Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Gina Rodriguez
6.0
Parachute (2024)
CM ပရိတ်သတ်ကြီးကို Rotten Tomatoes 87% နဲ့IMDB 7.5 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ဆိုရှယ်မီဒီယာဟာ ယနေ့ခေတ်ကျွန်တော်တို့ နေ့စဉ်ဘဝမှာမရှိမဖြစ် အရာတစ်ခုအနေနဲ့ ပါဝင်ပတ်သက်နေတယ်ဆိုတာတော့ ငြင်းလို့ရမယ် မထင်ဘူးဗျ။ မနက်မိုးလင်းမျက်စိဖွင့်လို့ ညအိပ်ယာဝင်သည်အထိ Facebook,Instagram, Twitter အစရှိတဲ့ App မျိုးစုံကိုရည်ရွယ်ချက်မျိုးစုံနဲ့အသုံးပြုနေကြတာပေါ့။ဒါပေမဲ့ ခက်တာက လူအတော်အများဟာ Social Mediaပေါ်က အတုအယောင် lifestyle တွေနဲ့ influencer တွေရဲ့based on fact မဟုတ်တဲ့ အတွေးအမြင်တွေကို အမှန်လို့ယူဆလာကြပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တဲ့စိတ်တွေမလုံလောက်တဲ့စိတ်တွေ တဖြည်းဖြည်း စိမ့်ဝင်လာကြပါတယ်။ဒီကားထဲက Riley ဟာလည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးမူမမှန်တဲ့ စိတ်ရောဂါတစ်ခုရှိနေတာပါ။ မော်ဒယ်တွေရဲ့ကျော့ရှင်းလှတဲ့ပုံတွေကို မြင်တိုင်း တခြားမိန်းကလေးတွေကိုမြင်တိုင်း သူ့ကိုယ်သူနဲ့ နှိုင်းယှဉ်ပြီး စိတ်ကျရောဂါ ခံစားနေရတဲ့သူပေါ့။ပြန်ထည်ထူထောင်ရေးစခန်းက ပြန်ထွက်လာပြီး ဘဝကိုအသစ်က ကြိုးစားရှင်သန်တော့မဲ့နေရာကနေ ဇာတ်လမ်းကိုအစပျိုးထားပါတယ်။ဇာတ်လမ်းကို ငြိမ့်ငြိမ့်လေး ခံစားရမယ်။သင်ခန်းစာတချို့လည်းရမယ်ဆိုတော့ သေချာပေါက်ရွေးချယ်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလို့ ...
movie
Parachute (2024)
5.6
Players (2024)
Players (2024)ဒီနှစ်မှ အသစ်ကျပ်ချွတ်ထွက်ရှိထားတဲ့ အမေရိကန် Rom-Com လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကောလိပ်ကတည်းက ပေါင်းသင်းလာပြီး သတင်းစာတိုက်တစ်ခုတည်းမှာ အတူအတူအလုပ်လုပ်ကိုင်နေကြတဲ့ သူငယ်ချင်းတစ်အုပ်ရှိပါတယ်။ သူတို့ကြားက ပိုပြီးထူးခြားတာလေးတစ်ခုကတော့ သူတို့ရဲ့ ကစားပွဲလေးတွေပါ။ သူတို့ သူငယ်ချင်းတစ်အုပ်ဟာ ပုံမှန်ဆိုသလိုပါပဲ ဘားတွေ ကလပ်တွေ ဆိုင်တွေ ပွဲတွေမှာ မျက်စိကျတဲ့သူကိုတွေ့ပြီဆိုတာနဲ့ သူတို့ရဲ့ ကစားကွက်ကို ခင်းပါပြီ။ တစ်ညတာအပျော်ဇာတ်ခင်းဖို့အတွက် သူတို့ရဲ့ ကစားကွက်တွေက ကုန်ခမ်းတယ်လို့ရယ် မရှိပါဘူး။ တစ်ယောက်က မျက်စိကျတဲ့သူတွေ့ပြီဆိုတာနဲ့ တစ်အုပ်စုလုံး ဝိုင်းဝန်းဇာတ်ပို့လိုက်ကြတာပါပဲ။အားလုံးထဲမှာမှ မက်ခ်လို့ခေါ်တဲ့ မိမိမိုက်မိုက် အားကစားသတင်းထောက်မမကြီးကတော့ ဆရာမကြီးပေါ့။ မက်ခ်အဖို့ရာ ယောက်ျားတစ်ယောက်ကို တစ်ညတာအပျော်ကစားဖို့ အကွက်တွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။ သူတို့ သူငယ်ချင်းတစ်အုပ်ကလည်း အမြဲစည်းစည်းလုံးလုံးပါပဲ။ ဒါပေမဲ့ ဒီလို မက်ခ်ခမျာ ယောက်ျားတစ်ယောက်ကို အပြတ်ကြွေသွားတဲ့အခါမှာတော့…လူတစ်ယောက်ကို ချစ်မိရင် သိမ်ငယ်စိတ်က မသိမသာလိုလိုနဲ့ ကပ်ပါတတ်ပါတယ်။ ဒါဟာ ဆရာမကြီးရဲ့ ကျဆုံးခန်းပါပဲ။ ...
