Channel Myanmar

Giovanni Ribisi

Horizon: An American Saga – Chapter 1 (2024)
Horizon: An American Saga – Chapter 1 (2024)  ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Kevin Costner က ပြောင်မြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ဂန္ဓဝင်အနောက်တိုင်းရုပ်ရှင်ဇာတ်ကားဖြစ်ပြီးတော့ An American Saga Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ကာ နောက်ထပ် Sequel နှစ်ကားလာဖို့ ရှိပါသေးတယ်။ဇာတ်လမ်းလေးကတော့ အမေရိကန်လူမျိုးတွေဟာ အမေရိကတိုက်ကြီးရဲ့ မိုးကုပ်စက်ဝိုင်းလို့ ခေါ်ဝေါ်သမုတ်တဲ့ အနောက်ဖက်အရပ်ရဲ့ ဆွဲဆောင်ညို့ယူမှုကို ခံရပြီး အမေရိကန်နိုင်ငံရဲ့နယ်နိမိတ်ကို တိုးချဲ့တိုင်းတာသတ်မှတ်ဖို့ တရွေ့ရွေ့ ခြေဆန့်ခရီးဆက်လာတဲ့အချိန်မှာ ယနေ့ခေတ်အခေါ် ဟစ်ပီတွေ တဖြစ်လည်း ဒေသခံတိုင်းရင်းသားလူမျိုးရင်းမျိုးနွယ်စုတွေဖြစ်တဲ့ အပါချီမျိုးနွယ်စုနဲ့ တခြားမျိုးနွယ်စုခွဲတွေအတွက်ကတော့ သူတို့ပိုင်ဆိုင်တဲ့မြေကို တစတစ ဖဲ့ပေးနေရတာဖြစ်တဲ့အတွက် သူတို့ကြားထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အကြောင်းနဲ့ စတင်ထားပါတယ်။ ယဉ်ကျေးမှုနှင့် နည်းပညာတိုးတက်မှုတို့ အချိုးကျကျပေါင်းစပ်ကာ ဂီတ အနုပညာ ဖက်ရှင် ဖျော်ဖြေရေးတွေ ထွန်းကားလာပြီးတော့ ရွှေခေတ်လို့ တင်စားကြတဲ့ ၉၀ ရာစုပြည့်နှစ်တွေ မရောက်ရှိလာခင် ခေတ်အချိုးအကွေ့ရဲ့ ကနဦးအစောပိုင်းကာလကို မတူညီကွဲပြားတဲ့ ဇာတ်ကောင်တွေ ရှုထောင့်တွေနဲ့ ...
movie

Horizon: An American Saga – Chapter 1 (2024)

Flight of the Phoenix (2004)
Flight of the Phoenix (2004) ဇာတ်လမ်း အညွှန်း ရေနံမှော်အလုပ်သမား ခရီးသည်အချို့ပါလာတဲ့ ကုန်တင် လေယာဉ်တစ်စင်းက နမ်မစ် ဆိုတဲ့ မွန်ဂိုလီးယား သဲကန္တာရကို ဖြတ်အသွားမှာ မုန်တိုင်းနဲ့တိုးပြီး ပျက်ကျခဲ့ရာကနေ ဇာတ်လမ်းကို စတင်ထားပြီး သဲကန္တာရထဲကနေ သူတို့ ထွက်နိုင်အောင်လုပ်နိုင်ကြပါ့မလားဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် စွန့်စားခန်း၊ သည်းထိတ်ရင်ဖိုနဲ့ အက်ရှင်တွေ နှောထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။သဲကန္တာရမှာ အသက်ဆက်ဖို့ သူတို့ ဘာလုပ်ကြမလဲ၊ ဘယ်လိုပြဿနာတွေသူတို့ဆီ ရောက်လာကြမလဲ၊ အချင်းချင်းကြား ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လို ဖြေရှင်းကြသလဲ၊ ဘယ်လိုအားမွေးကြသလဲ ဆိုတာကို စိတ်ပါဝင်စားစွာနဲ့ ကြည့်ရှုရမှာပါ။ ၂၀၀၄ ကထွက်ထားပေမယ့် Old But Gold ဖြစ်တဲ့ ဇာတ်ကားလေးတစ်ကားပါ။20th Century Fox ကတင်ဆက်ထားတာဖြစ်ပြီး IMDb rating 6.1 ရထားတော့ မဆိုးဘူးလို့ပြောလို့ရပါတယ်။ Effect တွေက တကယ့်လက်တွေ့ဆန်ပြီး ကိုယ်ပါ ဇာတ်လမ်းထဲကို ပါဝင်စီးမျှောမိနေမယ့် ကားတစ်ကားမို့ ...
movie

Flight of the Phoenix (2004)

