Channel Myanmar

Giovanna Lancellotti

Burning Betrayal (2023)
Burning Betrayal (2023)  ဒီရုပ်ရှင်ကတော့ 365 Days နဲ့တူပါတယ်။ မင်းသား မင်းသမီးအလန်းတွေကိုရွေး အဖော်အချွတ် အိပ်ရာခန်းတွေကို ဇာတ်လမ်းနဲ့ အံဝင်ခွင်ကျ ဖောဖောသီသီထည့်ထားတဲ့ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ လှည့်ကွက်လေးတွေနဲ့ Crime, Drama အမျိုးအစားပါပဲ။ ဘာဘီဟာ သူ့ရဲ့ချစ်သူ ကိုင်အိုနဲ့လက်ထပ်ဖို့ ပြင်နေပါပြီ။ လက်မထပ်ခင် အပျိုညမှာပဲ သူ့ဆီကို ကိုင်အိုဖောက်ပြန်နေတဲ့ ဓာတ်ပုံတွေရောက်လာလို့ အရမ်းဒေါသထွက်သွားပြီး ပြတ်စဲလိုက်ပါတယ်။ သူ့ အချစ်ဆုံးသူငယ်ချင်း နှစ်ယောက်ဖြစ်တဲ့ ပက်တီ နဲ့ သီရာဂို တို့အကူအညီနဲ့လည်း သူ့ကို လက်စားချေဖို့ ကြိုးစားပါတယ်။ အဲဒီမှာ တရားသူကြီးတစ်ယောက်နဲ့ ထပ်ညှိသွားပါတယ်။ သူ့ရည်းစားကို ရိုးရိုးလက်စားချေဖို့ ကြိုးစားရာကနေ ရာဇဝတ်မှုတွေနဲ့ပါ ဆက်နွယ်လာတဲ့အခါ.... File size…(1.3GB) / (707 MB) Quality….1080p / 720p Format…mp4 Duration….01:39:00 Genre...Romance, Mystery, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Andreson
movie

Burning Betrayal (2023)

Nada é por Acaso (2022) 6.6
Nada é por Acaso (2022)   IMDb 6.6 ရရှိထားတဲ့ plot twist တွေနဲ့ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပြီး စိတ်ဝိဉာဉ်နဲ့လူသားတွေရဲ့ဘဝက ဘယ်လောက်ထိ ဆက်စပ်နေသလဲဆိုတာကို ရိုက်ကူးပြသထားတာပါ။ဇာတ်လမ်းအကျဉ်း..... မာရီနာဟာရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး တစ်နှစ်အကြာပျောက်သွားရာကနေ ငွေထုပ်ပိုက်ပြီးအိမ်ပြန်လာခဲ့ပါတယ် သူအင်္ဂလန်ကိုသွားခဲ့တယ်လို့ပြောပေမဲ့ သူဘယ်သွားခဲ့သလဲ ဘာလုပ်ခဲ့သလဲဆိုတာကို သူ့မိသားစုအပါအဝင်ဘယ်သူမှသေချာမသိပါဘူး။တစ်နေ့မှာတော့ စိတ်ဝိဉာဉ်တွေနဲ့လူဝင်စားတာကိုယုံတတ်တဲ့ စိတ်ရောဂါကုထုံးဆရာဝန်တစ်ယောက်နဲ့တွေ့ရာကနေ စိတ်ဝိဉာဉ်တွေအကြောင်းကိုဆက်စပ်မိသွားကြပါတော့တယ် မာရီနာကသူ့ရဲ့စိတ်ဝိဉာဉ်‌အာရုံဟာ သူဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်နဲ့လည်းပတ်သက်နေတာကိုလည်းသိလိုက်ရပါတယ်။ တစ်ဖက်မှာတော့ မာရီယာဟာချမ်းသာတဲ့အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာအိမ်ထောင်ရေးပဋိပက္ခတွေရုတ်တရက် ကြုံတွေ့လာရပါ‌တော့တယ်။ဒီပြဿနာတွေအားလုံးက အကြောင်းအရာတစ်ခုတည်းကနေအစပြုလာတာဖြစ်ပြီး သူတို့လျှို့ဝှက်ထားကြတဲ့ အဖြစ်အပျက်ကဘာဖြစ်မလဲ ဒီကိစ္စတွေအားလုံးက စိတ်ဝိဉာဉ်နဲ့ လူဝင်စားတဲ့ကိစ္စနဲ့ရော ဘယ်လိုတွေဆက်စပ်နေမလဲဆိုတာကို ကြည့်ရှုရမှာပါ..... File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn
movie

Nada é por Acaso (2022)