movie
Players (2024)
2024
Spy Kids: Armageddon (2023)
Spy Kids: Armageddon (2023)5 ကားမြောက် Spy Kids မူဗီ ထွက်လာပါပြီ။ ဒီရုပ်ရှင်ကိုတော့ Spy Kids ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Robert Rodriguez က ရိုက်ကူးထားတာပါ။ 90 ဖွားတွေအတွက်တော့ ဒီရုပ်ရှင်တွေက ငယ်ငယ်တုန်းက တစ်ခါနှစ်ခါတော့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ သိပ္ပံ ကိရိယာအသစ်အဆန်းတွေနဲ့ လူဆိုးတွေကို ချတဲ့ စပိုင်ကလေးတွေ အကြောင်းပါပဲ။ မိသားစုကြည့်ဖို့ ကလေးတွေကို ပြဖို့ အသင့်တော်ဆုံး franchise ပါပဲ။ဇာတ်လမ်းအကျဉ်းတိုနီနဲ့ပတ်တီဆိုတဲ့ ကလေးနှစ်ယောက်ဟာ လူကြီးစပိုင်နှစ်ယောက်ရဲ့ သားနဲ့သမီးပါပဲ။ သူတို့ဟာ ဂိမ်းဝါသနာအိုးတွေဖြစ်ပြီး ဂိမ်းကစားတဲ့နေရာမှာလည်း အတော်ကျွမ်းကျင်ပါတယ်။ သူတို့ရဲ့အမေနဲ့အဖေက သူတို့ကို ဖုန်းတွေဂိမ်းစက်တွေ နာရီပိုင်းနဲ့ပဲ သုံးခွင့်ပေးပြီး ကန့်သတ်ထားပါတယ်။ အကြောင်းကတော့ ကမ္ဘာပေါ်က ဘယ်စနစ်ကိုမဆိုဟက်လို့ရတဲ့ အာမက်ဂက်ဒန်ဆိုတဲ့ဆော့ဝဲကို အိမ်မှာ လျို့ဝှက်သိမ်းထားပြီး ကလေးတွေရဲ့ဂိမ်းကနေ အဟက်ခံရမှာစိုးလို့ပါပဲ။ ဒါပေမဲ့ ဒီဆော့ဝဲကိုလိုချင်နေတဲ့ နည်းပညာသမားလူဆိုးက ကလေးတွေကို ဂိမ်းနဲ့မျှားပြီး ဂိမ်းထဲကနေ တဆင့် ခိုးသွားပါတော့တယ်။ အဲဒီဆော့ဝဲကိုအသုံးချပြီး ကမ္ဘာကြီးကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အပြင် ကလေးတွေရဲ့ ...
