Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Givina Lukita
5.7
Dinda (2024)
အဝေးရောက်ချစ်သူဆိုတဲ့ဘဝကို ကိုယ်တိုင်ကြုံဖူးခဲ့ရတဲ့သူတွေ စာနာနားလည်နိုင်မဲ့သာမန်ရိုးရှင်းတဲ့ အချစ်ဇာတ်ကားလေးတစ်ခုပါ...ချစ်ရသူနဲ့ ဝေးဝေးမှာ အချိန်အကြာကြီးနေရဖို့ဆိုတာကိုဘယ်သူမှ မလိုလားပေမဲ့ ရှောင်လွှဲလို့မရတဲ့အကြောင်းတွေကြောင့် မတတ်သာတဲ့ ရွေးချယ်မှုကိုပြုလုပ်ခဲ့ကြရသူချည်းပါပဲ...အဲဒီလိုအဝေးရောက်ချစ်သူဘဝနဲ့ သုံးနှစ်တာနေထိုင်ပြီးနောက်နောက်ဆုံး ချစ်သူ "ဂယ်ရီ" ရှိရာ ဂျာကာတာကိုပြန်လာနိုင်ခဲ့တဲ့ ဒင်ဒါ ဆိုတဲ့ကောင်မလေး"အခုကစပြီး ပျော်စရာတွေပဲရှိတော့တယ်...အခုချိန်က ပျော်ရွှင်စရာဇာတ်ကြောင်းလေးရဲ့ အစပဲ..ချစ်ရသူနဲ့ အတူတူ ပျော်ပျော်ကြီးနေမယ်" ဆိုတဲ့ ဒင်ဒါတစ်ယောက်ချစ်ရသူနဲ့ ပြန်တွေ့တဲ့အခါ ထင်ထားသလို မပျော်ရွှင်ရဘဲရန်တွေဖြစ်ရင်း ပြန်အဆင်ပြေလိုက်ရင်းနဲ့ စိမ်းကားလာကြပါတယ်...အဲဒီလိုတွေ ဘာကြောင့်ဖြစ်ရတာလဲ...ချစ်သူတွေ အနေဝေးသွားလို့ပဲလား...အနေဝေးတဲ့ချစ်သူတိုင်း ဝမ်းနည်းဖွယ်ရာဇာတ်သိမ်းနဲ့ပဲကြုံတွေ့ရတာလားဆိုတာကို ဒီကားလေးကြည့်ရင်းအဖြေရှာနိုင်ကြမှာ ဖြစ်ပါတယ်... File size…1.35GB / 573MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt
movie
Dinda (2024)
6.6
Sewu Dino / A Thousand Days (2023)
Sewu Dino (2023)IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ Sri က ဆင်းရဲတဲ့ မိသားစုက ကောင်မလေးဖြစ်ပြီးတော့ အဖေဆေးကုဖို့အတွက် ပိုက်ဆံလိုနေလို့ Atmojo မိသားစုက လစာအများကြီးပေးပြီး အမျိုးသမီးအိမ်အကူတွေ ခေါ်တဲ့အလုပ်ကို လျှောက်လိုက်မိပါတယ်။ ကံကောင်းချင်တော့ အလုပ်ရသွားပေမယ့် သူအလုပ်လုပ်ရမယ့်နေရာကို ခေါ်သွားတော့မှ လူသေကို ရေချိုးပေးရတဲ့ အလုပ်ဖြစ်နေမှန်း သိလိုက်ရတယ်။အဲဒီရိုးရာကို ညနေ နေဝင်ရီတရောအချိန်မှာ ညွှန်ကြားထားတဲ့အတိုင်း လုပ်ပေးရမှာဖြစ်ပြီးတော့ ရက် ၁၀၀၀ ပြည့်တဲ့အထိ လုပ်ပေးရမှာပါ။ သူတို့ရေချိုးပေးရမယ့်သူကတော့ Atmojo မိသားစုရဲ့ မြေးဖြစ်တဲ့ Della ကိုပါ။ Della ရဲ့ကိုယ်ထဲမှာ မကောင်းဆိုးဝါး ဝင်ပူးနေပြီးတော့ အဲဒီမကောင်းဆိုးဝါးက ရက် ၁၀၀၀ အတွင်း အပြင်ထွက်ခွင့်ရဖို့ အမျိုးမျိုးကြိုးစားတဲ့အခါမှာ Sri တို့တွေ ရက် ၁၀၀၀ ပြည့်တဲ့အထိ နေနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ရအောင်နော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ...