The Bad Batch (2016) 5.5
The Bad Batch (2016)  ဒီတစ်ခါ cm ပရိသတ်ကြီးကို သာမန်ရုပ်ရှင်တွေကနေကွဲထွက်နေတဲ့ ဇာတ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Jason Momoa ၊Suki Waterhouse၊ Jim Carrey၊ Keanu Reeves တို့ပါဝင် သရုပ်ဆောင်ထားကြတာပါ။၂၀၁၆ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ကားဆု ရရှိခဲ့ပြီး nomination လေးခုချိတ်နိုင်ခဲ့ပါတယ်။ဇာတ်ကြောင်းက အမေရိကန် တက္ကဆက်ပြည်နယ်အပြင်ဘက် စည်းရိုးခတ်ထားတဲ့ နေရာမှာ တရားမဝင်ခိုးဝင်လာတဲ့ ရာဇဝတ်သားတွေ၊ သူခိုးဂျပိုးတွေကိုတစ်ကျွန်း ပို့သလိုမျိုး ပို့တဲ့ ဘတ်ဘတ်ချ်ဆိုတဲ့နယ်မြေတစ်ခုရှိပါတယ်။ အဲဒီထဲမှာ ဘာဥပဒေဘာစည်းမျဉ်းမှ မရှိဘဲ နိုင်ငံသားအခွင့်ရေးဘာဆိုဘာမှ မရှိပါဘူး။အာလန်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာရာဇဝတ်မှုတွေနဲ့ ဘတ်ဘတ်ချ် အမှတ် ၅၀၄၀တက်တူးအထိုးခံရပြီး ဒီပူပြင်းခြောက်သွေ့နေတဲ့ကန္တာရနယ်မြေထဲကို အပို့ခံလိုက်ရပါတယ်။ နယ်မြေထဲရောက်ပြီး မကြာခင်မှာပဲ လူအချင်းချင်း စားသောက်တဲ့ကာနီဘယ် နှစ်ယောက်က ဖမ်းသွားတာ ခံလိုက်ရပြီးဘယ်လက်နဲ့ ခြေထောက်တစ်ချောင်း ဖြတ်ယူ စားသောက်ခံလိုက်ရပါတယ်။ လက်တစ်ချောင်း ခြေတစ်ချောင်းပဲကျန်တဲ့ အာလန်တစ်ယောက် ဒီလူတွေလက်ကဘယ်လိုလွတ်အောင် ပြေးမလဲ။ ဒီနယ်မြေထဲမှာဘယ်လိုလူမျိုးတွေနဲ့ တွေ့ဆုံရဦးမလဲ.....။ File ...
movie

The Bad Batch (2016)

Basic (2003) 6.4
Basic (2003) Basic (2003)ဒီ Basic ဆိုတဲ့ ရုပ်ရှင်ကတော့ မိတ်ဆက်ပေးစရာမလိုဘဲ အားလုံးသိပြီးကြပြီဖြစ်တဲ့ မေမေ့အချစ်တော် မင်းသားကြီး Samuel Jackson နဲ့အတူ သူ့ရဲ့ခေတ်ပြိုင်ဆိုသလို သူငယ်ချင်းလည်းဖြစ်တဲ့ ဝါရင့်မင်းသားကြီး John Travolta တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၃ ခုနှစ်ထွက် အက်ရှင် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် မင်းသားကြီး John Travolta က ဇာတ်ဆောင်တွမ်ဟာဒီ၊ မင်းသားကြီး Samuel ကတော့ ဇာတ်ပို့ တပ်ကြပ်ဝက်စ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~တွမ်ဟာဒီဆိုသူဟာ အရင်က စစ်တပ်ရဲ့ရိန်းဂျားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ သူဟာ ဒီအီးအေလို့ခေါ်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ သူလျှိုအဖြစ်လုပ်ကိုင်နေပါတယ်။ တစ်နေ့မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေစိုက်စခန်းမှာ ညွှန်းကြားရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ရိန်းဂျားတပ်ဖွဲ့ဝင်ဟောင်း သူငယ်ချင်းတစ်ယောက်က အတော်လေးရှုပ်ထွေးတဲ့အမှုတစ်ခုကို ကူညီဖြေရှင်းပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်။မုန်တိုင်းပြင်းထန်နေတဲ့တစ်နေ့မှာ တပ်ကြပ်ကြီးဝက်စ်ဟာ သူ့ရဲ့တပ်သားတွေနဲ့အတူ လေ့ကျင့်ရေးခရီးစဉ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းကြောင့် ဝက်စ်တို့တပ်ဖွဲ့ပြန်လာရမယ့်အချိန်က နောက်ကျသွားပြီး ...
movie

Basic (2003)