movie
Spy Kids: Armageddon (2023)
2023
4K HEVC
6.7
I Want You Back (2022)
ပီတာနဲ့ အမ်မာတို့ဟာ တတိုက်ထဲမှာအလုပ်တူတူလုပ်ပေမယ့် အချင်းချင်းမသိကြပါဘူး။တစ်ရက်မှာ မတော်တဆတွေ့မိရာကနေ သူတို့နှစ်ယောက်လုံး နှစ်ရှည်ကြာတွဲခဲ့တဲ့ရည်းစားတွေက မကြာသေးခင်ကပဲ ထားပစ်ခြင်းခံကြရမှန်းသိသွားကြပါတယ်။ဒီလိုနဲ့ပဲ သူတို့ရဲအရင်ရည်းစားတွေကိုပြန်ရနိုင်အောင် အချင်းချင်းကူညီပေးဖို့သဘောတူလိုက်ကြပါတယ်။သူတို့အကြံအစည်အတိုင်းလုပ်ကြရာမှာ ဟာသတွေ၊တလွဲတွေဖြစ်လာသလို နာကျင်ရမှုတွေ၊အချင်းချင်းလည်းနီးစပ်လာမှုတွေလည်း ဖြစ်လာပါတော့တယ်။အမ်မာနဲ့ပီတာတို့နှစ်ယောက်သူတို့ဘ၀ရဲ့အချစ်စစ်ကိုရှာတွေ့နိုင်မှာလား။ဒီကားက Romantic Comedy လေးဖြစ်ပြီး Romance အပိုင်းရော Comedyအပိုင်းကိုပါ ပိုင်နိုင်အောင်ရိုက်ပြထားပါတယ်။ဒါရိုက်တာ Jason Orley ကရိုက်ကူးထားပြီး Jenny Slate,Charlie Day,Scot Eastwood,Gina Rodriguezတို့ပါ၀င်ထားပါတယ်။Rotten tomatoမှာ 89%,Imdb 6.7/10 ရထားပါတယ်။ File size…(1.96 GB)/(820.33 MB)/(482.88 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
I Want You Back (2022)
5
Awake 2021
နက်ဖလစ်ရဲ့ နောက်ထပ်ရုပ်ရှင်သစ်တစ်ကားထွက်လာပါပြီ။ ဒါကလည်း ကမ္ဘာပျက်တဲ့ကားပါပဲ။ ဒီတစ်ခါ အရင်နဲ့မတူအောင်ပျက်ရမှာပေါ့။ ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် တစ်ကမ္ဘာလုံးက လျှပ်စစ်တွေအကုန် ပြတ်တောက်သွွားပြီး လူတွေအကုန်လုံး အိပ်နိုင်စွမ်းကို ဆုံးရှုံးသွားပါတယ်။ မေ့ဆေးပေးတောင် အိပ်လို့မရတော့ပါဘူး။ သေတာနဲ့နိုးနေတာ နှစ်မျိုးပဲ ကျန်ပတော့တယ်။ လူတွေဟာ မအိပ်ဘဲနေနိုင်တဲ့ ရက်အကန့်အသတ်ရှိပါတယ်။ ရက်ကြာလာတာနဲ့အမျှ တွေးခေါ်နိုင်စွမ်းတွေ ပျောက်လာတယ်၊ ထင်ယောင်ထင်မှားတွေ မြင်လာတယ် ၊ ချိနဲ့လာတယ် စသည်ဖြင့်ပေါ့။ ဒီတော့ ရက်ပိုင်းအတွင်းမှာ မလွှဲမရှောင်သာ ကမ္ဘာပျက်ပါတော့မယ်။ အဲဒီအချိန်မှာပဲ အိပ်လို့ရနေတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့သွားကြတဲ့အခါ သူ့ကိုစမ်းသပ်ပြီး အချိန်မီ ကုထုံးကိုရှာဖို့ ကြိုးစားကြပါတော့တယ်။ ဒါပေမယ့် ကလေးမလေးရဲ့အမေကလည်း သူ့ကလေးကို ကာကွယ်ဖို့အတွက် အစွမ်းကုန်ကြိုးစားလာတဲ့အခါ... File size…(1.7 GB) and (1 GB) Quality….web 1080p and 720p Format…mp4 Duration….02:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie
Awake 2021
6.4
Kajillionaire (2020)
Kajillionaire (2020)================IMDb Rating - 6.4/10 ဒီဇာတ်ကားလေးဟာ IMDb Rating 6.4/10 ရရှိထားပြီး ကြည့်လို့ကောင်းတဲ့ Crime, Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ◌်းကိုပြောပြရရင် ရောဘတ်နဲ့ ထရီဇာဆိုတဲ့ စုံတွဲဟာ လူတွေကို လှည့်ပတ်လိမ်လည်နေတဲ့ဂျင်ပေါ်ကထုံး လမ်းဘေးကြွက် Con Artist နှစ်ယောက်ပါ၊ ရတဲ့ဝေစုကို အမြဲတမ်း ၂ ယောက်ခွဲယူတယ် ဒီလိုနဲ့ သူတို့ ဘဝကိုလည်ပတ်ဖြတ်သန်းနေတာပါ။ နောက်ပြီး သူတို့မှာ သမီးလေး တစ်ယောက်ရလာတော့လည်း ပညာအမွေပေးတဲ့အနေနဲ့ အဲ့ဒီသမီးကို ၂၆ နှစ်လုံးလုံး သူတို့လိုလူလိမ်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ (စေတနာတွေနော်)ရောဘတ်ပြောတဲ့ စကားအရဆို ငါ့သမီးက စာမရေးတတ်ခင် အရွယ်ကထဲက လူတွေကို ဘယ်လိုလှည့်ပတ်ရမလဲ သိနေပြီတဲ့....အဲ့ဒီလိုနဲ့ သူတို့ ၃ ယောက်အဖွဲ့ထဲကို မယ်လီနာဆိုတဲ့ ကောင်မလေး တစ်ယောက်ရောက်လာပြီး ဓားပြမှုတစ်ခုကို စီစဉ်ကြတဲ့အခါမှာဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုဆက်လက်ကြည့်ရှုပေးပါ ခင်ဗျာ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Thiha ...
movie
Kajillionaire (2020)
2020
6.2
Scoob! (2020)
Scoob! (2020)============IMDb Rating 6.1/10#Unicode2020 မှာ ရုံတင်ဖို့စီစဥ်ထားတဲ့ Scoob ဟာ အခုတော့ Digital Release အနေနဲ့ထွက်လာခဲ့ပါပြီ။စကူဘီ ဒူဘီ ဒူး ဆိုတဲ့ ခွေးကြီးနဲ့ အတူ ထူးဆန်းတဲ့ အမှုတွေကိုလိုက်စုံစမ်းတဲ့ သူငယ်ချင်းတစ်သိုက်ကို ရင်းနှီးတဲ့သူတွေ များမှာပါ။ဒါကလည်း ၂၀၂၀ အတွက် စကူဘီဒူး ကာတွန်းရုပ်ရှင်အသစ်ပါပဲ။ ဒီရုပ်ရှင်မှာတော့ စကူဘီဒူး နဲ့ ရှက်ဂီတို့ စတင်တွေ့ဆုံပုံကနေသူတို့အဖွဲ့တွေဆုံပြီး ဖြစ်လာတာကနေ စတင်ပြသထားပါတယ်။ ရှက်ဂီ တို့ရဲ့ အဖွဲ့ကို စပွန်ဆာပေးမယ်ဆိုတဲ့သူ တစ်ယောက်ပေါ်လာတာကနေ ဇာတ်လမ်းစတာပါပဲ။ စပွန်ဆာပေးမယ့်သူကတော့ ဆိုင်မွန် ကောင်းဝဲကြီးဖြစ်နေတာပါ။ ဒါပေမယ့် သူက အဖွဲ့ထဲကဖရက်၊ ဗယ်မာ၊ ဒက်ဖနီ တို့ကိုပဲ အသုံးကျတယ်လို့ ထင်တဲ့အတွက် စကူဘီနဲ့ရှက်ဂီ မပါမှ ပေးမယ်လို့ ပြောလာပါတယ်။ ဒါကြောင့်စကု နဲ့ ရှက်ဂီတို့ စိတ်ဆိုးပြီး ထွက်လာရင်း စကုကို ...