movie
Sewu Dino / A Thousand Days (2023)
2023
5.7
Hidayah (2023)
Hidayah (2023)ဘဝရဲ့အလှည့်အပြောင်း လောကဓံအထုအထောင်းတွေကြားမှာ ရွေးရကြပ်တည်းလာတဲ့အခါ ခဲရာခဲဆစ်နဲ့ ကြိုးပမ်းကြသူတွေရှိကြသလို အလွယ်လမ်းလိုက်သူတွေလည်းရှိပါတယ်။ အခုတစ်ခါမှာလည်း အလွယ်လမ်းလိုက်ရာက အဖြစ်ဆိုးနဲ့ကြုံသွားရတဲ့ ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘာရီဆိုတဲ့ကောင်လေးဟာ တစ်ချိန်ကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့ အပနှင်ဆရာလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ အတိတ်ရဲ့ဖြစ်ရပ်ဆိုးတွေကြောင့် မိခင်ကိုဆုံးရှုံးလိုက်ရတဲ့ဘာရီဟာ ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ အတိတ်ရဲ့ လောင်းရိပ်အောက်က အလွတ်ရုန်းထွက်နေတဲ့ ထောင်ထွက်လေးဘာရီဖြစ်နေပါပြီ။ ဒီလိုနဲ့ စက်ပြင်ဆရာလုပ်နေတဲ့ဘာရီဆီကို သူ့ရဲ့ဇာတိဖြစ်တဲ့ မာကာဆာဂီရွာကငယ်သူငယ်ချင်း ဟာဆန်ရောက်လာပါတော့တယ်။မာကာဆာဂီရွာမှာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေဖြစ်ပြီး တစ်ရွာလုံးကျီးလန့်စာစားနေရတဲ့အတွက် အပနှင်ပေးဖို့ ဘာရီကိုဟာဆန်က လာခေါ်တာပါ။ တည်ငြိမ်နေတဲ့ရေပြင်ကို ဂယက်ထစေမယ့် ဒီကိစ္စကို ဘာရီတစ်ယောက် သဘောမကျလှပေမဲ့ ဒုက္ခရောက်နေသူက တစ်ချိန်ကသူငယ်ချင်းရတ်နာဖြစ်နေတော့ မငြင်းဆန်နိုင်ဘဲ ရွာကိုသွားဖို့ဖြစ်လာတဲ့အခါရတ်နာတစ်ယောက် ညနေ ၆ နာရီတိုင်းမှာ အသံနက်ကြီးနဲ့အော်နေတာ ဘာကြောင့်များလဲ။ ရွာကိုရောက်လာတဲ့ အပနှင်ဆရာလေး ဘာရီကရော သူ့ကိုမကြည်ဖြူချင်ကြတဲ့ရွာသားတွေကို ကူညီသွားမှာလား။ ယုံကြည်မှုတွေပျောက်ဆုံးနေလို့ လမ်းညွှန်မှုကိုရှာနေတဲ့ဘာရီတစ်ယောက် သူ့ရဲ့ဇာတိကနေ လမ်းစပြန်ရလာမလားဆိုတာကိုတော့ ဒီ Hidayahဆိုတဲ့ရုပ်ရှင်လေးမှာ အတူကြည့်ရှုလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 720p File size… 513MB Format… mp4 Duration…. ...
movie
Hidayah (2023)
2023