2003
Selma (2014) 7.5
Selma (2014) ၂၀ ရာစုရဲ့တစ်ဝက်ရောက်တဲ့အထိ လူမည်းတွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေဟာ အဆင့်အတန်း​ခွဲခြား​မှုနဲ့ ဖိနှိပ်​ချုပ်ချယ်မှုအမျိုးမျိုးကို ရင်ဆိုင်​ခဲ့ရပါတယ်။ အထူးသဖြင့်​တောင်​ပိုင်းပြည်နယ်တွေမှာ လူမည်း သီးသန့်​ရပ်ကွက်​တွေ လူမည်းမဝင်ရတဲ့ စားသောက်​ဆိုင် ဘားနဲ့ကလပ်တွေကနေစပြီး ရေကူး​ကန် စာသင်​ကျောင်း​နဲ့ ဘတ်စ်ကားတွေအထိ လူဖြူ​တွေနဲ့အတူသုံးစွဲခွင့်မရှိပါဘူး၊ တစ်နေ့မှာတော့ အလုပ်​ကပင်ပန်းနွမ်းနယ်လာတဲ့ Rosa Parks ဆိုတဲ့လူမည်းအမျိုးသမီးဟာ ဘတ်စ်ကား​ပေါ်က​လူမည်းသီးသန့်ခုံတန်းမှာထိုင်ရင်း အိမ်​ပြန်လာခဲ့ပါတယ်။အဲဒီအချိန်မှာ​ လူဖြူ​သီးသန့်​ခုံများပြည့်နေတဲ့အတွက် ဘတ်စ်ကား​ရဲ့အနောက်ဘက်က Rosa Park ထိုင်နေတဲ့ခုံတန်းကို လူဖြူတစ်ယောက်ထိုင်ဖို့ ကား​ဒရိုင်ဘာက ဖယ်ခိုင်းခဲ့ပါတယ်။ Rosa​ Park​ က ဖယ်ပေးဖို့ငြင်းဆန်ခဲ့လို့ ရဲက​ဖမ်းဆီး​ခဲ့ရာမှ Montogomery​ ဘတ်စ်ကား​သပိတ်​ကြီးပေါ်ပေါက်လာပြီး သမိုင်း​ဝင် အရပ်​ဘက်အခွင့်အရေး​လှုပ်ရှား​မှုကြီး (Civil Rights​ Movement) ပေါ်ပေါက်​လာပါတော့တယ်။ ဒီလှုပ်ရှားမှု​ကြီးရဲ့ အဓိက​ခေါင်း​ဆောင်​ကတော့ ဒေါက်တာ​မာတင်လူသာကင်းဂျူနီယာပဲဖြစ်ပါတယ်။Selma ရုပ်ရှင်​က Civil Rights Movement ရဲ့နောက်ဆုံးနှစ်ကာလတွေကို အခြေတည်ထားတာဖြစ်ပြီး ဆယ်လ်မာမြို့နေ လူမည်းဒေသခံတွေ မဲပေးခွင့်ရဖို့တောင်းဆိုတဲ့ သမိုင်း​ဝင်ဖြစ်ရပ်ကိုတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အစကို ဒေါက်တာ​မာတင်​လူသာကင်း ...
movie

Selma (2014)

Avatar: The Way of Water (2022) 8.1
Avatar: The Way of Water (2022) Avatar: The Way of Water (2022) ======================== IMDb Rating - 8.1/10(function(f,b,n,j,x,e){})();2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ Avatar ရုပ်ရှင်ရဲ့အဆက် Avatar 2 : The Way of Water ကြည်တောက် ရှင်း Version ရပြီမို့ တင်ဆက်ပေးထားပါပြီ။ဇာတ်လမ်းအကျဉ်း ............................ ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာ တောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။ ကောင်းကင် လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေ သာယာအေးချမ်းနေကြပါပြီ။ ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီး လေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ တမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါ အင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်း ရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်း ပါဝင်တိုက်ခိုက်နေရပါတယ်။ ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာ အထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့ ဂျိတ်တို့မိသားစု ရှင်သန်ဖို့ အသက်လုတိုက်ပွဲတွေ ဆင်နွှဲလာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ...
movie

Avatar: The Way of Water (2022)

2022
4K HEVC
Avatar (2009) 7.8
Avatar (2009) Avatar (2) ထွက်ဖို့ရှိတာမလို့ Avatar(2009) ကို Quality Update လိုက်ပါတယ်...Extended Version ကိုမှ 4K IMAX HDR/SDR အရည်အသွေးတွေနဲ့ တင်ဆက်လိုက်ပါတယ်။ (HDR ကိုတော့ ခေတ်ပေါ်ဖုန်းတချို့နဲ့ Android TV တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။) Avatar ကတော့ Titanic ဒါရိုက်တာကြီး James Cameron ရိုက်ထားတဲ့ ရုပ်ရှင်သမိုင်းရဲ့ မှတ်တိုင်ဇာတ်ကားတစ်ကားပါ… ဇာတ်လမ်းအကျဉ်းကတော့ ... လူတွေနေတဲ့ကမ္ဘာအပြင်ဘက်ကပင်ဒိုရာလို့ခေါ်တဲ့နေရာမှာ လူထက်နှစ်ဆကျော်လောက်မြင့်တဲ့မျက်နှာအပြာရောင်၊ နှာခေါင်းပြားပြား၊ မျက်လုံးပြူးပြူး၊ အမြီးပါတဲ့ နာဗီလို့ခေါ်တဲ့လူနဲ့တူတဲ့ဂြိုလ်သားခေါ်မလား၊ တခြားကမ္ဘာကသက်ရှိတွေလို့ခေါ်မလား သူတို့နေကြတယ်။သူတို့တွေမှာ သီးခြားဘာသာ စကားရှိပေမယ့် ရုပ်ရှင်ရိုက်လို့ကောင်းအောင်တချို့တွေကိုတော့ အင်္ဂလိပ်စကားပြောတတ်အောင် ဒါရိုက်တာက ခိုင်းထားတယ်။နာဗီတွေနေတဲ့နေရာက သိပ်လှတယ်။ ဒါရိုက်တာစိတ်ကူးကြောင့်ဒီလိုမြင်ကွင်းတွေ မြင်ခွင့်ရတာဖြစ်တယ်။ မြန်မာတွေအတွက်တော့ ဒီစိတ်ကူးတွေက သိပြီးသားပါ။ဘာသာရေးဆိုင်ရာစာအုပ်ဖတ်တဲ့သူတွေဆိုရင် ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတွေတရားမွေ့လျော်ရာ နေရာမျိုးတွေပေါ့။ သစ်ပင်တွေ၊ ပန်းမာလ်တွေ၊ ကျေးငှက်သာရကာတွေနဲ့သိပ်ပျော်မြူးဖို့ကောင်းတဲ့နေရာပေါ့။ဒါရိုက်တာကတော့ အမေရိကန်မို့ သူ့စိတ်ကူးထဲက အရုပ်တွေ၊ ...
movie