Rich in Love 2 (2023)
Rich in Love 2 (2023) Rich in Love 2 (2023)ခရမ်းချဥ်သီးမင်းသားလေးနဲ့ ဆရာဝန်မလေးစုံတွဲဆိုပြီး နာမည်ကြီးခဲ့တဲ့ ပေါ်တူဂီအချစ်ဇာတ်လမ်းလေးရဲ့အဆက် Rich in Love 2 ကို တင်ဆက်ပေးလိုက်ပါပြီ။ဒီဒုတိယပိုင်းကတော့ အမေဇုန်သစ်တောနောက်ခံနဲ့ တက်တိုနဲ့ပေါ်လာတို့ရဲ့ Relationship မှာကြုံတွေ့လာရမယ့် Struggle တွေ၊ တက်တိုရဲ့ Grow Up ​ဖြစ်လာပုံတွေအကြောင်းပေါ့။အမေဇုန်တောမှာလုပ်အားပေးဖို့ ပေါ်လာထွက်သွားပြီးနောက်ပိုင်း တက်တိုရဲ့အဖေက တက်တိုခွဲထွက်ထားတဲ့ကုမ္ပဏီကိုဖျက်သိမ်းပြီး မူလဖရန်စကိုကုမ္ပဏီကိုပဲ လက်လွှဲယူလိုက်ဖို့ ဖိအားပေးလာတယ်။ လူတိုင်းနီးပါးခရမ်းချဥ်သီးစိုက်နေကြတဲ့တောင်ပိုင်းမှာ ရပ်တည်ဖို့ခက်ခဲလာတဲ့ သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီကို ကယ်တင်နိုင်ပြီး ပေါ်လာနဲ့လည်းအတူနေနိုင်ဖို့ ဘရာဇီးမြောက်ပိုင်းအမေဇုန်တောထဲမှာ ခရမ်းချဥ်သီးစိုက်ပျိုးရေးလုပ်ဖို့ထွက်လာခဲ့ပါတယ်။ ပေါ်လာက သူ့ Career မှာတိုးတက်ချင်တဲ့သူဖြစ်ပြီး တက်တိုက သူ့နောက်ကိုအမြဲလိုက်နေတာ သူ့လုပ်ဖော်ကိုင်ဖက်နဲ့သဝန်တိုတာတွေက သူ့အတွက်စိတ်ရှုပ်စရာဖြစ်လာတယ်။ ပေါ်တိုတစ်ယောက်အသဲကွဲရင်းနဲ့ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကိုရဖို့ကြိုးစားရင်း အီဗရက်တိုဆိုတဲ့ ခရိုနီအဘိုးကြီးနဲ့တိုက်ခိုက်ဖို့ဖြစ်လာတယ်။ဒီကားမှာတော့ အမေဇုန်ရှုခင်းတွေ၊ တိုင်းရင်းသားတွေရဲ့ Lifestyle တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည်ဖြင့် အကြောင်းအရာလေးတွေပိုစုံလာပါတယ်။ Movie Date မှာကြည့်ဖို့ Romance ဇာတ်လမ်းလေးတွေရှာနေတဲ့သူတွေအတွက် ...
movie

Rich in Love 2 (2023)

2023
Rich in Love (2020) 7.3
Rich in Love (2020) CM Fan တွေအတွက် ပေါ်တူဂီ ရုပ်ရှင်ကားသစ် တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်... ဘရာဇီးနိုင်ငံ ရီယို မြို့ ရဲ့ နောက်ခံ အလှ နဲ့ အရမ်းလှပတဲ့ အချစ်ဇတ်လမ်းလေး တစ်ခုအကြောင်းပေါ့... အချစ်မှာ အကြောင်းပြချက်မရှိဘူးဆိုတာ ယုံလား ? တက်ကို ဆိုတဲ့ သူဌေးလေးဟာ သူ့အဖေက အရမ်းချမ်းသာလွန်းလို့ ဘော့ကျော့နေပြီး တစ်မြို့လုံးက ကောင်မလေးတွေ နဲ့ ပတ်ပြီး အိပ်နေတာပေါ့ ရီယို နဲ့ နီးတဲ့ တောင်ယာစိုက်ခင်းတွေ ရှိတဲ့ဘက်က ခရမ်းချဉ်သီးမင်းသားလေး လို့ နာမည် တွင်တယ် တစ်မြို့လုံးက အရွယ်ရောက်ပြီး ကောင်မလေးတိုင်း ဟာ တက်ကို လို နာမည်ကြီး ရုပ်ချော သူဌေးသားလေး နဲ့ စုံတွဲခုတ်ချင်ကြတာပါ အဲ့ဒီ တစ်ဖက်က ရီယိုမြို့မှာတော့ ဆေးကျောင်းသူလေး ပေါ်လာ ဟာ ဆရာဝန်ဖြစ်ခွင့်ရဖို့ အလုပ်သင်ဆရာဝန် အဖြစ် တာဝန်ထမ်းဆောင်ရင်း နဲ့ တစ်ရက်မှာ ပေါ်လာ ရဲ့ သူငယ်ချင်း မင်္ဂလာဆောင်အတွက် ခရမ်းချဉ်သီးမြို့ကို ရောက်လာပါတယ်... ကံဆိုးစွာပဲ အဲ့ဒီနေ့မှာ မတော်တဆ မှု တစ်ခုဖြစ်ပြီး သူဌေးသားလေး တက်ကို နဲ့ ဆရာဝန်လောင်းမလေး ပေါ်လာ တို့ ဆုံမိကြတာပဲ... ပေါ်လာ ကို မြင်မြင်ချင်း ချစ်သွားတဲ့ ...
movie

Rich in Love (2020)

2020