movie
Scoob! (2020)
2020
Miss Bala (2019)
movie
Miss Bala (2019)
6.1
Someone Great (2019)
IMDB - 6.1 Netflix ကကားလေးတွေဆို တော်တော်လေးကောင်းကြပါတယ်.....ဒီဇာတ်လမ်းအကြောင်းလေးက ကောလိပ်ထဲကပေါင်းလာကြပြီးအရမ်းချစ်တဲ့ သူငယ်ချင်းသုံးယောက်ရှိတယ်။တစ်နေ့ကျတော့ သူတို့ထဲကတစ်ယောက်က သူကိုးနှစ်လောက်တွဲလာတဲ့ကောင်လေးနဲ့ပြတ်သွားရော။အဲ့မှာ သူ့သူငယ်ချင်း ၂ ယောက်က သူအသည်းကွဲနေတာ သက်သာအောင်တစ်နေကုန်အတူအချိန်ဖြုန်းပြီး နှစ်သိမ့်ပေးကြတဲ့ တစ်နေ့တာလေးကို ရိုက်ပြထားတာပါ။ဒါပေမဲ့ ဒီကားထဲမှာ သူငယ်ချင်းသံယောဇဉ်ရော၊ သမီးရည်းစားအချစ်ရေးရော၊မိန်းကလေးချင်းချစ်ကြိုက်တဲ့အကြောင်းရော အဲဒါတွေကို ပါးပါးလေးနဲ့ချပြသွားတာပါ။တစ်ခါတစ်လေ ချစ်သူ ၂ ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်ကြပေမဲ့လဲဘယ်လိုမှရှေ့ဆက်လို့မဖြစ်နိုင်တော့တဲ့အခြေအနေမျိုးတွေလဲရှိနိုင်တယ်ဆိုတာလဲ ရိုက်ပြထားတာပါ။ကိုယ်တောင် ဘာသာပြန်ရင်း တရားတွေပေါက်ကုန်ပြီဆက်ပြောရင် ဇာတ်လမ်းကကုန်တော့မယ် ကြည့်လို့တန်မဲ့ဇာတ်ကားကောင်းလေးပါ(+အခန်းအနည်းငယ်ပါတဲ့အတွက် မိသားစု၊ ကလေးသူငယ်များနဲ့ ကြည့်ဖို့မသင့်တော်ပါဘူး) File Size : (864 MB) & ( 324 MB)Quality : WEB-DL 720pRunning Time : ...
movie
Someone Great (2019)
2019
6.6
Blu-Ray 1080p 5.1 CH x264 Smallfoot (2018) IMDb - 6.6/10_____Rotten - 75% Big Foot ဆိုတဲ့ Animation ကားလေးကို လူတိုင်းကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီကားကတော့ Small Foot ပါ။Big Foot နဲ့ဇာတ်လမ်းချင်းဘာမှဆက်စပ်မှုမရှိပါဘူး။ဒီကားမှာတော့ နှင်းလူ(Yeti)တွေဖက်ကနေ ရိုက်ထားတာမျိုးဖြစ်ပြီးလူတွေကတော့ သူတို့အတွက် လျို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါတွေပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ဟိမဝန္နာထဲက တောင်ထိပ်တစ်ခုအပေါ်မှာ နှင်းလူတွေ နေထိုင်ကြတဲ့ ရွာလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာ နှင်းလူတိုင်းက သူ့တာဝန်နဲ့သူ ထမ်းဆောင်ကြရင်း ရွာအကျိုးသယ်ပိုးကြရတာပေါ့။သူတို့တွေရဲ့ခေါင်းဆောင်ကတော့Stonekeeper လို့ခေါ်တဲ့ နှင်းလူအဖိုးကြီးတစ်ယောက်၊ ဘာလို့ Stonekeeper လို့ခေါ်လဲဆိုတော့ ခေတ်အဆက်ဆက်ဘိုးဘေးဘီဘင်လက်ထက်တွေကတည်းက စည်းမျဉ်းတွေကို ရေးထွင်းထားတဲ့ ကျောက်တုံးတွေကို ဝတ်ရုံတစ်ခုအဖြစ်ခြုံပြီး ထိန်းသိမ်းထားရလို့ဖြစ်ပါတယ်။တစ်ရွာလုံးကလဲ သူ့ညွှန်ကြားတဲ့အတိုင်းတစ်သွေမတိမ်းလိုက်နာကြပါတယ်။ထူးဆန်းတာက ကျောက်တုံးတွေမှာ ရေးထွင်းထားတဲ့ စည်းမျဉ်းတွေဖြစ်ပါတယ်။သူတို့ရဲ့ရွာက ကျွန်းတစ်ကျွန်းပေါ်မှာဖြစ်ပြီး တိမ်ပင်လယ်ကြားမှာလွင့်မျောနေတာ၊ အောက်ကိုပြုတ်မကျအောင် ဆင်တွေက ထိန်းထားပေးတာ ဆိုတာမျိုး ပါနေပါတယ်။နောက်ပြီး ဒီကားလေးရဲ့ ဇာတ်လိုက်ဖြစ်တဲ့ မီဂို ဆိုတဲ့နှင်းလူရဲ့ ...