Avatar (2009)

2009
4K HEVC IMAXHDR
10th & Wolf(2006) 6.3
10th & Wolf(2006) ကလေးဘဝမှာ မာဖီးယားဂိုဏ်းဝင်အဖေဖြစ်သူ သေနတ်နဲ့အပစ် ခံရပြီးသေဆုံးသွားတာကို မြင်ခဲ့ရတဲ့ တွမ်မီတစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာမရိန်းတပ်ထဲကိုဝင်သွားခဲ့ပြီး အရှေ့အလည်ပိုင်းစစ်ပွဲမှာတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းအာဏာရှင် ဆက်ဒမ် ကိုဒီတိုင်းလွှတ်ပေးခဲ့တဲ့အတွက် မကျေနပ်ဖြစ်ပြီးသူကိုယ်တိုင်းသွားရှင်းမယ်ဆိုတဲ့ စိတ်နဲ့ ကာနယ်ရဲ့ဂျစ်ကားကိုခိုးပြီး သွားခဲ့ပေမဲ့လည်းလမ်းမှားပြီးကူဝိတ်မြို့နားမှာ ပြန်အဖမ်းခံလိုက်ရပါတယ်။တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်အေးဂျင့်နှစ်ယောက်က မူးယစ်ရာဇာလူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ရက်ဂျီယိုကို ကူညီပြီဖမ်းပေးမယ်ဆိုရင် ပြစ်ဒဏ်လျော့ပေါ့ပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အပြင် သူ့ရဲ့ဝမ်းကွဲအကိုဖြစ်ပြီး အခုချိန်မှာလူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့ ဂျိုဝီကိုလည်း ဖမ်းဖို့ခြိမ်းခြောက်လာခဲ့တာကြောင့်ကူညီပေးဖို့လက်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ပဲ ရက်ဂျီယိုကိုဖမ်းနိုင်ဖို့အတွပ် တွမ်မီတစ်ယောက် သူ့ရဲ့မွေးရပ်မြေကိုပြန်သွားရပြီးဝမ်းကွဲအကိုဖြစ်တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ဂျိဝီနဲ့ ပြန်ဆုံတွေ့ကြရင်းအက်ဖ်ဘီအိုင်တွေက သူ့ရဲ့ဝမ်းကွဲအကို ကိုတင်မဟုတ်ပဲ သူ့ရဲ့ညီလေးဗင်းဆင့်ကိုပါ ဝှက်ဖဲအနေနဲ့ကိုင်ထားမှန်းသိရှိလိုက်ရတဲ့အခါမှာ တွမ်မီတစ်ယောက်ရက်ဂျီယိုကိုပဲအမိဖမ်းနိုင်မလား၊ ဒီလိုအလုပ်တွေမလုပ်ပါဘူးဆိုတဲ့ သစ္စာကိုရောဖောက်ဖျက်မိမှာလား၊ သူ့ရဲ့ဝမ်းကွဲအကိုနဲ့ ညီကိုရော ကယ်တင်နိုင်မလားဆိုတာကိုအကြမ်းအရမ်းအက်ရှင်ခန်းတွေနဲ့ကြည့်ရှု‌လိုက်ပါဦးဗျ။အမေရိကန်က အီတလီဂိုဏ်းတွေနဲ့ မာဖီးယားဂိုဏ်းအကြောင်းတွေရောပါဝင်တာမလို့ ဒီလို လူဆိုးဂိုဏ်းရုပ်ရှုင်ကားမျိူးတွေလွမ်းနေတဲ့လူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…1.81GB / 609.2MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

10th & Wolf(2006)

