသွားစေခဲ့တဲ့ တစ်ခါမှာ မကြုံခဲ့ဖူးတဲ့ ကုန်းတွင်းပိုင်း ဟာရီကိန်း မုန်တိုင်းဒဏ်ကို ...
movie
The Day After Tomorrow (2004)
2004
7.2
Speed (1994)
Speed (1994) IMDb - 7.2/10_____Rotten - 94%Won 2 Oscars. Another 17 wins & 20 nominations. (Unicode)Action ကားကောင်းကောင်းကြိုက်သူတို့အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ် Speed ဇာတ်ကားဟာ 1994 ခုနှစ်မှာထွက်ရှိခဲ့ပြီး မင်းသား Keanu Reeves နဲ့ Sandra Bullockတို့ တွဲဖက်သရုပ်ဆောင်ပြီး IMDb 7.2 ရရှိခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဂျက် ထရေဗန်ဟာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်..တရက်မှာ ခရီးသည်တစ်စု ဗုံးနဲ့ထောင်ချောက်ဆင်ဖမ်းလို့ ခက်ခက်ခဲခဲ ကယ်နိုင်ခဲ့ရပါတယ်..ဗုံးထောင်တဲ့လူကလည်း ရဲတပ်ဖွဲ့ဝင်ဟောင်း.တစ်ဦး ဗုံးကို အထူးကျွမ်းကျင်သူ သူပင်စင်ယူခဲ့တဲ့ကိစ္စမှာ မကျေနပ်လို့ အခုလို ဓါးစားခံဖမ်းပြီး ဗုံးထောင်ငွေညှပ်တာမအောင်မြင်တော့ ဂျက်ထရေဗန်ကိုအညိုးထားပါတော့တယ် နောက်ဆုံး ခရီးသည်တင်ဘတ်ကားကိုဗုံးထောင်ပြီး ငွေထပ်ညှစ်တဲ့အခါမှာတော့..ဘယ်လိုတွေဆက်ကြုံရမလဲ ဆိုတာကို ဆက်လက်ခံစားကြည့်ပါ (Zawgyi)Action ကားကောင်းကောင်းကြိုက်သူတို့အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ် Speed ဇာတ်ကားဟာ 1994 ခုနှစ်မှာထွက်ရှိခဲ့ပြီး မင်းသား Keanu Reeves နဲ့ Sandra Bullockတို့ တွဲဖက်သရုပ်ဆောင်ပြီး IMDb 7.2 ရရှိခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဂျက် ထရေဗန်ဟာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်..တရက်မှာ ခရီးသည်တစ်စု ဗုံးနဲ့ထောင်ချောက်ဆင်ဖမ်းလို့ ခက်ခက်ခဲခဲ ကယ်နိုင်ခဲ့ရပါတယ်..ဗုံးထောင်တဲ့လူကလည်း ရဲတပ်ဖွဲ့ဝင်ဟောင်း.တစ်ဦး ဗုံးကို အထူးကျွမ်းကျင်သူ သူပင်စင်ယူခဲ့တဲ့ကိစ္စမှာ မကျေနပ်လို့ အခုလို ဓါးစားခံဖမ်းပြီး ဗုံးထောင်ငွေညှပ်တာမအောင်မြင်တော့ ဂျက်ထရေဗန်ကိုအညိုးထားပါတော့တယ် နောက်ဆုံး ခရီးသည်တင်ဘတ်ကားကိုဗုံးထောင်ပြီး ငွေထပ်ညှစ်တဲ့အခါမှာတော့..ဘယ်လိုတွေဆက်ကြုံရမလဲ ဆိုတာကို ...
movie
Speed (1994)
1994