Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Glenn Beck
8.3
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964)
ဒီကားလေးကတော့ ၁၉၆၄တုန်းကထွက်ခဲ့တဲ့ War/Comedy အဖြူအမည်းအမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ Ratingတွေကိုကြည့်လိုက်ရင် old but goldထဲကတစ်ကားဖြစ်မှန်းသိမှာပါ။ Oscarဆုလေးဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ စစ်အေးခေတ် အမေရိကန်လေတပ်က ရုရှားပိုင်နက်အနီးမှာ နျုဗုံးသယ်လေယာဉ်တွေကို အချိန်ပြည့်ဖြန့်ကျက်ထားခဲ့တဲ့အချိန်ကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ လေတပ်ဗိုလ်မှူးတစ်ယောက်အရူးထပြီး လေယာဉ်တွေကို ရုရှားပိုင်နက်ထဲပစ်မှတ်တွေကို နျူဗုံးကျဲခိုင်းတာကနေစပြီး အဲဒီကနေမီးခိုးကြွက်လျှောက်သလိုပြဿနာတက်ပြီး အမေရိကန်သမ္မတ ရုရှား၀န်ကြီးချုပ်ပါမနေရဘဲ ပြဿနာဖြေရှင်းဖို့ကြိုးစားကြပါတော့တယ်။(ဇာတ်လမ်းအရသာပျက်မှာစိုးလို့ reviewအရှည်ကြီးမရေးတော့ပါဘူး အားလုံးပဲကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ။) File size…(1.8 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:35:00 Genre... Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe
movie
Dr. Strangelove or: How I Learned to Stop Worrying and Love the Bomb (1964)
Nefarious (2023)
Nefarious (2023)တကယ်လို့ သင်က Mystery အမျိုးအစားကြိုက်တယ်ဆိုရင်တော့ ဒီကားကို လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က IMDb rating 6.3 ရရှိထားပေမယ့် Rotten Tomatoes ကတော့ 33% ပဲ ရရှိထားတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် ဇာတ်လမ်းအရ ကောင်းပေမယ့် တချို့လူတွေ သဘောမတွေ့နိုင်လောက်တဲ့ ရုပ်ရှင်ဖြစ်နေလို့ပါ။ ရုပ်ရှင်မှာလည်း နာမည်ကြီးမင်းသား မင်းသမီးတွေ မပါဝင်သလို Low budget နဲ့ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ အဲလို ရိုက်ထူးထားတာဆိုပေမယ့်လည်း သူ့အတိုင်းတာနဲ့သူ အောင်မြင်ခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၁.၃ သန်း ပြန်မြတ်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အိုကလာဟိုးမားပြည်နယ်မှာ အဆိုးဆုံးကွင်းဆက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ လူသတ်သမား အက်ဝါ့ဒ်ဝိန်းဘရက်ဒီကို လျှပ်စစ်ကုလားထိုင်နဲ့ သေဒဏ်ပေးဖို့အတွက် ထောင်မှာ သီးသန့်ချုပ်ထားခဲ့ပါတယ်။ ဒါပေမယ့် အပြစ်သားရဲ့ စိတ်အခြေအနေဟာ အရမ်းကို ရူးသွပ်နေတယ်ဆိုရင် ပြည်နယ်ဥပဒေအရ သေဒဏ်ချဖို့ မဖြစ်နိုင်တာကြောင့် သေဒဏ်ချဖို့ကို ရွှေ့ဆိုင်းထားရတာပါ။ သူ့အခြေအနေကို လေ့လာဆန်းစစ်နေတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် ...
movie
Nefarious (2023)
6.5
National Treasure: Book of Secrets (2007)
National Treasure: Book of Secrets (2007) " Quality ကောင်းကောင်းနဲ့ ပြန်တင်ပေးထားပါတယ် " National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ ...
movie
National Treasure: Book of Secrets (2007)
8.3
2001: A Space Odyssey(1968)
2001: A Space Odyssey(1968) IMDb....8.3;;;;;;;;Rotten....92% ရုပ်ရှင်ဆိုတာ စာအုပ်တွေလိုပဲ ဖျော်ဖြေရေးထက်ပိုတဲ့ အနုပညာရသတစ်ခုကိုပေးစွမ်းနိုင်တယ်ဆိုတာ လက်ခံပါသလား။ လက်ခံတယ်ဆိုရင်တော့ 2001: A Space Odyssey ကို ကြည့်ဖြစ်အောင်ကြည့်ပြီးခံစားကြည့်လိုက်ပါ။ ဒီလိုရုပ်ရှင်မျိုး ရုပ်ရှင်လောကမှာ နောက်တစ်ကားထွက်ရှိလာဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးလို့တောင် ရုပ်ရှင်ဝေဖန်ရေးဆရာတွေက ဆိုကြတယ်...ဒီရုပ်ရှင်ဟာ ကမ္ဘာကျော်ဒါရိုက်တာကြီး Stanley Kubrick ရဲ့ အကောင်းဆုံးရုပ်ရှင်ကားဖြစ်ပြီး၁၉၆၈ က ပြသခဲ့တဲ့ရုပ်ရှင်လို့တောင် မထင်လောက်အောင် လက်ရာမြောက်လွန်းတဲ့ရုပ်ရှင်ကားပါ။ နောက်ခံတီးလုံးတွေကအစ ခမ်းနားလွန်းပြီး ဇာတ်ဝင်ခန်းတိုင်းဟာရင်သပ်ရှုမောစရာကောင်းလွန်းပါတယ်။အဲ့ခေတ် အဲ့အခါက ရုံတင်ပြသခဲ့ရာမှာတော့ အမိုက်စားရိုက်ချက်တွေနဲ့ ၁၉၆၀ ကျော်ကာလမှာမမြင်ဖူးသေးတဲ့ ရိုက်ကွင်းအနေအထားတွေကြောင့် ဒီရုပ်ရှင်ဟာအထိုက်အလျောက်အောင်မြင်ခဲ့ပေမယ့် ဝေဖန်ရေးဆရာတွေကတော့ ဒီရုပ်ရှင်ဟာ စိတ်ကူးယဉ်အရမ်းဆန်လွန်းတယ်၊ဘာကိုပြချင်တာလဲ စသဖြင့် အနုတ်သဘောဆောင်တဲ့ ထင်မြင်ချက်တွေပဲ ပေးခဲ့ကြပါတယ်။ဒါပေမယ့်လည်း အချိန်တွေကြာလာတာနဲ့အမျှ ဒီရုပ်ရှင်က နာမည်မကျသွားတဲ့အပြင်2001 ရဲ့ဂုဏ်သတင်းဟာ ပိုပိုပြီး ကျော်ကြားလာခဲ့ပါတယ်။ ဆယ်စုနှစ်တွေကုန်ဆုံးသွားလေလေ2001 ရုပ်ရှင်အကြောင်း၊ Stanley Kubrick အကြောင်း မှတ်တမ်းရုပ်ရှင်၊ ဆောင်းပါးတွေဟာ ပိုပိုများပြားလာလေဖြစ်ပြီး ဒီရုပ်ရှင်ဟာ ...
movie
2001: A Space Odyssey(1968)
1968