The Postman (1997) 6.1
The Postman (1997) သဘာဝဘေးတွေ ကပ်ရောဂါတွေ စစ်ပွဲတွေရဲ့နှိပ်စက်မှုဒဏ်ကြောင့် ကမ္ဘာကြီးပျက်ဆီးသွားခဲ့ပြီ။ လျှပ်စစ်တွေ ဖုန်းတွေ အသင့်စား အစားအစာတွေ ဘာမှမရှိတော့တဲ့ ခေတ်ပျက်ကြီးထဲမှာ လူတွေဟာ မျှော်လင့်ချက်မဲ့စွာ ရှင်သန်နေထိုင်ကြရပါပြီ။ အားလုံး လမ်းပျောက်နေကြတဲ့ ခေတ်ပျက်ကြီးထဲမှာ "တောမီးလောင် တောကြောင်လက်ခမောင်းခတ်" ဆိုသလိုပဲ လူယုတ်မာတစ်ယောက်က အစပျိုးခဲ့ပြီး သူတို့ကိုယ်သူတို့ ပြည်သူ့စစ်လို့ခေါ်တဲ့ "ဟုန်းနစ်" ဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာခဲ့ပြီး ဒုက္ခသည်အချင်းချင်း ဗိုလ်ကျအနိုင်ကျင့်နေကြတာပေါ့။ ဒီလိုနဲ့တစ်နေ့မှာတော့ သူတို့ကြီးစိုးတဲ့နေရာကို တစ်ကိုယ်တော်လေလွင့်ပြီး နယ်တစ်ကာလှည့်ကာ ရှိတ်စပီးယားပြဇာတ်တွေကို သရုပ်ဆောင်ပြပြီး ဝမ်းရေးဖြေရှင်းတဲ့လူတစ်ယောက် ရောက်လာပြီး အိပ်မက်တွေပျောက်ဆုံးနေတဲ့ လူတွေအားလုံးကို သူကိုယ်တိုင် မရည်ရွယ်ပါဘဲနဲ့ ဆက်လက်ရှင်သန်ဖို့ မျှော်လင့်ချက်တွေပေးမိသွားတဲ့အခါမှာတော့.... File size…(3.1GB)  / (1.86GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:57:00 Genre...Action / Adventure / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Robin 
movie

The Postman (1997)

Boiler Room (2000) 7.0
Boiler Room (2000) မင်းသာကြီး Vin Diesel, Giovanni, Ben Affleck တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၀ ခုနှစ်က ဇာတ်လမ်းဟောင်းတစ်ပုဒ်ပါဒီဇာတ်လမ်းမှာ လောဘသားတို့ရဲ့ အတောမသတ်နိုင်မှုတွေကို မြင်တွေ့ကြရပါလိမ့်မယ်၊ ပညာရေးမှာ ဘယ်လိုမှ မဖြစ်မြောက်နိုင်မှန်း ကိုယ့်ကိုယ်ကိုယ်သိသွားတဲ့ ဆက်ဟာ ကောလိပ်ထွက်လိုက်ပြီး တရားမဝင်ကာစီနို အလုပ်လုပ်ရင်း ငွေရှာပါတယ်တစ်နေ့မှာ သူ့ကာစီနိုကို လာတဲ့ ပွဲစားတစ်ယောက်နဲ့ ဆုံမိပြီး သူ့လုပ်ငန်းမှာ အလုပ်လုပ်ဖို့ ' ဖြစ်လာခဲ့ပါတယ်။ သို့ပေမဲ့ ဒီကုမ္ပဏီဟာ တခြားကုမ္ပဏီတွေလို့ ရိုးသားဖြူစင်နေလှတယ်တော့ မဟုတ်ပါဘူး ။ မရှိတဲ့ စတော့ရှယ်ယာတွေကို လိမ်ရောင်းပြီး ရိုက်စားတဲ့နေရာတစ်ခုပါ။ဇ,ရှိပြီးသား ဆက်တစ်ယောက် ဒီလိုနေရာကို ရောက်လာချိန်မှာတော့......File size…(3.13GB) / (1.29GB) / (622MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre...Drama / Crime / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Act ...
movie

Boiler Room (2000)

The Virgin Suicides(1999) 7.2
The Virgin Suicides(1999)  The Virgin Suicides (1999) 1993 ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ အမေရိကန်စာရေးဆရာ Jeffrey ရဲ့ နာမည်ကြီး ဝတ္ထုရှည်ကို ရုပ်ရှင်အဖြစ် ဖန်တီးထားတာပါ။ Sam Raimi-Spider Man က Mary Janes သရုပ်ဆောင် Kirsten Dunst ပါဝင်သရုပ်ဆောင်ထားပါတယ်။ Rating ဟာလည်း IMDb 7.2 ရှိတာမို့ တွေးစရာတွေအပြည့်နဲ့ အဆုံးထိစွဲ​ဆောင်သွားနိုင်မယ့်ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ငမ်းနေကြတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့ Point of View ပုံစံမျိုး ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ချောမောလှတဲ့ ဆယ်ကျော်သက် ကောင်မလေးငါးယောက်ဟာ ဘာသာရေးကို အလွန်ကိုင်းရှိုင်းတဲ့ မိဘနှစ်ပါးအောက်မှာ ကြီးပြင်းခဲ့ကြရပါတယ်။ မိဘတွေရဲ့ ချုပ်ခြယ်မှုကြောင့် အငယ်ဆုံးဖြစ်တဲ့ ဆီစီလီယာဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့ပါတယ်။ဆရာဝန်ကတော့ သားသမီးတွေကို လွတ်လပ်ခွင့်ပေးဖို့ ညွှန်ကြားပေးမယ့် ရှေးရိုးစွဲတဲ့မိခင်ဟာ ခေါင်းမာနေခဲ့ပါတယ်။ တစ်နေ့တော့ ထရစ်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့တောင်းဆိုမှုကြောင့် ...
movie