movie
Smallfoot (2018) Blu-Ray 1080p 5.1 CH x264
2018
6.6
Smallfoot (2018)
Smallfoot (2018) IMDb - 6.6/10_____Rotten - 75% Big Foot ဆိုတဲ့ Animation ကားလေးကို လူတိုင်းကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီကားကတော့ Small Foot ပါ။Big Foot နဲ့ဇာတ်လမ်းချင်းဘာမှဆက်စပ်မှုမရှိပါဘူး။ဒီကားမှာတော့ နှင်းလူ(Yeti)တွေဖက်ကနေ ရိုက်ထားတာမျိုးဖြစ်ပြီးလူတွေကတော့ သူတို့အတွက် လျို့ဝှက်ဆန်းကြယ်တဲ့သတ္တဝါတွေပေါ့။ဇာတ်လမ်းအကျဉ်းကတော့ ဟိမဝန္နာထဲက တောင်ထိပ်တစ်ခုအပေါ်မှာ နှင်းလူတွေ နေထိုင်ကြတဲ့ ရွာလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာ နှင်းလူတိုင်းက သူ့တာဝန်နဲ့သူ ထမ်းဆောင်ကြရင်း ရွာအကျိုးသယ်ပိုးကြရတာပေါ့။သူတို့တွေရဲ့ခေါင်းဆောင်ကတော့Stonekeeper လို့ခေါ်တဲ့ နှင်းလူအဖိုးကြီးတစ်ယောက်၊ ဘာလို့ Stonekeeper လို့ခေါ်လဲဆိုတော့ ခေတ်အဆက်ဆက်ဘိုးဘေးဘီဘင်လက်ထက်တွေကတည်းက စည်းမျဉ်းတွေကို ရေးထွင်းထားတဲ့ ကျောက်တုံးတွေကို ဝတ်ရုံတစ်ခုအဖြစ်ခြုံပြီး ထိန်းသိမ်းထားရလို့ဖြစ်ပါတယ်။တစ်ရွာလုံးကလဲ သူ့ညွှန်ကြားတဲ့အတိုင်းတစ်သွေမတိမ်းလိုက်နာကြပါတယ်။ထူးဆန်းတာက ကျောက်တုံးတွေမှာ ရေးထွင်းထားတဲ့ စည်းမျဉ်းတွေဖြစ်ပါတယ်။သူတို့ရဲ့ရွာက ကျွန်းတစ်ကျွန်းပေါ်မှာဖြစ်ပြီး တိမ်ပင်လယ်ကြားမှာလွင့်မျောနေတာ၊ အောက်ကိုပြုတ်မကျအောင် ဆင်တွေက ထိန်းထားပေးတာ ဆိုတာမျိုး ပါနေပါတယ်။နောက်ပြီး ဒီကားလေးရဲ့ ဇာတ်လိုက်ဖြစ်တဲ့ မီဂို ဆိုတဲ့နှင်းလူရဲ့ အဖေက ရွာရဲ့ မောင်းတီးသမားဖြစ်ပါတယ်။ဘာလို့မောင်းတီးသမားဖြစ်ရလဲဆိုတော့ သူတို့ရွာကို ...