The Virgin Suicides(1999)

Contraband (2012) 6.4
Contraband (2012) Contraband (2012)ခရစ်က မူးယစ်ဆေးတွေ ပိုက်ဆံအတုတွေ မှောင်ခိုကူးသူတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီလောကမှာ ခရစ်က တကယ့်ကို ကမ္ဘာ့အဆင့်မီလို့ ပြောရလောက်အောင် အကျော်အမော်တစ်ယောက်ပေါ့။ဒါပေမဲ့ ဖခင်ဖြစ်သူ ထောင်ကျပြီး သားနှစ်ယောက်ရပြီးချိန်မှာတော့ ခရစ်တစ်ယောက် အဲဒီလောကကနေ အပြီးပိုင်အနားယူပြီး လုံခြုံရေး အချက်ပေးစနစ် တပ်ဆင်ရေးလုပ်ငန်းနဲ့ပဲ အသက်မွေးပါတော့တယ်။ မှောင်ခိုကူးတာ သူနဲ့ မသက်ဆိုင်တော့ဘူးလို့ ထင်မှတ်ထားရာက ယောက်ဖဖြစ်သူ အန်ဒီရဲ့ တလွဲလုပ်မှုတွေကြောင့် ရှုပ်ထွေးပွေလီတဲ့ လောကထဲ သူ တဖန်ခြေချရချိန် ရောက်လာခဲ့ပြန်ပါပြီ။ဒီတစ်ကြိမ်မှာတာ့ ကံမကောင်းစွာနဲ့ပဲ သူတည်ဆောက်ထားခဲ့တဲ့ မိသားစုဘဝလေးပါ အန္တရာယ်ရှိလာတဲ့အခါ ...ခရစ် တစ်ယောက် ဘာတွေ ဘယ်လို ကုလားဖန်ထိုးမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : 3GB, 826MB & 449MB Quality : 1080p WEB-DL AC3 ...
movie

Contraband (2012)

2012
A Million Ways to Die in the West (2014) 6.1
A Million Ways to Die in the West (2014) A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie

A Million Ways to Die in the West (2014)

2014
Cold Mountain 2003 7.2
Cold Mountain 2003 Cold Mountain(2003) ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Old but Gold အနေနဲ့ အရမ်းကောင်းတဲ့ ကားဟောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။နာမည်ကျော်သရုပ်ဆောင် Jude Lewနဲ့ Nicole Kidman တို့ပါ၀င်သရုပ်ဆောင်ထားတဲ့ Cold Mountain ဆိုတဲ့ ဒီကားလေးဟာ Imdb Rating 7.2/10 Rotten Tomatoes 71% တောင်ရရှိထားတဲ့ကားလေးပါ။ ဇာတ်ကားလေးကတော့ ကိုး‌မောင်တိန်လို့ ခေါ်တဲ့မြို့လေးကနေ အခြေတည်ထားတာပါ။ကျွန်စနစ်ဖျက်သိမ်းရေးပေါ် အငြင်းပွားပြီးမြောက်ပိုင်းနဲ့တောင်ပိုင်း ပြည်တွင်းစစ်အတွက် တိုက်ခိုက်ဖို့မြို့ထဲမှာရှိတဲ့ ယောကျာ်းသားတွေ အရမ်းစိတ်အားတက်ကြွနေတဲ့အချိန်လေးပေါ့။အဲဒီကိုးမောင်တိန်မြို့လေးကို ဘုန်းတော်ကြီးတစ်ပါးနဲ့သူ့သမီးလေးဖြစ်သူ အေဒါက ပြောင်းလာခဲ့ပါတယ်။ပြောင်းလာပြီးသိပ်မကြာခင်မှာပဲ စစ်ပွဲတွေက စတင်ကာအင်းမန်းတို့ စစ်တိုက်ထွက်ရပါတော့တယ်။အင်းမန်းနဲ့ အေဒါတို့မှာအတူတူရှိချိန်နည်းပါးခဲ့ပေမယ့် ကျွန်မစောင့်နေမယ်ဆိုတဲ့ ကတိလေးကတစ်ဘ၀လုံးစာအတွက်လုံလောက်သွားခဲ့သလိုပါပဲ။အေဒါကအခက်အခဲတွေကြားက အင်းမန်းပြန်အလာကိုစောင့်နေခဲ့ပါတယ်။ဒါပေမယ့် စစ်ပွဲကထင်သလိုဖြစ်မလာခဲ့ပဲ နှစ်များစွာကြာလာခဲ့ပါပြီ။စစ်ပွဲကနေ ထွက်ပြေးတဲ့သူတွေကိုလည်း မြို့စောင့်တပ်တွေက ခွေးတစ်ကောင်လို သတ်ဖြတ်ပစ်နေတဲ့အချိန်ဖြစ်လာပါတယ်။ချစ်ရတဲ့သူတစ်ယောက်တည်း စောင့်မျှော်နေတာကိုသိနေရတဲ့ အင်းမန်းတစ်ယောက် ဘယ်လိုဆက်လုပ်မလဲ? မိုင်ပေါင်းထောင်ချီ‌ေ၀းကွာနေတဲ့ ကိုးမောင်တိန်ကိုပြန်ရောက်နိုင်မှာလားဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။လွမ်းမောဖွယ် ချစ်ခြင်းမေတ္တာနဲ့ စစ်အတွင်းအခြေအနေတွေကို ...
movie

Cold Mountain 2003

A Million Little Pieces(2019) 6.6
A Million Little Pieces(2019) A Million Little Pieces(2019)အညွှန်း******************************(unicode)အရက် ဆေး ကိုကင်း အသီး အရွက် အလုံး ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ က ဆိုးကျိုးပဲ များတာကို အတော်များများ သိကြမှာပါ....ဆေးချတာမပြောနဲ့ဦး Hangover ဖြစ်ရင်တောင်တစ်နေ့လုံးနေလို့အဆင်မပြေတဲ့ဝေဒနာကြီးစွဲထင်တတ်ပါတယ် A Million Little Pieces ထဲက ဂျိမ်းစ်ဖရေး သူ့ဘ၀တောက်လျှောက်ဆေးလိပ်တွေအရက်တွေ ကိုကင်းတွေနဲ့ပဲ ရင်းနှီးခဲ့ရတယ် အသက်နဲ့မလိုက်အောင် ကိုယ်တွင်းအင်္ဂါထိခိုက်မှုတွေဖြစ်ထားတယ် မိသားစုအချစ်ရေး မိတ်ဆွေသူငယ်ချင်းအားလုံးဆုံးရှုံးပြီးမှ ဒီပြန်လည်ထူထောင်ရေးစင်တာကိုရောက်လာတယ် ပထမနေ့ နေရထိုင်ရအဆင်မပြေဖြစ်တယ်ဂယောင်ခြောက်ခြားဖြစ်မယ် ဝေဒနာပေါင်းစုံပါပဲ ဒုတိယနေ့အဲ့ထက်ဆိုးတယ် တတိယနေ့အဲ့ထက်ပိုပိုဆိုးလာတယ်ဆေးပြတ်အောင်ဖြတ်တာဟာလွယ်ကူတဲ့အလုပ်မဟုတ်မှန်းဒီကားကြည့်ရင်သိမှာပါ တဖြည်းဖြည်းပြောင်းလဲလာတဲ့ဂျိမ်းစ်ဖရေးကိုလဲ ကြည့်ရင်း ကိုယ်တိုင်မွန်းကြပ်လာသလို သူနဲ့ အတူ ဒီ ဒုက္ခတောထဲက ထွက်ဖို့ရုန်းကန်ချင်စိတ်ပေါ်လာပါတယ်.. သူဆေးပြတ်သွားမလား...ဆက်ပြီးသုံးရင်း ဘဝကို အဓိပ္ပါယ်မဲ့ ဆက်ကုန်ဆုံးမလား ခံစားကြည့်ကြပါဥ◌ီး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်...(zawgyi)အရက် ဆေး ကိုကင်း အသီး အရွက် အလုံး ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ ...
movie


2018
Lost in Translation (2003) 7.7
Lost in Translation (2003) Lost in Translation (2003)IMDb - 7.7/10_____Rotten - 95%Won 1 Oscar. Another 97 wins & 130 nominationsLost in Translation (2003) အေမီ၊ ဘာဘီနဲ့ ဒေစီ ဆိုတဲ့ မိန်းကလေး ၃ ယောက်စကားပြောနေတယ်ပဲဆိုပါစို့။ အေမီက ဒေစီကို အရမ်းလှတဲ့အကြောင်းပြောတယ်။ ဒေစီက အဲ့ဒါကို အေမီ သူ့ကိုချစ်လို့ပြောတယ်လို့ အဓိပ္ပါယ်ကောက်တယ်။ ကြားက ဘာဘီကတော့ အရွဲ့တိုက်ပြောတယ်လို့ အဓိပ္ပါယ်ကောက်တယ်။ တကယ်တမ်းတော့ အေမီဟာ ဒေစီ့လိုဖြစ်ချင်တာကြောင့် ပြောတာဖြစ်နေပါတယ်။ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် စကားပြောရင်းပဲဖြစ်ဖြစ်၊ အမူအရာတစ်ခုကို အကဲခတ်ရင်းပဲဖြစ်ဖြစ် အဓိပ္ပါယ်ကောက်တတ်ကြပါတယ်။ စကားတစ်ခွန်း၊ လုပ်ရပ်တစ်ခုတည်းကို အဓိပ္ပါယ်မျိုးစုံကောက်ကြရင်း ကိုယ့်အဓိပ္ပါယ်အတိုင်း ရှေ့ဆက်ကြပါတယ်။ဒီရုပ်ရှင်ဟာ နာမည်ကျဆင်းနေပြီဖြစ်တဲ့ ရုပ်ရှင်မင်းသားကြီးတစ်ယောက်နဲ့ ယောကျ်ားလျစ်လျူရှုတာ ခံနေရတယ်လို့ အဓိပ္ပါယ်ကောက်ထားတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဘော့ဟားရစ်လို့ခေါ်တဲ့ နာမည်ကျော်မင်းသားကြီးဟာ ...
movie