movie
Smallfoot (2018)
2018
6.7
Ferdinand (2017)
Ferdinand (2017) IMDb - 6.7/10_____Rotten - 71% ဖာဒီနန်ဟာ နွားရိုင်းသတ်ပွဲ ဝင်ဖို့ စပိန်နိုင်ငံ မြို့စွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီး သူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီး ပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။ ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမို့ ဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။ အနီရောင် အဝတ်စမြင်လိုက်တာနဲ့ ဒေါသ တဝင်းဝင်းနဲ့ လိုက်လံခတ်ချင်တဲ့ နွားရိုင်းစိတ်မျိုး လုံးဝမရှိဘဲ ပန်း ပွင့်လေးတွေကို တယုတယ ထွေးပွေ့နမ်းရတာကိုပဲ ဖာဒီနန် သဘောကျတာပါ။ ဒီလိုနဲ့ ဖာဒီနန်လေး အရွယ် ရောက်လာတဲ့အခါမှာတော့ သာမန်နွားတွေထက် အရွယ်အစား ကြီးမား တောင့်တင်းတာမို့ တွေ့ တဲ့သူတိုင်း အံ့ဩဘနန်းဖြစ်ကြရ ပါတယ်။ နောက်တော့ ဖာဒီနန်ကို အရင်နွားရိုင်း လေ့ကျင့်ရေးစခန်း က လူတွေတွေ့သွားပြီး မျက်စိ ကျကာ ပြန်ခေါ်သွားတဲ့အတွက် အေးချမ်းနေတဲ့ ဖာဒီနန်ရဲ့ဘဝ လေး ပျက်သုဉ်းခဲ့ရပါတယ်။ နွားရိုင်းနဲ့ အလှပြကစားရာ ...
movie
Ferdinand (2017)
2017
5.9
The Star (2017)
Drama လဲ မကြည့်ချင် Crime Thriller လဲမကြည့်ရဲတဲ့ ပရိတ်သတ်တွေရှိလား…ကာတွန်းကိုပဲ ကြိုက်တယ် ကာတွန်းကားကြည့်ရတာ ပျော်တဲ့ ပရိတ်သတ်တွေရှိလား…ဒါဆိုရင်တော့ “The Star”ဆိုတဲ့ Animation Cartoon movie လေး လာပါပြီဗျာ…ဒီကားမှာဆိုရင်တော့ Mariah Carey, Oprah Winfrey နဲ့တခြားတခြားသောနာမည်ကျော်များက နောက်ခံစကားပြောများအဖြစ်ပါဝင်အားဖြည့်ထားကြပါတယ်..လေကြောလေးလျှော့ပြီး အညွှန်းလေးပြောမယ်ဗျာ..မြည်းလေးတစ်ကောင်ဟာ ကြိတ်စက်ထဲမှာပဲ သံသရာလည်ရင်း အပြင်လောကကို စူးစမ်းချင်ခဲ့ပါတယ်..သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ချိုးငှက်လေး ဒေ့ဗ်ဟာ မြည်းလေးရှိတဲ့ ဆန်စက်ထဲကို လာလည်တတ်ပြီး အပြင်လောကအကြောင်းကို အမြဲပြောပြတတ်ပါတယ်…မယ်ရီဟာ ညတစ်ညမှာ သူ့ဆီကို အလင်းရောင်တစ်ခု ဖြာကျလာပြီး ဘုရားသခင်သားတော်ကို မွေးဖွားပေးဖို့ ရွေးချယ်ခံခဲ့ရပါတယ်..မယ်ရီကိုဒီတာဝန်အပ်နှင်းအပြီးမှာတော့ ကောင်းကင်မှာ ကြယ်တစ်ပွင့်ထွန်းလင်းခဲ့ပါတယ်…မယ်ရီဟာ စိတ်ထားကောင်းပြီး သူတစ်ပါးကို အလွန်ကူညီတတ်ပါတယ်..သူဟာ ဂျိုးဆက်ဆိုတဲ့ကောင်လေးနဲ့ အကြောင်းပါခဲ့ပါတယ်..ဒီအချိန်မှာတော့ ဘုရားသခင်သားတော်ကို လွယ်ထားတဲ့ ကိုယ်ဝန်ရင့်နေပါပြီ…သူဟာဂျိုးဆက်ကိုဒီအကြောင်းတွေကို ရှင်းပြခဲ့ပါတယ်..ဂျိုးဆက်ကလဲ ခင်ပွန်းကောင်းပီပီ နားလည်ပေးခဲ့ပါတယ်..အဲ့အချိန်မှာပဲ မြည်းလေးဟာ ဆန်စက်က ထွက်ပြေးပြီး ...
movie
The Star (2017)
2017