Lost in Translation (2003)

2003
The Rum Diary (2011) 6.2
The Rum Diary (2011)  မင်းသားကြီး ဂျွန်နီဒပ်ကိုယ်တိုင်သရုပ်ဆောင် ထုတ်လုပ်သူအဖြစ် ဖန်တီးထားတဲ့ဇာတ်ကားပါ။ခေတ်သစ်ဂျာနယ်လစ်လောကကို ပြောင်းလဲစေခဲ့သူအဖြစ် နာမည်ကောင်းနဲ့ကျော်ကြားသလို တာတေလန်အောင်ဆိုးတဲ့ ဆိုးကွက်တွေနဲ့လဲ နာမည်ကြီးလှတဲ့ အမေရိကန် ဂျာနယ်လစ် Hunter S Thompson ရဲ့စာအုပ်ကို ရုပ်ရှင်ရိုက်ကူးထားတာဖြစ်ပါတယ်။Thompson ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကျွန်တော့်အတွက်တော့ ထူးခြားနေခဲ့ပါတယ်။ဘာလို့ဆို ကျွန်တော်တို့ပုရိသယောကျင်္ားထုရဲ့ နတ်သမီးလေး Amber Heard ဆိုတဲ့မင်းသမီးလေးကို ဘိုးတော်ကြီးဂျွန်နီဒပ်ဟာ ဒီရုပ်ရှင်မှာခေါ်ရိုက်ပြီး လက်ထပ်ပစ်လိုက်တာပါ။ ဘိုးတော်နဲ့ အဲ့မင်းသမီးက အသက်နှစ်ဆယ်လောက်ကွာပါတယ်...so sad....ထားပါတော့...ခုတော့ဖြင့် သူတို့အတွဲလဲ ပြတ်ပြီး နောက်အတွဲတွေနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေကြပါပြီ။ ကျွန်တော့်မှာသာ ယောင်ရင်တောင် Amber Heard လို့ထယောင်တုန်း....သြော်..နှင်းပျောက်တဲ့နွေ။ File size(999 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:57:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

The Rum Diary (2011)

2011
Sky Captain and the World of Tomorrow (2004) 6.1
Sky Captain and the World of Tomorrow (2004) Sky Captain and The World of Tommorrow ဇာတ်​ကားဟာ 2004 ခုနှစ်​ကထွက်​ရှိထားတဲ့ စိတ်​ကူးယဉ်​သိပ္ပံဇာတ်​ကား​လေးဖြစ်​ပါတယ်​Imdb rating အ​နေနဲ့ 6.1/10 ထိရရှိထားပြီး rotten tomatoes 71% ထိရရှိထားပါတယ်​သရုပ်​​ဆောင်​​တွေက​တော့ နာမည်​ကြီး​တွေဖြစ်​တဲ့ Jude Law,Angelina Jolie,Gwyneth Paltrow တို့ပါဝင်​သရုပ်​​ဆောင်​ထားပါတယ်​ဇာတ်​လမ်းအကျဉ်း​လေးက​တွော့းပညာ​တွေတိုးတက်​​ခေတ်​မီ​နေတဲ့ 1939 ခုနှစ်​မှာ သိပ္ပံပညာရှင်​တစ်​ဦးဖြစ်​သူ ​ဒေါက်​တာ Vargas တစ်​​ယောက်​ အ​ရေးကြီးပစ္စည်းတစ်​ခုပို့​ဆောင်​ရင်း ​ရုတ်​တရက်​​ပျောက်​ဆုံးသွားပါတယ်​ဤဖြစ်​ရပ်​နဲ့အလားတူ သိပ္ပံပညာရှင်​ ငါးဦးတိတိ​ပျောက်​ဆုံးမှုကို​လေ့​လာစုံစမ်း​နေတဲ့ သတင်း​ထောက်​မ​လေး Polly Perkins ဟာ စုံစမ်းရင်း ​ဒေါက်​တာ Jennings နဲ့​တွေ့ဆုံခဲ့ပါတယ်​ ​တွေ့ဆုံစဉ်​ ​ဒေါက်​တာ Jennings မှ ​ဒေါက်​တာ Tokenkopf ဆိုသူ၏​နောက်​ပစ်​မှတ်​မှာ သူဖြစ်​​ကြောင်း​ပြောခဲ့ပါတယ်​.....ထိုစဉ်​ရုတ်​တရက်​ အစွမ်းထက်​စက်​ရုပ်​များ သူမတို့မြို့ကိုတိုက်​ခိုက်​လာပါ​တော့တယ်​....စက်​ရုပ်​များကိုတန်​ပြန်​တိုက်​ခိုက်​သူ Sky Captain လို့​ခေါ်တဲ့ ...
movie


2004